တရုတ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးကို အသွင်သစ်ဖြင့်စတင်နိုင်ရန်လုပ်ငန်းရှင်များမျှော်လင့်

415

သက်ပိုင်(NP News)-စက်တင်ဘာ ၂၁
မကြာမီကာလတွင် တရုတ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများကို အသွင်သစ်ဖြင့် ပြန် လည်စတင် လာနိုင်ရန်မျှော်လင့်နေကြောင်း နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းလုပ်ကိုင်သူများနှင့် NP News မှ မေးမြန်းထားချက်များ အရ သိရသည်။
လက်ရှိတွင် တရုတ်နိုင်ငံနှင့်ကုန်သွယ်မှု ပြုလုပ်နေသည့် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများမှာ ရပ်နားထားရပြီး မကြာမီတွင် အမြန်ဆုံးပြန်လည်ဖွင့် လှစ်လာနိုင်ခြေရှိနေကြောင်း အမည်မဖော်လိုသည့် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်း ရှင်တစ်ဦးက ပြော သည်။
“နှစ်နိုင်ငံပူးပေါင်းပြီး လုပ်တယ်ဆိုရင်တော့ ဖြစ်နိုင်မယ်လို့ထင်ပါတယ်။ လက်ရှိကုန်သွယ်မှု လမ်းကြောင်းက တော့ မူဆယ်-ရွှေလီနယ်စပ် အပေါက်ပဲ ဖွင့်သေးတာကိုး။ ဒီဘက် မူဆယ်-မန္တလေး အထိတော့ ပွင့်ဖို့တော့လို သေးတာပေါ့။ ဒါလေးတည်ငြိမ်ရင်တော့ နယ်စပ်ကနေဆိုရင် မူဆယ်ကတော့ အများကြီးမျှော်လင့်လို့ရပါတယ်။ စောနကပြောတဲ့လမ်းပိုင်းကတော့ ပွင့်ဖို့တော့လိုတာပေါ့။ လက်ရှိမှာတော့ ကုန်သွယ်မှုအကြီးကြီးတော့မရှိဘူးပေါ့။ ကျွန်တော်တို့လုပ်ချင်ပေမယ့်လည်း တရားဝင်သွားဖို့ မဖြစ်နိုင်သေးပါဘူး။ ဒါတွေအမြန်ဆုံးဖွင့်ဖို့ အတွက် လူကြီးတွေ ကတော့ အမြန်ဆုံးဆောင်ရွက်နေ တယ်လို့တော့ ကျွန်တော်တို့တော့ ကြားမိနေတာတွေ တော့ရှိပါတယ်”ဟု ၎င်း ကရှင်းပြသည်။
မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ကုန်သွယ်မှုပြုလုပ်ခဲ့စဉ်က များစွာအဆင်ပြေခဲ့ပြီး လက်ရှိတွင် ရပ်နား ထားရသည့်အတွက် ပြည်တွင်းစိုက်ပျိုး တောင်သူများနှင့် ကုန်သည်များမှာလည်း များစွာ နစ်နာမှုများရှိနေကြောင်း ကုန်စည်လက်ကား ရောင်း ဝယ်ရေးဒိုင်များကလည်းဆိုသည်။
“အရင်ကဆိုရင် တောင်သူတွေဆီက ကျွန်တော်တို့ဆီကို ပစ္စည်းလာပို့ရင် ကျွန်တော် တို့ကနေ တရုတ်ဘက်ကို တစ်နေ့မှာ ကားငါးစီးဆယ်စီး လောက်ပို့နေရတယ်။ ဒီတော့ တောင်သူတွေလည်း ဈေးကောင်းရကြတယ်။ ကျွန်တော်တို့လည်း အလုပ်ဖြစ်တာပေါ့။ ဒါပေမဲ့ အခုနောက်ပိုင်းကျတော့ အရင်လိုအလုပ်မဖြစ်တော့ အကုန်လုံးနစ်နာ ကြရ တာပါပဲ။ အမြန်ဆုံးပြန်ဖွင့်နိုင်ရင်တော့ ကောင်းတာ ပေါ့ဗျာ”ဟု ၎င်းကပြောသည်။
အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ အိန္ဒိယ၊ လာအိုတို့ အပါအဝင် အခြား နိုင်ငံများမှ ခေါင်းဆောင် များနှင့်လည်း နိုင်ငံအလိုက် ကုန်သွယ် မှုလုပ်ငန်းများ ယခု ထက်ပိုမိုမြှင့်တင်ဆောင် ရွက်နိုင်ရေးဆွေးနွေးနိုင်ခဲ့ကြောင်း၊ နယ်စပ်ဒေသကုန် သွယ်ရေးလမ်းကြောင်းများ စည်းမျဉ်းစည်းကမ်း များနှင့် အညီ ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် လည်း ဆွေးနွေးနိုင်ခဲ့ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်တင်ဘာလ (၁၂) ရက်က ပြုလုပ်သော နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော် မရှင်နှင့် ပြည်ထောင်စု အစိုးရအဖွဲ့တို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားထားသည်။
ထို့ပြင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ သည် (၂၂) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးဖိုရမ်တက်ရောက်ရန် စက်တင်ဘာလ (၁၄) ရက်က ထွက်ခွာသွားခဲ့ပြီး ယခုခရီးစဉ်ပြီးနောက် တရုတ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများ မကြာမီ ပြန်လည်စတင်နိုင်ရန် ကုန်သည်များက မျှော်လင့်နေကြခြင်းလည်းဖြစ်သည်။

Zawgyi Version:
တ႐ုတ္ႏိုင္ငံႏွင့္ နယ္စပ္ကုန္သြယ္ေရးကို အသြင္သစ္ျဖင့္စတင္ႏိုင္ရန္လုပ္ငန္းရွင္မ်ားေမွ်ာ္လင့္
သက္ပိုင္(NP News)-စက္တင္ဘာ ၂၁
မၾကာမီကာလတြင္ တ႐ုတ္ႏိုင္ငံႏွင့္ နယ္စပ္ကုန္သြယ္ေရးလုပ္ငန္းမ်ားကို အသြင္သစ္ျဖင့္ ျပန္ လည္စတင္ လာႏိုင္ရန္ေမွ်ာ္လင့္ေနေၾကာင္း နယ္စပ္ကုန္သြယ္ေရးလုပ္ငန္းလုပ္ကိုင္သူမ်ားႏွင့္ NP News မွ ေမးျမန္းထားခ်က္မ်ား အရ သိရသည္။
လက္ရွိတြင္ တ႐ုတ္ႏိုင္ငံႏွင့္ကုန္သြယ္မႈ ျပဳလုပ္ေနသည့္ နယ္စပ္ကုန္သြယ္ေရး လုပ္ငန္းမ်ားမွာ ရပ္နားထားရၿပီး မၾကာမီတြင္ အျမန္ဆုံးျပန္လည္ဖြင့္ လွစ္လာႏိုင္ေျခရွိေနေၾကာင္း အမည္မေဖာ္လိုသည့္ နယ္စပ္ကုန္သြယ္ေရး လုပ္ငန္း ရွင္တစ္ဦးက ေျပာ သည္။
“ႏွစ္ႏိုင္ငံပူးေပါင္းၿပီး လုပ္တယ္ဆိုရင္ေတာ့ ျဖစ္ႏိုင္မယ္လို႔ထင္ပါတယ္။ လက္ရွိကုန္သြယ္မႈ လမ္းေၾကာင္းက ေတာ့ မူဆယ္-ေ႐ႊလီနယ္စပ္ အေပါက္ပဲ ဖြင့္ေသးတာကိုး။ ဒီဘက္ မူဆယ္-မႏၲေလး အထိေတာ့ ပြင့္ဖို႔ေတာ့လို ေသးတာေပါ့။ ဒါေလးတည္ၿငိမ္ရင္ေတာ့ နယ္စပ္ကေနဆိုရင္ မူဆယ္ကေတာ့ အမ်ားႀကီးေမွ်ာ္လင့္လို႔ရပါတယ္။ ေစာနကေျပာတဲ့လမ္းပိုင္းကေတာ့ ပြင့္ဖို႔ေတာ့လိုတာေပါ့။ လက္ရွိမွာေတာ့ ကုန္သြယ္မႈအႀကီးႀကီးေတာ့မရွိဘူးေပါ့။ ကြၽန္ေတာ္တို႔လုပ္ခ်င္ေပမယ့္လည္း တရားဝင္သြားဖို႔ မျဖစ္ႏိုင္ေသးပါဘူး။ ဒါေတြအျမန္ဆုံးဖြင့္ဖို႔ အတြက္ လူႀကီးေတြ ကေတာ့ အျမန္ဆုံးေဆာင္႐ြက္ေန တယ္လို႔ေတာ့ ကြၽန္ေတာ္တို႔ေတာ့ ၾကားမိေနတာေတြ ေတာ့ရွိပါတယ္”ဟု ၎ ကရွင္းျပသည္။
