ဆော်ဒီ-ပါကစ္စတန် ကာကွယ်ရေးစာချုပ်က ဒေသတွင်း ပထဝီနိုင်ငံရေးကို ဘယ်လိုပုံဖော်မလဲ (ဘာသာပြန်ဆောင်းပါး)

 191

သန်းထိုက်စိုး - အောက်တိုဘာလ ၂

ဆော်ဒီနိုင်ငံသည် ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘက်ဇ်ရှာရစ်ဖ်၏ ဆော်ဒီခရီးစဉ်တွင် F-15 တိုက် လေယာဉ်များ၊ ကော်ဇောနီများဖြင့် တခမ်းတနား ဂုဏ်ပြုကြိုဆိုခဲ့သည်။ ထို့ပြင် ဆော်ဒီနိုင်ငံအနေဖြင့် ပါကစ္စတန်နိုင်ငံနှင့် " မဟာဗျူဟာမြောက် အပြန်အ လှန်ကာကွယ်ရေး သဘောတူစာချုပ် " တစ်ရပ်ကို လည်း လက်မှတ်ရေးထိုးနိုင်ခဲ့သည်။
အဆိုပါသဘောတူညီချက်သည် ဆော်ဒီ-ပါကစ္စတန်နှစ်နိုင်ငံ မဟာမိတ်ဆက်ဆံရေးသက်တမ်း နှစ်ပေါင်းရှစ်ဆယ်ကျော်အတွင်း အထင်ကရမှတ်တိုင် တစ်ခုဖြစ်သည်ဟု လေ့လာသူများကဆိုသည်။ အစ္စ လာမ်၏အထွတ်အမြတ်ဆုံးနေရာနှစ်ခုကို ထိန်းသိမ်း စောင့်ရှောက်သူ ဆော်ဒီနိုင်ငံမှ အကြီးတန်းအရာရှိ များနှင့် မွတ်စလင်ကမ္ဘာ၏ တစ်ခုတည်းသော နျူက လီးယားစွမ်းအင်ပိုင်ရှင် ပါကစ္စတန်မှ ကိုယ်စားလှယ် များရှေ့မှောက်တွင် ရီယတ်မြို့ရှိ နန်းတော်၊ တော်ဝင် တရားရုံး၌ သဘောတူညီချက်လက်မှတ်ရေးထိုးပွဲ ကျင်းပခဲ့ခြင်းဖြစ်သည်။
အဆိုပါသဘောတူညီချက်သည် ဒေသတွင်း နိုင်ငံရေးအခြေအနေ မတည်မငြိမ်ဖြစ်နေချိန် တွင် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ အစ္စရေး၏ နှစ် နှစ်ကြာကျူးကျော်မှုများအပါအဝင် ဂါဇာစစ်ပွဲနှင့် အိမ်နီးချင်းနိုင်ငံများအပေါ် ထိုးစစ်ဆင်မှုများအပြင် ပြီးခဲ့သည့်သီတင်းပတ်က ဆော်ဒီနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ကာတာနိုင်ငံ ဒိုဟာမြို့တော်ကို အစ္စ ရေး၏တိုက်ခိုက်မှုအပြီးတွင် ဒေသတွင်း နိုင်ငံရေးအ ချိုးအကွေ့မှာ လုံးဝပြောင်းလဲသွားခဲ့သည်။
ထို့ပြင် ယခုသဘောတူစာချုပ်သည် အိန္ဒိ ယနှင့်ပါကစ္စတန်အကြား တင်းမာမှုများမြင့်တက်နေ ချိန်နှင့်လည်း အချိန်ကိုက်ပေါ်ပေါက်လာခဲ့ခြင်းဖြစ် သည်။ အိန္ဒိယနှင့်ပါကစ္စတန်နှစ်နိုင်ငံအကြား လေး ရက်ကြာပဋိပက္ခအတွင်း နှစ်နိုင်ငံရှိစစ်စခန်းများကို အပြန်အလှန်တိုက်ခိုက်ခဲ့ကြရာ နျူကလီးယားလက် နက်ပိုင်ဆိုင်သည့် အိမ်နီးချင်းနှစ်နိုင်ငံအကြား အပြည့်အဝ စစ်ပွဲဖြစ်ပွားလုနီးနီးအခြေအနေသို့ရောက်ရှိခဲ့သည်။
ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆော်ဒီအာရေးဗီးယားနှင့်ချုပ်ဆိုသော သဘောတူစာ ချုပ်သည် နှစ်နိုင်ငံ၏လုံခြုံရေးကို ခိုင်မာစေရန်နှင့် ဒေသတွင်းငြိမ်းချမ်းရေးကိုမြှင့်တင်ရန်အတွက် " ဘုံ ဆန္ဒရှိမှုကို" ထင်ဟပ်စေပြီး " မည်သည့်ကျူးကျော်မှု ကိုမဆို ပူးပေါင်းတားဆီးကာကွယ်ရေးကို ခိုင်မာစေရန်" ကတိပြုကြောင်းပြောကြားခဲ့သည်။
" သဘောတူစာချုပ်မှာ တစ်နိုင်ငံကို ကျူး ကျော်ခြင်းသည် နှစ်နိုင်ငံလုံးကိုကျူးကျော်ခြင်းဟု သတ်မှတ်ကြောင်း" ဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဝါရှင်တန်ဒီစီအခြေစိုက် Stimson Center မှ အကြီးတန်းသုတေသီ အက်စ်ဖန်ဒီယာမီ ယာက အဆိုပါသဘောတူစာချုပ်မှာ နှစ်နိုင်ငံလုံးအ တွက် " ဒေသတွင်းပထဝီနိုင်ငံရေးကို အလှည့်အ ပြောင်းဖြစ်စေသည့်သဘောတူညီချက်" အဖြစ်ဖော်ပြ ခဲ့သည်။ " ပါကစ္စတန်ဟာ အရင်က အမေရိကန်နဲ့ စစ်အေးခေတ်ကာလမှာ အပြန်အလှန် ကာကွယ်ရေး စာချုပ်တွေချုပ်ဆိုခဲ့ဖူးပေမယ့် (၁၉၇၀) ပြည့်လွန်နှစ် တွေမှာကျိုးပျက်သွားခဲ့တယ်။ တရုတ်နိုင်ငံနဲ့ ကာ ကွယ်ရေးပူးပေါင်းဆောင်ရွက်မှု အများအပြားရှိပေ မယ့်လည်း ပါကစ္စတန်နဲ့တော့ အပြန်အလှန်ကာကွယ် ရေး တရားဝင်စာချုပ် ချုပ်ဆိုတာမျိုးမရှိပါဘူး" ဟု အက်စ်ဖန်ဒီယာမီယာက အယ်လ်ဂျာဇီးယား သတင်း ဌာနကို ထုတ်ဖော်ပြောဆိုခဲ့သည်ကိုတွေ့ရသည်။

သမိုင်းဝင်နှောင်ကြိုးများနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုများ

သဘောတူစာချုပ်သည် ပါကစ္စတန်အ တွက် ယူအေအီးနှင့်ကာတာတို့လို အဓိကပင်လယ် ကွေ့မိတ်ဖက်များနှင့်ပုံစံတူ နှစ်နိုင်ငံကာကွယ်ရေးပူး ပေါင်းဆောင်ရွက်မှုများပြုလုပ်ရန် ပုံစံတစ်ခုအဖြစ် အသုံးပြုနိုင်သည်ဟု ဆစ်ဒနီနည်းပညာတက္ကသိုလ်မှ တောင်အာရှလုံခြုံရေးသုတေသီ မိုဟာမက်ဖိုင်ဆယ် ကဆိုသည်။ " ချက်ချင်းလက်ငင်းအနေနဲ့ ဒီသဘော တူညီချက်ဟာ ရှိပြီးသားကာကွယ်ရေးပူးပေါင်းဆောင် ရွက်မှုတွေကိုခိုင်မာစေပြီး တရားဝင်ဖြစ်စေလိမ့်မယ်။ ဒါ့ပြင် ပူးတွဲလေ့ကျင့်မှုတွေ၊ ကာကွယ်ရေးပစ္စည်းထုတ် လုပ်မှုတွေနဲ့ ဆော်ဒီအာရေးဗျမှာရှိတဲ့ ပါကစ္စတန်တပ် ဖွဲ့ဝင်အရေအတွက်ကိုတိုးမြှင့်ဖို့အတွက် နည်းလမ်း သစ်တွေရှာဖွေသွားမှာပါ" ဟု ပါကစ္စတန်နိုင်ငံခြားရေး မူဝါဒများကိုလေ့လာနေသည့် သံတမန်ဟောင်းတစ်ဦး ဖြစ်သူ မိုဟာမက်ဖိုင်ဆယ်ကပြောသည်။
ဆော်ဒီအာရေးဗီးယားသည် (၁၉၄၇)ခုနှစ် ဩ ဂုတ်လတွင် ပါကစ္စတန်လွတ်လပ်ရေးရရှိပြီးနောက် ပထမဆုံးအသိအမှတ်ပြုသောနိုင်ငံများထဲတွင် တစ် နိုင်ငံဖြစ်သည်။ (၁၉၅၁)ခုနှစ်တွင် နှစ်နိုင်ငံသည် " ချစ်ကြည်ရေးစာချုပ်" ကို လက်မှတ်ရေးထိုးခဲ့ပြီး မဟာဗျူ ဟာမြောက် နိုင်ငံရေး၊ စစ်ရေးနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုများအတွက် အခြေခံအုတ်မြစ်ချခဲ့ခြင်းဖြစ်သည်။ ပါကစ္စတန်လက်နက်ကိုင်တပ်ဖွဲ့များသည် ဆော်ဒီသို့ အကြိမ်များစွာသွားရောက်ခဲ့ပြီး ပင်လယ် ကွေ့နှင့် ပါကစ္စတန်နှစ်နိုင်ငံစလုံးတွင် ဆော်ဒီတပ်ဖွဲ့ ဝင်များကို နှစ်ချီ၍လေ့ကျင့်ပေးခဲ့သည်။ တရားဝင် မှတ်တမ်းများအရ ပါကစ္စတန်သည် (၁၉၆၇) ခုနှစ် မှစတင်ကာ ဆော်ဒီနိုင်ငံသား (၈ယဝဝဝ) ကျော်ကိုလေ့ ကျင့်ပေးခဲ့သည်။ (၁၉၈၂) ခုနှစ်တွင်လက်မှတ်ရေး ထိုးခဲ့သော သဘောတူညီချက်တစ်ခုသည် ဆော်ဒီ အာရေးဗျတွင် " ပါကစ္စတန်လက်နက်ကိုင် တပ်ဖွဲ့ဝင် များနှင့် စစ်ရေးလေ့ကျင့်ရေး" ကို ခိုင်မာစေခဲ့သည်။
သို့သော် ယခုနောက်ဆုံးချုပ်ဆိုသောစာ ချုပ်သည် အရှေ့အလယ်ပိုင်း၏ ပထဝီနိုင်ငံရေး
" စစ်တုရင်ခုံ" ရွေ့လျားနေချိန်တွင် ပေါ်ထွက်လာခြင်းဖြစ် သည်။ အစ္စရေး၏ ဂါဇာစစ်ပွဲနှင့် ဒေသတွင်း အိမ်နီး ချင်းများအပေါ် ထိုးစစ်ဆင်မှုများ၏ နောက်ဆက်တွဲ ဆိုးကျိုးများကြောင့် ပင်လယ်ကွေ့နိုင်ငံများ စိတ်မ သက်မသာဖြစ်နေချိန်လည်းဖြစ်သည်။ အမေရိကန် သည် အစ္စရေး၏ အရင်းနှီးဆုံးမဟာမိတ်ဖြစ်နေသော် လည်း အာရပ်နိုင်ငံအများစုမှာ အမေရိကန်၏ လုံခြုံ ရေးအာမခံချက်အပေါ် ဆက်လက်အားကိုးနေဆဲဖြစ်သည်။
ကာတာနိုင်ငံသည် စက်တင်ဘာ (၉) ရက် တွင် ဟားမတ်စ်ခေါင်းဆောင်များကို လက်ခံထားရှိ ခြင်းကြောင့် အစ္စရေး၏တိုက်ခိုက်ခြင်းခံရသည်။ (၂၀၂၅) ခုနှစ် နှစ်လယ်ပိုင်းအထိ အရှေ့အလယ်ပိုင်း တွင် အမေရိကန်စစ်သည် (၄၀,ဝဝဝ) မှ (၅၀,ဝဝဝ) ခန့်ရှိ စခန်းကြီးများနှင့် စခန်းငယ် အနည်းဆုံး (၁၉) ခုတွင်ဖြန့်ကြက်ချထားသည်။ အမေရိကန်စစ်သည် များ ဖြန့်ကြက်ချထားသည့်အထဲတွင် ဆော်ဒီနိုင်ငံ ရီယတ်မြို့ပြင်ပရှိ Prince Sultan လေတပ်စခန်း လည်းပါဝင်သည်။
အိန္ဒိယ၏ စိုးရိမ်မှုများ
ပါကစ္စတန်၏ နျူကလီးယားလက်နက် ပိုင်ဆိုင်သော အဓိကပြိုင်ဘက်ဖြစ်သည့် အိန္ဒိယက လည်း ကာကွယ်ရေးသဘောတူညီချက်ကို အနီးကပ် စောင့်ကြည့်နေသည်။ အိန္ဒိယနှင့် ပါကစ္စတန်အကြား ဆက်ဆံရေးသည် သမိုင်းတွင် အနိမ့်ဆုံးအခြေအနေ တွင်ရှိနေပြီး ဧပြီလတွင်ဖြစ်ပွားခဲ့သည့်တိုက်ခိုက်မှုအ ပြီးတွင် ပိုမိုဆိုးရွားသွားခဲ့သည်။ အိန္ဒိယထိန်းချုပ်မှု အောက်ရှိ ကက်ရှ်မီးယားတွင် သေနတ်သမားများက အရပ်သား (၂၆)ဦးကိုသတ်ဖြတ်ခဲ့ရာ အိန္ဒိယက ပါကစ္စတန်ကို အပြစ်တင်ခဲ့သော်လည်း ပါကစ္စတန်က ငြင်းဆိုခဲ့သည်။
