တစ်ပတ်အတွင်း မြန်မာ့စီးပွားရေး ဈေးကွက်သုံးသပ်ချက်

278

ပြည့်ဖြိုး(NP News)စက်တင်ဘာ ၂၁
ယခုတစ်ပတ်အတွက် မြန်မာ့စီးပွားရေး ဈေးကွက်အတွင်း အပြောင်းအလဲကြီးကြီးမားမား မရှိသော်လည်း အမေရိကန်ဒေါ်လာဈေး ကျဆင်းနေခြင်းနှင့် ပြည်တွင်းရွှေဈေးကွက်အတွင်း ရွှေဈေးများ ဆက်လက်မြင့်တက်နေသည့် သတင်းများသာ ဦးဆောင်နေသည်။ အမေရိကန်ဒေါ်လာတန်ဖိုးသည် ကမ္ဘာ့ဈေးကွက်အတွင်း ဆက်တိုက်ကျဆင်းနေရာ ကမ္ဘာ့ရွှေဈေးသည် စံချိန်တင်နှုန်းထားများဖြင့် ဈေး နှုန်းမြင့်တက်နေခြင်းဖြစ်သည်။
ကမ္ဘာ့ဈေးကွက်အတွင်း အမေရိကန်ဒေါ်လာသည်အခြားငွေကြေးများနှင့်လဲလှယ်ရာတွင် တန်ဖိုးကျဆင်းနေရာ ပြည်တွင်းဈေးကွက်အတွင်း သက်ရောက်မှုများရှိနေသည်။ လတ်တလောတွင် အမေရိကန်ဒေါ်လာ ပြင်ပပေါက်ဈေးမှာ တစ်ဒေါ်လာလျှင် (၄၂၆၅) ကျပ်အထိကျဆင်းသွားပြီး ဈေးကွက်အ တွင်း အရောင်း/အဝယ်အေးနေကြောင်းသိရသည်။
ပြည်တွင်းရွှေဈေးကွက်အတွင်းတွင်မူ ပြင်ပအခေါက်ရွှေဈေး တစ်ကျပ်သားလျှင် သိန်း(၈၀) ဝန်း ကျင်သို့ တဖြည်းဖြည်း မြင့်တက်လာနေသည်။ ပြည်တွင်းငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက်အတွင်း ဈေးနှုန်းအကျ မရှိဘဲ အတက်ဈေးဖြင့်သာ အရောင်းအဝယ် ဖြစ်နေကြောင်းသိရသည်။ လာမည့် ပွင့်လင်းရာသီတွင် မြန်မာနိုင်ငံ၌ ရွေး ကောက်ပွဲကျင်းပရန် စီစဉ်လျက်ရှိခြင်းကြောင့် နိုင်ငံရေးအပြောင်းအလဲ ပေါ်မူတည်ကာ အိမ်ခြံမြေအရောင်းအဝယ်များ ပြန်လည်ကောင်းမွန်လာနိုင်ကြောင်း အကျိုးဆောင်လုပ်ငန်းရှင်များထံမှသိရသည်။ မြန်မာနိုင်ငံတစ်ဝန်းတွင် လက်နက် ကိုင် ပဋိပက္ခများကြောင့်နယ်မြို့များမှ မြို့ကြီးများသို့ပြောင်းရွှေ့နေထိုင်သူများဆက်တိုက်မြင့် တက်နေရာ အိမ်ခြံမြေ ဈေးမှာနယ်မြေတည် ငြိမ်မှုအလိုက် ဈေးနှုန်းကွာခြားကြောင်းသိရသည်။ လက်ရှိမန္တလေး ငလျင်ကြီးအပြီးတွင် ရန်ကုန်မြို့မှ အိမ်ခြံမြေများအရောင်းအဝယ်မြင့်တက်လာသည့်အပြင် ဝါတွင်းကာလအတွင်း၌ အရောင်းအဝယ် ဖြစ် နေကြောင်းသိရသည်။ လတ်တလောတွင် စက်သုံးဆီ ဈေးနှင့် စားအုန်းဆီဈေးများ ဈေးနှုန်းတည်ငြိမ်နေ သည့်အပြင် ဒေါ်လာဈေး ကျဆင်းမှုကြောင့် ဈေးနှုန်း အဆမတန် လျင်မြန်စွာမြင့်တက်နိုင်ခြေမရှိကြောင်း ဈေးကွက်ကျွမ်းကျင် သူများက သုံးသပ်သည်။ စက်သုံး ဆီဈေးများ တည်ငြိမ်မှုကြောင့် အထွေထွေကုန်ဈေး နှုန်းကို သက်ရောက်မှုရှိလာပြီး လတ်တလောတွင် ကုန်ဈေးနှုန်းများ တည်ငြိမ်နေကြောင်းသိရသည်။
အခြေခံစားသောက်ကုန်ဈေးကွက်တွင် အပြောင်းအလဲ အနည်းငယ်ဖြစ်ပေါ်ခဲ့ပြီး ဆိတ်သားနှင့် ကြက်သား ဈေးများ ဆက်လက်မြင့်တက်နေပြီး ငါးပုစွန်ဈေးကွက်အတွင်း ပုစွန်ဈေးများအနည်းငယ် ပြန်လည်ဈေးကျလာ ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ လက်ရှိ စက်တင်ဘာလသည် ရွှေဈေး အပြောင်းအလဲများကြောင့်သာ ဈေးကွက် လှုပ်ခတ်နေခြင်းဖြစ်ပြီး ကျန်ကုန်စည်များနှင့် ပို့ကုန်/သွင်းကုန် လုပ်ငန်းများမှာ လုပ်ငန်းအေးနေကြောင်း သိရသည်။ နယ်စပ်မှတင်သွင်းသောကုန်စည်များကို သက်ဆိုင် ရာမှအခွန်ဆောင်ထားခြင်း ရှိမရှိ စစ်ဆေးမှုများ အရှိန်မြှင့် ဖမ်းဆီး နေရာ နယ်စပ်ကုန်သွယ်ရေး နှေးကွေးသွားကြောင်း နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းရှင် များထံမှသိရသည်။
(ကမ္ဘာ့ရွှေဈေးဂယက်နှင့်ပြည်တွင်း ရွှေဈေးကွက် အခြေအနေ)