မူဆယ္မွတစ္ဆင့္ တ႐ုတ္ႏိုင္ငံသို႔ ကုန္သြယ္မႈျပဳလုပ္ခဲ့စဥ္က မ်ားစြာအဆင္ေျပခဲ့ၿပီး လက္ရွိတြင္ ရပ္နား ထားရသည့္အတြက္ ျပည္တြင္းစိုက္ပ်ိဳး ေတာင္သူမ်ားႏွင့္ ကုန္သည္မ်ားမွာလည္း မ်ားစြာ နစ္နာမႈမ်ားရွိေနေၾကာင္း ကုန္စည္လက္ကား ေရာင္း ဝယ္ေရးဒိုင္မ်ားကလည္းဆိုသည္။
“အရင္ကဆိုရင္ ေတာင္သူေတြဆီက ကြၽန္ေတာ္တို႔ဆီကို ပစၥည္းလာပို႔ရင္ ကြၽန္ေတာ္ တို႔ကေန တ႐ုတ္ဘက္ကို တစ္ေန႔မွာ ကားငါးစီးဆယ္စီး ေလာက္ပို႔ေနရတယ္။ ဒီေတာ့ ေတာင္သူေတြလည္း ေဈးေကာင္းရၾကတယ္။ ကြၽန္ေတာ္တို႔လည္း အလုပ္ျဖစ္တာေပါ့။ ဒါေပမဲ့ အခုေနာက္ပိုင္းက်ေတာ့ အရင္လိုအလုပ္မျဖစ္ေတာ့ အကုန္လုံးနစ္နာ ၾကရ တာပါပဲ။ အျမန္ဆုံးျပန္ဖြင့္ႏိုင္ရင္ေတာ့ ေကာင္းတာ ေပါ့ဗ်ာ”ဟု ၎ကေျပာသည္။
အိမ္နီးခ်င္းႏိုင္ငံမ်ားျဖစ္သည့္ တ႐ုတ္၊ အိႏၵိယ၊ လာအိုတို႔ အပါအဝင္ အျခား ႏိုင္ငံမ်ားမွ ေခါင္းေဆာင္ မ်ားႏွင့္လည္း ႏိုင္ငံအလိုက္ ကုန္သြယ္ မႈလုပ္ငန္းမ်ား ယခု ထက္ပိုမိုျမႇင့္တင္ေဆာင္ ႐ြက္ႏိုင္ေရးေဆြးေႏြးႏိုင္ခဲ့ေၾကာင္း၊ နယ္စပ္ေဒသကုန္ သြယ္ေရးလမ္းေၾကာင္းမ်ား စည္းမ်ဥ္းစည္းကမ္း မ်ားႏွင့္ အညီ ျပန္လည္ဖြင့္လွစ္ႏိုင္ရန္အတြက္ လည္း ေဆြးေႏြးႏိုင္ခဲ့ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က စက္တင္ဘာလ (၁၂) ရက္က ျပဳလုပ္ေသာ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္ မရွင္ႏွင့္ ျပည္ေထာင္စု အစိုးရအဖြဲ႕တို႔၏ လုပ္ငန္းညႇိႏႈိင္းအစည္းအေဝးတြင္ ေျပာၾကားထားသည္။
ထို႔ျပင္ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဦးညိဳေစာ ဦးေဆာင္သည့္ ျမန္မာကိုယ္စားလွယ္အဖြဲ႕ သည္ (၂၂) ႀကိမ္ေျမာက္ တ႐ုတ္-အာဆီယံ ကုန္စည္ျပပြဲႏွင့္ တ႐ုတ္-အာဆီယံစီးပြားေရးႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈ ထိပ္သီးဖိုရမ္တက္ေရာက္ရန္ စက္တင္ဘာလ (၁၄) ရက္က ထြက္ခြာသြားခဲ့ၿပီး ယခုခရီးစဥ္ၿပီးေနာက္ တ႐ုတ္ႏိုင္ငံႏွင့္ နယ္စပ္ကုန္သြယ္ေရး လုပ္ငန္းမ်ား မၾကာမီ ျပန္လည္စတင္ႏိုင္ရန္ ကုန္သည္မ်ားက ေမွ်ာ္လင့္ေနၾကျခင္းလည္းျဖစ္သည္။