အကြမ်းဖက် မှ ရာဇဝတ်သားပါ ဖြစ်သွားသည့် KNU ခေါင်းဆောင်များရှေ့ခရီးတွင် ပိုမို အကျပ် အတည်းတွေ့ဖွယ်ရှိ

 5635

သုတကျော် (NP News)-စက်တင်ဘာ ၂၉
အကြမ်းဖက်မှ ရာဇဝတ်သားပါ ဖြစ်သွားသည့် KNU ခေါင်းဆောင်များအနေဖြင့် ရှေ့ခရီးတွင် ပိုမို အကျပ်အတည်းတွေ့ဖွယ်ရှိကြောင်း NP News က မေးမြန်းထားသော အချက်အလက်များအရ သိရသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) ကို ဩဂုတ်လအတွင်းက ပြည်ထဲရေးဝန်ကြီးဌာနမှ မတရားအသင်းအဖြစ်ကြေညာထားပြီး ယင်းနေ့တွင်ပင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ကလည်း အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည်။ ထို့နောက် ယခုလအတွင်း KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူး ဝင်း၊ ဒုဥက္ကဋ္ဌ ပဒိုစောဆဲဂေ၊ အထွေထွေအတွင်း ရေးမှူး ပဒိုတာဒိုမူး၊ တွဲဖက်အတွင်းရေးမှူး (၁) ပဒို စော သောသီဘွဲ၊ တွဲဖက်အတွင်းရေးမှူး (၂) ပဒိုစော လှထွန်းတို့အပါအဝင် ခေါင်းဆောင် (၁၁)ဦးကို ရွေး ကောက်ပွဲကာကွယ်ရေးဥပဒေဖြင့် အမှုဖွင့်ထားသည်။
တစ်ဖက်တွင်လည်း KNU နှင့် ယင်း နောက်လိုက် PDF တို့မှာ စစ်ရေးအရ ရှုံးနိမ့်နေပြီး အာရှ လမ်းမကြီးကို တပ်မတော်က ပြန်လည်ရရှိခဲ့ သည့်အပြင် အခြားနေရာများတွင်လည်း ဆုတ်ခွာ ထွက် ပြေးနေရသည်။ “အမှုက မဆွေးဘူးဗျ။ KNU က နောက် ငြိမ်းချမ်းရေးခေါ်ပြီဆိုရင်လည်း ဒီလူတွေက ခေါင်းဆောင်မှုပြောင်းမှရတော့မယ်။ အပြစ် သားဖြစ်သွားပြီပေါ့။ ငြိမ်းချမ်းရေးဆွေးနွေးရင်တော့ လွတ် ငြိမ်းချမ်းသာပေးမလားပေါ့။ မပေးရင်တော့ ဒီလူတွေဟာ လာလို့မရဘူး။ သူတို့ KNU က ခေါင်း ပြောင်း ရမှာပေါ့”ဟု စစ်ရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက ဆိုသည်။
တပ်မတော်၏ တိုးတက်လာသော စစ်ရေး နည်းပညာအရ KNU တို့ ယခင် (၂၀၂၁) မတိုင်မီ ရရှိခဲ့ သော အခြေအနေထက်လည်း ဆုတ်ယုတ်သွား နိုင်ကြောင်း ၎င်းကခန့်မှန်းသည်။
“အဲဒီ (၂၀၁၅ ခုနှစ် အစောပိုင်း) တုန်းက တပ်မတော်ရဲ့ နည်းပညာအရ အသာရတယ်လို့ မပြော နိုင်ဘူး။ အခုချိန်မှာက နည်းပညာအရ အသာ ရသွားပြီ။ အထူးသဖြင့် မော်စီတုန်းရဲ့ ပြည်သူ့ ပြောက် ကျားစစ်မှာ လူထုကိုစိုးမိုးဖို့ပြောတယ်။ အခုက (ခေတ်အရ) လူထုကို စိုးမိုးမှုအတိုင်းအတာ ဆိုတာက လျော့ကျသွားတယ် ပြောချင်တယ်။ ဒရုန်းနဲ့ နည်းပညာကဏ္ဍက အစားထိုးသွားပြီလို့ ပြောချင်တယ်” ဟု ၎င်းက ဆိုသည်။
ယခင်က KNU ကို ငြိမ်းချမ်းရေးအတွက် သွားတော့မည်ဟု မျှော်လင့်ခဲ့သော်လည်း တင်းမာသူ နှင့် ပျော့ပျောင်းသူတို့ နှစ်ခြမ်းကွဲသွားကာ တင်းမာသူများ နေရာရသွားသောကြောင့် ယခု အခြေအနေ ဖြစ်သွားခြင်းဖြစ်ကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဦးသိန်းထွန်းဦးက ဆိုသည်။
“ KNU အနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာပဲ ပါဝင်ချင်တာဖြစ်စေ၊ ဖက်ဒရယ် ဒီမိုကရေစီ ဆိုတဲ့ လမ်းကြောင်းကို သွားချင်တာဖြစ်စေ သဘောထားတင်းမာတဲ့ အပြုအမူတွေ၊ အပြောအဆိုတွေကို ပြန် ပြီး ရှောင်နိုင်မှ ဖြစ်လိမ့်မယ်။ မဟုတ်ရင် နှစ်ဖက်တင်းမာမှုက တော်တော်မြင့်သွားတယ်လို့ သုံးသပ်နိုင် တာပေါ့။ ဆက်ပြီး တင်းမာနေတယ်ဆို သူ့အတွက်က အထူးသဖြင့် နိုင်ငံရေးအရ လှုပ်ရှားဖို့ခက်သွားပါ လိမ့်မယ်။ သဘောထားတင်းမာတဲ့အတိုင်း ဆက်သွားနေမယ်ဆိုရင် ထိခိုက်မှုအများကြီးဖြစ်သွားနိုင်ပါ တယ်”ဟု ၎င်းက သုံးသပ်သည်။