ကမ္ဘာ့ရွှေဈေးနှုန်းများစံချိန်တင် မြင့်တက်နေရာ ပြည်တွင်းရွှေဈေးသည်လည်းလိုက်ပါမြင့်တက်ပြီး လတ် တလောတွင် အမြင့်ဈေးတန်းဖြင့် အရောင်းအဝယ်ပြုလုပ်နေကြကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ကမ္ဘာ့ရွှေဈေး ကွက်အတွင်း ယခင်တစ် ပတ်အတွင်း စံချိန်တင်ပေါက်ဈေးဖြစ်သည့် ရွှေတစ်အောင်စလျှင် (၃၆၅၂) ဒေါ်လာမှ ယခု တစ်ပတ် စက်တင်ဘာလ(၁၆) ရက်တွင် (၃၆၇၈) ဒေါ်လာသို့ ဆက်တိုက်မြင့်တက်နေဆဲဖြစ်သည်။ ပြည်တွင်း ရွှေ ဈေးသည် ကမ္ဘာ့ရွှေဈေးအပေါ်မူတည်ကာ အပြောင်းအလဲဖြစ်ပေါ်နေခြင်းဖြစ်ပြီး အခေါက်ရွှေတစ်ကျပ် သားဈေးနှုန်း သည် ယခုတစ်ပတ်အတွင်း စက်တင်ဘာ (၁၀)ရက်တွင် (၇၉) သိန်းကိုးသောင်းအထိ မြင့် တက်ခဲ့ရာမှ စက်တင်ဘာ (၁၁) ရက်တွင် (၇၉)သိန်း တစ်သောင်းသို့ ပြန်လည်ကျဆင်းခဲ့သည်။ ပြည်တွင်း ရွှေဈေးမှာ အတက်အကျမြန်ဆန်နေသော ကြောင့် ရောင်းသူ/ဝယ်သူအကြား ရောင်းမှားဝယ်မှား မဖြစ်စေရန် ဂရုစိုက်သင့်ကြောင်း ဝါရင့်ရွှေလုပ်ငန်းရှင် များက ပြောကြားသည်။
လက်ရှိစက်တင်ဘာ (၁၆) ရက်အတွင်း အခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် (၇၉)သိန်း လေးသောင်း ကျပ်ပေါက်ဈေးရှိနေပြီး လာမည့်ရက်ပိုင်းအတွင်း အပြောင်းအလဲအနည်းငယ်သာ ရှိနိုင်သည်။ ရန်ကုန်တိုင်း ရွှေလုပ်ငန်း ရှင်များအသင်း YGEA မှ ရွှေဈေးနှုန်းသတ်မှတ်ချက်မှာ အခေါက် ရွှေတစ်ကျပ်သားလျှင် (၅၉)သိန်းခုနစ်သောင်းဖြင့် အပြောင်းအလဲမရှိကြောင်းသိရသည်။ အမေရိကန် ဗဟိုဘဏ်၏အတိုးနှုန်း လျှော့ချမှုများကြောင့် ကမ္ဘာ့ရွှေဈေး ဆက် တိုက်မြင့်တက်လာခြင်းဖြစ်ကြောင်း ကမ္ဘာ့ရွှေဈေးကွက်ကျွမ်းကျင်သူတစ်ဦးကပြော သည်။ရွှေဈေးမြင့်တက်နေ သော် လည်း ပြည်တွင်း နိုင်ငံခြား ငွေလဲနှုန်းဈေးကွက်၌မူ ဈေးတည်ငြိမ်နေပြီး တစ်ဒေါ်လာ ပြင်ပပေါက်ဈေး အဝယ်ကျပ် (၄,၁၈၀) နှင့် အရောင်းကျပ် (၄,၂၆၅) ဝန်းကျင်ရှိသည်။
ပြည်တွင်း ရွှေဈေးသည် မြန်မာငွေနှင့် အမေရိကန်ဒေါ်လာငွေလဲနှုန်းအပေါ်တွင်လည်း မူတည်နေပြီး လတ်တ လော ဒေါ်လာဈေးများကျဆင်းနေခြင်းကြောင့်သာ အခေါက်ရွှေတစ်ကျပ်သားလျှင် သိန်း (၈၀)မကျော်ခြင်းဖြစ်သည်။ ပြည်တွင်း ရွှေဈေးကွက်အတွင်း အရောင်း/အဝယ်ပုံမှန်အခြေအနေတွင် ရှိနေပြီး လာမည့်ရက်ပိုင်းအတွင်း အပြောင်း အလဲ နည်းပါးနိုင်ကြောင်းသိရသည်။
ကမ္ဘာ့ရွှေဈေးအပြောင်းအလဲမှာ အမေရိကန် ဗဟိုဘဏ်၏ အတိုးနှုန်းအပြောင်းအလဲအပြင်၊ ကုန်သွယ်ရေး စစ်ပွဲများ၊ အမေရိကန်ဒေါ်လာတန်ဖိုး ကျဆင်းမှုများနှင့် နိုင်ငံတကာ ငွေကြေးဈေးကွက်အပြောင်းအလဲများဖြင့် တိုက် ရိုက်ပတ်သက်နေကြောင်း သိရသည်။ လတ်တလော ကမ္ဘာ့နိုင်ငံများတွင် အမေရိကန်နိုင်ငံဘက်မှ သွင်းကုန်များအပေါ် အခွန်တိုး ကောက်သည့်ဖြစ်စဉ်များဖြစ်ပွားလာရာ အမေရိကန် ငွေကြေးတန်ဖိုး တဖြည်းဖြည်းကျဆင်းနေခြင်းဖြစ် သည်။ နိုင်ငံတကာငွေကြေးဈေးကွက်အတွင်း အမေရိကန်ဒေါ်လာတန်ဖိုး ကျဆင်းခြင်းကြောင့် ဒေါ်လာအစား ရွှေကို ဝယ်ယူမှု မြင့်တက်နေပြီး ကမ္ဘာ့ရွှေဈေးမြင့်တက်နေခြင်းဖြစ်သည်။ လာမည့်ရက်များအတွင်း ကမ္ဘာ့ရွှေဈေးမှာ ဆက်လက်စောင့် ကြည့်ရ မည်ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးမြင့်တက်ခြင်းကြောင့် ပြည် တွင်းရွှေဈေးများ လိုက်ပါမြင့်တက်နေဦးမည်ဖြစ်သည်။
