ငလျင်အပြီး နာရီ ၁ဝဝ ကျော် ပိတ်မိခဲ့သူ ဝန်ထမ်း ၂ ဦးကို ကယ်ဆယ်နိုင်ခဲ့သော မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကို ဟိုတယ်အေးချမ်းသာနှင့်မိသားစုများက ဧည့်ခံ ဂုဏ်ပြု

439

အမရာဟန် (NP News) - စက်တင်ဘာ ၂၉
ငလျင်အပြီး နာရီ ၁ဝဝ ကျော် ပိတ်မိခဲ့သူ ဝန်ထမ်း ၂ ဦးကို ပြန်လည်ကယ်ဆယ်နိုင်ခဲ့သော မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကို အေးချမ်းသာဟိုတယ်၊ လွတ်မြောက်သူ ဝန်ထမ်း ၂ ဦး နှင့် မိသားစုများက လျှပ်တစ်ပြတ် လက်ဖက်ရည်ဧည့်ခံပွဲဖြင့် ဂုဏ်ပြုခြင်းအခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။
မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့သည်မှာ ပြီးခဲ့သော စက်တင်ဘာလ ၂၈ ရက်တွင် ၆ လ ပြည့်မြောက်ခဲ့ကာ ယင်းဖြစ်စဉ်တွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဖြစ်စဉ်တစ်ခုလုံးတွင် ၆၅၃ ဦးတိတိအား အသက်ရှင်လျက် ရှာဖွေကယ်တင်နိုင်ခဲ့ပြီး နာရီပေါင်း ၁၀၀ ကျော်ပိတ်မိသူများကို နောက်ဆက်တွဲ ငလျင်ငယ်များလှုပ်ခတ်နေသည့်ကြားမှ အသက်ကို အသက်ဖြင့်ထပ်ကာ ခက်ခဲစွာဖြင့် နေ့မအား ညမနားဝင်ရောက် ရှာဖွေကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။
ယင်းသို့ ကယ်တင်ရာတွင် ဟိုတယ်အေးချမ်းသာမှ ဝန်ထမ်း(၂)ဦးအား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ တူကီယဲနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များပူးပေါင်း၍ ခက်ခက်ခဲခဲ စွန့်စွန့်စားစား ထွင်းဖောက်ဝင်ရောက် ကယ်ဆယ်မှုကြောင့် ငလျင်ဖြစ်ပွားပြီး နာရီပေါင်း ၁၀၇ နာရီခန့်တွင် ပိတ်မိနေသူ ကိုနိုင်လင်းထွန်းအား လုပ်ငန်းကြာချိန် ၁၃ နာရီဖြင့် လည်းကောင်း၊ နာရီပေါင်း ၁၂၁ နာရီခန့် ပိတ်မိနေသူ ပိတ်မိနေသူ ကိုထက်မောင်မောင်အား လုပ်ငန်းကြာချိန် ၁၂ နာရီဖြင့် လည်းကောင်း အသီးသီးအသက်ရှင်လျက် အောင်မြင်စွာ ကယ်တင်နိုင်ခဲ့မှုခြင်း ဖြစ်သည်။
