ကမ္ဘာ့ရွှေဈေးပြန်လည်မြင့်တက်လာပြီး ပြည်တွင်းရွှေဈေးများလိုက်ပါမြင့်တက်နေ

506

ပြည့်ဖြိုး(NP News) စက်တင်ဘာ၂၂
ရွှေဈေးကွက်အတွင်း ကမ္ဘာ့ရွှေဈေးများ ပြန်လည်မြင့်တက်လာပြီး ပြည်တွင်းရွှေဈေးမှာလည်း တစ်ကျပ်သား လျှင် (၇၉)သိန်းခြောက်သောင်းဝန်းကျင်အထိဈေးနှုန်းများမြင့်တက်နေကြောင်း ဈေးကွက် အတွင်းမှသိရသည်။
“ကမ္ဘာရွှေဈးကတစ်အောင်စ ကို ၃၆၉၀ ဒေါ်လာအထိဈေးပြန်မြင့်လာတယ်၊ပြည်တွင်ရွှေဈေးကလည်း လိုက်ပါမြင့်တက်လာတာပေါ့ ၊အခေါက်ရွှေတစ်ကျပ်သားကို သိန်း(၈၀) ဝန်းကျင်ပေါက်ဈေးဖြစ်နေတာ၊ဒီနေ့ဈေးကွက်အဖွင့်ဈေးကအမြင့်ပိုင်းဆိုတော့ ဒီတစ်ပါတ်ထဲမှာ ဈေးကျနိုင်ခြေမရှိဘူး”ဟု ရန်ကုန်မြို့ခံရွှေကုန်သည်တစ်ဦးကပြောသည်။
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း YGEA မှနေ့စဉ်ထုတ်ပြန်ပေးနေသည့် ဈေးနှုန်းမှာ အခေါက်ရွှေတစ်ကျပ်သားလျှင် (၅၉)သိန်းရှစ်သောင်းဟု ထုတ်ပြန်ထားသည်။
ရွှေဈေးမြင့်တက်နေသော်လည်း ပြည်တွင်းနိုင်ငံခြားငွေလဲနှုန်းစျေးကွက်၌မူ စျေးတည်ငြိမ်နေပြီး တစ်ဒေါ်လာ ပြင်ပပေါက်စျေး အဝယ် ကျပ် ၄,၁၆၀နှင့် အရောင်း ကျပ် ၄,၂၄၅ ဝန်းကျင် ရှိသည်။
ပြည်တွင်း၌ ရွှေချိန်တွယ်ရာတွင်မူ ကျပ်၊ပဲ၊မူး၊ရွေးကိုအသုံးပြုပြီး တကျပ်သားလျှင် ၀ ဒသမ ၅၂၅ အောင်စ ရှိကာ (ကမ္ဘာ့ရွှေစျေး × တစ်ဒေါ်လာငွေလဲနှုန်း × ၀ ဒသမ ၅၂၅ )ဖြင့် တွက်ချက်ပါက ရရှိသည့် ပမာဏသည် အနီးစပ်ဆုံးပြည်တွင်း အခေါက်ရွှေစျေး ရနိုင်သည်။

Zawgyi Version:
ကမာၻ႔ေ႐ႊေဈးျပန္လည္ျမင့္တက္လာၿပီး ျပည္တြင္းေ႐ႊေဈးမ်ားလိုက္ပါျမင့္တက္ေန
ျပည့္ၿဖိဳး(NP News) စက္တင္ဘာ၂၂
ေ႐ႊေဈးကြက္အတြင္း ကမာၻ႔ေ႐ႊေဈးမ်ား ျပန္လည္ျမင့္တက္လာၿပီး ျပည္တြင္းေ႐ႊေဈးမွာလည္း တစ္က်ပ္သား လွ်င္ (၇၉)သိန္းေျခာက္ေသာင္းဝန္းက်င္အထိေဈးႏႈန္းမ်ားျမင့္တက္ေနေၾကာင္း ေဈးကြက္ အတြင္းမွသိရသည္။
“ကမာၻေ႐ႊဈးကတစ္ေအာင္စ ကို ၃၆၉၀ ေဒၚလာအထိေဈးျပန္ျမင့္လာတယ္၊ျပည္တြင္ေ႐ႊေဈးကလည္း လိုက္ပါျမင့္တက္လာတာေပါ့ ၊အေခါက္ေ႐ႊတစ္က်ပ္သားကို သိန္း(၈၀) ဝန္းက်င္ေပါက္ေဈးျဖစ္ေနတာ၊ဒီေန႔ေဈးကြက္အဖြင့္ေဈးကအျမင့္ပိုင္းဆိုေတာ့ ဒီတစ္ပါတ္ထဲမွာ ေဈးက်ႏိုင္ေျခမရွိဘူး”ဟု ရန္ကုန္ၿမိဳ႕ခံေ႐ႊကုန္သည္တစ္ဦးကေျပာသည္။
ရန္ကုန္တိုင္းေ႐ႊလုပ္ငန္းရွင္မ်ားအသင္း YGEA မွေန႔စဥ္ထုတ္ျပန္ေပးေနသည့္ ေဈးႏႈန္းမွာ အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ (၅၉)သိန္းရွစ္ေသာင္းဟု ထုတ္ျပန္ထားသည္။
ေ႐ႊေဈးျမင့္တက္ေနေသာ္လည္း ျပည္တြင္းႏိုင္ငံျခားေငြလဲႏႈန္းေစ်းကြက္၌မူ ေစ်းတည္ၿငိမ္ေနၿပီး တစ္ေဒၚလာ ျပင္ပေပါက္ေစ်း အဝယ္ က်ပ္ ၄,၁၆၀ႏွင့္ အေရာင္း က်ပ္ ၄,၂၄၅ ဝန္းက်င္ ရွိသည္။
ျပည္တြင္း၌ ေ႐ႊခ်ိန္တြယ္ရာတြင္မူ က်ပ္၊ပဲ၊မူး၊ေ႐ြးကိုအသုံးျပဳၿပီး တက်ပ္သားလွ်င္ ၀ ဒသမ ၅၂၅ ေအာင္စ ရွိကာ (ကမာၻ႔ေ႐ႊေစ်း × တစ္ေဒၚလာေငြလဲႏႈန္း × ၀ ဒသမ ၅၂၅ )ျဖင့္ တြက္ခ်က္ပါက ရရွိသည့္ ပမာဏသည္ အနီးစပ္ဆုံးျပည္တြင္း အေခါက္ေ႐ႊေစ်း ရႏိုင္သည္။