(နိုင်ငံရေးအပြောင်းအလဲပေါ်မူတည်နေသည့် ပြည်တွင်းအိမ်ခြံမြေဈေးကွက်)
ပြည်တွင်းအိမ်ခြံမြေဈေးကွက်သည် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းခြင်းနှင့် ငွေကြေးဖောင်းပွမှုများကြောင့် ဈေးနှုန်းအမြင့်ပိုင်းတွင် အရောင်း/အဝယ်ပြုလုပ်နေကြကြောင်း အိမ်ခြံမြေအကျိုးဆောင် များထံမှသိရသည်။ လာမည့် ပွင့်လင်းရာသီတွင် မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲကျင်းပမည်ဖြစ်ရာ နိုင်ငံရေးအပြောင်းအလဲအခြေအနေပေါ်တွင် အိမ်ခြံမြေ ဈေးကွက် အဓိကအပြောင်းအလဲဖြစ်ပေါ်လာနိုင် ကြောင်းသိရသည်။ လတ်တလောတွင် ရန်ကုန်၊ မန္တလေး အပါအဝင် တိုင်းနှင့်ပြည်နယ်အသီးသီးမှ မြို့ ကြီးများတွင် အိမ်ခြံမြေဈေးကွက် ဈေးနှုန်းများမြင့် တက်နေဆဲဖြစ်သည်။
လက်နက်ကိုင် ပဋိပက္ခများကြောင့် နယ်မြို့ငယ်များမှ မြို့ကြီးများသို့ပြောင်းလဲ အခြေချနေထိုင်သူ များပြားလာ ခြင်းကြောင့် အိမ်ခြံမြေဈေးကွက်မှာ ဈေးနှုန်းအမြင့်ပိုင်းတွင်သာ ရပ်တည်နေခြင်းဖြစ်သည်။ နေရာဒေသအလိုက် ဈေးနှုန်းကွာခြားချက်ရှိသော်လည်း (၂၀၂၁) ခုနှစ်မတိုင်ခင် ကာလပေါက်ဈေးများထက် လက်ရှိဈေးမှနှစ်ဆကျော် မြင့်တက်နေခြင်း ဖြစ်သည်။ ထို့ပြင် မန္တလေးငလျင်ကြီးလှုပ်ခတ်မှု နောက်ပိုင်းတွင် လုံးချင်းအိမ်ခြံမြေများ အရောင်း/ အဝယ်သွက်လာကြောင်းနှင့် အထပ်မြင့်တိုက်ခန်း ဝယ်ယူမှု အနည်းငယ်ကျဆင်းသွားကြောင်း ရန်ကုန် မြို့ခံ အိမ်ခြံမြေ အကျိုးဆောင်များထံမှသိရသည်။ သက်ဆိုင်ရာကကျင်းပသော ရွေးကောက်ပွဲပြီးစီး သွားပါက နိုင်ငံရေးအပြောင်း အလဲများဖြစ်ပေါ်လာနိုင်ပြီး လက်ရှိစီးပွားရေးအခြေအနေများမှ အပြောင်း အလဲဖြစ်နိုင်မှုအပေါ် အိမ်ခြံမြေလုပ်ငန်းရှင် များက ဆက်လက်စောင့်ကြည့်နေကြသည်။ လတ်တလောတွင် အိမ်ခြံမြေ အငှားဈေးကွက်ကောင်းမွန်နေခြင်း ကြောင့် အိမ်ခြံမြေဈေးကွက်အတွင်း ဈေးနှုန်းကျ ဆင်းခြင်းမရှိဘဲ ဈေးနှုန်းအမြင့်ပိုင်းတွင်သာ ဆက် လက်ရပ်တည်နေသည်။
ထို့ပြင် ဒလတံတားသစ်စီမံကိန်းပြီးစီးမှုကြောင့် ဒလမြို့နယ်အတွင်း အိမ်ခြံမြေဈေးများသည် စံချိန် တင်ဈေး ကွက်ပေါက်ဈေးများဖြစ်ပေါ်နေသည်။ ဒလဘက်ကမ်းတွင် ဂရန်မြေ၊ စလစ်မြေများသာမက လယ်မြေများပါ ဈေးမြင့် တက်နေရာ ရန်ကုန်မြို့တွင် ဈေးကွက်အလှုပ်ဆုံး မြေရာများဖြစ်သည်။ သို့သော် လည်း ဒဂုံမြို့သစ်လေးမြို့နယ်မှ အိမ်ခြံမြေများမှာ အရောင်း/အဝယ်အများဆုံးအဖြစ် ဆက်လက်ရပ် တည်နေဆဲဖြစ်သည်။ လာမည့်ဝါကျွတ်ကာလ အတွင်း အိမ်ခြံမြေ ရောင်း၊ ဝယ်၊ ငှား ဈေးကွက်များ ဆက် လက်အား ကောင်းနေမည်ဖြစ်ပြီး တိုက်ခန်းနှင့် ကွန်ဒို များတွင်မူ ဈေးကွက်အနည်းငယ်အေးနိုင်ကြောင်း သိရသည်။ ပြည်တွင်းဈေးကွက်အတွင်း၌ အိမ်ခြံမြေ ဈေးကွက်သည် ဈေးနှုန်းကျဆင်းနိုင်ခြေ နည်းပါးသောကြောင့် ဝယ်ယူရင်းနှီးမြှုပ်နှံမှုများ ဆက်လက် ဖြစ်ပေါ်နေဦးမည်ဖြစ်သည်။
(အထွေထွေကုန်စည်နှင့် အခြေခံ ကုန်ဈေးနှုန်းများ)
ပြည်ပမှတင်သွင်းနေသော စားအုန်းဆီဈေး ကွက်တွင် စားအုန်းဆီဈေးများဆက်တိုက်မြင့်တက်နေပြီး လတ်တ လော စက်တင်ဘာ (၁၅) ရက်တွင် ထုတ်ပြန်ကြေညာသော ယခုတစ်ပတ်အတွက် သတ် မှတ်ရည်ညွှန်းဈေးမှာ တစ် ပိဿာလျှင် (၆၆၁၀)ကျပ် အဖြစ် သတ်မှတ်ထားသည်။ လက်လီ တစ်ပတ် တစ် ကြိမ် ဆီစာအုပ်ဖြင့်ရောင်းချပေးနေသော ဆီဈေးမှာလည်း တစ်ပိဿာလျှင် ခုနစ်ထောင်ကျပ်ကျော် ဝန်း ကျင်ဖြင့် ဝယ်ယူနေရဆဲဖြစ်သည်။