နှစ်နိုင်ငံတို့သည် လေးရက်ကြာတိုက်ပွဲအ တွင်း ဒုံးကျည်များနှင့် မောင်းသူမဲ့လေယာဉ်များဖြင့် တစ်နိုင်ငံနှင့်တစ်နိုင်ငံ စစ်စခန်းများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြပြီး နှစ်ပေါင်းသုံးဆယ်နီးပါးအတွင်း အဆိုးရွားဆုံးအခြေအနေသို့ရောက်ရှိခဲ့သည်။ အမေ ရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြားဝင်စေ့စပ်ပေးခဲ့ သည်ဟုဆိုကာ မေလ(၁၀)ရက်တွင် အပစ်အခတ်ရပ် စဲခဲ့သည်။ အဆိုပါသဘောတူစာချုပ် လက်မှတ်ရေး ထိုးခြင်းနှင့်ပတ်သက်၍ အိန္ဒိယအစိုးရကသိရှိကြောင်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရန်ဒီယာဂျိုင်းဆွာလ်က အပတ်စဉ်သတင်းစာရှင်း လင်းပွဲတွင် ထုတ်ဖော်ပြောကြားခဲ့သည်။ " ကျွန်တော် တို့ရဲ့ အမျိုးသားလုံခြုံရေးအပြင် ဒေသတွင်းနဲ့ ကမ္ဘာ လုံးဆိုင်ရာတည်ငြိမ်မှုအတွက် ဒီဖြစ်ရပ်ရဲ့သက် ရောက်မှုတွေကို လေ့လာသွားပါမယ်။ အစိုးရက အိန္ဒိ ယရဲ့အမျိုးသားအကျိုးစီးပွားကိုကာကွယ်ဖို့နဲ့ နယ် ပယ်အားလုံးမှာ ပြည့်စုံတဲ့အမျိုးသားလုံခြုံရေးကို အာ မခံဖို့ကတိပြုထားပါတယ်" ဟု ဂျိုင်းဆွာလ်ကပြောသည်။
သို့သော်လည်း အဆိုပါသဘောတူညီချက် သည် ပါကစ္စတန်နှင့်ဆော်ဒီတို့၏ဆက်ဆံရေးကို ပြန် လည်မျှတအောင်လုပ်ဆောင်ပေးနိုင်သည်ဟု ပါကစ္စ တန်နိုင်ငံခြားရေးမူဝါဒများကိုလေ့လာနေသည့် သံတ မန်ဟောင်းတစ်ဦးဖြစ်သူ မိုဟာမက်ဖိုင်ဆယ်ဆိုသည်။ မကြာသေးမီနှစ်များက ဆော်ဒီသည် အိန္ဒိယနှင့် ပိုမို နီးကပ်သောဆက်ဆံရေးကိုတည်ဆောက်နေချိန် တွင် ပါကစ္စတန်၏ စီးပွားရေးကျဆင်းမှုကြောင့် ဆော် ဒီ၏ ဘဏ္ဍာရေးအကူအညီများအပေါ် အားထားမှုက ဆက်ဆံရေးကိုပုံဖော်ခဲ့သည်။ " ပါကစ္စတန်ရဲ့ အနေ အထားက ပိုကောင်းလာပြီ" ဟု ၎င်းကပြောသည်။ " ပါကစ္စတန်-ဆော်ဒီ နှစ်နိုင်ငံကာကွယ်ရေးနဲ့ ဒေသ တွင်းလုံခြုံရေးကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်မှုချဲ့ထွင်ဖို့ နေရာသစ်တွေပွင့်လာခဲ့ပြီ" ဟုလည်းဆိုသည်။
ပြီးခဲ့သည့်ဆယ်စုနှစ်အတွင်း ပါကစ္စတန်၏ စီးပွားရေးကျဆင်းလာပြီး ဆော်ဒီ၏အကူအညီများ အပေါ် ပိုမိုမှီခိုလာခဲ့ရာ အိန္ဒိယသည် ဆော်ဒီနှင့် ဆက်ဆံရေး တဖြည်းဖြည်းနက်ရှိုင်းလာခဲ့သည်။ အိန္ဒိယဝန် ကြီးချုပ် နာရင်ဒြာမိုဒီသည် ဧပြီလတွင် ဆော်ဒီအာရေး ဗီးယားသို့ ဆယ်စုနှစ်အတွင်း တတိယအကြိမ်မြောက် သွားရောက်ခဲ့သည်။
အဆိုပါစာချုပ်အသစ်သည် ဆော်ဒီအာ ရေးဗီးယားက ပါကစ္စတန်နှင့် ၎င်း၏ဆက်ဆံရေးကို ဆက်လက်အလေးထားကြောင်းပြသနေပြီး အိန္ဒိယ က ပါကစ္စတန်နှင့် ဝေးကွာအောင်ကြိုးစားနေသော် လည်း ပါကစ္စတန်သည် ၎င်း၏ အိမ်နီးချင်းပတ်ဝန်း ကျင်တွင် အထီးကျန်မနေကြောင်းပြသနေသည်ဟု ပါကစ္စတန် ပင်တိုင်ဆောင်းပါးရှင် Hamid Mir က ဆိုသည်။ " အိန္ဒိယရဲ့စစ်ရေးအန္တရာယ်ကို ပါကစ္စတန် ကရင်ဆိုင်နေရချိန်မှာပဲ ဆော်ဒီအာရေးဗီးယားဆီက နေ ခိုင်မာတဲ့ အပြန်အလှန်ကာကွယ်ရေးစာချုပ်ကို ပါကစ္စတန်ကရရှိခဲ့တယ်။ ဒါကြောင့် ဒါဟာ အနာဂတ် အိန္ဒိယ-ပါကစ္စတန်ဆက်ဆံရေးမှာ ရှုပ်ထွေးမှုတွေအများကြီးကိုဖြစ်စေပါတယ်" ဟု ၎င်းကပြောသည်။

