ရွှေတိဂုံစေတီတော် အင်္ဂါထောင့်၊ ရင်ပြင်ပေါ်တွင် အပေါ်စွန့်သော အမျိုးသား ကို ဖမ်းမိ

1170

ပီယ (NP News) - အောက်တိုဘာ ၄
ရွှေတိဂုံစေတီတော် အင်္ဂါထောင့်၊ ရင်ပြင်ပေါ်တွင် အပေါ်စွန့်သော အမျိုးသား ကို ဖမ်းမိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ထံက သိရသည်။
အမျိုးသား တစ်ဦး က ရွှေတိဂုံစေတီတော်ရင်ပြင်ပေါ်ရှိ အင်္ဂါထောင့်မြေစိုက် စေတီအမှတ်-၄၈ နှင့် အုတ်ဂူစေတီအမှတ်-၁၁၈ ကြားတွင် အပေါ့စွန့်နေသည်ကို အခြား သူ တစ်ဦး က ဗွီဒီယို ရိုက်ကူးခဲ့သော ရုပ်သံဖိုင်မှာ အောက်တိုဘာလ ၁ ရက်တွင် အင်တာနက် လူမှုကွန်ယက်၌ ပြန့်နှံ့လာသောကြောင့် ဒဂုံမြို့မ ရဲစခန်းက စစ်ဆေးခဲ့ကြောင်း သိရသည်။
စစ်ဆေးချက်အရ ထိုသို့ အပေါ့စွန့်ခဲ့သူမှာ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၇)ရပ်ကွက်နေ အသက် (၂၉) နှစ်အရွယ် တင်မျိုးဝင်း(ခ) ဝက်နီ ဆိုသူ ဖြစ်ကြောင်း အောက်တိုဘာလ ၂ ရက်တွင် စုံစမ်း ဖော်ထုတ်နိုင်ခဲ့ကာ ၎င်းသည် စက်တင်ဘာ ၂၁ ရက်က ရွှေတိဂုံစေတီတော်မြတ်ကြီးအား သွားရောက် ဖူးမြော်ပြီး ဘုရားပေါ်မှပြန်ဆင်းစဉ် ထိုသို့ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ ရွှေတိဂုံစေတီတော်ရင်ပြင်ပေါ်တွင် အပေါ့စွန့်ခဲ့သူ တင်မျိုးဝင်း(ခ)ဝက်နီအား ဒဂုံမြို့မရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ ၂၉၅-က ဖြင့် သတင်းချက်ရေးဖွင့်ကာ ဥပဒေနှင့်အညီ ထိရောက်စွာ အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
ေ႐ႊတိဂုံေစတီေတာ္ အဂၤါေထာင့္၊ ရင္ျပင္ေပၚတြင္ အေပၚစြန႔္ေသာ အမ်ိဳးသား ကို ဖမ္းမိ
ပီယ (NP News) - ေအာက္တိုဘာ ၄
ေ႐ႊတိဂုံေစတီေတာ္ အဂၤါေထာင့္၊ ရင္ျပင္ေပၚတြင္ အေပၚစြန႔္ေသာ အမ်ိဳးသား ကို ဖမ္းမိေၾကာင္း ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ ထံက သိရသည္။
အမ်ိဳးသား တစ္ဦး က ေ႐ႊတိဂုံေစတီေတာ္ရင္ျပင္ေပၚရွိ အဂၤါေထာင့္ေျမစိုက္ ေစတီအမွတ္-၄၈ ႏွင့္ အုတ္ဂူေစတီအမွတ္-၁၁၈ ၾကားတြင္ အေပါ့စြန႔္ေနသည္ကို အျခား သူ တစ္ဦး က ဗြီဒီယို ႐ိုက္ကူးခဲ့ေသာ ႐ုပ္သံဖိုင္မွာ ေအာက္တိုဘာလ ၁ ရက္တြင္ အင္တာနက္ လူမႈကြန္ယက္၌ ျပန႔္ႏွံ႔လာေသာေၾကာင့္ ဒဂုံၿမိဳ႕မ ရဲစခန္းက စစ္ေဆးခဲ့ေၾကာင္း သိရသည္။
စစ္ေဆးခ်က္အရ ထိုသို႔ အေပါ့စြန႔္ခဲ့သူမွာ ရန္ကုန္တိုင္းေဒသႀကီး၊ မရမ္းကုန္းၿမိဳ႕နယ္၊ အမွတ္(၇)ရပ္ကြက္ေန အသက္ (၂၉) ႏွစ္အ႐ြယ္ တင္မ်ိဳးဝင္း(ခ) ဝက္နီ ဆိုသူ ျဖစ္ေၾကာင္း ေအာက္တိုဘာလ ၂ ရက္တြင္ စုံစမ္း ေဖာ္ထုတ္ႏိုင္ခဲ့ကာ ၎သည္ စက္တင္ဘာ ၂၁ ရက္က ေ႐ႊတိဂုံေစတီေတာ္ျမတ္ႀကီးအား သြားေရာက္ ဖူးေျမာ္ၿပီး ဘုရားေပၚမွျပန္ဆင္းစဥ္ ထိုသို႔ ျပဳလုပ္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
ဗုဒၶဘာသာဝင္မ်ား အထြတ္အျမတ္ထားရာ ေ႐ႊတိဂုံေစတီေတာ္ရင္ျပင္ေပၚတြင္ အေပါ့စြန႔္ခဲ့သူ တင္မ်ိဳးဝင္း(ခ)ဝက္နီအား ဒဂုံၿမိဳ႕မရဲစခန္း၌ ရာဇသတ္ႀကီးပုဒ္မ ၂၉၅-က ျဖင့္ သတင္းခ်က္ေရးဖြင့္ကာ ဥပေဒႏွင့္အညီ ထိေရာက္စြာ အမႈဖြင့္အေရးယူႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။