ယခင်တစ်ပတ် ရည်ညွှန်းသတ်မှတ်ဈေးမှာ တစ်ပိဿာလျှင် (၆၅၂၀) ကျပ်ဝန်းကျင်သာရှိသဖြင့် တစ် ပိဿာလျှင် (၉၀) ကျပ်နီးပါး ဈေးမြင့်တက်လာခြင်း ဖြစ်သည်။ စားအုန်းဆီဈေးမှာ ဇူလိုင်လကုန်ပိုင်းမှ စတင်က ဆက် တိုက်မြင့်တက်လာခြင်းဖြစ်ပြီး လာမည့်ရက်များအတွင်း ဆက်လက်မြင့်တက်နေဦးမည် ဖြစ်သည်။ ပြည်ပမှတင်သွင်းနေ သည့် စက်သုံးဆီ ဈေးကွက်အတွင်း စက်သုံးဆီဈေးမှာတည်ငြိမ်နေပြီး ယခုတစ်ပတ်အတွက် စက်သုံးဆီပေါက်ဈေးများ မှာ (၉၂) ဓာတ်ဆီတစ်လီတာလျှင် (၂၉၂၅)ကျပ်၊ (၉၅) ဓာတ်ဆီတစ်လီတာလျှင် (၂၉၉၅) ကျပ်၊ ဒီဇယ် တစ်လီတာလျှင် (၂၅၇၅)ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် (၃၁၇၅) ကျပ် အသီးသီးပေါက်ဈေးရှိ ကြောင်းသိရသည်။ ပြည်ပမှတင်သွင်း ရသော သွင်းကုန်အများစုမှာ သက်ဆိုင်ရာက သွင်းကုန်လိုင်စင် သစ်မချပေးမှုကြောင့် ဈေးကွက်အတွင်း ပစ္စည်း ပြတ်လပ်မှုများဖြစ်ပေါ်နေကြောင်း ဈေးကွက်အတွင်း မှသိရသည်။
ပြည်ပမှတင်သွင်းသော ဆောက်လုပ်ရေးကုန် စည်များ၊ အလှကုန်ပစ္စည်းများ၊ ဆေးဝါးနှင့်ဆေး ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်း အမျိုးစုံတို့သည် လက်ရှိတွင် ပြည်တွင်းလက်ကျန် နည်းပါးနေပြီး ဈေးနှုန်းများ လည်း မြင့်တက်နေ ကြောင်းသိရသည်။ အထွေထွေကုန်စည်ဈေးနှုန်းများမှာ ကိုဗစ် ကပ်ရောဂါကာလကထက်ပင် ဈေးနှုန်း ပိုမိုမြင့်တက်နေပြီး လက်ရှိတွင် ပြန်လည်ကျဆင်းခြင်း မရှိကြောင်း ဈေးကွက်အတွင်းမှသိရသည်။ အခြေခံ စားသောက်ကုန်များတွင်မူ ဆန်ဈေးမှာ တည်ငြိမ်နေပြီး ဆန်ကြမ်း ဧည့်မထ တစ်ပြည်လျှင် (၄၃၀ဝ)ကျပ်၊ ရွှေဘို ဆန်ဟောင်း တစ်ပြည်လျှင် (၆၂၀ဝ) ကျပ်ခန့် ပေါက်ဈေးရှိနေသည်။ ငရုတ်သီးအခြောက် တစ် ပိဿာလျှင် တစ်သောင်းကိုးထောင်ကျပ်၊ ကြက်သွန် ဖြူ (ရှမ်း) တစ်ပိဿာလျှင် နှစ်သောင်းနှစ်ထောင်ကျပ်၊ ကြက်သွန်နီ (အလတ်) ဆိတ်ဖြူ တစ်ပိဿာလျှင် (၂၅၀ဝ) ကျပ်နှင့်၊ အာလူးတစ်ပိဿာလျှင် (၇၅၀ဝ)ကျပ် ပေါက်ဈေးများရှိပြီး ဩဂုတ်လ ကုန်ပိုင်း ကထက် (၁၀) ရာခိုင်နှုန်း ခန့်ဈေးမြင့်တက်လာကြောင်း ဘုရင့်နောင်ပွဲရုံတန်းမှကုန်သည်များက ပြောကြား သည်။ ဆက်လက်ပြီး အသားဈေးများလည်း မြင့်တက်နေရာ စီပီကြက်တစ်ပိဿာလျှင် တစ်ထောင် ခန့်ဈေးတက်ပြီး (၂၄၀ဝဝ) ကျပ်၊ အမဲသားအရိုးလွတ် တစ်ပိဿာလျှင် (၃၆၀ဝဝ) ကျပ်၊ ဆိတ်သား တစ် ပိဿာလျှင် နှစ်ထောင်ခန့် ဈေးတက်ပြီး (၆၀ဝဝဝ)ကျပ် ပေါက်ဈေးများဖြစ်ပေါ်နေသည်။ ဝက်သားမှာ တစ်ပိသာလျှင် (၃၈၀ဝဝ) ကျပ်ဖြင့် ယခင်အပတ်က အတိုင်း မပြောင်းလဲကြောင်း သိရသည်။
ယခုတစ်ပတ်အတွင်း ဆိတ်သားနှင့် ကြက်သား များဈေးတက်လာခြင်းဖြစ်ပြီး စက်တင်ဘာလဆန်းမှ စတင်ကာ အသားဈေးများ မြင့်တက်နေခြင်းဖြစ်သည်။ ဈေးကွက်အတွင်း ကျော့ပုစွန် အသေးဈေးနှုန်းများ ပြန်လည်ကျဆင်းလာပြီး ယခင်တစ်ပတ်ကထက် ခုနစ်ထောင်ဝန်းကျင်ခန့်ကျဆင်းသွားပြီး တစ်ပိဿာ လျှင် (၂၅၀ဝဝ) ကျပ်ခန့်သာ ပေါက်ဈေးရှိ ကြောင်း သိရသည်။ အခြေခံစားသောက်ကုန်ဈေးကွက်သည် ငွေကြေးဖောင်းပွမှုများနှင့် သက်ဆိုင်သည့်အပြင် ရန်ကုန်ဈေးကွက်အတွင်းသို့ ကုန်ကြမ်းဝင်ရောက်မှု နည်းပါးခြင်းကြောင့်လည်း ဈေးနှုန်းများ ကွာခြားချက် ဖြစ်ပေါ်နေသည်။ တိုင်းနှင့်ပြည်နယ်အသီးသီးတွင် လည်း ဒေသအလိုက် ဈေးနှုန်းကွာခြားချက်များဖြစ်ပေါ်နိုင်ပြီး လတ်တလောတွင် မိုးရာသီကာလ ကုန်စည်ရှားပါးမှုကြောင့် အခြေခံကုန်ဈေးနှုန်းများအမြင့် ပိုင်းတွင်ဆက်လက်ရပ် တည်နေနိုင်သည်။

