ပခုက္ကူမြို့လည်ခေါင်ရှိ ရေမြောင်းအတွင်း ပုပ်ပွသေဆုံးနေသော အမျိုးသားအလောင်းတွေ့

 481

သန့်ဇင်(NP News)-စက်တင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့လယ်ခေါင်ရှိ ရေမြောင်းအတွင်း ပုတ်ပွသေဆုံးနေသော အမျိုးသားအလောင်း တစ်လောင်း တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ ရုပ်အလောင်းကို ယနေ့(စက်တင်ဘာ ၂၉ရက်)၊ မွန်းလွဲပိုင်းက ပခုက္ကူမြို့၊ အမှတ်(၁၀) ရပ်ကွက်၊ မြို့မလမ်းနှင့် မြိုင်လမ်းဆုံအနီး ရေမြောင်းအတွင်း တွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဒေသအခေါ် ပေါက်လမ်းမှာ ပိုင်ရှင်မဲ့အလောင်းတွေ့တာ။ အမျိုးသားအလောင်းပါ။ နံနေပြီဗျ။ အဲဒီနေရာက မိုးတွင်းဆိုရေများတယ်။ မြို့လည် ခေါင်ကြီးမှာ။ တာပေါ်ရေကျော်သလိုပဲ။ မိုးများရင်ရေပြည့်တယ်။ အဲဒီနားက တစ်ခါတစ်လေဆိုရင် ရေပြည့်ရင် ဒူးတို့ပေါင်တို့ အထိရောက်နိုင်တယ်။ အဲဒီမှာ အခုက ရေမြောင်းထဲမှာတွေ့တာ”ဟု ဒေသခံအမျိုးသားတစ်ဦးက NP News ကိုပြောသည်။
သေဆုံးသူအမျိုးသားမှာ အသက် (၃၀)ကျော်ဝန်းကျင်ရှိပြီး သေဆုံးမှုဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာက စုံစမ်းစစ်ဆေး မှုများလုပ်ဆောင်နေကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါရုပ်အလောင်းကို ပခုက္ကူမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

Zawgyi Version:
ပခုကၠဴၿမိဳ႕လည္ေခါင္ရွိ ေရေျမာင္းအတြင္း ပုပ္ပြေသဆုံးေနေသာ အမ်ိဳးသားအေလာင္းေတြ႕
သန႔္ဇင္(NP News)-စက္တင္ဘာ ၂၉
မေကြးတိုင္းေဒသႀကီး၊ ပခုကၠဴၿမိဳ႕လယ္ေခါင္ရွိ ေရေျမာင္းအတြင္း ပုတ္ပြေသဆုံးေနေသာ အမ်ိဳးသားအေလာင္း တစ္ေလာင္း ေတြ႕ရွိခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
အဆိုပါ ႐ုပ္အေလာင္းကို ယေန႔(စက္တင္ဘာ ၂၉ရက္)၊ မြန္းလြဲပိုင္းက ပခုကၠဴၿမိဳ႕၊ အမွတ္(၁၀) ရပ္ကြက္၊ ၿမိဳ႕မလမ္းႏွင့္ ၿမိဳင္လမ္းဆုံအနီး ေရေျမာင္းအတြင္း တြင္ ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ေဒသအေခၚ ေပါက္လမ္းမွာ ပိုင္ရွင္မဲ့အေလာင္းေတြ႕တာ။ အမ်ိဳးသားအေလာင္းပါ။ နံေနၿပီဗ်။ အဲဒီေနရာက မိုးတြင္းဆိုေရမ်ားတယ္။ ၿမိဳ႕လည္ ေခါင္ႀကီးမွာ။ တာေပၚေရေက်ာ္သလိုပဲ။ မိုးမ်ားရင္ေရျပည့္တယ္။ အဲဒီနားက တစ္ခါတစ္ေလဆိုရင္ ေရျပည့္ရင္ ဒူးတို႔ေပါင္တို႔ အထိေရာက္ႏိုင္တယ္။ အဲဒီမွာ အခုက ေရေျမာင္းထဲမွာေတြ႕တာ”ဟု ေဒသခံအမ်ိဳးသားတစ္ဦးက NP News ကိုေျပာသည္။
ေသဆုံးသူအမ်ိဳးသားမွာ အသက္ (၃၀)ေက်ာ္ဝန္းက်င္ရွိၿပီး ေသဆုံးမႈျဖစ္စဥ္ႏွင့္ပတ္သက္၍ သက္ဆိုင္ရာက စုံစမ္းစစ္ေဆး မႈမ်ားလုပ္ေဆာင္ေနေၾကာင္း သိရသည္။
လက္ရွိတြင္ အဆိုပါ႐ုပ္အေလာင္းကို ပခုကၠဴၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.