ပါရမီ မီးပွိုင့်တွင် ယာဉ်ထိန်းရဲလက်ကို ချိတ်ကာ ဆွဲခေါ်ကားမောင်းပြေးသောအမှုနှင့်ပတ်သက်၍ ကျူးလွန်သူကို ထိရောက်စွာ အရေးယူရန်လို

 797

ပီယ၊ သန့်ဇင် (NP News) - စက်တင်ဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်၊ ပါရမီ မီးပွိုင့်တွင်ဖြစ်ခဲ့သော ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် လက်ကိုချိတ်ကာ ဆွဲခေါ်၍ ကားမောင်းပြေးသော အမှုနှင့်ပတ်သက်၍ ကျူးလွန်သူကို ထိရောက်စွာ အရေးယူရန်လိုကြောင်း NP News ဂျာနယ်က ဆက်သွယ်မေးမြန်းထားသော အချက်အလက်များအရ သိရသည်။
အဆိုပါ ဖြစ်စဉ်မှာ စက်တင်ဘာလ (၂၆) ရက်၊ ညပိုင်း (၆)နာရီကျော် အချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်ချိန်တွင် တာဝန်သိ ပြည်သူများ က မောင်းပြေးနေသော ကားရှေ့ရပ်ကာ တားဆီးပေး ခဲ့ကြခြင်း ဖြစ်သည်။
SUZUKI ဟိုက်ဂျက် အမျိုးအစား ကားတစ်စီးက အရှိန်မြှင့်မောင်းနှင်လာသည့်အပြင်လူ တစ်ဦးကိုပါ တိုက်မည် ကဲ့သို့ ဖြစ်သွားသည့်အတွက် မြင်တွေ့ရသော ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်က ယင်း ကားဖြတ်မည့် လမ်းကြောမှ အခြား ယာဉ်ထိန်း တပ်ဖွဲ့ဝင်တစ်ဦးကို ချိတ်ဆက်ကာ တားဆီး စစ်ဆေးစေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“လမ်းကြောင်းတစ်ခုကို စောင့်ရင်း တား စစ်တာပေါ့။ လိုင်စင်တောင်းတာ။ လိုင်စင်တောင်းတော့ အမည်မသိ အမျိုးသားတစ်ဦးက လိုင်စင် မပေးပဲ (ယာဉ်ထိန်းရဲ)လက်ကို သူက ချိတ်သွားပြီးတော့ မောင်းထွက်ပြေးတာ။ လက် တစ်ဖက် ချိတ်ထားတာ။ ကားသမားက လွှတ်လိုက်ရင် အန္တရာယ်ဖြစ်မှာ စိုးလို့ ညာဘက်က မြဲတဲ့နေရာကို ကိုင်ထား ရတာပေါ့။ အဲဒီအချိန် ဘေးက မောင်းနေတဲ့ကား တွေကို ရှေ့ကပိတ်ပေးပါ၊ ရှေ့က ပိတ်ပေးပါ ဆိုတော့ ယာဉ်ထိန်းကို ကြည်ညိုတဲ့ ကားသမားတွေက ရှေ့က ပိတ်ရပ်ပေးတာ။ အဲဒီကျမှ သူက ကားရပ်ပေးတာ။ အဲဒီကျမှ သူလည်း အန္တ ရာယ်ကင်း၊ ဘာမှတော့ ဒဏ်ရာက ကြီးကြီးမားမား မရပါဘူး” ဟု ဖြစ်စဉ်နှင့် ပတ်သက်၍ သိရှိသူတစ်ဦးက ဆိုသည်။