Zawgyi Version:
တစ္ပတ္အတြင္း ျမန္မာ့စီးပြားေရး ေဈးကြက္သုံးသပ္ခ်က္
ျပည့္ၿဖိဳး(NP News)စက္တင္ဘာ ၂၁
ယခုတစ္ပတ္အတြက္ ျမန္မာ့စီးပြားေရး ေဈးကြက္အတြင္း အေျပာင္းအလဲႀကီးႀကီးမားမား မရွိေသာ္လည္း အေမရိကန္ေဒၚလာေဈး က်ဆင္းေနျခင္းႏွင့္ ျပည္တြင္းေ႐ႊေဈးကြက္အတြင္း ေ႐ႊေဈးမ်ား ဆက္လက္ျမင့္တက္ေနသည့္ သတင္းမ်ားသာ ဦးေဆာင္ေနသည္။ အေမရိကန္ေဒၚလာတန္ဖိုးသည္ ကမာၻ႔ေဈးကြက္အတြင္း ဆက္တိုက္က်ဆင္းေနရာ ကမာၻ႔ေ႐ႊေဈးသည္ စံခ်ိန္တင္ႏႈန္းထားမ်ားျဖင့္ ေဈး ႏႈန္းျမင့္တက္ေနျခင္းျဖစ္သည္။
ကမာၻ႔ေဈးကြက္အတြင္း အေမရိကန္ေဒၚလာသည္အျခားေငြေၾကးမ်ားႏွင့္လဲလွယ္ရာတြင္ တန္ဖိုးက်ဆင္းေနရာ ျပည္တြင္းေဈးကြက္အတြင္း သက္ေရာက္မႈမ်ားရွိေနသည္။ လတ္တေလာတြင္ အေမရိကန္ေဒၚလာ ျပင္ပေပါက္ေဈးမွာ တစ္ေဒၚလာလွ်င္ (၄၂၆၅) က်ပ္အထိက်ဆင္းသြားၿပီး ေဈးကြက္အ တြင္း အေရာင္း/အဝယ္ေအးေနေၾကာင္းသိရသည္။
ျပည္တြင္းေ႐ႊေဈးကြက္အတြင္းတြင္မူ ျပင္ပအေခါက္ေ႐ႊေဈး တစ္က်ပ္သားလွ်င္ သိန္း(၈၀) ဝန္း က်င္သို႔ တျဖည္းျဖည္း ျမင့္တက္လာေနသည္။ ျပည္တြင္းေငြေၾကးေဖာင္းပြမႈေၾကာင့္ အိမ္ၿခံေျမေဈးကြက္အတြင္း ေဈးႏႈန္းအက် မရွိဘဲ အတက္ေဈးျဖင့္သာ အေရာင္းအဝယ္ ျဖစ္ေနေၾကာင္းသိရသည္။ လာမည့္ ပြင့္လင္းရာသီတြင္ ျမန္မာႏိုင္ငံ၌ ေ႐ြး ေကာက္ပြဲက်င္းပရန္ စီစဥ္လ်က္ရွိျခင္းေၾကာင့္ ႏိုင္ငံေရးအေျပာင္းအလဲ ေပၚမူတည္ကာ အိမ္ၿခံေျမအေရာင္းအဝယ္မ်ား ျပန္လည္ေကာင္းမြန္လာႏိုင္ေၾကာင္း အက်ိဳးေဆာင္လုပ္ငန္းရွင္မ်ားထံမွသိရသည္။ ျမန္မာႏိုင္ငံတစ္ဝန္းတြင္ လက္နက္ ကိုင္ ပဋိပကၡမ်ားေၾကာင့္နယ္ၿမိဳ႕မ်ားမွ ၿမိဳ႕ႀကီးမ်ားသို႔ေျပာင္းေ႐ႊ႕ေနထိုင္သူမ်ားဆက္တိုက္ျမင့္ တက္ေနရာ အိမ္ၿခံေျမ ေဈးမွာနယ္ေျမတည္ ၿငိမ္မႈအလိုက္ ေဈးႏႈန္းကြာျခားေၾကာင္းသိရသည္။ လက္ရွိမႏၲေလး ငလ်င္ႀကီးအၿပီးတြင္ ရန္ကုန္ၿမိဳ႕မွ အိမ္ၿခံေျမမ်ားအေရာင္းအဝယ္ျမင့္တက္လာသည့္အျပင္ ဝါတြင္းကာလအတြင္း၌ အေရာင္းအဝယ္ ျဖစ္ ေနေၾကာင္းသိရသည္။ လတ္တေလာတြင္ စက္သုံးဆီ ေဈးႏွင့္ စားအုန္းဆီေဈးမ်ား ေဈးႏႈန္းတည္ၿငိမ္ေန သည့္အျပင္ ေဒၚလာေဈး က်ဆင္းမႈေၾကာင့္ ေဈးႏႈန္း အဆမတန္ လ်င္ျမန္စြာျမင့္တက္ႏိုင္ေျခမရွိေၾကာင္း ေဈးကြက္ကြၽမ္းက်င္ သူမ်ားက သုံးသပ္သည္။ စက္သုံး ဆီေဈးမ်ား တည္ၿငိမ္မႈေၾကာင့္ အေထြေထြကုန္ေဈး ႏႈန္းကို သက္ေရာက္မႈရွိလာၿပီး လတ္တေလာတြင္ ကုန္ေဈးႏႈန္းမ်ား တည္ၿငိမ္ေနေၾကာင္းသိရသည္။
အေျခခံစားေသာက္ကုန္ေဈးကြက္တြင္ အေျပာင္းအလဲ အနည္းငယ္ျဖစ္ေပၚခဲ့ၿပီး ဆိတ္သားႏွင့္ ၾကက္သား ေဈးမ်ား ဆက္လက္ျမင့္တက္ေနၿပီး ငါးပုစြန္ေဈးကြက္အတြင္း ပုစြန္ေဈးမ်ားအနည္းငယ္ ျပန္လည္ေဈးက်လာ ေၾကာင္း ေဈးကြက္အတြင္းမွ သိရသည္။ လက္ရွိ စက္တင္ဘာလသည္ ေ႐ႊေဈး အေျပာင္းအလဲမ်ားေၾကာင့္သာ ေဈးကြက္ လႈပ္ခတ္ေနျခင္းျဖစ္ၿပီး က်န္ကုန္စည္မ်ားႏွင့္ ပို႔ကုန္/သြင္းကုန္ လုပ္ငန္းမ်ားမွာ လုပ္ငန္းေအးေနေၾကာင္း သိရသည္။ နယ္စပ္မွတင္သြင္းေသာကုန္စည္မ်ားကို သက္ဆိုင္ ရာမွအခြန္ေဆာင္ထားျခင္း ရွိမရွိ စစ္ေဆးမႈမ်ား အရွိန္ျမႇင့္ ဖမ္းဆီး ေနရာ နယ္စပ္ကုန္သြယ္ေရး ေႏွးေကြးသြားေၾကာင္း နယ္စပ္ကုန္သြယ္ေရးလုပ္ငန္းရွင္ မ်ားထံမွသိရသည္။
