ဗန်းမောက်ဒေသဘက်မှ အေးချမ်းစွာနေထိုင်လိုသော ကတူးတိုင်းရင်းသားများမှာ ပဋိပက္ခအတွင်းကြားညှပ်နေဟု ဆို

 284

သက်ပိုင်(NP News) - အောက်တိုဘာ ၆
ကချင်ပြည်နယ်၊ ဗန်းမောက်ဒေသဘက်မှ အေးချမ်းစွာနေထိုင်လိုသော ကတူးတိုင်းရင်းသားတို့မှာ ပဋိပက္ခအတွင်း ကြားညှပ်နေကြောင်း ဒေသခံကတူးတိုင်းရင်းသားတစ်ဦးက NP News သို့ပြောသည်။
ကတူး တိုင်းရင်းသားတို့သည် မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လယ်ဘူးမြို့နယ်၊ ဗန်းမောက်မြို့နယ်၊ အင်းတော်မြို့နယ်တို့တွင် အများဆုံးနေထိုင်ပြီး ဝန်းသိုမြို့နယ်၊ ကသာမြို့နယ်နှင့် ကချင်ပြည်နယ် ၊ အင်းတော်ကြီး ဒေသတို့တွင်လည်း နေထိုင်ကြကြောင်း သိရသည်။
ဗန်းမောက်မြို့ကို လက်နက်ကိုင်အဖွဲ့များက တိုက်ခိုက်ခဲ့ရာ ယင်းတိုက်ခိုက်သူများထဲတွင် ကတူးတိုင်းရင်းသား အရေအတွက်မှာ အလွန်နည်းပါးကြောင်းလည်း ၎င်းက ဆိုသည်။
“ကျွန်တော်တို့ ကတူးလူမျိုးတချို့က KIA လက်အောက်မှာ လက်နက်သွားကိုင်တယ်။အဲဒီ (ဗန်းမောက်) တိုက်ပွဲမှာ လည်း ကတူးတွေက နည်းနည်းပဲ ပါမှာ အလွန်ဆုံးပါမှ လေးငါးယောက်လောက်ပဲပါမယ်ထင်တယ်” ဟု အဆိုပါဒေသခံက ရှင်းပြသည်။
အဆိုပါ ဖြစ်စဉ် ဖြစ်ပွားပြီးသည့်နောက် ကတူးတိုင်းရင်းသားများ အပေါ် မယုံကြည်မှုများ ရှိနေရာ ကတူး တို့သည် မူလကပင် အေးချမ်းစွာ နေထိုင်လိုသော တိုင်းရင်းသားများဖြစ်ကြောင်း ၎င်းက ဆိုသည်။
“အဲဒီတော့ ကျွန်တော်တို့က ကြားညပ်တဲ့ပုံစံဖြစ်နေတာ။လက်နက်ကိုင်ဆိုတာကလည်း အနည်းစုပဲ။ ကတူးတွေ ထဲမှာ အများစုက လက်နက်ကိုင်ကြတာမဟုတ်ဘူး။ အရပ်ဘက်အဖွဲ့အစည်း အနေနဲ့ပဲ နေနေကြတာ။ အရပ်ဘက် အဖွဲ့အစည်းနဲ့လက်နက်ကိုင်တွေနဲ့လည်း ဘာမှ မဆိုင်ပါဘူး” ဟု ၎င်းကဆိုသည်။
ဝန်းသို၊ ကောလင်း၊ ပင်လည်ဘူး၊ ဗန်းမောက်၊ အင်းတော် စသည့်ဒေသများသည် ရှမ်းနီတိုင်းရင်းသားများ နေထိုင် ရာ သမိုင်းဝင် ဒေသများ ဖြစ်သကဲ့သို့ ရှမ်းနီတိုင်းရင်းသားများအနေဖြင့် ကတူး၊ ကနန်း၊ ဗမာ စသည့် တိုင်းရင်းသားများနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေ ထိုင်လာခဲ့သည်မှာ နှစ်ကာလကြာရှည်ခဲ့ပြီ ဖြစ်သော်လည်း ဗန်းမောက်မြို့သိမ်းတိုက်ပွဲ စတင်ခါနီးအချိန်ကစ၍ နိုင်ငံရေး ဘေးပရောဂမကင်းသော လှုံ့ဆော်မှုများမှာ အင်တာနက်ကွန်ရက်များပေါ်တွင် ရည်ရွယ်ချက်ရှိရှိပေါ်ပေါက်လာကာ ဒေသခံ ရှမ်းနီလူထုနှင့် ကတူး၊ ကနန်း လူထုတို့အကြားတွင် လူမျိုးရေးပဋိပက္ခများ ဖန်တီးလိုသည့် ပုံစံများ ဆက်လက်ပေါ်ပေါက်လာနေသည်ကို သတိပြု ရန်လိုကြောင်း ရှမ်းနီအမျိုးသားများညီညွတ်ရေး အစည်းအရုံး(SNUA) က သတင်းထုတ်ပြန်ထားသည်။
လူမျိုးရေးပဋိပက္ခများ ဖန်တီးလိုသည့် ရည်ရွယ်ချက်ဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ပေးသည့်လုပ်ဆောင်မှုများကိုပါ စစ်ရေးပစ်မှတ်အဖြစ် တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်းနှင့် နှစ်ဘက်တိုက်ပွဲများ အကြားတွင် ရှမ်းနီ၊ ကတူး၊ ကနန်းစသည့် ဒေသခံလူထုမှာ ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်းထုတ်ပြန်စာတွင် ဖော်ပြထားသည်။

Zawgyi Version:
ဗန္းေမာက္ေဒသဘက္မွ ေအးခ်မ္းစြာေနထိုင္လိုေသာ ကတူးတိုင္းရင္းသားမ်ားမွာ ပဋိပကၡအတြင္းၾကားညႇပ္ေနဟု ဆို
သက္ပိုင္(NP News) - ေအာက္တိုဘာ ၆
ကခ်င္ျပည္နယ္၊ ဗန္းေမာက္ေဒသဘက္မွ ေအးခ်မ္းစြာေနထိုင္လိုေသာ ကတူးတိုင္းရင္းသားတို႔မွာ ပဋိပကၡအတြင္း ၾကားညႇပ္ေနေၾကာင္း ေဒသခံကတူးတိုင္းရင္းသားတစ္ဦးက NP News သို႔ေျပာသည္။
ကတူး တိုင္းရင္းသားတို႔သည္ ျမန္မာႏိုင္ငံ၊ စစ္ကိုင္းတိုင္းေဒသႀကီး၊ ပင္လယ္ဘူးၿမိဳ႕နယ္၊ ဗန္းေမာက္ၿမိဳ႕နယ္၊ အင္းေတာ္ၿမိဳ႕နယ္တို႔တြင္ အမ်ားဆုံးေနထိုင္ၿပီး ဝန္းသိုၿမိဳ႕နယ္၊ ကသာၿမိဳ႕နယ္ႏွင့္ ကခ်င္ျပည္နယ္ ၊ အင္းေတာ္ႀကီး ေဒသတို႔တြင္လည္း ေနထိုင္ၾကေၾကာင္း သိရသည္။
ဗန္းေမာက္ၿမိဳ႕ကို လက္နက္ကိုင္အဖြဲ႕မ်ားက တိုက္ခိုက္ခဲ့ရာ ယင္းတိုက္ခိုက္သူမ်ားထဲတြင္ ကတူးတိုင္းရင္းသား အေရအတြက္မွာ အလြန္နည္းပါးေၾကာင္းလည္း ၎က ဆိုသည္။
