ဆက်သွယ်ရေးအော်ပရေတာများအနေဖြင့် Package များကို လောင်းကစားဆန်စွာဖြင့် ရောင်းချနေ

 511

သက်ပိုင် (NP News) - စက်တင်ဘာ ၂၃

မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးအော်ပရေတာများအနေဖြင့် ၎င်းတို့၏ သက်ဆိုင်ရာ Application များ၌ Package များရောင်းချရာတွင် လောင်းကစားဆန်ဆန် ရောင်းချမှုများရှိနေကြောင်းတွေ့ရှိရသည်။
ဆက်သွယ်ရေး အော်ပရေတာများအနေဖြင့် Package များရောင်းချရာတွင် မည်သည့်အမျိုးအ စားကိုဝယ်ယူပါက မည်မျှကံစမ်းနိုင်မည်၊ ထပ်မံ ကံစမ်းလိုပါက ငွေမည်မျှကျသင့်မည်ဟု မက်လုံးများ ပေးကာ ရောင်းချနေခြင်းလည်းဖြစ်သည်။
“လက်ရှိသုံးနေတဲ့ဆင်းကတ်ကို ဘေဖြည့်ပြီး Internet Data ဝယ်လိုက်တယ်။ သူ့ Application ထဲမှာ ထိပေါက်ကစားလို့ရတယ်ဆိုလို့ ကံစမ်းမဲဆိုပြီး နှိပ်လိုက်တယ်။ သတ်မှတ်အရေအတွက် နှိပ်ပြီး သွားတော့ ထပ်ပြီးနှိပ်မယ်ဆိုရင် ငွေဘယ်လောက်ကျသင့်မယ်ဆိုပြီး စာထပ်ပို့လာမျိုးတွေရှိတယ်”ဟု MPT ဆင်းကတ် အသုံးပြုသူတစ်ဦးကပြောသည်။
ယခုကဲ့သို့ပြုမှုများမှာ လောင်းကစားဟူသော အဓိပ္ပာယ်သတ်မှတ်ချက်ကို တိုက်ရိုက်အကျုံး မဝင်သော်လည်း လောင်းကြေးဆန်သော သဘောမျိုးဖြစ်နေကြောင်း အငြိမ်းစားရဲအရာရှိကြီးတစ်ဦးက သုံးသပ်ပြောဆိုသည်။
“တကယ်တမ်းကျတော့ ဒါက လောင်းကစားဆိုတဲ့ အဓိပ္ပာယ်သတ်မှတ်ချက်ထဲကို အပြည့်အဝ အကျုံး မဝင်ပေမယ့် လောင်းကြေးဆန်တဲ့သဘောတော့ ဖြစ်နေတာပေါ့။ နိုင်ငံတော်မှာထီရောင်းတာက ရတဲ့အကျိုးကို ပြည်သူတွေအတွက်ပဲ ပြန်သုံးပေမယ့် ဒီအော်ပရေတာတွေကတော့ ရတဲ့အကျိုးကို သူတို့ အတွက် ပဲသုံးမှာလေ။ ရပ်ကွက်ထဲမှာ ဘုရားပွဲရန်ပုံငွေအတွက်မဲနှိုက်ရင်တောင် သက်ဆိုင်ရာကို အသိ ပေးရသေးတာပဲ။ သူကကျတော့ကောဆိုတာ မေးစရာဖြစ်တာပေါ့”ဟု ၎င်းကပြောသည်။
ယခုကဲ့သို့ဖြစ်ပွားနေရခြင်းမှာ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဆက်သွယ်ရေးလုပ်ငန်းများ အပေါ်သတ်မှတ်သည့်စည်းကမ်းများအနက်မှ အားနည်းချက်ရှိခဲ့သည့်အတွက် ယခုကဲ့သို့ ဖြစ်ပွားနေရ ခြင်းဖြစ်နိုင်ကြောင်းနှင့် ခေတ်နှင့်လျော်ညီသော ဆက်သွယ်ရေးဥပဒေ၊ နည်းဥပဒေများ လိုအပ်နေ ကြောင်း ၎င်းကဆိုသည်။
“ဆက်သွယ်ရေးဦးစီးဌာနက ဆက်သွယ်ရေးကုမ္ပဏီတွေကိုòန်ကြားတဲ့အခါမှာ အားနည်းချက် ရှိ သွားတာလည်းဖြစ်နိုင်ပါတယ်။ နောက်ပြီး မြန်မာနိုင်ငံမှာလည်း ခေတ်နဲ့လျော်ညီတဲ့ ဆက်သွယ်ရေး ဥပဒေတွေ၊ နည်းဥပဒေတွေ လိုအပ်နေသေးတယ် လို့မြင်တယ်။ နောက်ပြီး ရှိနေတဲ့လောင်းကစားဥပ ဒေ ဆိုရင်လည်း သိပ်ပြီးခေတ်မမီတော့ဘူး။ ဒါကြောင့် ကျားဖျန့်တွေ၊ Online လိမ်လည်မှုတွေဖြစ်နေတာ ပေါ့” ဟု အဆိုပါ အငြိမ်းစားရဲအရာရှိကြီးက ထောက်ပြပြောဆိုသည်။ ဆက်သွယ်ရေးအော်ပရေတာများ မှ ယခုကဲ့သို့ လောင်းကြေးဆန်စွာဖြင့်ပြုလုပ်နေမှုများကို ဥပဒေရှိပါက ဥပဒေအရ အရေးယူမှုများလုပ် ဆောင်နိုင်ပြီး ဥပဒေများမရှိပါက ၎င်းနှင့်ချုပ်ဆိုထားသော စာချုပ်များတွင် ထပ်မံသီးခြားသဘော တူညီချက်များအဖြစ် ထပ်မံဖြည့်သွင်းမှုများလုပ်ဆောင်သင့်ကြောင်း ၎င်းက ထောက်ပြပြောဆိုသည်။

