ချောက်မြို့နယ်တွင် ရပ်၊ကျေးစာရေးတစ်ဦးကို “ဒလန်”ဟုဆိုကာ PDF အဖွဲ့က ဖမ်းဆီးသတ်ဖြတ်

 497

သန့်ဇင်(NP News)-အောက်တိုဘာ ၅
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်တွင် ရပ်ကွက်/ ကျေးရွာစာရေးတစ်ဦးကို “ဒလန်”ဟုဆိုကာ PDF အဖွဲ့က ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် အောက်တိုဘာ ၃ရက်၊ မွန်လွဲ ၁ နာရီ ၅၀ မိနစ်အချိန်ခန့်က ချောက်မြို့နယ်၊ သွေးနက်ကျေးရွာနှင့် ကြီးနီကျေးရွာ လမ်းဆုံတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သွေးနက်ကျေးရွာတွင်နေထိုင်သည့် အသက်(၃၅)နှစ်အရွယ် ရပ်ကွက်/ ကျေးရွာစာရေးဖြစ်သူ ကိုနေမျိုးထွဋ်သည် ၎င်း၏နေအိမ်တွင် ရှိနေစဉ် PDF အဖွဲ့ဝင် (၅)ဦးက ဆိုင်ကယ်(၃)စီးဖြင့် ရောက်လာခဲ့ကြောင်း သိရသည်။
ထို့နောက် PDF အဖွဲ့က ကိုနေမျိုးထွဋ်ကို "သတင်းပေး၊ ဒလန်" ဟုစွပ်စွဲပြောဆိုကာ ဖမ်းဆီး ခေါ်ဆောင်သွားပြီး အထက်ပါနေရာ အရောက်တွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်သတ်ဖြတ်ခံရမှုကြောင့် ကိုနေမျိုးထွဋ်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ နေရာတွင်သေဆုံးသွားခဲ့ပြီး ရုပ်အလောင်းကို ချောက်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။
လက်ရှိတွင် ကျူးလွန်သူများအား ဥပဒေနှင့်အညီထိရောက်စွာအရေး ယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
ေခ်ာက္ၿမိဳ႕နယ္တြင္ ရပ္၊ေက်းစာေရးတစ္ဦးကို “ဒလန္”ဟုဆိုကာ PDF အဖြဲ႕က ဖမ္းဆီးသတ္ျဖတ္
သန႔္ဇင္(NP News)-ေအာက္တိုဘာ ၅
မေကြးတိုင္းေဒသႀကီး၊ ေခ်ာက္ၿမိဳ႕နယ္တြင္ ရပ္ကြက္/ ေက်း႐ြာစာေရးတစ္ဦးကို “ဒလန္”ဟုဆိုကာ PDF အဖြဲ႕က ဖမ္းဆီးသတ္ျဖတ္ခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ေအာက္တိုဘာ ၃ရက္၊ မြန္လြဲ ၁ နာရီ ၅၀ မိနစ္အခ်ိန္ခန႔္က ေခ်ာက္ၿမိဳ႕နယ္၊ ေသြးနက္ေက်း႐ြာႏွင့္ ႀကီးနီေက်း႐ြာ လမ္းဆုံတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ေသြးနက္ေက်း႐ြာတြင္ေနထိုင္သည့္ အသက္(၃၅)ႏွစ္အ႐ြယ္ ရပ္ကြက္/ ေက်း႐ြာစာေရးျဖစ္သူ ကိုေနမ်ိဳးထြဋ္သည္ ၎၏ေနအိမ္တြင္ ရွိေနစဥ္ PDF အဖြဲ႕ဝင္ (၅)ဦးက ဆိုင္ကယ္(၃)စီးျဖင့္ ေရာက္လာခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ PDF အဖြဲ႕က ကိုေနမ်ိဳးထြဋ္ကို "သတင္းေပး၊ ဒလန္" ဟုစြပ္စြဲေျပာဆိုကာ ဖမ္းဆီး ေခၚေဆာင္သြားၿပီး အထက္ပါေနရာ အေရာက္တြင္ ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္ခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ပစ္ခတ္သတ္ျဖတ္ခံရမႈေၾကာင့္ ကိုေနမ်ိဳးထြဋ္တြင္ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိကာ ေနရာတြင္ေသဆုံးသြားခဲ့ၿပီး ႐ုပ္အေလာင္းကို ေခ်ာက္ၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ရေၾကာင္း သိရသည္။
လက္ရွိတြင္ က်ဴးလြန္သူမ်ားအား ဥပေဒႏွင့္အညီထိေရာက္စြာအေရး ယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းစစ္ေဆးမႈမ်ား ဆက္လက္လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.