အခင်းဖြစ်ချိန်တွင် ကျူးလွန်သူမှာ အရက် သေစာသောက်စားထားပြီး မူးယစ်နေသော အခြေအနေဖြစ်ကာ ဆက်၍ မောင်းနှင်ထွက်ပြေး သွားသော ကြောင့် လှိုင်မြို့မ ရဲစခန်းတွင် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ စက်တင်ဘာလ (၂၆)ရက် ညနေပိုင်းက လှိုင်မြို့မရဲစခန်းသို့ သွားရောက်မေး မြန်းခဲ့ရာ ကျူးလွန်သူကို ဖမ်းဆီးရန် သွားရောက်နေကြောင်း ပြန်လည် ဖြေကြားသည်။
ယင်းဖြစ်စဉ် ဗီဒီယိုကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် အသုံးပြုသူတစ်ဦးက ၎င်း၏ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာထက်တွင်တင်ခဲ့ရာ ယင်း ဗီဒီယိုအောက်တွင် လူအများက စိတ်ဝင်တစား မှတ်ချက်များ ပေးခဲ့ကြကြောင်း တွေ့မြင်ရသည်။
ယင်းမှတ်ချက်များအနက် အချို့မှာ တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းကို ဝတ္တရား နှောင့်ယှက်သော အပြုအမူ ဆောင်ရွက်သည်ကိုပင် ထောက်ခံကြောင်း မှတ်ချက်အချို့ကို မြင်တွေ့ရ သည်။
“မီးနီဖြတ်မောင်းတာက အလွန်ဆုံးရှိလှ ဒဏ်ငွေ(၃၀ဝဝဝ)ပေါ့။ အဲဒီလိုဖြစ်တာကတော့ မဖြစ်သင့်ဘူးပေါ့။ ဒါကို ဒီအတိုင်းထားမယ် ဆိုရင်နောက် ယာဉ်မောင်းသမားတွေက ဒါကို ဆက်ပြီးတော့ ကျူးလွန်ဖို့ ဝန်လေးကြမှာ မဟုတ်ဘူး။ ဒီလိုဥပဒေဖောက် ဖျက်တဲ့လူမျိုးကိုတော့ ဥပဒေအရ ထိထိရောက် ရောက် တိတိကျကျအရေးယူ ဖို့ကောင်းတယ်လို့ ပြောကြားလိုပါတယ်” ဟု တရားလွှတ်တော် ရှေ့နေ ဦးခင်ဇော် (မရမ်းကုန်း) က ပြောသည်။
ဝန်ထမ်းက မိမိတာဝန်အား ဆောင်ရွက်ခြင်းကို ဟန့်တားသည့် သဘော၊ လက်ရောက်မှု ကျူးလွန်ခြင်း ဖြစ် ကြောင်း အငြိမ်းစားရဲမှူးကြီး တစ်ဦးက ပြောသည်။
“လက်ကိုပဲ ဆွဲသည် ဖြစ်စေ၊ တံခါးနဲ့ ညှပ်ပြီး ခေါ်သည် ဖြစ်စေ ဒီဝန်ထမ်းက သူ့ ဝတ္တရား သူ ဆောင်ရွက်နေ တာလေ။ ဒါက ရာဇဝတ်မှုမြောက်တာပေါ့။ ယာဉ်စည်းကမ်းဖောက်တာက သာမန် အမှုလေးပဲ။ ဒီရာဇဝတ်မှု မြောက် သွားတာက သာမန် မဟုတ်တော့ဘူး” ဟု ၎င်းက ပြောသည်။