ဆော်ဒီအာရေးဗီးယားအပေါ် ပါကစ္စတန်၏ နျူကလီးယားဒိုင်းလွှား

ဆော်ဒီအာရေးဗီးယားသည် ရုပ်ကြွငါးလောင်စာများမှ ကွဲပြားသောစွမ်းအင်ရရှိရန်အတွက် အရပ်သားသုံး နျူကလီးယားနည်းပညာကိုရယူရန် စိတ်ဝင်စားကြောင်း ကာလကြာရှည်ကတည်းက ဖော်ပြခဲ့သည်။ ဆော်ဒီစွမ်းအင်ဝန်ကြီး မင်းသား အဗ္ဗ ဒူလာဇစ်ဘင်ဆာလ်မန်အယ်လ်ဆောဒီက နျူကလီး ယားအစီအစဉ်၏ အဓိကအစိတ်အပိုင်းဖြစ်သော ယူ ရေနီယမ်သန့်စင်ရန်နှင့်ရောင်းချရန် ဆော်ဒီ အာရေး ဗီးယား၏ အဆင်သင့်ရှိမှုကို ထပ်လောင်းပြောကြား ခဲ့သည်။ သို့သော်လည်း ဆော်ဒီအာရေးဗီးယားအနေဖြင့် နျူကလီးယားလက်နက်များထုတ်လုပ်ရန် ကြိုး ပမ်းမည်မဟုတ်ကြောင်း ထပ်ခါတလဲလဲ ရှင်းလင်း ပြောကြားခဲ့သည်။
အမေရိကန်သတင်းစာဆရာ ဘော့ဝုဒ်ဝပ် က ၎င်း၏ (၂၀၂၄) ခုနှစ်ထုတ် War ဆိုသည့်စာအုပ် တွင် ဆော်ဒီအိမ်ရှေ့မင်းသားမိုဟာမက်သည် အမေရိ ကန်အထက်လွှတ်တော်အမတ် လင်ဆေးဂရေဟမ် ကို ဆော်ဒီအနေနဲ့ စွမ်းအင်ရည်ရွယ်ချက်အတွက်သာ ယူရေနီယမ်သန့်စင်ဖို့စီစဉ်တာဖြစ်တယ်လို့ စကား ဝိုင်းတစ်ခုတွင် ပြန်ပြောပြခဲ့သည်။
သို့သော်လည်း ပါကစ္စတန်နှင့် ဆော်ဒီအာ ရေးဗီးယားတို့အကြား လက်မှတ်ရေးထိုးထားသော သဘောတူညီချက်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့်ပတ်သက်၍ အချို့သောအချက်များ ရှင်းရှင်းလင်းလင်းမရှိ ကြောင်း လုံခြုံရေးလေ့လာသူ ပါကစ္စတန် တပ်မတော် အငြိမ်းစား ဗိုလ်မှူးချုပ် Feroz Hassan Khanက ပြောသည်။ " ပါကစ္စတန်က ကာကွယ်ရေးစာချုပ်တွေ အရင်ကချုပ်ဆိုခဲ့ဖူးပေမယ့် ဘယ်တစ်ခုကမှ နျူက လီးယားအာမခံချက်တွေ ဒါမှမဟုတ် နျူကလီးယား ထီးရိပ်အောက်ရောက်သွားတာမျိုးမရှိပါဘူး။ ဒီသ ဘောတူညီချက်မှာ နျူကလီးယားထီးရိပ်အောက် ရောက်လာမယ်ဆိုတာမျိုး ဒါမှမဟုတ် တားဆီးနိုင်စွမ်း တိုးချဲ့မယ်ဆိုတာမျိုး ဖော်ပြထားတာမရှိပါဘူး" ဟု ၎င်းကဆိုသည်။ " ဒီစာချုပ်က ဘာတွေအကျုံးဝင်သ လဲ၊ ဘာတွေ အကျုံးမဝင်ဘူးလဲ၊ တားဆီးကာကွယ်ရေး၊ အရင်းအမြစ်ကတိကဝတ်တွေ၊ လုပ်ငန်းလည်ပတ်မှု အသေးစိတ်တွေနဲ့ပတ်သက်တဲ့ မဟာမိတ်နိုင်ငံရေး အသစ်ကိုဖြစ်စေလိမ့်မယ်"ဟု ပါကစ္စတန် ပင်တိုင် ဆောင်းပါးရှင် Hamid Mir ကပြောသည်။ သို့သော် လည်း စာချုပ်ချုပ်ဆိုနိုင်ခဲ့ခြင်း၏ နိုင်ငံရေးအရေးပါမှု ကိုမလျော့ပါးစေကြောင်း၊ " ဒါက နှစ်နိုင်ငံစလုံးအ တွက် ကြီးမားတဲ့တိုးတက်မှုတစ်ခုပါ" ဟု ၎င်းကဆိုသည်။
သဘောတူညီချက်အရ တစ်နိုင်ငံကို ကျူး ကျော်ခြင်းသည် နှစ်နိုင်ငံလုံးကိုကျူးကျော်ခြင်းဖြစ် သည်ဟုရည်ညွှန်းထားသော်လည်း ၎င်းသည် လက်ရှိ အတွက် မဟာမိတ် သို့မဟုတ် ပူးတွဲ ကာကွယ်ရေး ကတိကဝတ်ထက် နိုင်ငံရေးဆိုင်ရာ ထုတ်ပြန်ချက် တစ်ခုသာဖြစ်နိုင်ကြောင်း တောင်အာရှ လုံခြုံရေးသု တေသီ မိုဟာမက်ဖိုင်ဆယ်က ထောက်ပြခဲ့သည်။ " သို့ သော်လည်း နှစ်ဖက်အကြား နိုင်ငံရေးနဲ့ ကာကွယ်ရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေက ပိုမိုနက်ရှိုင်းလာ မှာဖြစ်ပြီး နှစ်နိုင်ငံရဲ့ သက်ဆိုင်ရာ စစ်ရေးစွမ်းရည်တွေ ကိုလည်း အားကောင်းလာစေမှာပါ"ဟု ၎င်းက မှတ်ချက်ပေးသည်။

Zawgyi Version:
ေဆာ္ဒီ-ပါကစၥတန္ ကာကြယ္ေရးစာခ်ဳပ္က ေဒသတြင္း ပထဝီႏိုင္ငံေရးကို ဘယ္လိုပုံေဖာ္မလဲ
(ဘာသာျပန္ေဆာင္းပါး)
သန္းထိုက္စိုး (NP News) - စက္တင္ဘာလ ၂