“ကြၽန္ေတာ္တို႔ ကတူးလူမ်ိဳးတခ်ိဳ႕က KIA လက္ေအာက္မွာ လက္နက္သြားကိုင္တယ္။အဲဒီ (ဗန္းေမာက္) တိုက္ပြဲမွာ လည္း ကတူးေတြက နည္းနည္းပဲ ပါမွာ အလြန္ဆုံးပါမွ ေလးငါးေယာက္ေလာက္ပဲပါမယ္ထင္တယ္” ဟု အဆိုပါေဒသခံက ရွင္းျပသည္။
အဆိုပါ ျဖစ္စဥ္ ျဖစ္ပြားၿပီးသည့္ေနာက္ ကတူးတိုင္းရင္းသားမ်ား အေပၚ မယုံၾကည္မႈမ်ား ရွိေနရာ ကတူး တို႔သည္ မူလကပင္ ေအးခ်မ္းစြာ ေနထိုင္လိုေသာ တိုင္းရင္းသားမ်ားျဖစ္ေၾကာင္း ၎က ဆိုသည္။
“အဲဒီေတာ့ ကြၽန္ေတာ္တို႔က ၾကားညပ္တဲ့ပုံစံျဖစ္ေနတာ။လက္နက္ကိုင္ဆိုတာကလည္း အနည္းစုပဲ။ ကတူးေတြ ထဲမွာ အမ်ားစုက လက္နက္ကိုင္ၾကတာမဟုတ္ဘူး။ အရပ္ဘက္အဖြဲ႕အစည္း အေနနဲ႔ပဲ ေနေနၾကတာ။ အရပ္ဘက္ အဖြဲ႕အစည္းနဲ႔လက္နက္ကိုင္ေတြနဲ႔လည္း ဘာမွ မဆိုင္ပါဘူး” ဟု ၎ကဆိုသည္။
ဝန္းသို၊ ေကာလင္း၊ ပင္လည္ဘူး၊ ဗန္းေမာက္၊ အင္းေတာ္ စသည့္ေဒသမ်ားသည္ ရွမ္းနီတိုင္းရင္းသားမ်ား ေနထိုင္ ရာ သမိုင္းဝင္ ေဒသမ်ား ျဖစ္သကဲ့သို႔ ရွမ္းနီတိုင္းရင္းသားမ်ားအေနျဖင့္ ကတူး၊ ကနန္း၊ ဗမာ စသည့္ တိုင္းရင္းသားမ်ားႏွင့္ ၿငိမ္းခ်မ္းစြာ အတူယွဥ္တြဲေန ထိုင္လာခဲ့သည္မွာ ႏွစ္ကာလၾကာရွည္ခဲ့ၿပီ ျဖစ္ေသာ္လည္း ဗန္းေမာက္ၿမိဳ႕သိမ္းတိုက္ပြဲ စတင္ခါနီးအခ်ိန္ကစ၍ ႏိုင္ငံေရး ေဘးပေရာဂမကင္းေသာ လႈံ႕ေဆာ္မႈမ်ားမွာ အင္တာနက္ကြန္ရက္မ်ားေပၚတြင္ ရည္႐ြယ္ခ်က္ရွိရွိေပၚေပါက္လာကာ ေဒသခံ ရွမ္းနီလူထုႏွင့္ ကတူး၊ ကနန္း လူထုတို႔အၾကားတြင္ လူမ်ိဳးေရးပဋိပကၡမ်ား ဖန္တီးလိုသည့္ ပုံစံမ်ား ဆက္လက္ေပၚေပါက္လာေနသည္ကို သတိျပဳ ရန္လိုေၾကာင္း ရွမ္းနီအမ်ိဳးသားမ်ားညီၫြတ္ေရး အစည္းအ႐ုံး(SNUA) က သတင္းထုတ္ျပန္ထားသည္။
လူမ်ိဳးေရးပဋိပကၡမ်ား ဖန္တီးလိုသည့္ ရည္႐ြယ္ခ်က္ျဖင့္ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အကူအညီ ေပးသည့္လုပ္ေဆာင္မႈမ်ားကိုပါ စစ္ေရးပစ္မွတ္အျဖစ္ တိုက္ခိုက္မႈမ်ားျပဳလုပ္ခဲ့ေၾကာင္းႏွင့္ ႏွစ္ဘက္တိုက္ပြဲမ်ား အၾကားတြင္ ရွမ္းနီ၊ ကတူး၊ ကနန္းစသည့္ ေဒသခံလူထုမွာ ထိခိုက္ေသဆုံးမႈမ်ား ရွိခဲ့ေၾကာင္းထုတ္ျပန္စာတြင္ ေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.