Zawgyi Version:
ဆက္သြယ္ေရးေအာ္ပေရတာမ်ားအေနျဖင့္ Package မ်ားကို ေလာင္းကစားဆန္စြာျဖင့္ ေရာင္းခ်ေန
သက္ပိုင္ (NP News) - စက္တင္ဘာ ၂၃
ျမန္မာႏိုင္ငံရွိ ဆက္သြယ္ေရးေအာ္ပေရတာမ်ားအေနျဖင့္ ၎တို႔၏ သက္ဆိုင္ရာ Application မ်ား၌ Package မ်ားေရာင္းခ်ရာတြင္ ေလာင္းကစားဆန္ဆန္ ေရာင္းခ်မႈမ်ားရွိေနေၾကာင္းေတြ႕ရွိရသည္။
ဆက္သြယ္ေရး ေအာ္ပေရတာမ်ားအေနျဖင့္ Package မ်ားေရာင္းခ်ရာတြင္ မည္သည့္အမ်ိဳးအ စားကိုဝယ္ယူပါက မည္မွ်ကံစမ္းႏိုင္မည္၊ ထပ္မံ ကံစမ္းလိုပါက ေငြမည္မွ်က်သင့္မည္ဟု မက္လုံးမ်ား ေပးကာ ေရာင္းခ်ေနျခင္းလည္းျဖစ္သည္။
“လက္ရွိသုံးေနတဲ့ဆင္းကတ္ကို ေဘျဖည့္ၿပီး Internet Data ဝယ္လိုက္တယ္။ သူ႔ Application ထဲမွာ ထိေပါက္ကစားလို႔ရတယ္ဆိုလို႔ ကံစမ္းမဲဆိုၿပီး ႏွိပ္လိုက္တယ္။ သတ္မွတ္အေရအတြက္ ႏွိပ္ၿပီး သြားေတာ့ ထပ္ၿပီးႏွိပ္မယ္ဆိုရင္ ေငြဘယ္ေလာက္က်သင့္မယ္ဆိုၿပီး စာထပ္ပို႔လာမ်ိဳးေတြရွိတယ္”ဟု MPT ဆင္းကတ္ အသုံးျပဳသူတစ္ဦးကေျပာသည္။
ယခုကဲ့သို႔ျပဳမႈမ်ားမွာ ေလာင္းကစားဟူေသာ အဓိပၸာယ္သတ္မွတ္ခ်က္ကို တိုက္႐ိုက္အက်ဳံး မဝင္ေသာ္လည္း ေလာင္းေၾကးဆန္ေသာ သေဘာမ်ိဳးျဖစ္ေနေၾကာင္း အၿငိမ္းစားရဲအရာရွိႀကီးတစ္ဦးက သုံးသပ္ေျပာဆိုသည္။
“တကယ္တမ္းက်ေတာ့ ဒါက ေလာင္းကစားဆိုတဲ့ အဓိပၸာယ္သတ္မွတ္ခ်က္ထဲကို အျပည့္အဝ အက်ဳံး မဝင္ေပမယ့္ ေလာင္းေၾကးဆန္တဲ့သေဘာေတာ့ ျဖစ္ေနတာေပါ့။ ႏိုင္ငံေတာ္မွာထီေရာင္းတာက ရတဲ့အက်ိဳးကို ျပည္သူေတြအတြက္ပဲ ျပန္သုံးေပမယ့္ ဒီေအာ္ပေရတာေတြကေတာ့ ရတဲ့အက်ိဳးကို သူတို႔ အတြက္ ပဲသုံးမွာေလ။ ရပ္ကြက္ထဲမွာ ဘုရားပြဲရန္ပုံေငြအတြက္မဲႏႈိက္ရင္ေတာင္ သက္ဆိုင္ရာကို အသိ ေပးရေသးတာပဲ။ သူကက်ေတာ့ေကာဆိုတာ ေမးစရာျဖစ္တာေပါ့”ဟု ၎ကေျပာသည္။
ယခုကဲ့သို႔ျဖစ္ပြားေနရျခင္းမွာ ဆက္သြယ္ေရးၫႊန္ၾကားမႈဦးစီးဌာနမွ ဆက္သြယ္ေရးလုပ္ငန္းမ်ား အေပၚသတ္မွတ္သည့္စည္းကမ္းမ်ားအနက္မွ အားနည္းခ်က္ရွိခဲ့သည့္အတြက္ ယခုကဲ့သို႔ ျဖစ္ပြားေနရ ျခင္းျဖစ္ႏိုင္ေၾကာင္းႏွင့္ ေခတ္ႏွင့္ေလ်ာ္ညီေသာ ဆက္သြယ္ေရးဥပေဒ၊ နည္းဥပေဒမ်ား လိုအပ္ေန ေၾကာင္း ၎ကဆိုသည္။
“ဆက္သြယ္ေရးဦးစီးဌာနက ဆက္သြယ္ေရးကုမၸဏီေတြကိုòန္ၾကားတဲ့အခါမွာ အားနည္းခ်က္ ရွိ သြားတာလည္းျဖစ္ႏိုင္ပါတယ္။ ေနာက္ၿပီး ျမန္မာႏိုင္ငံမွာလည္း ေခတ္နဲ႔ေလ်ာ္ညီတဲ့ ဆက္သြယ္ေရး ဥပေဒေတြ၊ နည္းဥပေဒေတြ လိုအပ္ေနေသးတယ္ လို႔ျမင္တယ္။ ေနာက္ၿပီး ရွိေနတဲ့ေလာင္းကစားဥပ ေဒ ဆိုရင္လည္း သိပ္ၿပီးေခတ္မမီေတာ့ဘူး။ ဒါေၾကာင့္ က်ားဖ်န႔္ေတြ၊ Online လိမ္လည္မႈေတြျဖစ္ေနတာ ေပါ့” ဟု အဆိုပါ အၿငိမ္းစားရဲအရာရွိႀကီးက ေထာက္ျပေျပာဆိုသည္။ ဆက္သြယ္ေရးေအာ္ပေရတာမ်ား မွ ယခုကဲ့သို႔ ေလာင္းေၾကးဆန္စြာျဖင့္ျပဳလုပ္ေနမႈမ်ားကို ဥပေဒရွိပါက ဥပေဒအရ အေရးယူမႈမ်ားလုပ္ ေဆာင္ႏိုင္ၿပီး ဥပေဒမ်ားမရွိပါက ၎ႏွင့္ခ်ဳပ္ဆိုထားေသာ စာခ်ဳပ္မ်ားတြင္ ထပ္မံသီးျခားသေဘာ တူညီခ်က္မ်ားအျဖစ္ ထပ္မံျဖည့္သြင္းမႈမ်ားလုပ္ေဆာင္သင့္ေၾကာင္း ၎က ေထာက္ျပေျပာဆိုသည္။

Related news

© 2021. All rights reserved.