ေဆာ္ဒီႏိုင္ငံသည္ ပါကစၥတန္ဝန္ႀကီးခ်ဳပ္ ရွာဘက္ဇ္ရွာရစ္ဖ္၏ ေဆာ္ဒီခရီးစဥ္တြင္ F-15 တိုက္ ေလယာဥ္မ်ား၊ ေကာ္ေဇာနီမ်ားျဖင့္ တခမ္းတနား ဂုဏ္ျပဳႀကိဳဆိုခဲ့သည္။ ထို႔ျပင္ ေဆာ္ဒီႏိုင္ငံအေနျဖင့္ ပါကစၥတန္ႏိုင္ငံႏွင့္ " မဟာဗ်ဴဟာေျမာက္ အျပန္အ လွန္ကာကြယ္ေရး သေဘာတူစာခ်ဳပ္ " တစ္ရပ္ကို လည္း လက္မွတ္ေရးထိုးႏိုင္ခဲ့သည္။
အဆိုပါသေဘာတူညီခ်က္သည္ ေဆာ္ဒီ-ပါကစၥတန္ႏွစ္ႏိုင္ငံ မဟာမိတ္ဆက္ဆံေရးသက္တမ္း ႏွစ္ေပါင္းရွစ္ဆယ္ေက်ာ္အတြင္း အထင္ကရမွတ္တိုင္ တစ္ခုျဖစ္သည္ဟု ေလ့လာသူမ်ားကဆိုသည္။ အစၥ လာမ္၏အထြတ္အျမတ္ဆုံးေနရာႏွစ္ခုကို ထိန္းသိမ္း ေစာင့္ေရွာက္သူ ေဆာ္ဒီႏိုင္ငံမွ အႀကီးတန္းအရာရွိ မ်ားႏွင့္ မြတ္စလင္ကမာၻ၏ တစ္ခုတည္းေသာ န်ဴက လီးယားစြမ္းအင္ပိုင္ရွင္ ပါကစၥတန္မွ ကိုယ္စားလွယ္ မ်ားေရွ႕ေမွာက္တြင္ ရီယတ္ၿမိဳ႕ရွိ နန္းေတာ္၊ ေတာ္ဝင္ တရား႐ုံး၌ သေဘာတူညီခ်က္လက္မွတ္ေရးထိုးပြဲ က်င္းပခဲ့ျခင္းျဖစ္သည္။
အဆိုပါသေဘာတူညီခ်က္သည္ ေဒသတြင္း ႏိုင္ငံေရးအေျခအေန မတည္မၿငိမ္ျဖစ္ေနခ်ိန္ တြင္ ေပၚေပါက္လာခဲ့ျခင္းျဖစ္သည္။ အစၥေရး၏ ႏွစ္ ႏွစ္ၾကာက်ဴးေက်ာ္မႈမ်ားအပါအဝင္ ဂါဇာစစ္ပြဲႏွင့္ အိမ္နီးခ်င္းႏိုင္ငံမ်ားအေပၚ ထိုးစစ္ဆင္မႈမ်ားအျပင္ ၿပီးခဲ့သည့္သီတင္းပတ္က ေဆာ္ဒီႏွင့္ နယ္နိမိတ္ခ်င္း ထိစပ္ေနေသာ ကာတာႏိုင္ငံ ဒိုဟာၿမိဳ႕ေတာ္ကို အစၥ ေရး၏တိုက္ခိုက္မႈအၿပီးတြင္ ေဒသတြင္း ႏိုင္ငံေရးအ ခ်ိဳးအေကြ႕မွာ လုံးဝေျပာင္းလဲသြားခဲ့သည္။
ထို႔ျပင္ ယခုသေဘာတူစာခ်ဳပ္သည္ အိႏၵိ ယႏွင့္ပါကစၥတန္အၾကား တင္းမာမႈမ်ားျမင့္တက္ေန ခ်ိန္ႏွင့္လည္း အခ်ိန္ကိုက္ေပၚေပါက္လာခဲ့ျခင္းျဖစ္ သည္။ အိႏၵိယႏွင့္ပါကစၥတန္ႏွစ္ႏိုင္ငံအၾကား ေလး ရက္ၾကာပဋိပကၡအတြင္း ႏွစ္ႏိုင္ငံရွိစစ္စခန္းမ်ားကို အျပန္အလွန္တိုက္ခိုက္ခဲ့ၾကရာ န်ဴကလီးယားလက္ နက္ပိုင္ဆိုင္သည့္ အိမ္နီးခ်င္းႏွစ္ႏိုင္ငံအၾကား အျပည့္အဝ စစ္ပြဲျဖစ္ပြားလုနီးနီးအေျခအေနသို႔ေရာက္ရွိခဲ့သည္။
ပါကစၥတန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေဆာ္ဒီအာေရးဗီးယားႏွင့္ခ်ဳပ္ဆိုေသာ သေဘာတူစာ ခ်ဳပ္သည္ ႏွစ္ႏိုင္ငံ၏လုံၿခဳံေရးကို ခိုင္မာေစရန္ႏွင့္ ေဒသတြင္းၿငိမ္းခ်မ္းေရးကိုျမႇင့္တင္ရန္အတြက္ " ဘုံ ဆႏၵရွိမႈကို" ထင္ဟပ္ေစၿပီး " မည္သည့္က်ဴးေက်ာ္မႈ ကိုမဆို ပူးေပါင္းတားဆီးကာကြယ္ေရးကို ခိုင္မာေစရန္" ကတိျပဳေၾကာင္းေျပာၾကားခဲ့သည္။
" သေဘာတူစာခ်ဳပ္မွာ တစ္ႏိုင္ငံကို က်ဴး ေက်ာ္ျခင္းသည္ ႏွစ္ႏိုင္ငံလုံးကိုက်ဴးေက်ာ္ျခင္းဟု သတ္မွတ္ေၾကာင္း" ဝန္ႀကီးဌာန၏ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။ ဝါရွင္တန္ဒီစီအေျခစိုက္ Stimson Center မွ အႀကီးတန္းသုေတသီ အက္စ္ဖန္ဒီယာမီ ယာက အဆိုပါသေဘာတူစာခ်ဳပ္မွာ ႏွစ္ႏိုင္ငံလုံးအ တြက္ " ေဒသတြင္းပထဝီႏိုင္ငံေရးကို အလွည့္အ ေျပာင္းျဖစ္ေစသည့္သေဘာတူညီခ်က္" အျဖစ္ေဖာ္ျပ ခဲ့သည္။ " ပါကစၥတန္ဟာ အရင္က အေမရိကန္နဲ႔ စစ္ေအးေခတ္ကာလမွာ အျပန္အလွန္ ကာကြယ္ေရး စာခ်ဳပ္ေတြခ်ဳပ္ဆိုခဲ့ဖူးေပမယ့္ (၁၉၇၀) ျပည့္လြန္ႏွစ္ ေတြမွာက်ိဳးပ်က္သြားခဲ့တယ္။ တ႐ုတ္ႏိုင္ငံနဲ႔ ကာ ကြယ္ေရးပူးေပါင္းေဆာင္႐ြက္မႈ အမ်ားအျပားရွိေပ မယ့္လည္း ပါကစၥတန္နဲ႔ေတာ့ အျပန္အလွန္ကာကြယ္ ေရး တရားဝင္စာခ်ဳပ္ ခ်ဳပ္ဆိုတာမ်ိဳးမရွိပါဘူး" ဟု အက္စ္ဖန္ဒီယာမီယာက အယ္လ္ဂ်ာဇီးယား သတင္း ဌာနကို ထုတ္ေဖာ္ေျပာဆိုခဲ့သည္ကိုေတြ႕ရသည္။