(ကမာၻ႔ေ႐ႊေဈးဂယက္ႏွင့္ျပည္တြင္း ေ႐ႊေဈးကြက္ အေျခအေန)
ကမာၻ႔ေ႐ႊေဈးႏႈန္းမ်ားစံခ်ိန္တင္ ျမင့္တက္ေနရာ ျပည္တြင္းေ႐ႊေဈးသည္လည္းလိုက္ပါျမင့္တက္ၿပီး လတ္ တေလာတြင္ အျမင့္ေဈးတန္းျဖင့္ အေရာင္းအဝယ္ျပဳလုပ္ေနၾကေၾကာင္း ေဈးကြက္အတြင္းမွ သိရသည္။ ကမာၻ႔ေ႐ႊေဈး ကြက္အတြင္း ယခင္တစ္ ပတ္အတြင္း စံခ်ိန္တင္ေပါက္ေဈးျဖစ္သည့္ ေ႐ႊတစ္ေအာင္စလွ်င္ (၃၆၅၂) ေဒၚလာမွ ယခု တစ္ပတ္ စက္တင္ဘာလ(၁၆) ရက္တြင္ (၃၆၇၈) ေဒၚလာသို႔ ဆက္တိုက္ျမင့္တက္ေနဆဲျဖစ္သည္။ ျပည္တြင္း ေ႐ႊ ေဈးသည္ ကမာၻ႔ေ႐ႊေဈးအေပၚမူတည္ကာ အေျပာင္းအလဲျဖစ္ေပၚေနျခင္းျဖစ္ၿပီး အေခါက္ေ႐ႊတစ္က်ပ္ သားေဈးႏႈန္း သည္ ယခုတစ္ပတ္အတြင္း စက္တင္ဘာ (၁၀)ရက္တြင္ (၇၉) သိန္းကိုးေသာင္းအထိ ျမင့္ တက္ခဲ့ရာမွ စက္တင္ဘာ (၁၁) ရက္တြင္ (၇၉)သိန္း တစ္ေသာင္းသို႔ ျပန္လည္က်ဆင္းခဲ့သည္။ ျပည္တြင္း ေ႐ႊေဈးမွာ အတက္အက်ျမန္ဆန္ေနေသာ ေၾကာင့္ ေရာင္းသူ/ဝယ္သူအၾကား ေရာင္းမွားဝယ္မွား မျဖစ္ေစရန္ ဂ႐ုစိုက္သင့္ေၾကာင္း ဝါရင့္ေ႐ႊလုပ္ငန္းရွင္ မ်ားက ေျပာၾကားသည္။
လက္ရွိစက္တင္ဘာ (၁၆) ရက္အတြင္း အေခါက္ေ႐ႊေဈးသည္ တစ္က်ပ္သားလွ်င္ (၇၉)သိန္း ေလးေသာင္း က်ပ္ေပါက္ေဈးရွိေနၿပီး လာမည့္ရက္ပိုင္းအတြင္း အေျပာင္းအလဲအနည္းငယ္သာ ရွိႏိုင္သည္။ ရန္ကုန္တိုင္း ေ႐ႊလုပ္ငန္း ရွင္မ်ားအသင္း YGEA မွ ေ႐ႊေဈးႏႈန္းသတ္မွတ္ခ်က္မွာ အေခါက္ ေ႐ႊတစ္က်ပ္သားလွ်င္ (၅၉)သိန္းခုနစ္ေသာင္းျဖင့္ အေျပာင္းအလဲမရွိေၾကာင္းသိရသည္။ အေမရိကန္ ဗဟိုဘဏ္၏အတိုးႏႈန္း ေလွ်ာ့ခ်မႈမ်ားေၾကာင့္ ကမာၻ႔ေ႐ႊေဈး ဆက္ တိုက္ျမင့္တက္လာျခင္းျဖစ္ေၾကာင္း ကမာၻ႔ေ႐ႊေဈးကြက္ကြၽမ္းက်င္သူတစ္ဦးကေျပာ သည္။ေ႐ႊေဈးျမင့္တက္ေန ေသာ္ လည္း ျပည္တြင္း ႏိုင္ငံျခား ေငြလဲႏႈန္းေဈးကြက္၌မူ ေဈးတည္ၿငိမ္ေနၿပီး တစ္ေဒၚလာ ျပင္ပေပါက္ေဈး အဝယ္က်ပ္ (၄,၁၈၀) ႏွင့္ အေရာင္းက်ပ္ (၄,၂၆၅) ဝန္းက်င္ရွိသည္။
ျပည္တြင္း ေ႐ႊေဈးသည္ ျမန္မာေငြႏွင့္ အေမရိကန္ေဒၚလာေငြလဲႏႈန္းအေပၚတြင္လည္း မူတည္ေနၿပီး လတ္တ ေလာ ေဒၚလာေဈးမ်ားက်ဆင္းေနျခင္းေၾကာင့္သာ အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ သိန္း (၈၀)မေက်ာ္ျခင္းျဖစ္သည္။ ျပည္တြင္း ေ႐ႊေဈးကြက္အတြင္း အေရာင္း/အဝယ္ပုံမွန္အေျခအေနတြင္ ရွိေနၿပီး လာမည့္ရက္ပိုင္းအတြင္း အေျပာင္း အလဲ နည္းပါးႏိုင္ေၾကာင္းသိရသည္။
ကမာၻ႔ေ႐ႊေဈးအေျပာင္းအလဲမွာ အေမရိကန္ ဗဟိုဘဏ္၏ အတိုးႏႈန္းအေျပာင္းအလဲအျပင္၊ ကုန္သြယ္ေရး စစ္ပြဲမ်ား၊ အေမရိကန္ေဒၚလာတန္ဖိုး က်ဆင္းမႈမ်ားႏွင့္ ႏိုင္ငံတကာ ေငြေၾကးေဈးကြက္အေျပာင္းအလဲမ်ားျဖင့္ တိုက္ ႐ိုက္ပတ္သက္ေနေၾကာင္း သိရသည္။ လတ္တေလာ ကမာၻ႔ႏိုင္ငံမ်ားတြင္ အေမရိကန္ႏိုင္ငံဘက္မွ သြင္းကုန္မ်ားအေပၚ အခြန္တိုး ေကာက္သည့္ျဖစ္စဥ္မ်ားျဖစ္ပြားလာရာ အေမရိကန္ ေငြေၾကးတန္ဖိုး တျဖည္းျဖည္းက်ဆင္းေနျခင္းျဖစ္ သည္။ ႏိုင္ငံတကာေငြေၾကးေဈးကြက္အတြင္း အေမရိကန္ေဒၚလာတန္ဖိုး က်ဆင္းျခင္းေၾကာင့္ ေဒၚလာအစား ေ႐ႊကို ဝယ္ယူမႈ ျမင့္တက္ေနၿပီး ကမာၻ႔ေ႐ႊေဈးျမင့္တက္ေနျခင္းျဖစ္သည္။ လာမည့္ရက္မ်ားအတြင္း ကမာၻ႔ေ႐ႊေဈးမွာ ဆက္လက္ေစာင့္ ၾကည့္ရ မည္ျဖစ္ၿပီး ကမာၻ႔ေ႐ႊေဈးျမင့္တက္ျခင္းေၾကာင့္ ျပည္ တြင္းေ႐ႊေဈးမ်ား လိုက္ပါျမင့္တက္ေနဦးမည္ျဖစ္သည္။
(ႏိုင္ငံေရးအေျပာင္းအလဲေပၚမူတည္ေနသည့္ ျပည္တြင္းအိမ္ၿခံေျမေဈးကြက္)
