ကမ္ဘာ့လက်သည်းအရှည်ဆုံး ဂင်းနစ်စံချိန်ကိုရရှိခဲ့သည့် ဗီယက်နမ်အမျိုးသား

89

Pika (NP News) - အောက်တိုဘာ ၆
ဗီယက်နမ်အမျိုးသားတစ်ဦး၏ လက်သည်းအရှည်သည် စုစုပေါင်း (၁၉)ပေနှင့်(၆)လက်မ အထိရှိခဲ့ပြီးနောက် ကမ္ဘာ့အရှည်ဆုံးလက်သည်းအဖြစ် ဂင်းနစ်စံချိန်ကို ရရှိခဲ့ကြောင်းသိရသည်။အဆိုပါဗီယက်နမ်အမျိုးသားသည် ၎င်း၏ လက်သည်းများကို ဆယ်စုနှစ်(၃)ခုကြာအောင် မညှပ်ဘဲ အရှည်ထားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ တရားဝင်တိုင်း တာမှု များအရ Lưu Công Huyền ဟု အမည်ရ သည့်အမျိုးသား၏ လက်သည်းအရှည်သည် သစ်ကုလားအုတ်တစ်ကောင်၏ ပျမ်းမျှအမြင့်ထက် ပိုရှည်နေခဲ့ပြီးနောက် လက်နှစ်ဖက်စလုံးတွင် လက်သည်း အရှည်ဆုံး(အမျိုးသား)ဂင်းနစ်စံချိန်ကို ရရှိခဲ့ ခြင်းဖြစ်ကြောင်းသိရသည်။ Lưu Công Huyền က “ကျွန်တော့်အဖေရဲ့ တိုက်တွန်းမှုနဲ့အတူ ဒီလက်သည်းတွေကို မညှပ်ပစ်ဘဲ အရှည်ထားခဲ့တာပါ။ ကျွန်တော်ရဲ့ အိပ်မက်ကတော့ ဆရာတစ်ယောက် ဖြစ်ချင်တာပါ။ ဒါပေမဲ့ ကျွန်တော့် အဖေရဲ့ တိုက်တွန်းမှုတွေကြောင့် ဒီအိပ်မက်တွေကို စွန့်လွှတ်ပြီး လက်သည်းအရှည်ထားဖို့ ဆုံးဖြတ်ခဲ့တာပါ”ဟုပြောဆိုခဲ့ သည်။
ထို့ပြင် ၎င်း၏လက်သည်းများကို အရှည်ထားပြီး ထိန်းသိမ်းရခြင်းက အလွန်အလုပ်ရှုပ်သည့်လုပ်ငန်းစဉ် တစ်ခုဖြစ်ကြောင်း Lưu Công Huyền က ထုတ်ဖော်ပြောဆိုခဲ့သည်။ Lưu Công Huyền က ‘မိုးမိသွားပြီဆိုတာနဲ့ လက်သည်းတွေကို အမြန်ခြောက်အောင် ကျွန်တော်လုပ်ရပါတယ်။ အဲလိုမှမဟုတ်ဘူးဆိုရင် လက်သည်းတွေကပျော့ပြီး တွဲလောင်းကျသွားမှာပါ။ ပြီးတော့ လူထူထပ်တဲ့ နေရာတွေမှာ တစ်ယောက်ယောက် ဝင်တိုက်မိသွား ရင် လက်သည်း တွေက ကျိုးသွားနိုင်တဲ့အတွက် သေချာဂရုစိုက်သွားလာရပါတယ်။ အလုပ်လုပ်တဲ့ အချိန်တိုင်းမှာလည်း လက်သည်းတွေ ကျိုး မသွားအောင် သေချာဂရုစိုက်ရပါတယ်’ဟု ထုတ်ဖော်ပြောခဲ့သည်။

