ကော့ကရိတ်ကို တပ်မတော်က ပြန်လည်ထိန်းချုပ်ပြီး တစ်နှစ်ကျော်အကြာ လူမှုစီးပွား(၈၀)ရာခိုင်နှုန်းကျော် ပုံမှန်ပြန်ဖြစ်

 529

Pearl (NP News) - စက်တင်ဘာ ၃ဝ
ကော့ကရိတ်ကို တပ်မတော်က ပြန်လည်ထိန်းချုပ်ပြီး (၁)နှစ်ကျော်အကြာ လူမှုစီးပွား(၈၀) ရာခိုင်နှုန်းကျော် ပြန်လည်လည်ပတ်နိုင်ပြီဖြစ်ကြောင်း ဒေသခံများထံ NP News မှ ဆက်သွယ်မေးမြန်း ထားသည့်အချက်အလက်များအရ သိရသည်။
ကရင်ပြည်နယ် ကော့ကရိတ်မြို့ကို တပ်မတော်က ပြီးခဲ့သည့် (၂၀၂၄)ခုနှစ် ဧပြီလက အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ခဲ့သော်လည်း ဒေသခံအချို့သာ မြို့အတွင်းသို့ ပြန်လည်ဝင်‌ရောက်နိုင်ခဲ့ကာ မြို့ နယ်အတွင်း၌ တိုက်ပွဲအနည်းငယ်ရှိနေခြင်းနှင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုများကြောင့် ကုန်ဈေးနှုန်း အဆမတန်ကြီးမြင့်ခြင်းများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ကော့ကရိတ်မြို့နယ်အပါအဝင် ကရင်ပြည်နယ်အတွင်းရှိ လက်နက်ကိုင်အဖွဲ့များ ကြီးစိုးနေသည့်နေရာများတွင် တပ်မတော်က နယ်မြေရှင်းလင်းမှုများ အဆက်မပြတ်ဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် ကော့ကရိတ်၌ ဒေသခံအများအပြား ပြန်လည်ဝင်ရောက်နေထိုင်နေပြီဖြစ်ကာ ဌာနဆိုင် ရာရုံးများအားလုံးသည်လည်း ပြန်လည်ဖွင့်လှစ်နေပြီဖြစ်ကြောင်း သိရသည်။
“အခု ကော့ကရိတ်ပတ်လည်၊ ကျုံဒိုးပတ် လည်မှာလည်း တောက်လျှောက်ပြန်ပြီး ရှင်းလိုက်ပြီ ဆိုတော့ ဒေသခံတော်တော်များများကတော့ အား ရပါတယ်။ ဒေသခံတွေကလည်း သတင်းကြားတာနဲ့ သတင်းတွေပေးတယ်။ အရင်လိုတော့ သိပ်တော့ မဟုတ်တော့ဘူး။ တပ်ကိုပဲသတင်းပေးတယ်။ ဒေသခံ တွေလည်း (၈၀) ရာခိုင်နှုန်းလောက် အကုန်ပြန်ဝင်ကုန်ပြီ။ ကျန်တဲ့စီးပွားရေးသမားပေါ့ စက်ပစ္စည်းဆိုင် တို့၊ ‌ရွှေဆိုင်တို့ နည်းနည်းပါးပါးပဲကျန်တာ။ ဆိုင် သမားတွေ အကုန်ပြန်မဝင်သေးဘူးဆိုတာ ကျုံဒိုး၊ ကော့ကရိတ် ပတ်လည်က ရွာလေး‌တွေက စစ်ဘေးရှောင်နေကြတဲ့အခါကျတော့ ကျုံဒိုး၊ ကော့ကရိတ် ဘက်ကိုပဲ ဈေးဝယ်ဝင်ကြတာပေါ့။ သူတို့တွေက အဝယ်သိပ်မရှိတော့ ဆိုင်ကြီးတွေက ပြန်မဝင်သေး