ျပည္တြင္းအိမ္ၿခံေျမေဈးကြက္သည္ ျမန္မာက်ပ္ေငြတန္ဖိုး က်ဆင္းျခင္းႏွင့္ ေငြေၾကးေဖာင္းပြမႈမ်ားေၾကာင့္ ေဈးႏႈန္းအျမင့္ပိုင္းတြင္ အေရာင္း/အဝယ္ျပဳလုပ္ေနၾကေၾကာင္း အိမ္ၿခံေျမအက်ိဳးေဆာင္ မ်ားထံမွသိရသည္။ လာမည့္ ပြင့္လင္းရာသီတြင္ ျမန္မာႏိုင္ငံ၌ ေ႐ြးေကာက္ပြဲက်င္းပမည္ျဖစ္ရာ ႏိုင္ငံေရးအေျပာင္းအလဲအေျခအေနေပၚတြင္ အိမ္ၿခံေျမ ေဈးကြက္ အဓိကအေျပာင္းအလဲျဖစ္ေပၚလာႏိုင္ ေၾကာင္းသိရသည္။ လတ္တေလာတြင္ ရန္ကုန္၊ မႏၲေလး အပါအဝင္ တိုင္းႏွင့္ျပည္နယ္အသီးသီးမွ ၿမိဳ႕ ႀကီးမ်ားတြင္ အိမ္ၿခံေျမေဈးကြက္ ေဈးႏႈန္းမ်ားျမင့္ တက္ေနဆဲျဖစ္သည္။
လက္နက္ကိုင္ ပဋိပကၡမ်ားေၾကာင့္ နယ္ၿမိဳ႕ငယ္မ်ားမွ ၿမိဳ႕ႀကီးမ်ားသို႔ေျပာင္းလဲ အေျခခ်ေနထိုင္သူ မ်ားျပားလာ ျခင္းေၾကာင့္ အိမ္ၿခံေျမေဈးကြက္မွာ ေဈးႏႈန္းအျမင့္ပိုင္းတြင္သာ ရပ္တည္ေနျခင္းျဖစ္သည္။ ေနရာေဒသအလိုက္ ေဈးႏႈန္းကြာျခားခ်က္ရွိေသာ္လည္း (၂၀၂၁) ခုႏွစ္မတိုင္ခင္ ကာလေပါက္ေဈးမ်ားထက္ လက္ရွိေဈးမွႏွစ္ဆေက်ာ္ ျမင့္တက္ေနျခင္း ျဖစ္သည္။ ထို႔ျပင္ မႏၲေလးငလ်င္ႀကီးလႈပ္ခတ္မႈ ေနာက္ပိုင္းတြင္ လုံးခ်င္းအိမ္ၿခံေျမမ်ား အေရာင္း/ အဝယ္သြက္လာေၾကာင္းႏွင့္ အထပ္ျမင့္တိုက္ခန္း ဝယ္ယူမႈ အနည္းငယ္က်ဆင္းသြားေၾကာင္း ရန္ကုန္ ၿမိဳ႕ခံ အိမ္ၿခံေျမ အက်ိဳးေဆာင္မ်ားထံမွသိရသည္။ သက္ဆိုင္ရာကက်င္းပေသာ ေ႐ြးေကာက္ပြဲၿပီးစီး သြားပါက ႏိုင္ငံေရးအေျပာင္း အလဲမ်ားျဖစ္ေပၚလာႏိုင္ၿပီး လက္ရွိစီးပြားေရးအေျခအေနမ်ားမွ အေျပာင္း အလဲျဖစ္ႏိုင္မႈအေပၚ အိမ္ၿခံေျမလုပ္ငန္းရွင္ မ်ားက ဆက္လက္ေစာင့္ၾကည့္ေနၾကသည္။ လတ္တေလာတြင္ အိမ္ၿခံေျမ အငွားေဈးကြက္ေကာင္းမြန္ေနျခင္း ေၾကာင့္ အိမ္ၿခံေျမေဈးကြက္အတြင္း ေဈးႏႈန္းက် ဆင္းျခင္းမရွိဘဲ ေဈးႏႈန္းအျမင့္ပိုင္းတြင္သာ ဆက္ လက္ရပ္တည္ေနသည္။
ထို႔ျပင္ ဒလတံတားသစ္စီမံကိန္းၿပီးစီးမႈေၾကာင့္ ဒလၿမိဳ႕နယ္အတြင္း အိမ္ၿခံေျမေဈးမ်ားသည္ စံခ်ိန္ တင္ေဈး ကြက္ေပါက္ေဈးမ်ားျဖစ္ေပၚေနသည္။ ဒလဘက္ကမ္းတြင္ ဂရန္ေျမ၊ စလစ္ေျမမ်ားသာမက လယ္ေျမမ်ားပါ ေဈးျမင့္ တက္ေနရာ ရန္ကုန္ၿမိဳ႕တြင္ ေဈးကြက္အလႈပ္ဆုံး ေျမရာမ်ားျဖစ္သည္။ သို႔ေသာ္ လည္း ဒဂုံၿမိဳ႕သစ္ေလးၿမိဳ႕နယ္မွ အိမ္ၿခံေျမမ်ားမွာ အေရာင္း/အဝယ္အမ်ားဆုံးအျဖစ္ ဆက္လက္ရပ္ တည္ေနဆဲျဖစ္သည္။ လာမည့္ဝါကြၽတ္ကာလ အတြင္း အိမ္ၿခံေျမ ေရာင္း၊ ဝယ္၊ ငွား ေဈးကြက္မ်ား ဆက္ လက္အား ေကာင္းေနမည္ျဖစ္ၿပီး တိုက္ခန္းႏွင့္ ကြန္ဒို မ်ားတြင္မူ ေဈးကြက္အနည္းငယ္ေအးႏိုင္ေၾကာင္း သိရသည္။ ျပည္တြင္းေဈးကြက္အတြင္း၌ အိမ္ၿခံေျမ ေဈးကြက္သည္ ေဈးႏႈန္းက်ဆင္းႏိုင္ေျခ နည္းပါးေသာေၾကာင့္ ဝယ္ယူရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ဆက္လက္ ျဖစ္ေပၚေနဦးမည္ျဖစ္သည္။
(အေထြေထြကုန္စည္ႏွင့္ အေျခခံ ကုန္ေဈးႏႈန္းမ်ား)
ျပည္ပမွတင္သြင္းေနေသာ စားအုန္းဆီေဈး ကြက္တြင္ စားအုန္းဆီေဈးမ်ားဆက္တိုက္ျမင့္တက္ေနၿပီး လတ္တ ေလာ စက္တင္ဘာ (၁၅) ရက္တြင္ ထုတ္ျပန္ေၾကညာေသာ ယခုတစ္ပတ္အတြက္ သတ္ မွတ္ရည္ၫႊန္းေဈးမွာ တစ္ ပိႆာလွ်င္ (၆၆၁၀)က်ပ္ အျဖစ္ သတ္မွတ္ထားသည္။ လက္လီ တစ္ပတ္ တစ္ ႀကိမ္ ဆီစာအုပ္ျဖင့္ေရာင္းခ်ေပးေနေသာ ဆီေဈးမွာလည္း တစ္ပိႆာလွ်င္ ခုနစ္ေထာင္က်ပ္ေက်ာ္ ဝန္း က်င္ျဖင့္ ဝယ္ယူေနရဆဲျဖစ္သည္။
