အမေရိကန်ဗဟိုဘဏ်မှ အတိုးနှုန်း ဝ.၂၅ ရာခိုင်နှုန်း လျှော့ချမှုအတည်ပြုသဖြင့် ရွှေဈေးပြန်ကျလာ

2136
NP News - စက်တင်ဘာ ၁၉
အမေရိကန်ဗဟိုဘဏ်မှ အတိုးနှုန်းသတ်မှတ်ချက်ပြင်ဆင်မှုနောက်ဆုံး အတည်ပြုချက်အဖြစ် အတိုးနှုန်း ၀.၂၅ ရာခိုင်နှုန်းလျှော့ချကြောင်း ကြေညာခဲ့ရာ ကမ္ဘာ့ရွှေဈေးကွက်အတွင်း ရွှေဈေးနှုန်း အမြင့်ဆုံး အထိတက်နေရာမှပြန်လည်ကျဆင်းလာကြောင်း ရွှေကုန်သည်များထံမှ သိရသည်။
“ကမ္ဘာ့ရွှေဈေးကအတိုးနှုန်းထုတ်ပြန်ချက်မလာခင်က တစ်အောင်စကို (၃၇၀၀)ဒေါ်လာလောက်အထိ မြင့်တက်သွားရာကနေ လက်ရှိမှာ တဖြည်းဖြည်းပြန်ကျလာနေပါတယ်။ စက်တင်ဘာ လထဲမှာ ကမ္ဘာရွှေဈေး အပြောင်းအလဲတော်တော်ဖြစ်သွားတာပါ” ဟု ရွှေကုန်သည်တစ်ဦးက ပြောသည်။
ကမ္ဘာရွှေဈေးကြောင့် ပြည်တွင်းရွှေဈေးကွက်အတွင်း ရွှေဈေးများလိုက်ပါမြင့်တက်ခဲ့ပြီး ရွှေတစ်ကျပ်သားလျှင် သိန်း(၈၀)နီးပါးပေါက်ဈေးများဖြစ်ပေါ်ခဲ့သည်။
စက်တင်ဘာ(၁၉)ရက် ပြည်တွင်းရွှေဈေးနှင့် ဒေါ်လာပေါက်ဈေးမှာ အခေါက်ရွှေတစ်ကျပ်သားလျှင် (၇၉)သိန်းကျပ်နှင့် အမေရိကန်တစ်ဒေါ်လာလျှင် (၄၂၅၀) ခန့်ပေါက်ဈေးရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
Zawgyi Version:
အေမရိကန္ဗဟိုဘဏ္မွ အတိုးႏႈန္း ဝ.၂၅ရာခိုင္ႏႈန္း ေလွ်ာ့ခ်မႈအတည္ျပဳသျဖင့္ ေ႐ႊေဈးျပန္က်လာ
NP News - စက္တင္ဘာ ၁၉
အေမရိကန္ဗဟိုဘဏ္မွ အတိုးႏႈန္းသတ္မွတ္ခ်က္ျပင္ဆင္မႈေနာက္ဆုံး အတည္ျပဳခ်က္အျဖစ္ အတိုးႏႈန္း ၀.၂၅ ရာခိုင္ႏႈန္းေလွ်ာ့ခ်ေၾကာင္း ေၾကညာခဲ့ရာ ကမာၻ႔ေ႐ႊေဈးကြက္အတြင္း ေ႐ႊေဈးႏႈန္း အျမင့္ဆုံး အထိတက္ေနရာမွျပန္လည္က်ဆင္းလာေၾကာင္း ေ႐ႊကုန္သည္မ်ားထံမွ သိရသည္။
“ကမာၻ႔ေ႐ႊေဈးကအတိုးႏႈန္းထုတ္ျပန္ခ်က္မလာခင္က တစ္ေအာင္စကို (၃၇၀၀)ေဒၚလာေလာက္အထိ ျမင့္တက္သြားရာကေန လက္ရွိမွာ တျဖည္းျဖည္းျပန္က်လာေနပါတယ္။ စက္တင္ဘာ လထဲမွာ ကမာၻေ႐ႊေဈး အေျပာင္းအလဲေတာ္ေတာ္ျဖစ္သြားတာပါ” ဟု ေ႐ႊကုန္သည္တစ္ဦးက ေျပာသည္။
ကမာၻေ႐ႊေဈးေၾကာင့္ ျပည္တြင္းေ႐ႊေဈးကြက္အတြင္း ေ႐ႊေဈးမ်ားလိုက္ပါျမင့္တက္ခဲ့ၿပီး ေ႐ႊတစ္က်ပ္သားလွ်င္ သိန္း(၈၀)နီးပါးေပါက္ေဈးမ်ားျဖစ္ေပၚခဲ့သည္။
စက္တင္ဘာ(၁၉)ရက္ ျပည္တြင္းေ႐ႊေဈးႏွင့္ ေဒၚလာေပါက္ေဈးမွာ အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ (၇၉)သိန္းက်ပ္ႏွင့္ အေမရိကန္တစ္ေဒၚလာလွ်င္ (၄၂၅၀) ခန႔္ေပါက္ေဈးရွိေၾကာင္း ေဈးကြက္အတြင္းမွ သိရသည္။