တောင်ကိုရီးယားက တရုတ်ခရီးသွားတွေအတွက် ဗီဇာကင်းလွတ်ခွင့် စတင်

141
ရောင်နီ (NP News) - စက်တင်ဘာ ၃ဝ
တောင်ကိုရီးယားဟာ စီးပွားရေးမြှင့်တင်ဖို့နဲ့ အိမ်နီးချင်းဆက်ဆံရေး တိုးမြှင့်ဖို့ တရုတ်ခရီးသွား အုပ်စုတွေ အတွက် ဗီဇာကင်းလွတ်ခွင့်ကို စက်တင်ဘာ ၂၉ ရက်က စတင်ကမ်းလှမ်းခဲ့ပါတယ်။
ရှေ့ပြေးအစီအစဉ် တစ်စိတ်တစ်ပိုင်းအနေနဲ့တရုတ်နိုင်ငံမှ ခရီးသွား သုံးဦး (သို့) အဲဒီထက်ပိုတဲ့ ခရီးသွား အုပ်စုတွေကို ဗီဇာမလိုဘဲ ၁၅ ရက် နေထိုင်ခွင့်ပေးမယ်လို့ ဆိုပါတယ်။ အဲဒီအစီအစဉ်ကိုလည်း ၂၀၂၆ ခုနှစ် ဇွန်လ ၃၀ ရက်အထိ လုပ်ဆောင်ဖို့ စီစဉ်ထာတယ်လို့ သိရပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ အောက်တိုဘာ ၁ ရက်မှ ၈ ရက် အထိ တရုတ်နိုင်ငံ အမျိုးသားနေ့အားလပ်ရက်နဲ့ တောင်ကိုရီးယားအားလပ်ရက်အတွင်း တစ်ချိန်တည်းမှာ စတင် လုပ်ဆောင်မယ်လို့ ဆိုပါတယ်။ အစီအစဉ်မှတဆင့် ဝယ်လိုအား တိုးလာမှာဖြစ်တဲ့အတွက် တောင်ကိုရီးယား ကုမ္ပဏီတွေကလည် အကျိုးအမြတ် ရရှိဖို့ ကြိုးပမ်းနေကြကာ Alipay၊ WeChat Pay တို့နဲ့ ငွေပေးချေမှုတွေအတွက် စတင်မိတ်ဆက်နေပြီဖြစ်ပါတယ်။
တောင်ကိုးရီးယားဟာ တရုတ်ကို အလားတူဗီဇာကင်းလွတ်ခွင့်ကို ယခင်က ၂၀၁၇ ဒီဇင်ဘာမှ ၂၀၁၈ မတ်လ အထိ ကမ်းလှမ်းခဲ့ဖူးပါတယ်။
Zawgyi Version:
ေတာင္ကိုရီးယားက တ႐ုတ္ခရီးသြားေတြအတြက္ ဗီဇာကင္းလြတ္ခြင့္ စတင္
ေရာင္နီ (NP News) - စက္တင္ဘာ ၃ဝ
ေတာင္ကိုရီးယားဟာ စီးပြားေရးျမႇင့္တင္ဖို႔နဲ႔ အိမ္နီးခ်င္းဆက္ဆံေရး တိုးျမႇင့္ဖို႔ တ႐ုတ္ခရီးသြား အုပ္စုေတြ အတြက္ ဗီဇာကင္းလြတ္ခြင့္ကို စက္တင္ဘာ ၂၉ ရက္က စတင္ကမ္းလွမ္းခဲ့ပါတယ္။
ေရွ႕ေျပးအစီအစဥ္ တစ္စိတ္တစ္ပိုင္းအေနနဲ႔တ႐ုတ္ႏိုင္ငံမွ ခရီးသြား သုံးဦး (သို႔) အဲဒီထက္ပိုတဲ့ ခရီးသြား အုပ္စုေတြကို ဗီဇာမလိုဘဲ ၁၅ ရက္ ေနထိုင္ခြင့္ေပးမယ္လို႔ ဆိုပါတယ္။ အဲဒီအစီအစဥ္ကိုလည္း ၂၀၂၆ ခုႏွစ္ ဇြန္လ ၃၀ ရက္အထိ လုပ္ေဆာင္ဖို႔ စီစဥ္ထာတယ္လို႔ သိရပါတယ္။ ဒီလုပ္ေဆာင္ခ်က္ဟာ ေအာက္တိုဘာ ၁ ရက္မွ ၈ ရက္ အထိ တ႐ုတ္ႏိုင္ငံ အမ်ိဳးသားေန႔အားလပ္ရက္နဲ႔ ေတာင္ကိုရီးယားအားလပ္ရက္အတြင္း တစ္ခ်ိန္တည္းမွာ စတင္ လုပ္ေဆာင္မယ္လို႔ ဆိုပါတယ္။ အစီအစဥ္မွတဆင့္ ဝယ္လိုအား တိုးလာမွာျဖစ္တဲ့အတြက္ ေတာင္ကိုရီးယား ကုမၸဏီေတြကလည္ အက်ိဳးအျမတ္ ရရွိဖို႔ ႀကိဳးပမ္းေနၾကကာ Alipay၊ WeChat Pay တို႔နဲ႔ ေငြေပးေခ်မႈေတြအတြက္ စတင္မိတ္ဆက္ေနၿပီျဖစ္ပါတယ္။
ေတာင္ကိုးရီးယားဟာ တ႐ုတ္ကို အလားတူဗီဇာကင္းလြတ္ခြင့္ကို ယခင္က ၂၀၁၇ ဒီဇင္ဘာမွ ၂၀၁၈ မတ္လ အထိ ကမ္းလွမ္းခဲ့ဖူးပါတယ္။