သမိုင္းဝင္ေႏွာင္ႀကိဳးမ်ားႏွင့္ စစ္ေရးပူးေပါင္းေဆာင္႐ြက္မႈမ်ား

သေဘာတူစာခ်ဳပ္သည္ ပါကစၥတန္အ တြက္ ယူေအအီးႏွင့္ကာတာတို႔လို အဓိကပင္လယ္ ေကြ႕မိတ္ဖက္မ်ားႏွင့္ပုံစံတူ ႏွစ္ႏိုင္ငံကာကြယ္ေရးပူး ေပါင္းေဆာင္႐ြက္မႈမ်ားျပဳလုပ္ရန္ ပုံစံတစ္ခုအျဖစ္ အသုံးျပဳႏိုင္သည္ဟု ဆစ္ဒနီနည္းပညာတကၠသိုလ္မွ ေတာင္အာရွလုံၿခဳံေရးသုေတသီ မိုဟာမက္ဖိုင္ဆယ္ ကဆိုသည္။ " ခ်က္ခ်င္းလက္ငင္းအေနနဲ႔ ဒီသေဘာ တူညီခ်က္ဟာ ရွိၿပီးသားကာကြယ္ေရးပူးေပါင္းေဆာင္ ႐ြက္မႈေတြကိုခိုင္မာေစၿပီး တရားဝင္ျဖစ္ေစလိမ့္မယ္။ ဒါ့ျပင္ ပူးတြဲေလ့က်င့္မႈေတြ၊ ကာကြယ္ေရးပစၥည္းထုတ္ လုပ္မႈေတြနဲ႔ ေဆာ္ဒီအာေရးဗ်မွာရွိတဲ့ ပါကစၥတန္တပ္ ဖြဲ႕ဝင္အေရအတြက္ကိုတိုးျမႇင့္ဖို႔အတြက္ နည္းလမ္း သစ္ေတြရွာေဖြသြားမွာပါ" ဟု ပါကစၥတန္ႏိုင္ငံျခားေရး မူဝါဒမ်ားကိုေလ့လာေနသည့္ သံတမန္ေဟာင္းတစ္ဦး ျဖစ္သူ မိုဟာမက္ဖိုင္ဆယ္ကေျပာသည္။
ေဆာ္ဒီအာေရးဗီးယားသည္ (၁၉၄၇)ခုႏွစ္ ဩ ဂုတ္လတြင္ ပါကစၥတန္လြတ္လပ္ေရးရရွိၿပီးေနာက္ ပထမဆုံးအသိအမွတ္ျပဳေသာႏိုင္ငံမ်ားထဲတြင္ တစ္ ႏိုင္ငံျဖစ္သည္။ (၁၉၅၁)ခုႏွစ္တြင္ ႏွစ္ႏိုင္ငံသည္ " ခ်စ္ၾကည္ေရးစာခ်ဳပ္" ကို လက္မွတ္ေရးထိုးခဲ့ၿပီး မဟာဗ်ဴ ဟာေျမာက္ ႏိုင္ငံေရး၊ စစ္ေရးႏွင့္ စီးပြားေရး ပူးေပါင္း ေဆာင္႐ြက္မႈမ်ားအတြက္ အေျခခံအုတ္ျမစ္ခ်ခဲ့ျခင္းျဖစ္သည္။ ပါကစၥတန္လက္နက္ကိုင္တပ္ဖြဲ႕မ်ားသည္ ေဆာ္ဒီသို႔ အႀကိမ္မ်ားစြာသြားေရာက္ခဲ့ၿပီး ပင္လယ္ ေကြ႕ႏွင့္ ပါကစၥတန္ႏွစ္ႏိုင္ငံစလုံးတြင္ ေဆာ္ဒီတပ္ဖြဲ႕ ဝင္မ်ားကို ႏွစ္ခ်ီ၍ေလ့က်င့္ေပးခဲ့သည္။ တရားဝင္ မွတ္တမ္းမ်ားအရ ပါကစၥတန္သည္ (၁၉၆၇) ခုႏွစ္ မွစတင္ကာ ေဆာ္ဒီႏိုင္ငံသား (၈ယဝဝဝ) ေက်ာ္ကိုေလ့ က်င့္ေပးခဲ့သည္။ (၁၉၈၂) ခုႏွစ္တြင္လက္မွတ္ေရး ထိုးခဲ့ေသာ သေဘာတူညီခ်က္တစ္ခုသည္ ေဆာ္ဒီ အာေရးဗ်တြင္ " ပါကစၥတန္လက္နက္ကိုင္ တပ္ဖြဲ႕ဝင္ မ်ားႏွင့္ စစ္ေရးေလ့က်င့္ေရး" ကို ခိုင္မာေစခဲ့သည္။
သို႔ေသာ္ ယခုေနာက္ဆုံးခ်ဳပ္ဆိုေသာစာ ခ်ဳပ္သည္ အေရွ႕အလယ္ပိုင္း၏ ပထဝီႏိုင္ငံေရး
" စစ္တုရင္ခုံ" ေ႐ြ႕လ်ားေနခ်ိန္တြင္ ေပၚထြက္လာျခင္းျဖစ္ သည္။ အစၥေရး၏ ဂါဇာစစ္ပြဲႏွင့္ ေဒသတြင္း အိမ္နီး ခ်င္းမ်ားအေပၚ ထိုးစစ္ဆင္မႈမ်ား၏ ေနာက္ဆက္တြဲ ဆိုးက်ိဳးမ်ားေၾကာင့္ ပင္လယ္ေကြ႕ႏိုင္ငံမ်ား စိတ္မ သက္မသာျဖစ္ေနခ်ိန္လည္းျဖစ္သည္။ အေမရိကန္ သည္ အစၥေရး၏ အရင္းႏွီးဆုံးမဟာမိတ္ျဖစ္ေနေသာ္ လည္း အာရပ္ႏိုင္ငံအမ်ားစုမွာ အေမရိကန္၏ လုံၿခဳံ ေရးအာမခံခ်က္အေပၚ ဆက္လက္အားကိုးေနဆဲျဖစ္သည္။
ကာတာႏိုင္ငံသည္ စက္တင္ဘာ (၉) ရက္ တြင္ ဟားမတ္စ္ေခါင္းေဆာင္မ်ားကို လက္ခံထားရွိ ျခင္းေၾကာင့္ အစၥေရး၏တိုက္ခိုက္ျခင္းခံရသည္။ (၂၀၂၅) ခုႏွစ္ ႏွစ္လယ္ပိုင္းအထိ အေရွ႕အလယ္ပိုင္း တြင္ အေမရိကန္စစ္သည္ (၄၀,ဝဝဝ) မွ (၅၀,ဝဝဝ) ခန႔္ရွိ စခန္းႀကီးမ်ားႏွင့္ စခန္းငယ္ အနည္းဆုံး (၁၉) ခုတြင္ျဖန႔္ၾကက္ခ်ထားသည္။ အေမရိကန္စစ္သည္ မ်ား ျဖန႔္ၾကက္ခ်ထားသည့္အထဲတြင္ ေဆာ္ဒီႏိုင္ငံ ရီယတ္ၿမိဳ႕ျပင္ပရွိ Prince Sultan ေလတပ္စခန္း လည္းပါဝင္သည္။
အိႏၵိယ၏ စိုးရိမ္မႈမ်ား