အဆိုပါဖြစ်စဉ်တွင် အသက်ရှင်လျက်လွတ်မြောက်လာသည့် ဝန်ထမ်း ၂ ဦး၊ ၎င်းတို့မိသားစုများနှင့် ဟိုတယ်မှ တာဝန်ရှိသူများအနေဖြင့် အမှတ်တရ ကျေးဇူးတင်ဂုဏ်ပြုသောအားဖြင့် ငလျင်လှုပ်ခတ်ပြီး ၆ လပြည့် အထိမ်းအမှတ်အဖြစ် လျှပ်တစ်ပြတ် လက်ဖက်ရည်ဧည့်ခံပွဲဖြင့် ဂုဏ်ပြုခြင်းအခမ်းအနားကို စက်တင်ဘာလ ၂၈ ရက်က နေပြည်တော်ရှိ ဟိုတယ် အေးချမ်းသာ၌ ကျင်းပပြုလုပ်ခဲ့ရာ မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူနှင့် အရာရှိကြီးများ၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ တူကီယဲနိုင်ငံမှ (GEA Search and Rescue Team)အဖွဲ့ဝင်များ (Zoom Meeting ဖြင့်) တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ဟိုတယ်အေးချမ်းသာ Group တာဝန်ရှိသူ(၂)ဦးက ငလျင်ဘေးသင့်ပြည်သူများအတွက် MYANMAR EARTHQUAKE Website (www.myanmarearthquake.gov.mm)သို့ အလှူငွေ ကျပ်သိန်းငါးဆယ်တိတိအား လှူဒါန်းခဲ့ရာ မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူမှ လက်ခံခဲ့ပြီး MYANMAR EARTHQUAKE Website ၏ မြန်မာစီးပွားရေးဘဏ် ငွေစာရင်းအကောင့်အမှတ် (MD-)သို့ လှူဒါန်းခဲ့ကြောင်း သိရသည်။

ငလ်င္အၿပီး နာရီ ၁ဝဝ ေက်ာ္ ပိတ္မိခဲ့သူ ဝန္ထမ္း ၂ ဦးကို ကယ္ဆယ္ႏိုင္ခဲ့ေသာ ျမန္မာႏိုင္ငံ မီးသတ္တပ္ဖြဲ႕ကို ဟိုတယ္ေအးခ်မ္းသာႏွင့္မိသားစုမ်ားက ဧည့္ခံ ဂုဏ္ျပဳ
အမရာဟန္ (NP News) - စက္တင္ဘာ ၂၉
ငလ်င္အၿပီး နာရီ ၁ဝဝ ေက်ာ္ ပိတ္မိခဲ့သူ ဝန္ထမ္း ၂ ဦးကို ျပန္လည္ကယ္ဆယ္ႏိုင္ခဲ့ေသာ ျမန္မာႏိုင္ငံ မီးသတ္တပ္ဖြဲ႕ကို ေအးခ်မ္းသာဟိုတယ္၊ လြတ္ေျမာက္သူ ဝန္ထမ္း ၂ ဦး ႏွင့္ မိသားစုမ်ားက လွ်ပ္တစ္ျပတ္ လက္ဖက္ရည္ဧည့္ခံပြဲျဖင့္ ဂုဏ္ျပဳျခင္းအခမ္းအနားျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
မႏၲေလးငလ်င္ႀကီး လႈပ္ခတ္ခဲ့သည္မွာ ၿပီးခဲ့ေသာ စက္တင္ဘာလ ၂၈ ရက္တြင္ ၆ လ ျပည့္ေျမာက္ခဲ့ကာ ယင္းျဖစ္စဥ္တြင္ ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕၊ ရွာေဖြကယ္ဆယ္ေရးတပ္ဖြဲ႕ဝင္မ်ားအေနျဖင့္ ျဖစ္စဥ္တစ္ခုလုံးတြင္ ၆၅၃ ဦးတိတိအား အသက္ရွင္လ်က္ ရွာေဖြကယ္တင္ႏိုင္ခဲ့ၿပီး နာရီေပါင္း ၁၀၀ ေက်ာ္ပိတ္မိသူမ်ားကို ေနာက္ဆက္တြဲ ငလ်င္ငယ္မ်ားလႈပ္ခတ္ေနသည့္ၾကားမွ အသက္ကို အသက္ျဖင့္ထပ္ကာ ခက္ခဲစြာျဖင့္ ေန႔မအား ညမနားဝင္ေရာက္ ရွာေဖြကယ္ဆယ္ႏိုင္ခဲ့ေၾကာင္း သိရသည္။