တာပေါ့။ ကျုံဒိုးပတ်လည်က ရွာလေးတွေ လည်း အရင်လို စည်စည်ကားကားပြန်ဖြစ်ရင် ကျုံဒိုး၊ ကော့ ကရိတ်မှာလည်း လူတွေဆိုင်တွေ ပြန်စုံမယ့်သဘောရှိတယ်။ ကော့ကရိတ် - ဘားအံကလည်း သွားလို့ ရပြီဆိုတော့ ဘားအံဘက်က ဈေးသည်တွေ လည်း လာတော့ ဆန်ရော ဆီရော အများကြီးသက်သာ သွားပြီ။ အရင်တုန်းက ဆန်တစ်အိတ်နဲ့အခုက (၁)သိန်း လောက်ကို ကွာသွားပြီ။ ဈေးပြန်ကျသွားပြီ}}ဟု ဒေသခံတစ်ဦးက NP News သို့ ပြောသည်။
ကော့ကရိတ်တွင်ဖြစ်ပွားခဲ့သော တိုက်ပွဲကာလအတွင်း မီးလောင်မှုနှင့် လက်နက်ကြီးကျည် ကျ ရောက်ပေါက်ကွဲမှုများကြောင့် အိမ်ခြေအများအပြား ပျက်စီးဆုံးရှုံးခဲ့ရပြီး ပြန်လည်ထူထောင်ရေး အတွက် တိုင်းအစိုးရအဖွဲ့မှ သွပ်အပါအဝင် ဆောက်လုပ်ရေးပစ္စည်းများ ပံ့ပိုးမှုများအပြင် စီးပွားရေး ပြေလည်သည့်ဒေသခံများကလည်း ကိုယ်ထူကိုယ်ထပြန်လည်ထူထောင်နေပြီဖြစ်ကြောင်းလည်း သိရ သည်။
လက်ရှိတွင် ကော့ကရိတ်မြို့ပေါ်၌ စီးပွားရေးလုပ်ငန်းများ (၈၀)ရာခိုင်နှုန်းပြန်လည်လည်ပတ် နိုင်ပြီး ရိုးရာဆွမ်းလောင်းပွဲများကိုလည်း ပြန်လည်ကျင်းပနေပြီး ကော့ကရိတ်မြို့နယ်အတွင်းရှိ ကျေးရွာ များကို အပြည့်အဝထိန်းချုပ်နိုင်ပါက မြို့ပေါ်တွင် ယခုထက်ပိုမို၍ လူမှုစီးပွားများ ပြန်လည်လည်ပတ် နိုင်ရန် ဒေသခံများက ပြန်လည်မျှော်လင့်နေကြောင်းလည်း သိရသည်။
“ပျက်စီးဆုံးရှုံးသွားတဲ့အိမ်တွေအတွက် ဟိုတလောကတော့ ကရင်အစိုးရတော့ သွပ်တွေ ဘာ တွေ နည်းနည်းပါးပါး ပေးထားတာတွေ ရှိတယ်။ အိမ်ထောင်စုအလိုက်ချပေးထားတာရှိတယ်။ စီးပွားရေး အနေအထားရ နိုင်တဲ့လူကတော့ လိုက်ပြန်ပြင်နေကြပြီပေါ့။ စီးပွားရေးလည်းပုံမှန်လည်ပတ်ပြီ။ အရင် တုန်းကအတိုင်းပဲ အပတ်စဉ် ဆွမ်းလောင်းပွဲ တွေကျင်းပနေပြီ။ ကျောင်းတွေလည်း ဆရာတော် သံဃာ တော်တွေ ပြန်ထိုင်နေပြီ။ အပတ်စဉ် တနင်္ဂနွေတိုင်းလည်း ဆွမ်းလောင်းပွဲတွေ ပြန်လုပ်နေပြီ။ (၈၀) ရာခိုင်နှုန်းလောက်က စီးပွားရေး၊ လူမှုရေး အကုန်လည်ပတ်နေပြီ။ စားသောက်ဆိုင်တွေလည်း အကုန် ပြန်ဝင်နေပြီ။ အရင်လောက်တော့ ကုန်ဈေးနှုန်းကြီးတာတွေလည်းမဖြစ်တော့ဘူး။ တော်တော် လေး လည်းအဆင်ပြေသွားကြပြီ”ဟု ၎င်းက ဆက်လက်ပြောသည်။