Zawgyi Version:
အၾကမ္းဖက္ မွ ရာဇဝတ္သားပါ ျဖစ္သြားသည့္ KNU ေခါင္းေဆာင္မ်ားေရွ႕ခရီးတြင္ ပိုမို အက်ပ္ အတည္းေတြ႕ဖြယ္ရွိ
သုတေက်ာ္ (NP News)-စက္တင္ဘာ ၂၉
အၾကမ္းဖက္မွ ရာဇဝတ္သားပါ ျဖစ္သြားသည့္ KNU ေခါင္းေဆာင္မ်ားအေနျဖင့္ ေရွ႕ခရီးတြင္ ပိုမို အက်ပ္အတည္းေတြ႕ဖြယ္ရွိေၾကာင္း NP News ဂ်ာနယ္က ေမးျမန္းထားေသာ အခ်က္အလက္မ်ားအရ သိရသည္။
ကရင္အမ်ိဳးသားအစည္းအ႐ုံး (KNU) ကို ဩဂုတ္လအတြင္းက ျပည္ထဲေရးဝန္ႀကီးဌာနမွ မတရားအသင္းအျဖစ္ေၾကညာထားၿပီး ယင္းေန႔တြင္ပင္ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဗဟိုအဖြဲ႕ကလည္း အၾကမ္းဖက္အုပ္စုအျဖစ္ ေၾကညာထားသည္။ ထို႔ေနာက္ ယခုလအတြင္း KNU ဥကၠ႒ ပဒိုေစာကြယ္ထူး ဝင္း၊ ဒုဥကၠ႒ ပဒိုေစာဆဲေဂ၊ အေထြေထြအတြင္း ေရးမႉး ပဒိုတာဒိုမူး၊ တြဲဖက္အတြင္းေရးမႉး (၁) ပဒို ေစာ ေသာသီဘြဲ၊ တြဲဖက္အတြင္းေရးမႉး (၂) ပဒိုေစာ လွထြန္းတို႔အပါအဝင္ ေခါင္းေဆာင္ (၁၁)ဦးကို ေ႐ြး ေကာက္ပြဲကာကြယ္ေရးဥပေဒျဖင့္ အမႈဖြင့္ထားသည္။
တစ္ဖက္တြင္လည္း KNU ႏွင့္ ယင္း ေနာက္လိုက္ PDF တို႔မွာ စစ္ေရးအရ ရႈံးနိမ့္ေနၿပီး အာရွ လမ္းမႀကီးကို တပ္မေတာ္က ျပန္လည္ရရွိခဲ့ သည့္အျပင္ အျခားေနရာမ်ားတြင္လည္း ဆုတ္ခြာ ထြက္ ေျပးေနရသည္။ “အမႈက မေဆြးဘူးဗ်။ KNU က ေနာက္ ၿငိမ္းခ်မ္းေရးေခၚၿပီဆိုရင္လည္း ဒီလူေတြက ေခါင္းေဆာင္မႈေျပာင္းမွရေတာ့မယ္။ အျပစ္ သားျဖစ္သြားၿပီေပါ့။ ၿငိမ္းခ်မ္းေရးေဆြးေႏြးရင္ေတာ့ လြတ္ ၿငိမ္းခ်မ္းသာေပးမလားေပါ့။ မေပးရင္ေတာ့ ဒီလူေတြဟာ လာလို႔မရဘူး။ သူတို႔ KNU က ေခါင္း ေျပာင္း ရမွာေပါ့”ဟု စစ္ေရးေလ့လာသုံးသပ္သူ ေဒါက္တာေအာင္မ်ိဳးက ဆိုသည္။
