လေးဖြူကိုယ်တိုင် သီဆိုပေးသော အမဲလိုက်အက သီချင်းဖြင့် ပွဲထွက်ပြီး အနိုင်ယူကာ ကစားသမား ဘဝ မှ အနားယူခဲ့သည့် အောင်လအန်ဆန်

4306
သုတကျော် (NP News) - အောက်တိုဘာ ၄
အဆိုတော် လေးဖြူကိုယ်တိုင် သီဆိုပေးသည့် အမဲလိုက်အက သီချင်းဖြင့် ပွဲထွက်ပြီး ပြိုင်ဘက် ကစားသမားကို အနိုင်ယူကာ မြန်မာ့စပါးအုံ ဆိုသော အမည်ဖြင့် ထင်ရှားသည့် MMA ကစားသမား အောင်လအန်ဆန်း မှာ ကစားသမား ဘဝမှ အနားယူသွားခဲ့ပြီဖြစ်သည်။
ယနေ့ (အောက်တိုဘာလ ၄ ရက်) တွင် ပြုလုပ်သော ONE Fight Night ပြိုင်ပွဲတွင် အောင်လအန်ဆန်းသည် ပြိုင်ဘက် ဆွီဒင် ကစားသမား Zebaztion Kadestam ကို ဒိုင်ပွဲရပ်ဖြင့် အနိုင်ယူခဲ့ခြင်း ဖြစ်ပြီး ဆုကြေး ဒေါ်လာ ငါးသောင်းလည်း ရခဲ့သည်။
ယခု ပွဲမတိုင်မီကပင် အနားယူတော့မည့် အောင်လအန်ဆန်း နှင့် ပတ်သက်သော ဓာတ်ပုံများ နှင့် ဗွီဒီယိုကို One Championship ၏ လူမှုကွန်ယက်ဖေ့စ်ဘွတ်ခ် စာမျက်နှာထက်တွင် တင်ခဲ့သည်။
One Championship တွင် အောင်မြင်မှုများ ရရှိခဲ့သည် အောင်လအန်ဆန်း ကို "One Hall of Fame" စာရင်းတွင်လည်း ထည့်သွင်း ဂုဏ်ပြုခဲ့ကြောင်း သိရသည်။
Zawgyi Version:
သုတကျော် (NP News) - အောက်တိုဘာ ၎