တရုတ်နိုင်ငံမှာ ကိုဗစ်စဖြစ်တုန်းက ဝူဟန်မြို့အကြောင်း သတင်းဓာတ်ပုံယူခဲ့တဲ့ သတင်းထောက် ထောင်ဒဏ် ၄ နှစ် ထပ်မံချမှတ်ခံရ

 592

ရောင်နီ (NP News) - စက်တင်ဘာ ၂၂
COVID-19 ကူးစက်ပျံ့နှံ့မှု အစောပိုင်းကာလ၊ ကိုဗစ်ကူးစက်မှု စဖြစ်ခဲ့တဲ့ တရုတ်ပြည်၊ ဝူဟန်မြို့က ပုံရိပ်တွေကို ရိုက်ကူးကာ ဆိုရှယ်မီဒီယာမှာ ဖြန့်ခဲ့တဲ့ တရုတ်ဂျာနယ်လစ်တစ်ဦးကို သောကြာနေ့(စက်တင်ဘာ ၁၉ ရက်) က ထောင်ဒဏ် လေးနှစ် ထပ်မံချမှတ်ခဲ့တယ်လို့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့မှ ပြောကြားပါတယ်။
ကျန်းကျန် အမည်ရှိ အသက် ၄၂ နှစ် အရွယ်သတင်းထောက်ဟာ တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်ပျံ့နှံ့မှု အစောပိုင်းက ကူးစက်မှု စတင်ဖြစ်ပွားရာမြို့ ဝူဟန်ရဲ့ဆေးရုံတွေ၊ လမ်းကြား အခြေအနေပုံရိပ်တွေကို ဆိုရှယ်မီဒီမှာ မျှဝေခဲ့တာကြောင့် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလက ဖမ်းဆီးခံခဲ့ရပါတယ်။
၂၀၂၄ ခုနှစ် မေလမှာတော့ ထောင်မှ လွှတ်ပေးခဲ့ပြီး သုံးလအကြာမှာ ထပ်မံဖမ်းဆီးခံခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ ရှန်ဟိုင်း၊ ပူဒေါင် ထိန်းသိမ်းရေးစင်တာမှာ ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီးသောကြာနေ့(စက်တင်ဘာ ၁၉ ရက်) မှာ စီရင်ချက်ချခဲ့တာ ဖြစ်ပါတယ်။
ကျန်း အပေါ် ချမှတ်ခဲ့တဲ့ စွဲချက်တွေနဲ့ပတ်သက်ပြီး တရုတ်အာဏာပိုင်တွေက လူသိရှင်ကြား ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။
တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ သတင်းထောက်တွေကို ထောင်ဒဏ်ချမှတ်မှု အများဆုံး နိုင်ငံတစ်ခုဖြစ်ပြီး မီဒီယာလုပ်သား ၁၂၄ ဦးခန့် ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ သိရပါတယ်။

Zawgyi Version:
တ႐ုတ္ႏိုင္ငံမွာ ကိုဗစ္စျဖစ္တုန္းက ဝူဟန္ၿမိဳ႕အေၾကာင္း သတင္းဓာတ္ပုံယူခဲ့တဲ့ သတင္းေထာက္ ေထာင္ဒဏ္ ၄ ႏွစ္ ထပ္မံခ်မွတ္ခံရ
ေရာင္နီ (NP News) - စက္တင္ဘာ ၂၂
COVID-19 ကူးစက္ပ်ံ႕ႏွံ႔မႈ အေစာပိုင္းကာလ၊ ကိုဗစ္ကူးစက္မႈ စျဖစ္ခဲ့တဲ့ တ႐ုတ္ျပည္၊ ဝူဟန္ၿမိဳ႕က ပုံရိပ္ေတြကို ႐ိုက္ကူးကာ ဆိုရွယ္မီဒီယာမွာ ျဖန႔္ခဲ့တဲ့ တ႐ုတ္ဂ်ာနယ္လစ္တစ္ဦးကို ေသာၾကာေန႔(စက္တင္ဘာ ၁၉ ရက္) က ေထာင္ဒဏ္ ေလးႏွစ္ ထပ္မံခ်မွတ္ခဲ့တယ္လို႔ နယ္စည္းမျခား သတင္းေထာက္မ်ားအဖြဲ႕မွ ေျပာၾကားပါတယ္။
က်န္းက်န္ အမည္ရွိ အသက္ ၄၂ ႏွစ္ အ႐ြယ္သတင္းေထာက္ဟာ တ႐ုတ္ႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္ပ်ံ႕ႏွံ႔မႈ အေစာပိုင္းက ကူးစက္မႈ စတင္ျဖစ္ပြားရာၿမိဳ႕ ဝူဟန္ရဲ႕ေဆး႐ုံေတြ၊ လမ္းၾကား အေျခအေနပုံရိပ္ေတြကို ဆိုရွယ္မီဒီမွာ မွ်ေဝခဲ့တာေၾကာင့္ ၂၀၂၀ ျပည့္ႏွစ္ ဒီဇင္ဘာလက ဖမ္းဆီးခံခဲ့ရပါတယ္။
၂၀၂၄ ခုႏွစ္ ေမလမွာေတာ့ ေထာင္မွ လႊတ္ေပးခဲ့ၿပီး သုံးလအၾကာမွာ ထပ္မံဖမ္းဆီးခံခဲ့ရပါတယ္။ ေနာက္ဆုံးမွာေတာ့ ရွန္ဟိုင္း၊ ပူေဒါင္ ထိန္းသိမ္းေရးစင္တာမွာ ဖမ္းဆီးထိန္းသိမ္းထားခဲ့ၿပီးေသာၾကာေန႔(စက္တင္ဘာ ၁၉ ရက္) မွာ စီရင္ခ်က္ခ်ခဲ့တာ ျဖစ္ပါတယ္။
က်န္း အေပၚ ခ်မွတ္ခဲ့တဲ့ စြဲခ်က္ေတြနဲ႔ပတ္သက္ၿပီး တ႐ုတ္အာဏာပိုင္ေတြက လူသိရွင္ၾကား ထုတ္ေဖာ္ေျပာၾကားျခင္း မရွိပါဘူး။
တ႐ုတ္ႏိုင္ငံဟာ ကမာၻေပၚမွာ သတင္းေထာက္ေတြကို ေထာင္ဒဏ္ခ်မွတ္မႈ အမ်ားဆုံး ႏိုင္ငံတစ္ခုျဖစ္ၿပီး မီဒီယာလုပ္သား ၁၂၄ ဦးခန႔္ ေထာင္ဒဏ္ခ်မွတ္ခံထားရတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.