Zawgyi Version:
ေကာ့ကရိတ္ကို တပ္မေတာ္က ျပန္လည္ထိန္းခ်ဳပ္ၿပီး တစ္ႏွစ္ေက်ာ္အၾကာ လူမႈစီးပြား(၈၀)ရာခိုင္ႏႈန္း ေက်ာ္ ပုံမွန္ျပန္ျဖစ္
Pearl (NP News) - စက္တင္ဘာ ၃ဝ
ေကာ့ကရိတ္ကို တပ္မေတာ္က ျပန္လည္ထိန္းခ်ဳပ္ၿပီး (၁)ႏွစ္ေက်ာ္အၾကာ လူမႈစီးပြား(၈၀) ရာခိုင္ႏႈန္းေက်ာ္ ျပန္လည္လည္ပတ္ႏိုင္ၿပီျဖစ္ေၾကာင္း ေဒသခံမ်ားထံ NP News မွ ဆက္သြယ္ေမးျမန္း ထားသည့္အခ်က္အလက္မ်ားအရ သိရသည္။
ကရင္ျပည္နယ္ ေကာ့ကရိတ္ၿမိဳ႕ကို တပ္မေတာ္က ၿပီးခဲ့သည့္ (၂၀၂၄)ခုႏွစ္ ဧၿပီလက အျပည့္အဝ ျပန္လည္ထိန္းခ်ဳပ္ႏိုင္ခဲ့ေသာ္လည္း ေဒသခံအခ်ိဳ႕သာ ၿမိဳ႕အတြင္းသို႔ ျပန္လည္ဝင္‌ေရာက္ႏိုင္ခဲ့ကာ ၿမိဳ႕ နယ္အတြင္း၌ တိုက္ပြဲအနည္းငယ္ရွိေနျခင္းႏွင့္ လမ္းပန္းဆက္သြယ္ေရးခက္ခဲမႈမ်ားေၾကာင့္ ကုန္ေဈးႏႈန္း အဆမတန္ႀကီးျမင့္ျခင္းမ်ားျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ ေကာ့ကရိတ္ၿမိဳ႕နယ္အပါအဝင္ ကရင္ျပည္နယ္အတြင္းရွိ လက္နက္ကိုင္အဖြဲ႕မ်ား ႀကီးစိုးေနသည့္ေနရာမ်ားတြင္ တပ္မေတာ္က နယ္ေျမရွင္းလင္းမႈမ်ား အဆက္မျပတ္ေဆာင္႐ြက္ခဲ့ၿပီး လက္ရွိတြင္ ေကာ့ကရိတ္၌ ေဒသခံအမ်ားအျပား ျပန္လည္ဝင္ေရာက္ေနထိုင္ေနၿပီျဖစ္ကာ ဌာနဆိုင္ ရာ႐ုံးမ်ားအားလုံးသည္လည္း ျပန္လည္ဖြင့္လွစ္ေနၿပီျဖစ္ေၾကာင္း သိရသည္။
“အခု ေကာ့ကရိတ္ပတ္လည္၊ က်ဳံဒိုးပတ္ လည္မွာလည္း ေတာက္ေလွ်ာက္ျပန္ၿပီး ရွင္းလိုက္ၿပီ ဆိုေတာ့ ေဒသခံေတာ္ေတာ္မ်ားမ်ားကေတာ့ အား ရပါတယ္။ ေဒသခံေတြကလည္း သတင္းၾကားတာနဲ႔ သတင္းေတြေပးတယ္။ အရင္လိုေတာ့ သိပ္ေတာ့ မဟုတ္ေတာ့ဘူး။ တပ္ကိုပဲသတင္းေပးတယ္။ ေဒသခံ ေတြလည္း (၈၀) ရာခိုင္ႏႈန္းေလာက္ အကုန္ျပန္ဝင္ကုန္ၿပီ။ က်န္တဲ့စီးပြားေရးသမားေပါ့ စက္ပစၥည္းဆိုင္ တို႔၊ ‌ေ႐ႊဆိုင္တို႔ နည္းနည္းပါးပါးပဲက်န္တာ။ ဆိုင္ သမားေတြ အကုန္ျပန္မဝင္ေသးဘူးဆိုတာ က်ဳံဒိုး၊ ေကာ့ကရိတ္ ပတ္လည္က ႐ြာေလး‌ေတြက စစ္ေဘးေရွာင္ေနၾကတဲ့အခါက်ေတာ့ က်ဳံဒိုး၊ ေကာ့ကရိတ္ ဘက္ကိုပဲ ေဈးဝယ္ဝင္ၾကတာေပါ့။ သူတို႔ေတြက အဝယ္သိပ္မရွိေတာ့ ဆိုင္ႀကီးေတြက ျပန္မဝင္ေသး တာေပါ့။ က်ဳံဒိုးပတ္လည္က ႐ြာေလးေတြ လည္း အရင္လို