ယခင္တစ္ပတ္ ရည္ၫႊန္းသတ္မွတ္ေဈးမွာ တစ္ပိႆာလွ်င္ (၆၅၂၀) က်ပ္ဝန္းက်င္သာရွိသျဖင့္ တစ္ ပိႆာလွ်င္ (၉၀) က်ပ္နီးပါး ေဈးျမင့္တက္လာျခင္း ျဖစ္သည္။ စားအုန္းဆီေဈးမွာ ဇူလိုင္လကုန္ပိုင္းမွ စတင္က ဆက္ တိုက္ျမင့္တက္လာျခင္းျဖစ္ၿပီး လာမည့္ရက္မ်ားအတြင္း ဆက္လက္ျမင့္တက္ေနဦးမည္ ျဖစ္သည္။ ျပည္ပမွတင္သြင္းေန သည့္ စက္သုံးဆီ ေဈးကြက္အတြင္း စက္သုံးဆီေဈးမွာတည္ၿငိမ္ေနၿပီး ယခုတစ္ပတ္အတြက္ စက္သုံးဆီေပါက္ေဈးမ်ား မွာ (၉၂) ဓာတ္ဆီတစ္လီတာလွ်င္ (၂၉၂၅)က်ပ္၊ (၉၅) ဓာတ္ဆီတစ္လီတာလွ်င္ (၂၉၉၅) က်ပ္၊ ဒီဇယ္ တစ္လီတာလွ်င္ (၂၅၇၅)က်ပ္၊ ပရီမီယံဒီဇယ္ တစ္လီတာလွ်င္ (၃၁၇၅) က်ပ္ အသီးသီးေပါက္ေဈးရွိ ေၾကာင္းသိရသည္။ ျပည္ပမွတင္သြင္း ရေသာ သြင္းကုန္အမ်ားစုမွာ သက္ဆိုင္ရာက သြင္းကုန္လိုင္စင္ သစ္မခ်ေပးမႈေၾကာင့္ ေဈးကြက္အတြင္း ပစၥည္း ျပတ္လပ္မႈမ်ားျဖစ္ေပၚေနေၾကာင္း ေဈးကြက္အတြင္း မွသိရသည္။
ျပည္ပမွတင္သြင္းေသာ ေဆာက္လုပ္ေရးကုန္ စည္မ်ား၊ အလွကုန္ပစၥည္းမ်ား၊ ေဆးဝါးႏွင့္ေဆး ပစၥည္းမ်ား၊ လွ်ပ္စစ္ပစၥည္းမ်ား၊ လူသုံးကုန္ပစၥည္း အမ်ိဳးစုံတို႔သည္ လက္ရွိတြင္ ျပည္တြင္းလက္က်န္ နည္းပါးေနၿပီး ေဈးႏႈန္းမ်ား လည္း ျမင့္တက္ေန ေၾကာင္းသိရသည္။ အေထြေထြကုန္စည္ေဈးႏႈန္းမ်ားမွာ ကိုဗစ္ ကပ္ေရာဂါကာလကထက္ပင္ ေဈးႏႈန္း ပိုမိုျမင့္တက္ေနၿပီး လက္ရွိတြင္ ျပန္လည္က်ဆင္းျခင္း မရွိေၾကာင္း ေဈးကြက္အတြင္းမွသိရသည္။ အေျခခံ စားေသာက္ကုန္မ်ားတြင္မူ ဆန္ေဈးမွာ တည္ၿငိမ္ေနၿပီး ဆန္ၾကမ္း ဧည့္မထ တစ္ျပည္လွ်င္ (၄၃၀ဝ)က်ပ္၊ ေ႐ႊဘို ဆန္ေဟာင္း တစ္ျပည္လွ်င္ (၆၂၀ဝ) က်ပ္ခန႔္ ေပါက္ေဈးရွိေနသည္။ င႐ုတ္သီးအေျခာက္ တစ္ ပိႆာလွ်င္ တစ္ေသာင္းကိုးေထာင္က်ပ္၊ ၾကက္သြန္ ျဖဴ (ရွမ္း) တစ္ပိႆာလွ်င္ ႏွစ္ေသာင္းႏွစ္ေထာင္က်ပ္၊ ၾကက္သြန္နီ (အလတ္) ဆိတ္ျဖဴ တစ္ပိႆာလွ်င္ (၂၅၀ဝ) က်ပ္ႏွင့္၊ အာလူးတစ္ပိႆာလွ်င္ (၇၅၀ဝ)က်ပ္ ေပါက္ေဈးမ်ားရွိၿပီး ဩဂုတ္လ ကုန္ပိုင္း ကထက္ (၁၀) ရာခိုင္ႏႈန္း ခန႔္ေဈးျမင့္တက္လာေၾကာင္း ဘုရင့္ေနာင္ပြဲ႐ုံတန္းမွကုန္သည္မ်ားက ေျပာၾကား သည္။ ဆက္လက္ၿပီး အသားေဈးမ်ားလည္း ျမင့္တက္ေနရာ စီပီၾကက္တစ္ပိႆာလွ်င္ တစ္ေထာင္ ခန႔္ေဈးတက္ၿပီး (၂၄၀ဝဝ) က်ပ္၊ အမဲသားအ႐ိုးလြတ္ တစ္ပိႆာလွ်င္ (၃၆၀ဝဝ) က်ပ္၊ ဆိတ္သား တစ္ ပိႆာလွ်င္ ႏွစ္ေထာင္ခန႔္ ေဈးတက္ၿပီး (၆၀ဝဝဝ)က်ပ္ ေပါက္ေဈးမ်ားျဖစ္ေပၚေနသည္။ ဝက္သားမွာ တစ္ပိသာလွ်င္ (၃၈၀ဝဝ) က်ပ္ျဖင့္ ယခင္အပတ္က အတိုင္း မေျပာင္းလဲေၾကာင္း သိရသည္။
ယခုတစ္ပတ္အတြင္း ဆိတ္သားႏွင့္ ၾကက္သား မ်ားေဈးတက္လာျခင္းျဖစ္ၿပီး စက္တင္ဘာလဆန္းမွ စတင္ကာ အသားေဈးမ်ား ျမင့္တက္ေနျခင္းျဖစ္သည္။ ေဈးကြက္အတြင္း ေက်ာ့ပုစြန္ အေသးေဈးႏႈန္းမ်ား ျပန္လည္က်ဆင္းလာၿပီး ယခင္တစ္ပတ္ကထက္ ခုနစ္ေထာင္ဝန္းက်င္ခန႔္က်ဆင္းသြားၿပီး တစ္ပိႆာ လွ်င္ (၂၅၀ဝဝ) က်ပ္ခန႔္သာ ေပါက္ေဈးရွိ ေၾကာင္း သိရသည္။ အေျခခံစားေသာက္ကုန္ေဈးကြက္သည္ ေငြေၾကးေဖာင္းပြမႈမ်ားႏွင့္ သက္ဆိုင္သည့္အျပင္ ရန္ကုန္ေဈးကြက္အတြင္းသို႔ ကုန္ၾကမ္းဝင္ေရာက္မႈ နည္းပါးျခင္းေၾကာင့္လည္း ေဈးႏႈန္းမ်ား ကြာျခားခ်က္ ျဖစ္ေပၚေနသည္။ တိုင္းႏွင့္ျပည္နယ္အသီးသီးတြင္ လည္း ေဒသအလိုက္ ေဈးႏႈန္းကြာျခားခ်က္မ်ားျဖစ္ေပၚႏိုင္ၿပီး လတ္တေလာတြင္ မိုးရာသီကာလ ကုန္စည္ရွားပါးမႈေၾကာင့္ အေျခခံကုန္ေဈးႏႈန္းမ်ားအျမင့္ ပိုင္းတြင္ဆက္လက္ရပ္ တည္ေနႏိုင္သည္။