ယင္းသို႔ ကယ္တင္ရာတြင္ ဟိုတယ္ေအးခ်မ္းသာမွ ဝန္ထမ္း(၂)ဦးအား ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕ ရွာေဖြကယ္ဆယ္ေရးတပ္ဖြဲ႕ဝင္မ်ား၊ တူကီယဲႏိုင္ငံႏွင့္ ဗီယက္နမ္ႏိုင္ငံတို႔မွ ရွာေဖြကယ္ဆယ္ေရး တပ္ဖြဲ႕ဝင္မ်ားပူးေပါင္း၍ ခက္ခက္ခဲခဲ စြန႔္စြန႔္စားစား ထြင္းေဖာက္ဝင္ေရာက္ ကယ္ဆယ္မႈေၾကာင့္ ငလ်င္ျဖစ္ပြားၿပီး နာရီေပါင္း ၁၀၇ နာရီခန႔္တြင္ ပိတ္မိေနသူ ကိုႏိုင္လင္းထြန္းအား လုပ္ငန္းၾကာခ်ိန္ ၁၃ နာရီျဖင့္ လည္းေကာင္း၊ နာရီေပါင္း ၁၂၁ နာရီခန႔္ ပိတ္မိေနသူ ပိတ္မိေနသူ ကိုထက္ေမာင္ေမာင္အား လုပ္ငန္းၾကာခ်ိန္ ၁၂ နာရီျဖင့္ လည္းေကာင္း အသီးသီးအသက္ရွင္လ်က္ ေအာင္ျမင္စြာ ကယ္တင္ႏိုင္ခဲ့မႈျခင္း ျဖစ္သည္။
အဆိုပါျဖစ္စဥ္တြင္ အသက္ရွင္လ်က္လြတ္ေျမာက္လာသည့္ ဝန္ထမ္း ၂ ဦး၊ ၎တို႔မိသားစုမ်ားႏွင့္ ဟိုတယ္မွ တာဝန္ရွိသူမ်ားအေနျဖင့္ အမွတ္တရ ေက်းဇူးတင္ဂုဏ္ျပဳေသာအားျဖင့္ ငလ်င္လႈပ္ခတ္ၿပီး ၆ လျပည့္ အထိမ္းအမွတ္အျဖစ္ လွ်ပ္တစ္ျပတ္ လက္ဖက္ရည္ဧည့္ခံပြဲျဖင့္ ဂုဏ္ျပဳျခင္းအခမ္းအနားကို စက္တင္ဘာလ ၂၈ ရက္က ေနျပည္ေတာ္ရွိ ဟိုတယ္ ေအးခ်မ္းသာ၌ က်င္းပျပဳလုပ္ခဲ့ရာ မီးသတ္ဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးျမတ္သူႏွင့္ အရာရွိႀကီးမ်ား၊ ရွာေဖြကယ္ဆယ္ေရးတပ္ဖြဲ႕ဝင္မ်ား၊ တူကီယဲႏိုင္ငံမွ (GEA Search and Rescue Team)အဖြဲ႕ဝင္မ်ား (Zoom Meeting ျဖင့္) တက္ေရာက္ခဲ့ၾကေၾကာင္း သိရသည္။
အဆိုပါအခမ္းအနားတြင္ ဟိုတယ္ေအးခ်မ္းသာ Group တာဝန္ရွိသူ(၂)ဦးက ငလ်င္ေဘးသင့္ျပည္သူမ်ားအတြက္ MYANMAR EARTHQUAKE Website (www.myanmarearthquake.gov.mm)သို႔ အလႉေငြ က်ပ္သိန္းငါးဆယ္တိတိအား လႉဒါန္းခဲ့ရာ မီးသတ္ဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးျမတ္သူမွ လက္ခံခဲ့ၿပီး MYANMAR EARTHQUAKE Website ၏ ျမန္မာစီးပြားေရးဘဏ္ ေငြစာရင္းအေကာင့္အမွတ္ (MD-)သို႔ လႉဒါန္းခဲ့ေၾကာင္း သိရသည္။