စည္စည္ကားကားျပန္ျဖစ္ရင္ က်ဳံဒိုး၊ ေကာ့ ကရိတ္မွာလည္း လူေတြဆိုင္ေတြ ျပန္စုံမယ့္သေဘာရွိတယ္။ ေကာ့ကရိတ္ - ဘားအံကလည္း သြားလို႔ ရၿပီဆိုေတာ့ ဘားအံဘက္က ေဈးသည္ေတြ လည္း လာေတာ့ ဆန္ေရာ ဆီေရာ အမ်ားႀကီးသက္သာ သြားၿပီ။ အရင္တုန္းက ဆန္တစ္အိတ္နဲ႔အခုက (၁)သိန္း ေလာက္ကို ကြာသြားၿပီ။ ေဈးျပန္က်သြားၿပီ}}ဟု ေဒသခံတစ္ဦးက NP News သို႔ ေျပာသည္။
ေကာ့ကရိတ္တြင္ျဖစ္ပြားခဲ့ေသာ တိုက္ပြဲကာလအတြင္း မီးေလာင္မႈႏွင့္ လက္နက္ႀကီးက်ည္ က် ေရာက္ေပါက္ကြဲမႈမ်ားေၾကာင့္ အိမ္ေျခအမ်ားအျပား ပ်က္စီးဆုံးရႈံးခဲ့ရၿပီး ျပန္လည္ထူေထာင္ေရး အတြက္ တိုင္းအစိုးရအဖြဲ႕မွ သြပ္အပါအဝင္ ေဆာက္လုပ္ေရးပစၥည္းမ်ား ပံ့ပိုးမႈမ်ားအျပင္ စီးပြားေရး ေျပလည္သည့္ေဒသခံမ်ားကလည္း ကိုယ္ထူကိုယ္ထျပန္လည္ထူေထာင္ေနၿပီျဖစ္ေၾကာင္းလည္း သိရ သည္။
လက္ရွိတြင္ ေကာ့ကရိတ္ၿမိဳ႕ေပၚ၌ စီးပြားေရးလုပ္ငန္းမ်ား (၈၀)ရာခိုင္ႏႈန္းျပန္လည္လည္ပတ္ ႏိုင္ၿပီး ႐ိုးရာဆြမ္းေလာင္းပြဲမ်ားကိုလည္း ျပန္လည္က်င္းပေနၿပီး ေကာ့ကရိတ္ၿမိဳ႕နယ္အတြင္းရွိ ေက်း႐ြာ မ်ားကို အျပည့္အဝထိန္းခ်ဳပ္ႏိုင္ပါက ၿမိဳ႕ေပၚတြင္ ယခုထက္ပိုမို၍ လူမႈစီးပြားမ်ား ျပန္လည္လည္ပတ္ ႏိုင္ရန္ ေဒသခံမ်ားက ျပန္လည္ေမွ်ာ္လင့္ေနေၾကာင္းလည္း သိရသည္။
“ပ်က္စီးဆုံးရႈံးသြားတဲ့အိမ္ေတြအတြက္ ဟိုတေလာကေတာ့ ကရင္အစိုးရေတာ့ သြပ္ေတြ ဘာ ေတြ နည္းနည္းပါးပါး ေပးထားတာေတြ ရွိတယ္။ အိမ္ေထာင္စုအလိုက္ခ်ေပးထားတာရွိတယ္။ စီးပြားေရး အေနအထားရ ႏိုင္တဲ့လူကေတာ့ လိုက္ျပန္ျပင္ေနၾကၿပီေပါ့။ စီးပြားေရးလည္းပုံမွန္လည္ပတ္ၿပီ။ အရင္ တုန္းကအတိုင္းပဲ အပတ္စဥ္ ဆြမ္းေလာင္းပြဲ ေတြက်င္းပေနၿပီ။ ေက်ာင္းေတြလည္း ဆရာေတာ္ သံဃာ ေတာ္ေတြ ျပန္ထိုင္ေနၿပီ။ အပတ္စဥ္ တနဂၤေႏြတိုင္းလည္း ဆြမ္းေလာင္းပြဲေတြ ျပန္လုပ္ေနၿပီ။ (၈၀) ရာခိုင္ႏႈန္းေလာက္က စီးပြားေရး၊ လူမႈေရး အကုန္လည္ပတ္ေနၿပီ။ စားေသာက္ဆိုင္ေတြလည္း အကုန္ ျပန္ဝင္ေနၿပီ။ အရင္ေလာက္ေတာ့ ကုန္ေဈးႏႈန္းႀကီးတာေတြလည္းမျဖစ္ေတာ့ဘူး။ ေတာ္ေတာ္ ေလး လည္းအဆင္ေျပသြားၾကၿပီ”ဟု ၎က ဆက္လက္ေျပာသည္။

Related news

© 2021. All rights reserved.