Zawgyi Version:
ကမာၻ႔လက္သည္းအရွည္ဆုံး ဂင္းနစ္စံခ်ိန္ကိုရရွိခဲ့သည့္ ဗီယက္နမ္အမ်ိဳးသား
Pika (NP News) - ေအာက္တိုဘာ ၆
ဗီယက္နမ္အမ်ိဳးသားတစ္ဦး၏ လက္သည္းအရွည္သည္ စုစုေပါင္း (၁၉)ေပႏွင့္(၆)လက္မ အထိရွိခဲ့ၿပီးေနာက္ ကမာၻ႔အရွည္ဆုံးလက္သည္းအျဖစ္ ဂင္းနစ္စံခ်ိန္ကို ရရွိခဲ့ေၾကာင္းသိရသည္။အဆိုပါဗီယက္နမ္အမ်ိဳးသားသည္ ၎၏ လက္သည္းမ်ားကို ဆယ္စုႏွစ္(၃)ခုၾကာေအာင္ မညႇပ္ဘဲ အရွည္ထားခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ တရားဝင္တိုင္း တာမႈ မ်ားအရ Lưu Công Huyền ဟု အမည္ရ သည့္အမ်ိဳးသား၏ လက္သည္းအရွည္သည္ သစ္ကုလားအုတ္တစ္ေကာင္၏ ပ်မ္းမွ်အျမင့္ထက္ ပိုရွည္ေနခဲ့ၿပီးေနာက္ လက္ႏွစ္ဖက္စလုံးတြင္ လက္သည္း အရွည္ဆုံး(အမ်ိဳးသား)ဂင္းနစ္စံခ်ိန္ကို ရရွိခဲ့ ျခင္းျဖစ္ေၾကာင္းသိရသည္။ Lưu Công Huyền က “ကြၽန္ေတာ့္အေဖရဲ႕ တိုက္တြန္းမႈနဲ႔အတူ ဒီလက္သည္းေတြကို မညႇပ္ပစ္ဘဲ အရွည္ထားခဲ့တာပါ။ ကြၽန္ေတာ္ရဲ႕ အိပ္မက္ကေတာ့ ဆရာတစ္ေယာက္ ျဖစ္ခ်င္တာပါ။ ဒါေပမဲ့ ကြၽန္ေတာ့္ အေဖရဲ႕ တိုက္တြန္းမႈေတြေၾကာင့္ ဒီအိပ္မက္ေတြကို စြန႔္လႊတ္ၿပီး လက္သည္းအရွည္ထားဖို႔ ဆုံးျဖတ္ခဲ့တာပါ”ဟုေျပာဆိုခဲ့ သည္။
ထို႔ျပင္ ၎၏လက္သည္းမ်ားကို အရွည္ထားၿပီး ထိန္းသိမ္းရျခင္းက အလြန္အလုပ္ရႈပ္သည့္လုပ္ငန္းစဥ္ တစ္ခုျဖစ္ေၾကာင္း Lưu Công Huyền က ထုတ္ေဖာ္ေျပာဆိုခဲ့သည္။ Lưu Công Huyền က ‘မိုးမိသြားၿပီဆိုတာနဲ႔ လက္သည္းေတြကို အျမန္ေျခာက္ေအာင္ ကြၽန္ေတာ္လုပ္ရပါတယ္။ အဲလိုမွမဟုတ္ဘူးဆိုရင္ လက္သည္းေတြကေပ်ာ့ၿပီး တြဲေလာင္းက်သြားမွာပါ။ ၿပီးေတာ့ လူထူထပ္တဲ့ ေနရာေတြမွာ တစ္ေယာက္ေယာက္ ဝင္တိုက္မိသြား ရင္ လက္သည္း ေတြက က်ိဳးသြားႏိုင္တဲ့အတြက္ ေသခ်ာဂ႐ုစိုက္သြားလာရပါတယ္။ အလုပ္လုပ္တဲ့ အခ်ိန္တိုင္းမွာလည္း လက္သည္းေတြ က်ိဳး မသြားေအာင္ ေသခ်ာဂ႐ုစိုက္ရပါတယ္’ ဟု ထုတ္ေဖာ္ေျပာခဲ့သည္။