Zawgyi Version:
ပါရမီ မီးပြိဳင့္တြင္ ယာဥ္ထိန္းရဲလက္ကို ခ်ိတ္ကာ ဆြဲေခၚကားေမာင္းေျပးေသာအမႈႏွင့္ပတ္သက္၍ က်ဴးလြန္သူကို ထိေရာက္စြာ အေရးယူရန္လို
ပီယ၊ သန႔္ဇင္ (NP News) - စက္တင္ဘာ ၂၇

ရန္ကုန္တိုင္းေဒသႀကီး လႈိင္ၿမိဳ႕နယ္၊ ပါရမီ မီးပြိဳင့္တြင္ျဖစ္ခဲ့ေသာ ယာဥ္ထိန္းရဲတပ္ဖြဲ႕ဝင္ လက္ကိုခ်ိတ္ကာ ဆြဲေခၚ၍ ကားေမာင္းေျပးေသာ အမႈႏွင့္ပတ္သက္၍ က်ဴးလြန္သူကို ထိေရာက္စြာ အေရးယူရန္လိုေၾကာင္း NP News ဂ်ာနယ္က ဆက္သြယ္ေမးျမန္းထားေသာ အခ်က္အလက္မ်ားအရ သိရသည္။
အဆိုပါ ျဖစ္စဥ္မွာ စက္တင္ဘာလ (၂၆) ရက္၊ ညပိုင္း (၆)နာရီေက်ာ္ အခ်ိန္ခန႔္က ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး အခင္းျဖစ္ခ်ိန္တြင္ တာဝန္သိ ျပည္သူမ်ား က ေမာင္းေျပးေနေသာ ကားေရွ႕ရပ္ကာ တားဆီးေပး ခဲ့ၾကျခင္း ျဖစ္သည္။
SUZUKI ဟိုက္ဂ်က္ အမ်ိဳးအစား ကားတစ္စီးက အရွိန္ျမႇင့္ေမာင္းႏွင္လာသည့္အျပင္လူ တစ္ဦးကိုပါ တိုက္မည္ ကဲ့သို႔ ျဖစ္သြားသည့္အတြက္ ျမင္ေတြ႕ရေသာ ယာဥ္ထိန္းရဲတပ္ဖြဲ႕ဝင္က ယင္း ကားျဖတ္မည့္ လမ္းေၾကာမွ အျခား ယာဥ္ထိန္း တပ္ဖြဲ႕ဝင္တစ္ဦးကို ခ်ိတ္ဆက္ကာ တားဆီး စစ္ေဆးေစခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
“လမ္းေၾကာင္းတစ္ခုကို ေစာင့္ရင္း တား စစ္တာေပါ့။ လိုင္စင္ေတာင္းတာ။ လိုင္စင္ေတာင္းေတာ့ အမည္မသိ အမ်ိဳးသားတစ္ဦးက လိုင္စင္ မေပးပဲ (ယာဥ္ထိန္းရဲ)လက္ကို သူက ခ်ိတ္သြားၿပီးေတာ့ ေမာင္းထြက္ေျပးတာ။ လက္ တစ္ဖက္ ခ်ိတ္ထားတာ။ ကားသမားက လႊတ္လိုက္ရင္ အႏၲရာယ္ျဖစ္မွာ စိုးလို႔ ညာဘက္က ၿမဲတဲ့ေနရာကို ကိုင္ထား ရတာေပါ့။ အဲဒီအခ်ိန္ ေဘးက ေမာင္းေနတဲ့ကား ေတြကို ေရွ႕ကပိတ္ေပးပါ၊ ေရွ႕က ပိတ္ေပးပါ ဆိုေတာ့ ယာဥ္ထိန္းကို ၾကည္ညိဳတဲ့ ကားသမားေတြက ေရွ႕က ပိတ္ရပ္ေပးတာ။ အဲဒီက်မွ သူက ကားရပ္ေပးတာ။ အဲဒီက်မွ သူလည္း အႏၲ ရာယ္ကင္း၊ ဘာမွေတာ့ ဒဏ္ရာက ႀကီးႀကီးမားမား မရပါဘူး” ဟု ျဖစ္စဥ္ႏွင့္ ပတ္သက္၍ သိရွိသူတစ္ဦးက ဆိုသည္။