တပ္မေတာ္၏ တိုးတက္လာေသာ စစ္ေရး နည္းပညာအရ KNU တို႔ ယခင္ (၂၀၂၁) မတိုင္မီ ရရွိခဲ့ ေသာ အေျခအေနထက္လည္း ဆုတ္ယုတ္သြား ႏိုင္ေၾကာင္း ၎ကခန႔္မွန္းသည္။
“အဲဒီ (၂၀၁၅ ခုႏွစ္ အေစာပိုင္း) တုန္းက တပ္မေတာ္ရဲ႕ နည္းပညာအရ အသာရတယ္လို႔ မေျပာ ႏိုင္ဘူး။ အခုခ်ိန္မွာက နည္းပညာအရ အသာ ရသြားၿပီ။ အထူးသျဖင့္ ေမာ္စီတုန္းရဲ႕ ျပည္သူ႔ ေျပာက္ က်ားစစ္မွာ လူထုကိုစိုးမိုးဖို႔ေျပာတယ္။ အခုက (ေခတ္အရ) လူထုကို စိုးမိုးမႈအတိုင္းအတာ ဆိုတာက ေလ်ာ့က်သြားတယ္ ေျပာခ်င္တယ္။ ဒ႐ုန္းနဲ႔ နည္းပညာက႑က အစားထိုးသြားၿပီလို႔ ေျပာခ်င္တယ္” ဟု ၎က ဆိုသည္။
ယခင္က KNU ကို ၿငိမ္းခ်မ္းေရးအတြက္ သြားေတာ့မည္ဟု ေမွ်ာ္လင့္ခဲ့ေသာ္လည္း တင္းမာသူ ႏွင့္ ေပ်ာ့ေပ်ာင္းသူတို႔ ႏွစ္ျခမ္းကြဲသြားကာ တင္းမာသူမ်ား ေနရာရသြားေသာေၾကာင့္ ယခု အေျခအေန ျဖစ္သြားျခင္းျဖစ္ေၾကာင္း ေသနဂၤမဟာဗ်ဴဟာ ေလ့လာေရးအဖြဲ႕မွ ဦးသိန္းထြန္းဦးက ဆိုသည္။
“ KNU အေနနဲ႔ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မွာပဲ ပါဝင္ခ်င္တာျဖစ္ေစ၊ ဖက္ဒရယ္ ဒီမိုကေရစီ ဆိုတဲ့ လမ္းေၾကာင္းကို သြားခ်င္တာျဖစ္ေစ သေဘာထားတင္းမာတဲ့ အျပဳအမူေတြ၊ အေျပာအဆိုေတြကို ျပန္ ၿပီး ေရွာင္ႏိုင္မွ ျဖစ္လိမ့္မယ္။ မဟုတ္ရင္ ႏွစ္ဖက္တင္းမာမႈက ေတာ္ေတာ္ျမင့္သြားတယ္လို႔ သုံးသပ္ႏိုင္ တာေပါ့။ ဆက္ၿပီး တင္းမာေနတယ္ဆို သူ႔အတြက္က အထူးသျဖင့္ ႏိုင္ငံေရးအရ လႈပ္ရွားဖို႔ခက္သြားပါ လိမ့္မယ္။ သေဘာထားတင္းမာတဲ့အတိုင္း ဆက္သြားေနမယ္ဆိုရင္ ထိခိုက္မႈအမ်ားႀကီးျဖစ္သြားႏိုင္ပါ တယ္”ဟု ၎က သုံးသပ္သည္။

Related news

© 2021. All rights reserved.