စာဝါလိုက်နေသည့် ကိုရင်များရှိသော ရွှေဘိုမြို့နယ်အတွင်းမှ ဘုန်းကြီးကျောင်းကို PDF အဖွဲ့က ရှော့တိုက်ဒုံးဖြင့်ပစ်ခတ်သဖြင့် ကိုရင်(၃)ပါး ပျံလွန်တော်မူ

 459

သန့်ဇင်(NP News)-အောက်တိုဘာ ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်ရှိ စာဝါလိုက်နေသည့် ကိုရင်များရှိသော ဘုန်းကြီးကျောင်းကို PDF အဖွဲ့က ရှော့တိုက်ဒုံးဖြင့်ပစ်ခတ် သဖြင့် ကိုရင်(၃)ပါး ပျံလွန်တော်မူကာ (၈)ပါး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

ယမန်နေ့(အောက်တိုဘာ ၂ရက်) ညနေပိုင်းက ရွှေဘိုမြို့နယ်၊ ချီပါ(တောင်)ရွာအနီးမှ PDF အဖွဲ့ဝင်များသည် သံဃာတော်များ သီတင်းသုံး နေထိုင်လျက်ရှိသည့် အောင်မြေဘုန်းတော်ကြီးကျောင်းဝင်းရှိ ချမ်းမြေ့ကျောင်းတိုက်အတွင်းသို့ လက်လုပ်ရှော့တိုက် ဒုံးပစ်ခတ်ခဲ့ ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်မှုကြောင့် ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲခဲ့ရာ ဘုန်းတော်ကြီးကျောင်းမှ စာသင်စာချပြုလုပ်နေသည့် သံဃာတော်များ ဖြစ်သည့် သက်တော် (၁၂) နှစ် နှင့် (၁၃) နှစ်အရွယ်ကြားရှိ ကိုရင် (၃) ပါး ပျံလွန်တော်မူခဲ့ပြီး ကိုရင် (၈) ပါး ဗုံးစထိမှန် ထိခိုက်ဒဏ်ရာ များရရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပျံလွန်တော်မူ၊ ဒဏ်ရာရရှိခဲ့သည့် ကိုရင်ငယ်များအား ရွှေဘိုမြို့၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရကြောင်း သိရသည်။

PDF အဖွဲ့ဝင်များသည် ယခုကဲ့သို့ စစ်ရေးနှင့်မသက်ဆိုင်သည့် သာသနာနိကအဆောက်အအုံနေရာသို့ အသိတရားကင်းမဲ့စွာဖြင့် အကြမ်းဖက် လုပ်ရပ်များ ဆောင်ရွက်ခဲ့ခြင်းအတွက် ဒေသခံပြည်သူများအနေဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့် အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေး လုပ်ငန်းများကိုလည်း တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
စာဝါလိုက္ေနသည့္ ကိုရင္မ်ားရွိေသာ ေ႐ႊဘိုၿမိဳ႕နယ္အတြင္းမွ ဘုန္းႀကီးေက်ာင္းကို PDF အဖြဲ႕က ေရွာ့တိုက္ဒုံးျဖင့္ပစ္ခတ္သျဖင့္ ကိုရင္(၃)ပါး ပ်ံလြန္ေတာ္မူ
သန႔္ဇင္(NP News)-ေအာက္တိုဘာ ၃

စစ္ကိုင္းတိုင္းေဒသႀကီး၊ ေ႐ႊဘိုၿမိဳ႕နယ္ရွိ စာဝါလိုက္ေနသည့္ ကိုရင္မ်ားရွိေသာ ဘုန္းႀကီးေက်ာင္းကို PDF အဖြဲ႕က ေရွာ့တိုက္ဒုံးျဖင့္ပစ္ခတ္ သျဖင့္ ကိုရင္(၃)ပါး ပ်ံလြန္ေတာ္မူကာ (၈)ပါး ဒဏ္ရာရရွိခဲ့ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္၏ ထုတ္ျပန္ခ်က္အရ သိရသည္။

ယမန္ေန႔(ေအာက္တိုဘာ ၂ရက္) ညေနပိုင္းက ေ႐ႊဘိုၿမိဳ႕နယ္၊ ခ်ီပါ(ေတာင္)႐ြာအနီးမွ PDF အဖြဲ႕ဝင္မ်ားသည္ သံဃာေတာ္မ်ား သီတင္းသုံး ေနထိုင္လ်က္ရွိသည့္ ေအာင္ေျမဘုန္းေတာ္ႀကီးေက်ာင္းဝင္းရွိ ခ်မ္းေျမ့ေက်ာင္းတိုက္အတြင္းသို႔ လက္လုပ္ေရွာ့တိုက္ ဒုံးပစ္ခတ္ခဲ့ ေၾကာင္း သိရသည္။

ထိုသို႔ ပစ္ခတ္မႈေၾကာင့္ ေရွာ့တိုက္ဒုံး က်ေရာက္ေပါက္ကြဲခဲ့ရာ ဘုန္းေတာ္ႀကီးေက်ာင္းမွ စာသင္စာခ်ျပဳလုပ္ေနသည့္ သံဃာေတာ္မ်ား ျဖစ္သည့္ သက္ေတာ္ (၁၂) ႏွစ္ ႏွင့္ (၁၃) ႏွစ္အ႐ြယ္ၾကားရွိ ကိုရင္ (၃) ပါး ပ်ံလြန္ေတာ္မူခဲ့ၿပီး ကိုရင္ (၈) ပါး ဗုံးစထိမွန္ ထိခိုက္ဒဏ္ရာ မ်ားရရွိခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ပ်ံလြန္ေတာ္မူ၊ ဒဏ္ရာရရွိခဲ့သည့္ ကိုရင္ငယ္မ်ားအား ေ႐ႊဘိုၿမိဳ႕၊ ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္၍ လိုအပ္သည့္ က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္႐ြက္ေပးခဲ့ရေၾကာင္း သိရသည္။

PDF အဖြဲ႕ဝင္မ်ားသည္ ယခုကဲ့သို႔ စစ္ေရးႏွင့္မသက္ဆိုင္သည့္ သာသနာနိကအေဆာက္အအုံေနရာသို႔ အသိတရားကင္းမဲ့စြာျဖင့္ အၾကမ္းဖက္ လုပ္ရပ္မ်ား ေဆာင္႐ြက္ခဲ့ျခင္းအတြက္ ေဒသခံျပည္သူမ်ားအေနျဖင့္ ျပင္းျပင္းထန္ထန္ ကန႔္ကြက္ရႈတ္ခ်လ်က္ရွိေၾကာင္းႏွင့္ အၾကမ္းဖက္မႈက်ဴးလြန္ခဲ့သူမ်ားအား ဥပေဒႏွင့္အညီ ထိေရာက္စြာအေရးယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက နယ္ေျမလုံၿခဳံေရး လုပ္ငန္းမ်ားကိုလည္း တိုးျမႇင့္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.