အခင္းျဖစ္ခ်ိန္တြင္ က်ဴးလြန္သူမွာ အရက္ ေသစာေသာက္စားထားၿပီး မူးယစ္ေနေသာ အေျခအေနျဖစ္ကာ ဆက္၍ ေမာင္းႏွင္ထြက္ေျပး သြားေသာ ေၾကာင့္ လႈိင္ၿမိဳ႕မ ရဲစခန္းတြင္ အမႈဖြင့္လွစ္ထားေၾကာင္း သိရသည္။
အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ စက္တင္ဘာလ (၂၆)ရက္ ညေနပိုင္းက လႈိင္ၿမိဳ႕မရဲစခန္းသို႔ သြားေရာက္ေမး ျမန္းခဲ့ရာ က်ဴးလြန္သူကို ဖမ္းဆီးရန္ သြားေရာက္ေနေၾကာင္း ျပန္လည္ ေျဖၾကားသည္။
ယင္းျဖစ္စဥ္ ဗီဒီယိုကို ေဖ့စ္ဘြတ္ခ္ လူမႈကြန္ရက္ အသုံးျပဳသူတစ္ဦးက ၎၏ လူမႈကြန္ရက္ ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာထက္တြင္တင္ခဲ့ရာ ယင္း ဗီဒီယိုေအာက္တြင္ လူအမ်ားက စိတ္ဝင္တစား မွတ္ခ်က္မ်ား ေပးခဲ့ၾကေၾကာင္း ေတြ႕ျမင္ရသည္။
ယင္းမွတ္ခ်က္မ်ားအနက္ အခ်ိဳ႕မွာ တာဝန္ထမ္းေဆာင္ေနေသာ ဝန္ထမ္းကို ဝတၱရား ေႏွာင့္ယွက္ေသာ အျပဳအမူ ေဆာင္႐ြက္သည္ကိုပင္ ေထာက္ခံေၾကာင္း မွတ္ခ်က္အခ်ိဳ႕ကို ျမင္ေတြ႕ရ သည္။
“မီးနီျဖတ္ေမာင္းတာက အလြန္ဆုံးရွိလွ ဒဏ္ေငြ(၃၀ဝဝဝ)ေပါ့။ အဲဒီလိုျဖစ္တာကေတာ့ မျဖစ္သင့္ဘူးေပါ့။ ဒါကို ဒီအတိုင္းထားမယ္ ဆိုရင္ေနာက္ ယာဥ္ေမာင္းသမားေတြက ဒါကို ဆက္ၿပီးေတာ့ က်ဴးလြန္ဖို႔ ဝန္ေလးၾကမွာ မဟုတ္ဘူး။ ဒီလိုဥပေဒေဖာက္ ဖ်က္တဲ့လူမ်ိဳးကိုေတာ့ ဥပေဒအရ ထိထိေရာက္ ေရာက္ တိတိက်က်အေရးယူ ဖို႔ေကာင္းတယ္လို႔ ေျပာၾကားလိုပါတယ္” ဟု တရားလႊတ္ေတာ္ ေရွ႕ေန ဦးခင္ေဇာ္ (မရမ္းကုန္း) က ေျပာသည္။
ဝန္ထမ္းက မိမိတာဝန္အား ေဆာင္႐ြက္ျခင္းကို ဟန႔္တားသည့္ သေဘာ၊ လက္ေရာက္မႈ က်ဴးလြန္ျခင္း ျဖစ္ ေၾကာင္း အၿငိမ္းစားရဲမႉးႀကီး တစ္ဦးက ေျပာသည္။
“လက္ကိုပဲ ဆြဲသည္ ျဖစ္ေစ၊ တံခါးနဲ႔ ညႇပ္ၿပီး ေခၚသည္ ျဖစ္ေစ ဒီဝန္ထမ္းက သူ႔ ဝတၱရား သူ ေဆာင္႐ြက္ေန တာေလ။ ဒါက ရာဇဝတ္မႈေျမာက္တာေပါ့။ ယာဥ္စည္းကမ္းေဖာက္တာက သာမန္ အမႈေလးပဲ။ ဒီရာဇဝတ္မႈ ေျမာက္ သြားတာက သာမန္ မဟုတ္ေတာ့ဘူး” ဟု ၎က ေျပာသည္။

Related news

© 2021. All rights reserved.