ပါကစၥတန္၏ န်ဴကလီးယားလက္နက္ ပိုင္ဆိုင္ေသာ အဓိကၿပိဳင္ဘက္ျဖစ္သည့္ အိႏၵိယက လည္း ကာကြယ္ေရးသေဘာတူညီခ်က္ကို အနီးကပ္ ေစာင့္ၾကည့္ေနသည္။ အိႏၵိယႏွင့္ ပါကစၥတန္အၾကား ဆက္ဆံေရးသည္ သမိုင္းတြင္ အနိမ့္ဆုံးအေျခအေန တြင္ရွိေနၿပီး ဧၿပီလတြင္ျဖစ္ပြားခဲ့သည့္တိုက္ခိုက္မႈအ ၿပီးတြင္ ပိုမိုဆိုး႐ြားသြားခဲ့သည္။ အိႏၵိယထိန္းခ်ဳပ္မႈ ေအာက္ရွိ ကက္ရွ္မီးယားတြင္ ေသနတ္သမားမ်ားက အရပ္သား (၂၆)ဦးကိုသတ္ျဖတ္ခဲ့ရာ အိႏၵိယက ပါကစၥတန္ကို အျပစ္တင္ခဲ့ေသာ္လည္း ပါကစၥတန္က ျငင္းဆိုခဲ့သည္။
ႏွစ္ႏိုင္ငံတို႔သည္ ေလးရက္ၾကာတိုက္ပြဲအ တြင္း ဒုံးက်ည္မ်ားႏွင့္ ေမာင္းသူမဲ့ေလယာဥ္မ်ားျဖင့္ တစ္ႏိုင္ငံႏွင့္တစ္ႏိုင္ငံ စစ္စခန္းမ်ားကို ပစ္မွတ္ထား တိုက္ခိုက္ခဲ့ၾကၿပီး ႏွစ္ေပါင္းသုံးဆယ္နီးပါးအတြင္း အဆိုး႐ြားဆုံးအေျခအေနသို႔ေရာက္ရွိခဲ့သည္။ အေမ ရိကန္သမၼတ ေဒၚနယ္ထရမ့္က ၾကားဝင္ေစ့စပ္ေပးခဲ့ သည္ဟုဆိုကာ ေမလ(၁၀)ရက္တြင္ အပစ္အခတ္ရပ္ စဲခဲ့သည္။ အဆိုပါသေဘာတူစာခ်ဳပ္ လက္မွတ္ေရး ထိုးျခင္းႏွင့္ပတ္သက္၍ အိႏၵိယအစိုးရကသိရွိေၾကာင္း အိႏၵိယ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ ရန္ဒီယာဂ်ိဳင္းဆြာလ္က အပတ္စဥ္သတင္းစာရွင္း လင္းပြဲတြင္ ထုတ္ေဖာ္ေျပာၾကားခဲ့သည္။ " ကြၽန္ေတာ္ တို႔ရဲ႕ အမ်ိဳးသားလုံၿခဳံေရးအျပင္ ေဒသတြင္းနဲ႔ ကမာၻ လုံးဆိုင္ရာတည္ၿငိမ္မႈအတြက္ ဒီျဖစ္ရပ္ရဲ႕သက္ ေရာက္မႈေတြကို ေလ့လာသြားပါမယ္။ အစိုးရက အိႏၵိ ယရဲ႕အမ်ိဳးသားအက်ိဳးစီးပြားကိုကာကြယ္ဖို႔နဲ႔ နယ္ ပယ္အားလုံးမွာ ျပည့္စုံတဲ့အမ်ိဳးသားလုံၿခဳံေရးကို အာ မခံဖို႔ကတိျပဳထားပါတယ္" ဟု ဂ်ိဳင္းဆြာလ္ကေျပာသည္။
သို႔ေသာ္လည္း အဆိုပါသေဘာတူညီခ်က္ သည္ ပါကစၥတန္ႏွင့္ေဆာ္ဒီတို႔၏ဆက္ဆံေရးကို ျပန္ လည္မွ်တေအာင္လုပ္ေဆာင္ေပးႏိုင္သည္ဟု ပါကစၥ တန္ႏိုင္ငံျခားေရးမူဝါဒမ်ားကိုေလ့လာေနသည့္ သံတ မန္ေဟာင္းတစ္ဦးျဖစ္သူ မိုဟာမက္ဖိုင္ဆယ္ဆိုသည္။ မၾကာေသးမီႏွစ္မ်ားက ေဆာ္ဒီသည္ အိႏၵိယႏွင့္ ပိုမို နီးကပ္ေသာဆက္ဆံေရးကိုတည္ေဆာက္ေနခ်ိန္ တြင္ ပါကစၥတန္၏ စီးပြားေရးက်ဆင္းမႈေၾကာင့္ ေဆာ္ ဒီ၏ ဘ႑ာေရးအကူအညီမ်ားအေပၚ အားထားမႈက ဆက္ဆံေရးကိုပုံေဖာ္ခဲ့သည္။ " ပါကစၥတန္ရဲ႕ အေန အထားက ပိုေကာင္းလာၿပီ" ဟု ၎ကေျပာသည္။ " ပါကစၥတန္-ေဆာ္ဒီ ႏွစ္ႏိုင္ငံကာကြယ္ေရးနဲ႔ ေဒသ တြင္းလုံၿခဳံေရးကိစၥေတြမွာ ပူးေပါင္းေဆာင္႐ြက္မႈခ်ဲ႕ထြင္ဖို႔ ေနရာသစ္ေတြပြင့္လာခဲ့ၿပီ" ဟုလည္းဆိုသည္။
ၿပီးခဲ့သည့္ဆယ္စုႏွစ္အတြင္း ပါကစၥတန္၏ စီးပြားေရးက်ဆင္းလာၿပီး ေဆာ္ဒီ၏အကူအညီမ်ား အေပၚ ပိုမိုမွီခိုလာခဲ့ရာ အိႏၵိယသည္ ေဆာ္ဒီႏွင့္ ဆက္ဆံေရး တျဖည္းျဖည္းနက္ရႈိင္းလာခဲ့သည္။ အိႏၵိယဝန္ ႀကီးခ်ဳပ္ နာရင္ျဒာမိုဒီသည္ ဧၿပီလတြင္ ေဆာ္ဒီအာေရး ဗီးယားသို႔ ဆယ္စုႏွစ္အတြင္း တတိယအႀကိမ္ေျမာက္ သြားေရာက္ခဲ့သည္။
အဆိုပါစာခ်ဳပ္အသစ္သည္ ေဆာ္ဒီအာ ေရးဗီးယားက ပါကစၥတန္ႏွင့္ ၎၏ဆက္ဆံေရးကို ဆက္လက္အေလးထားေၾကာင္းျပသေနၿပီး အိႏၵိယ က ပါကစၥတန္ႏွင့္ ေဝးကြာေအာင္ႀကိဳးစားေနေသာ္ လည္း ပါကစၥတန္သည္ ၎၏ အိမ္နီးခ်င္းပတ္ဝန္း က်င္တြင္ အထီးက်န္မေနေၾကာင္းျပသေနသည္ဟု ပါကစၥတန္ ပင္တိုင္ေဆာင္းပါးရွင္ Hamid Mir က ဆိုသည္။ " အိႏၵိယရဲ႕စစ္ေရးအႏၲရာယ္ကို ပါကစၥတန္ ကရင္ဆိုင္ေနရခ်ိန္မွာပဲ ေဆာ္ဒီအာေရးဗီးယားဆီက ေန ခိုင္မာတဲ့ အျပန္အလွန္ကာကြယ္ေရးစာခ်ဳပ္ကို ပါကစၥတန္ကရရွိခဲ့တယ္။ ဒါေၾကာင့္ ဒါဟာ အနာဂတ္ အိႏၵိယ-ပါကစၥတန္ဆက္ဆံေရးမွာ ရႈပ္ေထြးမႈေတြအမ်ားႀကီးကိုျဖစ္ေစပါတယ္" ဟု ၎ကေျပာသည္။

ေဆာ္ဒီအာေရးဗီးယားအေပၚ ပါကစၥတန္၏ န်ဴကလီးယားဒိုင္းလႊား

ေဆာ္ဒီအာေရးဗီးယားသည္ ႐ုပ္ႂကြငါးေလာင္စာမ်ားမွ ကြဲျပားေသာစြမ္းအင္ရရွိရန္အတြက္ အရပ္သားသုံး န်ဴကလီးယားနည္းပညာကိုရယူရန္ စိတ္ဝင္စားေၾကာင္း ကာလၾကာရွည္ကတည္းက ေဖာ္ျပခဲ့သည္။ ေဆာ္ဒီစြမ္းအင္ဝန္ႀကီး မင္းသား အဗၺ ဒူလာဇစ္ဘင္ဆာလ္မန္အယ္လ္ေဆာဒီက န်ဴကလီး ယားအစီအစဥ္၏ အဓိကအစိတ္အပိုင္းျဖစ္ေသာ ယူ ေရနီယမ္သန႔္စင္ရန္ႏွင့္ေရာင္းခ်ရန္ ေဆာ္ဒီ အာေရး ဗီးယား၏ အဆင္သင့္ရွိမႈကို ထပ္ေလာင္းေျပာၾကား ခဲ့သည္။ သို႔ေသာ္လည္း ေဆာ္ဒီအာေရးဗီးယားအေနျဖင့္ န်ဴကလီးယားလက္နက္မ်ားထုတ္လုပ္ရန္ ႀကိဳး ပမ္းမည္မဟုတ္ေၾကာင္း ထပ္ခါတလဲလဲ ရွင္းလင္း ေျပာၾကားခဲ့သည္။
အေမရိကန္သတင္းစာဆရာ ေဘာ့ဝုဒ္ဝပ္ က ၎၏ (၂၀၂၄) ခုႏွစ္ထုတ္ War ဆိုသည့္စာအုပ္ တြင္ ေဆာ္ဒီအိမ္ေရွ႕မင္းသားမိုဟာမက္သည္ အေမရိ ကန္အထက္လႊတ္ေတာ္အမတ္ လင္ေဆးဂေရဟမ္ ကို ေဆာ္ဒီအေနနဲ႔ စြမ္းအင္ရည္႐ြယ္ခ်က္အတြက္သာ ယူေရနီယမ္သန႔္စင္ဖို႔စီစဥ္တာျဖစ္တယ္လို႔ စကား ဝိုင္းတစ္ခုတြင္ ျပန္ေျပာျပခဲ့သည္။
သို႔ေသာ္လည္း ပါကစၥတန္ႏွင့္ ေဆာ္ဒီအာ ေရးဗီးယားတို႔အၾကား လက္မွတ္ေရးထိုးထားေသာ သေဘာတူညီခ်က္၏ အဓိပၸာယ္ဖြင့္ဆိုခ်က္ႏွင့္ပတ္သက္၍ အခ်ိဳ႕ေသာအခ်က္မ်ား ရွင္းရွင္းလင္းလင္းမရွိ ေၾကာင္း လုံၿခဳံေရးေလ့လာသူ ပါကစၥတန္ တပ္မေတာ္ အၿငိမ္းစား ဗိုလ္မႉးခ်ဳပ္ Feroz Hassan Khanက ေျပာသည္။ " ပါကစၥတန္က ကာကြယ္ေရးစာခ်ဳပ္ေတြ အရင္ကခ်ဳပ္ဆိုခဲ့ဖူးေပမယ့္ ဘယ္တစ္ခုကမွ န်ဴက လီးယားအာမခံခ်က္ေတြ ဒါမွမဟုတ္ န်ဴကလီးယား ထီးရိပ္ေအာက္ေရာက္သြားတာမ်ိဳးမရွိပါဘူး။ ဒီသ ေဘာတူညီခ်က္မွာ န်ဴကလီးယားထီးရိပ္ေအာက္ ေရာက္လာမယ္ဆိုတာမ်ိဳး ဒါမွမဟုတ္ တားဆီးႏိုင္စြမ္း တိုးခ်ဲ႕မယ္ဆိုတာမ်ိဳး ေဖာ္ျပထားတာမရွိပါဘူး" ဟု ၎ကဆိုသည္။ " ဒီစာခ်ဳပ္က ဘာေတြအက်ဳံးဝင္သ လဲ၊ ဘာေတြ အက်ဳံးမဝင္ဘူးလဲ၊ တားဆီးကာကြယ္ေရး၊ အရင္းအျမစ္ကတိကဝတ္ေတြ၊ လုပ္ငန္းလည္ပတ္မႈ အေသးစိတ္ေတြနဲ႔ပတ္သက္တဲ့ မဟာမိတ္ႏိုင္ငံေရး အသစ္ကိုျဖစ္ေစလိမ့္မယ္"ဟု ပါကစၥတန္ ပင္တိုင္ ေဆာင္းပါးရွင္ Hamid Mir ကေျပာသည္။ သို႔ေသာ္ လည္း စာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ခဲ့ျခင္း၏ ႏိုင္ငံေရးအေရးပါမႈ ကိုမေလ်ာ့ပါးေစေၾကာင္း၊ " ဒါက ႏွစ္ႏိုင္ငံစလုံးအ တြက္ ႀကီးမားတဲ့တိုးတက္မႈတစ္ခုပါ" ဟု ၎ကဆိုသည္။
သေဘာတူညီခ်က္အရ တစ္ႏိုင္ငံကို က်ဴး ေက်ာ္ျခင္းသည္ ႏွစ္ႏိုင္ငံလုံးကိုက်ဴးေက်ာ္ျခင္းျဖစ္ သည္ဟုရည္ၫႊန္းထားေသာ္လည္း ၎သည္ လက္ရွိ အတြက္ မဟာမိတ္ သို႔မဟုတ္ ပူးတြဲ ကာကြယ္ေရး ကတိကဝတ္ထက္ ႏိုင္ငံေရးဆိုင္ရာ ထုတ္ျပန္ခ်က္ တစ္ခုသာျဖစ္ႏိုင္ေၾကာင္း ေတာင္အာရွ လုံၿခဳံေရးသု ေတသီ မိုဟာမက္ဖိုင္ဆယ္က ေထာက္ျပခဲ့သည္။ " သို႔ ေသာ္လည္း ႏွစ္ဖက္အၾကား ႏိုင္ငံေရးနဲ႔ ကာကြယ္ေရး ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈေတြက ပိုမိုနက္ရႈိင္းလာ မွာျဖစ္ၿပီး ႏွစ္ႏိုင္ငံရဲ႕ သက္ဆိုင္ရာ စစ္ေရးစြမ္းရည္ေတြ ကိုလည္း အားေကာင္းလာေစမွာပါ"ဟု ၎က မွတ္ခ်က္ေပးသည္။

Related news

© 2021. All rights reserved.