စင်ကာပူရဲ့ ပထမဆုံး MRT ရထားအဟောင်း ပြေးဆွဲမှုများ ရပ်ဆိုင်းမည်

616

ရောင်နီ (NP News) - စက်တင်ဘာ ၂၉
စင်ကာပူမှာ မြောက်-တောင်နဲ့ အရှေ့-အနောက် MRT လိုင်းတွေရဲ့ ပထမဆုံး မျိုးဆက်ရထား အားလုံးကို ပြေးဆွဲမှုရပ်ဆိုင်းတော့မှာဖြစ်ပြီး စက်တင်ဘာ ၂၆ ရက်မှာ နောက်ဆုံးအကြိမ်အဖြစ် ပြေးဆွဲမယ်လို့ သိရပါတယ်။
စင်ကာပူရဲ့ MRT စနစ်သစ်မှာ ပထမဆုံး ပြေးဆွဲခဲ့တဲ့ Kawasaki Heavy Industries ရထားတွေဟာ ပြေးဆွဲမှု အချိန် ၃၈ နှစ်ကြာခဲ့ပြီဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် စက်တင်ဘာလမှာ စင်္ကာပူ ရထားလမ်းသမိုင်းရဲ့ အဆိုးရွားဆုံး စက်ချို့ယွင်းမှု ပထမမျိုးဆက် ရထားတစ်စင်းမှာ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီအတွက် သယ်ယူ ပို့ဆောင်ရေး အော်ပရေတာ SMRT ဟာ ကုန်းလမ်းပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ (LTA) ကို ဒေါ်လာ ၂.၄ သန်း ဒဏ်ရိုက်ခဲ့ရပါတယ်။ ၂၀၂၆ ခုနှစ်ကုန်ပိုင်းမှာတော့ Kawasaki Heavy Industries ရဲ့ဝန်ဆောင်မှုတွေ အားလုံး ရပ်စဲလိုက်ဖို့ စီစဉ်ထားပြီး အဲဒီရထားတွေ နေရာမှာ သတ္တမမျိုးဆက် Alstom Movia R151 ရထားတွေနဲ့ အစားထိုးမယ်လို့ သိရပါတယ်။
သတ္တမမြောက်မျိုးဆက် R151 ရထားတွေဟာ ၂၀၂၃ ခုနှစ် ဇွန်လကစ နိုင်ငံအတွင်း စတင်ပြေးဆွဲနေပြီ ဖြစ်ပြီး စက်တင်ဘာ ၁၈ ရက်အထိမှာတော့ ရထား ၁၀၆ စင်းအနက် ၇၀ ဟာ ပြေးဆွဲလျက် ရှိနေပြီဖြစ်ပါတယ်။

Zawgyi Version: