" ဒီမိုကရေစီတွေက နောက်မှာ ကျန်ခဲ့ပြီ " (ထားဝယ်မြို့က ပြည်သူ့အသံ)

 282

သုတကျော် (NP News) - အောက်တိုဘာ ၇
တနင်္သာရီတိုင်းဒေသကြီးမှ ထားဝယ်မြို့နယ်တွင် လက်နက်ကိုင်များရောက်လာပြီးနောက် ပြည် သူများ အနေအစားကျပ်သွားခဲ့ကြသည်။ လမ်းပန်းဆက်သွယ်ရေး၊ စီးပွားရေး၊ လူမှုရေးများ အဆင်မပြေ သည့်အပြင် ဒေသခံများကြား စိုးရိမ်ကြောက်လန့်မှုများသာတိုးလာသည်။ အဆိုပါအခြေအနေများနှင့် ပတ်သက်၍ စက်တင်ဘာလ(၃၀)ရက်က ဒေသခံတစ်ဦးထံ ဆက်သွယ်မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

မေး - ပထမဆုံးမေးချင်တာက အခုထားဝယ်မြို့ နယ်ထဲမှာ ဘာတွေဖြစ်နေပါသလဲ။
ဖြေ - မနေ့ကတော့ ဆေးကိစ္စနဲ့ပတ်သက်လို့ မြို့ထဲ မှာ အဖမ်းအဆီးလေး နည်းနည်းပါးပါးတော့ရှိတယ် ပေါ့။ ပြီးတော့ ဒီနေ့မနက် (၈)နာရီလောက်အထိ ကျောက်လှေကားဘက်မှာ တိုက်ပွဲတွေဖြစ်နေတယ်။ မနေ့ညနေ (၄) နာရီလောက်ကဖြစ်လိုက်တာ။ ဒီမ နက် (၈)နာရီခွဲလောက်အထိဖြစ်နေသေးတယ်။ စကခ (၈)ဘက်လောက်ကနေ (၁၂၀)မမတွေ၊ ဟောင်ဝစ်ဇာတွေနဲ့ လှမ်းထုပေးနေတာရှိတယ်။
မေး - ဆိုတော့ ထားဝယ်မှာ ဒီကာလအပိုင်းအခြားက တပ်ကနေ ပြန်ပြီးတော့ ထိုးစစ်ဆင်နေတာလား။
ဖြေ - ပြောရမယ်ဆိုရင် တပ်က လုံးဝမလှုပ်ဘူး။ နေရာကနေ မခွာဘူး။ အခုတော့ တပ်က နည်းနည်း ပါးပါး ထိုးစစ်ပြန်ဆင်နေတာရှိတယ်။ KNU နယ်မြေ ထဲတောင် သူတို့တွေ ဂနာမငြိမ် ဖြစ်နေကြတာပေါ့။ ပဲခူးဘက်က နှစ်ယောက်၊ သရက်ချောင်းဘက်က နှစ်ယောက် အလင်းဝင်သေးတယ်။ ခမရ (၄၀၁) ကို ဝင်တာပေါ့။
မေး - အလင်းဝင်တဲ့သူတွေက ဘာကြောင့်လဲ။
ဖြေ - ဆိုတော့ တော်တော်များများကပေါ့ ပြောရရင် PDF လုပ်တယ်ပေါ့။ PDF လုပ်တော့ သူ့ဆွေ၊ သူ့မျိုး တွေလည်း ဘာမှမဟုတ်ဘဲအသတ်ခံရတာရှိတယ်။ သူတို့အချင်းချင်းထဲမှာလည်း ပဋိပက္ခက များလာတာ ပေါ့။ ပြီးတော့ သူတို့လုပ်ပုံ၊ ကိုင်ပုံကို ပြည်သူတွေက သိလာပြီလေ။ သူတို့မှာ ဥပဒေစည်းကမ်းကမရှိတော့ ကြားထဲမှာ ပြည်သူတွေပဲနစ်နာရတာပေါ့။ ဆိုပါတော့ ကျွန်တော်က PDF လုပ်တယ်။ ကျွန်တော့်ညီအစ်ကို မောင်နှမတွေ အသတ်ခံရတယ်ဆိုရင် ကျွန်တော်က ဘယ်ခံမတုံး။ စစ်တပ်နဲ့ပူးပေါင်းပြီးတော့ ပြန်တိုက် နေတာရှိတယ်။
မေး - အကြမ်းဖျင်းနားလည်ထားသလောက်က ထား ဝယ်မှာ လက်နက်ကိုင် စုံတယ်လို့သိရပါတယ်။ အမျိုး အစားကျ ဘယ်နှမျိုးလောက်ရှိပါသလဲ။
ဖြေ - မွန်အဖွဲ့ကတော့ ကလိန်အောင်ဘက်ပိုင်းမှာ လှုပ်ရှားတာရှိတယ်။ အောက်ဘက်မှာ လှုပ်ရှားတာမရှိ ဘူး။ KNU ရှိမယ်၊ KTLA ရှိမယ်၊ PDF ရှိမယ်။
မေး - သူတို့ကကော အဝေတည့်ကြလား။
ဖြေ - အဲဒါကတော့ အမြဲတမ်းဖြစ်နေတာပဲ။ နောက် ဆုံးအဆင့်ပြောရရင် PDF အချင်းချင်းတောင် ဝေစု မတည့်ဘူး။ ဥပမာဆိုပါတော့ အပိုင်းတွေခွဲတယ်။ ငါတို့က လောင်းလုံး PDF ၊ ငါတို့က ရေဖြူ PDF ၊ မောင်မရှောင် PDF အဲဒီလိုမျိုးခွဲပြီး တစ်ဖွဲ့နဲ့ပူးပေါင်း တာရှိပေမယ့် ခွက်စောင်းခုတ်နေကြတာချည်းပဲ။
မေး - သူတို့ ခွက်စောင်းခုတ်တာက ခုတ်တာပေါ့လေ။ ဒီတော့ ပြည်သူတွေမှာ ဘယ်လိုအခက်အခဲကြုံရပါ သလဲ။
ဖြေ - သူတို့အဖွဲ့အချင်းချင်းထဲတောင် ဒီလိုဖြစ်လာ ပြီဆိုတော့ ကြားထဲမှာညပ်တာ ပြည်သူပဲလေ။ ဥပမာ အနေနဲ့ပြောရရင် မင်းငါ့ရွာကိုလာတယ်။ မင်းကို ငါ မယုံကြည်ဘူး။ မယုံဘူးဆိုရင် မင်းကဒလန် အဲဒီလို မျိုးဆိုတော့ သွားမရ၊ ဘာမရနဲ့ အခက်အခဲတွေ အများကြီးရှိတယ်။
မေး - ဆိုတော့ အတိတ်ကို ခဏပြန်မေးချင်ပါတယ်။ ထားဝယ်က စီးပွားရေးကောင်းတယ်လို့သိထားပါ တယ်။ ဘယ်လောက်အထိ အမြင့်ဆုံးစီးပွားရေး ကောင်းခဲ့ပါသလဲ။
ဖြေ - အတိုင်းအတာကိုပြောရမယ်ဆို ထားဝယ်မှာ အရမ်း ဆင်းရဲသားမရှိဘူး။ အခြေခံလူတွေကအစ စားနိုင်သောက်နိုင်တယ်။ နောက်ဆုံး နေ့စားလုပ်တဲ့ သူတောင်မှ သူ့ဝင်ငွေနဲ့ထွက်ငွေ ညီမျှတယ်။ ဆိုပါစို့ မိသားစုတစ်စု တစ်နေ့ကို တစ်သောင်းကုန်တယ်၊ သူ့မိသားစုနှစ်ယောက်က အလုပ်လုပ်တယ်၊ သုံး သောင်းရတယ်ဆိုရင် လုံလောက်တဲ့ဝင်ငွေရှိတယ်။ အဆင်ပြေတယ်။ နေ့စားလုပ်တဲ့သူတောင်အဆင်ပြေ တယ်ပေါ့ သဘောက။
မေး - အဆင်မပြေတာတွေက ဘယ်ကာလလောက်မှာ စလာခဲ့တာလဲ။
ဖြေ - ၂၀၂၂ ခုနှစ်နောက်ပိုင်းမှာ တော်တော်သိသာ လာတယ်ပြောရမယ်။
မေး - ဘယ်အပိုင်းတွေ စထိတာလဲ။
ဖြေ - တစ်နယ်နဲ့တစ်နယ် သွားရတာ နည်းနည်းခက် ခဲလာတယ်။ မထင်ရင်မထင်သလို ဒလန်လို့စွပ်စွဲပြီး ဖမ်းတာဆီးတာ၊ မေးတာမြန်းတာအပြင်ကို လူသတ် တာတွေ၊ နောက်ပြီးတော့ ပိုက်ဆံတောင်းတာတွေ၊ ကောက်တာတွေ၊ ဒဏ်ရိုက်တာတွေရှိလာတော့ တော် ရုံက မသွား၊ မလာရဲကြတော့ဘူးပေါ့။ လက်ရှိလည်း အိမ်ရှေ့ပြင်ကားဝင်းမှာဆိုရင် ကားထားစရာနေရာ တောင်မရှိတော့ဘူး။ လမ်းဘေးတွေမှာထားနေရ တယ်။ ကားတွေလည်း မတက်ကြတော့ဘူး။
မေး - လမ်းပန်းဆက်သွယ်ရေးခက်တာနဲ့အတူ မြို့ စီးပွားရေးက ဘယ်လောက်အထိ ထိသွားပါသလဲ။
ဖြေ - အခု သူတို့ လမ်းပိတ်လိုက်တော့ အခြေခံစား သောက်ကုန်တွေက ဈေးတော့လျော့သွားတယ်။ အ ရင်က ကြက်ဥတစ်လုံး ငါးရာ၊ အခု လေးရာပဲရှိတော့ တယ်။
မေး-ထားဝယ်မြို့နယ်က အခြေခံစားသောက်ကုန် တွေထုတ်နိုင်တော့ ပစ္စည်းမပြတ်ပေမယ့် အဲဒီဒေသ တွင်းလုပ်ငန်းရှင်တွေတော့ ထိခိုက်မှာပေါ့။
ဖြေ - ဟုတ်တယ်။ ဆိုပါစို့ အရင်တုန်းကဆို တစ် နေရာ၊ တစ်နေရာကို ပို့နေရတာ။ အခုက မပို့ရတော့ ဘူး။ မသွားလာရတော့ဘူးဆိုတော့ အဓိက ဒီမှာထွက် တဲ့ထွက်ကုန်တွေက ဈေးကျသွားတယ်ပြောရမှာပေါ့။ အကုန်လုံးတော့မဆိုလိုဘူးပေါ့။ ဈေးတက်တာတွေ လည်းရှိတယ်။
မေး - ထားဝယ်က ရေလုပ်ငန်းနဲ့ စီးပွားဖြစ်တဲ့မြို့လို့ သိရတဲ့အခါမှာ ရေလုပ်ငန်းကကော ဘယ်လောက်ထိ ခိုက်ပါသလဲ။
ဖြေ - ရေလုပ်ငန်းက ဘယ်လိုထိခိုက်လဲဆိုတော့ အခုမြင်နေရတာက အရင်တုန်းက လိုင်စင်မရှိတဲ့သူ တွေက မထွက်ရဲဘူး။ အခု လိုင်စင်မရှိတဲ့သူတွေက ထွက်ရဲတယ်။ ပေးလိုက်ရင်ရပြီလေ။
မေး-ရေပေါ် PDF ပေါ့လေ။ သူတို့က ရေလုပ်သား တွေကို ဘယ်လို ဆက်ကြေးကောက်နေပါသလဲ။
ဖြေ - ဆိုပါစို့ လှေတစ်စင်းပေါ့။ လှေကြီးရင်ကြီးသ လို၊ လှေငယ်ရင်ငယ်သလို အနည်းဆုံး သိန်း(၃၀)ကနေ သိန်း(၁၀ဝ)ဝန်းကျင်အထိပေးရတယ်။ ငွေ လမ်းခင်းရင် အဆင်ပြေတာဆိုတော့လေ။ အရင် တုန်းကဆိုရင် ငွေလမ်းခင်းတာက ခက်တယ်။
မေး - အခုက ငါးဖမ်းတာမှာ PDF တွေက ဘာကြောင့် ဆက်ကြေးကောက်ဖို့ အခွင့်သာနေတာလဲ။
ဖြေ - တပ်မတော်ကရှိတယ်။ ဒါပေမဲ့ ပင်လယ်ထဲမှာ ရှိတာ။ မြစ်အဝတွေမှာမရှိဘူးလေ။ မြစ်အဝတွေမှာပဲ ငါးဖမ်းတာရှိတယ်။ မြစ်အဝမှာတင် လှုပ်ရှားလို့ရတာ အများကြီးရှိတယ်။ ပင်လယ်ပြင် စိုးမိုးရေးတပ်တွေ လောက်ပဲရှိတယ်လေ။
မေး - PDF တွေက ကမ်းနီးငါးဖမ်းလှေတွေကို ဆက်ကြေးကောက်နေတဲ့သဘောပေါ့။
ဖြေ - ဟုတ်တယ်။ ရွာကနေထိုင်နေလိုက်ရင် ဥပမာ ဦးသောင်းရဲ့လှေက အခွန်ဘယ်လောက်သွင်း၊ ဦးညွန့်ရဲ့လှေက အခွန်ဘယ်လောက်သွင်း အဲဒီလို မျိုးပေါ့။
မေး - ထားဝယ်မြို့ပေါ်မဟုတ်ဘဲ မြို့နယ်ဘက်မှာ မင်းမဲ့စရိုက်ဆန်လာတာပေါ့။
ဖြေ - ဟုတ်ကဲ့။ အဲဒါက အသေအချာပဲ။
မေး - ဖြစ်စဉ်တစ်ခုလောက် ထပ်ပြောပြပါလား။
ဖြေ - ဆိုပါစို့ ရေဖြူဘက်မှာဖြစ်သွားတာလေ။ အဲဒီ ဘက်က တော်ရုံတန်ရုံ စစ်ကြောင်းမဝင်ဘူး။ မဝင် တော့ PDF တွေစိုးမိုးနေတဲ့အခါကျတော့ ဘာလုပ် လုပ်ပေါ့။ ဆိုပါစို့ အခုလက်ရှိ ထားဝယ်ဘက်ကနေ ရော်ဘာလုပ်တာရှိတယ်။ လုပ်နေတဲ့သူတွေဆီကနေ ပိုက်ဆံယူတယ်။ ကျွန်တော့်အသိဆို သူဌေးတစ် ယောက်ခြံမှာသွားလုပ်တာ။ အဲဒီသူဌေးက ခြံစောင့်နဲ့ ထားတာ။ သူ့ရော်ဘာပင်တွေကို သူကလှဲချင်တယ်။ ဘာလို့လဲဆိုတော့ အပင်တွေက ဂျပန်ခေတ်ကတည်း ကကျန်ခဲ့တဲ့ ရော်ဘာတောတွေဆိုတော့ လှဲချင်တယ်။ ရော်ဘာပင်ခုတ်ပြီး အပင်သစ်တွေပြန်ထည့်တဲ့အချိန် PDF တွေက မလိုလားဘူး။ သူဌေးရဲ့ညီတစ်ယောက် အသတ်ခံရတယ်။ သူဌေးက ထွက်ပြေးလွတ်မြောက် သွားတယ်။
မေး - ထားဝယ်ဘက်က PDF တွေက စီးပွားရှာကြမ်း တယ်လို့သိရတယ်။
ဖြေ - အဲဒါက ပြောက်သောက်ပဲ။ အများကြီးပဲကို။ အကုန်လုံးက စီးပွားမရှိရင် စားသောက်မရဘူးလေ။ အကုန် လှုပ်ရှားနေကြတာပဲ။
မေး - ဘယ်လိုတွေ ရှာကြပါသလဲ။
ဖြေ - အပိုင်းလိုက်ပြောမှရမယ်။ လောင်းလုံးအပိုင်း ဆိုရင် ရေလုပ်ငန်းနဲ့စီးပွားရှာတယ်။ အကောက်ခွန် ယူတယ်။ ရေဖြူဘက်တွေကျတော့ ဥယျာဉ်ခြံတွေ ဆီကနေ အကောက်ခွန်တွေယူတယ်။ သစ်လုပ်ငန်း ရှင်တွေဆီကလည်း အကောက်ခွန်တွေယူတယ်။ အရှေ့တောဘက်ဆိုရင်လည်း ခနောက်စိမ်းတို့၊ ရွှေ တို့၊ ခဲမဖြူတို့၊ အဓိကတော့ ရွှေဖြူပေါ့။ ပြီးတော့ ထိုင်း ဘက်ကိုအလုပ်သမားပို့တဲ့ လူမှောင်ခိုတွေနဲ့ စီးပွားရှာ ကြတယ်။
မေး -ပိုက်ဆံရတာတော့ နည်းမျိုးစုံလုပ်နေကြတာ ပေါ့။
ဖြေ - ဟုတ်တယ်။
မေး - ဆိုတော့ သူတို့က စီးပွားရှာတဲ့ဘက်ပဲ အား သန်သွားတယ်ပြောမလား။ သူတို့ပြောတဲ့ ဒီမိုကရေစီ ရရှိရေးတို့ ဘာတို့ကော။
ဖြေ - ဒီမိုကရေစီတွေက နောက်မှာကျန်ခဲ့ပြီ။ အကုန် လုံးက ကိုယ်ကျိုးစီးပွားတွေဖြစ်ကုန်ပြီ။ အဲဒီလိုမျိုး။ ကိုယ်ကျိုးစီးပွားနဲ့ဆက်နွှယ်ပြီး သူတို့ကိုထိခိုက်တယ် ဆို ဒလန်ပဲ။ အရှင်းခံရမှာပဲ။
မေး - ဆိုတော့ နယ်ဘက်ကလူတွေက သူတို့ မဟုတ်တာလုပ်ရင် ပြန်ပြောရဲလား။
ဖြေ - မပြောရဲဘူးလေ။ မဟုတ်တာလုပ်လို့ ပြောရင် အသတ်ခံရမှာပေါ့။ ဆိုပါစို့ စိုက်ပျိုးရေးကဝန်ထမ်း အပျိုမိန်းကလေးတောင် မှောက်ရက်ရိုက်တယ်ဗျာ။ ခုနစ်ရက်၊ ရှစ်ရက်လောက် လမ်းမလျှောက်နိုင်ဘူး။ သူ့ဝမ်းကွဲတူတွေဆိုရင် PDF ထဲမှာပဲ။ နယ်ကလူတွေ ဆိုမလှုပ်ရဲဘူး။ နယ်တွေမှာဆို လူသားတံတိုင်းလုပ် တယ်ဗျာ။ သူတို့ပြေးရင် အတူတူပြေး။ ရွာထဲမှာကျန် ခဲ့တဲ့သူ ဒလန်ပဲ။ အဲဒီလို သတ်ပစ်တာလည်းရှိတယ်။
မေး - ထားဝယ်ဘက်မှာ စွာနေတာက KNU လား၊ PDF လား၊ KTLA လား။
ဖြေ - KNU ပါတယ်။ နေရာတိုင်းလိုလို သူကပါနေ တာပဲ။
မေး - တကယ်လို့ သူတို့တောင်းတဲ့ဆက်ကြေးပေါ့ လေ။ သူတို့က အခွန်လို့ခေါ်မှာပေါ့။ အဲဒါမပေးရင် ဘာဖြစ်မှာလဲ။
ဖြေ - အဲဒါတော့ ရှင်းခံရမှာပဲ။ ဒါသေချာတယ်။ သူတို့တောင်းတာမပေးရင် အရှင်းခံရမှာပဲ။
မေး-မပေးရင် တော်လှန်ရေးကို ကဖျက်ယဖျက်သမား လို့သတ်မှတ်တာပေါ့။
ဖြေ - ဟုတ်တယ်။
မေး - သူတို့က ဒလန်ရှင်းတယ်လို့ပြောပြောနေ တယ်။ သူတို့သတ်တဲ့သူတွေက တကယ်ကော ဒလန် လုပ်တယ်ထင်လား။
ဖြေ - သူတို့ရှင်းတဲ့သူတွေက ဒလန်ဆိုလားဆိုတာကို ပြန်သုံးသပ်ရင် (၁၀ဝ) မှာ (၉၉)က ဒလန်မဟုတ်တာ သေချာတယ်။ ဆိုပါစို့ ကျွန်တော့်မိသားစုက အစိုးရ ဝန်ထမ်းလုပ်နေတာ။ အခုမှမဟုတ်ဘူး။ လွန်ခဲ့တဲ့ နှစ် သုံးဆယ်လောက်က လုပ်ခဲ့တဲ့သူ။ လက်ရှိလည်း လုပ် နေတယ်ဆို ထောက်ပို့တွေနဲ့စုံစမ်းပြီး လုပ်နေတယ် ဆို ဒလန်ပဲ။ အဓိက က အစိုးရဝန်ထမ်းဖြစ်နေရင်ကို ဒလန်ဖြစ်နေပြီ။
မေး - ဆိုတော့ နယ်ကလူတွေကကော ဘယ်တွေ သွားကြလဲ။
ဖြေ - ထားဝယ်မြို့ပေါ်မှာ ပြည့်နေတာပေါ့။ အရင်က လူပေါင်း(၅၀)လောက်ရှိတဲ့နေရာမှာ အခုဆိုရင် (၁၀ဝ)လောက် သွားရှိနေတာပေါ့။ မြို့ပေါ် ပြောင်းကြ တာပေါ့။
မေး - အစိုးရအာဏာ အပြည့်အဝသက်ရောက်တုန်း ကကာလနဲ့ အခုနဲ့ ဘယ်လိုကွာသွားတယ်ထင်လဲ။
ဖြေ - ဘာတွေကွာမလဲဆိုတော့ အရင်တုန်းက လမ်း ပန်းဆက်သွယ်ရေးလည်းကောင်းတယ်။ စီးပွားရေး လည်း လုပ်လို့ကောင်းတယ်။ တစ်ဦးနဲ့တစ်ဦး မေတ္တာ တွေလည်းထားတယ်။ အခုက လမ်းပန်းဆက်သွယ် ရေးလည်း ထင်သလိုမပေါက်ဘူး။ တောမှာခြံရှိလို့သွား ရင်လည်း သူတို့က မေးလားမြန်းလား၊ စစ်လားဆေး လားရှိတယ်။ တော်ရုံလူကလည်း နယ်ဘက်ခြမ်းမ ဆင်းဖြစ်တော့ဘူး။ တစ်နယ်နဲ့တစ်နယ် အလှူအတန်း ရှိရင်တောင် အရင်တုန်းက လွတ်လွတ်လပ်လပ်သွား လို့ရတယ်။ အခုက မသွားရဲကြတော့ဘူး။ ပြည်သူတွေ ကကြောက်နေကြတာပေါ့။
မေး - လက်နက်ကိုင်တွေအပေါ် ပြည်သူတွေ ထောက်ခံမှုကိုကော ဘယ်လိုမြင်ရလဲ။
ဖြေ - အရင်တုန်းကတော့ များတာပေါ့။ အခုတော့ မရှိတော့ဘူးနည်းလာပြီ။ သူတို့ကို စေတနာလည်း မရှိကြတော့ဘူး။ တော်တော်များများက။ အဲဒီလိုဖြစ် သွားပြီ။

ကျေးဇူးတင်ပါတယ် ခင်ဗျာ။

Zawgyi Version:
" ဒီမိုကေရစီေတြက ေနာက္မွာ က်န္ခဲ့ၿပီ " (ထားဝယ္ၿမိဳ႕က ျပည္သူ႔အသံ)
သုတေက်ာ္ (NP News) - ေအာက္တိုဘာ ၇
တနသၤာရီတိုင္းေဒသႀကီးမွ ထားဝယ္ၿမိဳ႕နယ္တြင္ လက္နက္ကိုင္မ်ားေရာက္လာၿပီးေနာက္ ျပည္ သူမ်ား အေနအစားက်ပ္သြားခဲ့ၾကသည္။ လမ္းပန္းဆက္သြယ္ေရး၊ စီးပြားေရး၊ လူမႈေရးမ်ား အဆင္မေျပ သည့္အျပင္ ေဒသခံမ်ားၾကား စိုးရိမ္ေၾကာက္လန႔္မႈမ်ားသာတိုးလာသည္။ အဆိုပါအေျခအေနမ်ားႏွင့္ ပတ္သက္၍ စက္တင္ဘာလ(၃၀)ရက္က ေဒသခံတစ္ဦးထံ ဆက္သြယ္ေမးျမန္းထားသည္မ်ားကို ေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။

ေမး - ပထမဆုံးေမးခ်င္တာက အခုထားဝယ္ၿမိဳ႕ နယ္ထဲမွာ ဘာေတြျဖစ္ေနပါသလဲ။
ေျဖ - မေန႔ကေတာ့ ေဆးကိစၥနဲ႔ပတ္သက္လို႔ ၿမိဳ႕ထဲ မွာ အဖမ္းအဆီးေလး နည္းနည္းပါးပါးေတာ့ရွိတယ္ ေပါ့။ ၿပီးေတာ့ ဒီေန႔မနက္ (၈)နာရီေလာက္အထိ ေက်ာက္ေလွကားဘက္မွာ တိုက္ပြဲေတြျဖစ္ေနတယ္။ မေန႔ညေန (၄) နာရီေလာက္ကျဖစ္လိုက္တာ။ ဒီမ နက္ (၈)နာရီခြဲေလာက္အထိျဖစ္ေနေသးတယ္။ စကခ (၈)ဘက္ေလာက္ကေန (၁၂၀)မမေတြ၊ ေဟာင္ဝစ္ဇာေတြနဲ႔ လွမ္းထုေပးေနတာရွိတယ္။
ေမး - ဆိုေတာ့ ထားဝယ္မွာ ဒီကာလအပိုင္းအျခားက တပ္ကေန ျပန္ၿပီးေတာ့ ထိုးစစ္ဆင္ေနတာလား။
ေျဖ - ေျပာရမယ္ဆိုရင္ တပ္က လုံးဝမလႈပ္ဘူး။ ေနရာကေန မခြာဘူး။ အခုေတာ့ တပ္က နည္းနည္း ပါးပါး ထိုးစစ္ျပန္ဆင္ေနတာရွိတယ္။ KNU နယ္ေျမ ထဲေတာင္ သူတို႔ေတြ ဂနာမၿငိမ္ ျဖစ္ေနၾကတာေပါ့။ ပဲခူးဘက္က ႏွစ္ေယာက္၊ သရက္ေခ်ာင္းဘက္က ႏွစ္ေယာက္ အလင္းဝင္ေသးတယ္။ ခမရ (၄၀၁) ကို ဝင္တာေပါ့။
ေမး - အလင္းဝင္တဲ့သူေတြက ဘာေၾကာင့္လဲ။
ေျဖ - ဆိုေတာ့ ေတာ္ေတာ္မ်ားမ်ားကေပါ့ ေျပာရရင္ PDF လုပ္တယ္ေပါ့။ PDF လုပ္ေတာ့ သူ႔ေဆြ၊ သူ႔မ်ိဳး ေတြလည္း ဘာမွမဟုတ္ဘဲအသတ္ခံရတာရွိတယ္။ သူတို႔အခ်င္းခ်င္းထဲမွာလည္း ပဋိပကၡက မ်ားလာတာ ေပါ့။ ၿပီးေတာ့ သူတို႔လုပ္ပုံ၊ ကိုင္ပုံကို ျပည္သူေတြက သိလာၿပီေလ။ သူတို႔မွာ ဥပေဒစည္းကမ္းကမရွိေတာ့ ၾကားထဲမွာ ျပည္သူေတြပဲနစ္နာရတာေပါ့။ ဆိုပါေတာ့ ကြၽန္ေတာ္က PDF လုပ္တယ္။ ကြၽန္ေတာ့္ညီအစ္ကို ေမာင္ႏွမေတြ အသတ္ခံရတယ္ဆိုရင္ ကြၽန္ေတာ္က ဘယ္ခံမတုံး။ စစ္တပ္နဲ႔ပူးေပါင္းၿပီးေတာ့ ျပန္တိုက္ ေနတာရွိတယ္။
ေမး - အၾကမ္းဖ်င္းနားလည္ထားသေလာက္က ထား ဝယ္မွာ လက္နက္ကိုင္ စုံတယ္လို႔သိရပါတယ္။ အမ်ိဳး အစားက် ဘယ္ႏွမ်ိဳးေလာက္ရွိပါသလဲ။
ေျဖ - မြန္အဖြဲ႕ကေတာ့ ကလိန္ေအာင္ဘက္ပိုင္းမွာ လႈပ္ရွားတာရွိတယ္။ ေအာက္ဘက္မွာ လႈပ္ရွားတာမရွိ ဘူး။ KNU ရွိမယ္၊ KTLA ရွိမယ္၊ PDF ရွိမယ္။
ေမး - သူတို႔ကေကာ အေဝတည့္ၾကလား။
ေျဖ - အဲဒါကေတာ့ အၿမဲတမ္းျဖစ္ေနတာပဲ။ ေနာက္ ဆုံးအဆင့္ေျပာရရင္ PDF အခ်င္းခ်င္းေတာင္ ေဝစု မတည့္ဘူး။ ဥပမာဆိုပါေတာ့ အပိုင္းေတြခြဲတယ္။ ငါတို႔က ေလာင္းလုံး PDF ၊ ငါတို႔က ေရျဖဴ PDF ၊ ေမာင္မေရွာင္ PDF အဲဒီလိုမ်ိဳးခြဲၿပီး တစ္ဖြဲ႕နဲ႔ပူးေပါင္း တာရွိေပမယ့္ ခြက္ေစာင္းခုတ္ေနၾကတာခ်ည္းပဲ။
ေမး - သူတို႔ ခြက္ေစာင္းခုတ္တာက ခုတ္တာေပါ့ေလ။ ဒီေတာ့ ျပည္သူေတြမွာ ဘယ္လိုအခက္အခဲႀကဳံရပါ သလဲ။
ေျဖ - သူတို႔အဖြဲ႕အခ်င္းခ်င္းထဲေတာင္ ဒီလိုျဖစ္လာ ၿပီဆိုေတာ့ ၾကားထဲမွာညပ္တာ ျပည္သူပဲေလ။ ဥပမာ အေနနဲ႔ေျပာရရင္ မင္းငါ့႐ြာကိုလာတယ္။ မင္းကို ငါ မယုံၾကည္ဘူး။ မယုံဘူးဆိုရင္ မင္းကဒလန္ အဲဒီလို မ်ိဳးဆိုေတာ့ သြားမရ၊ ဘာမရနဲ႔ အခက္အခဲေတြ အမ်ားႀကီးရွိတယ္။
ေမး - ဆိုေတာ့ အတိတ္ကို ခဏျပန္ေမးခ်င္ပါတယ္။ ထားဝယ္က စီးပြားေရးေကာင္းတယ္လို႔သိထားပါ တယ္။ ဘယ္ေလာက္အထိ အျမင့္ဆုံးစီးပြားေရး ေကာင္းခဲ့ပါသလဲ။
ေျဖ - အတိုင္းအတာကိုေျပာရမယ္ဆို ထားဝယ္မွာ အရမ္း ဆင္းရဲသားမရွိဘူး။ အေျခခံလူေတြကအစ စားႏိုင္ေသာက္ႏိုင္တယ္။ ေနာက္ဆုံး ေန႔စားလုပ္တဲ့ သူေတာင္မွ သူ႔ဝင္ေငြနဲ႔ထြက္ေငြ ညီမွ်တယ္။ ဆိုပါစို႔ မိသားစုတစ္စု တစ္ေန႔ကို တစ္ေသာင္းကုန္တယ္၊ သူ႔မိသားစုႏွစ္ေယာက္က အလုပ္လုပ္တယ္၊ သုံး ေသာင္းရတယ္ဆိုရင္ လုံေလာက္တဲ့ဝင္ေငြရွိတယ္။ အဆင္ေျပတယ္။ ေန႔စားလုပ္တဲ့သူေတာင္အဆင္ေျပ တယ္ေပါ့ သေဘာက။
ေမး - အဆင္မေျပတာေတြက ဘယ္ကာလေလာက္မွာ စလာခဲ့တာလဲ။
ေျဖ - ၂၀၂၂ ခုႏွစ္ေနာက္ပိုင္းမွာ ေတာ္ေတာ္သိသာ လာတယ္ေျပာရမယ္။
ေမး - ဘယ္အပိုင္းေတြ စထိတာလဲ။
ေျဖ - တစ္နယ္နဲ႔တစ္နယ္ သြားရတာ နည္းနည္းခက္ ခဲလာတယ္။ မထင္ရင္မထင္သလို ဒလန္လို႔စြပ္စြဲၿပီး ဖမ္းတာဆီးတာ၊ ေမးတာျမန္းတာအျပင္ကို လူသတ္ တာေတြ၊ ေနာက္ၿပီးေတာ့ ပိုက္ဆံေတာင္းတာေတြ၊ ေကာက္တာေတြ၊ ဒဏ္႐ိုက္တာေတြရွိလာေတာ့ ေတာ္ ႐ုံက မသြား၊ မလာရဲၾကေတာ့ဘူးေပါ့။ လက္ရွိလည္း အိမ္ေရွ႕ျပင္ကားဝင္းမွာဆိုရင္ ကားထားစရာေနရာ ေတာင္မရွိေတာ့ဘူး။ လမ္းေဘးေတြမွာထားေနရ တယ္။ ကားေတြလည္း မတက္ၾကေတာ့ဘူး။
ေမး - လမ္းပန္းဆက္သြယ္ေရးခက္တာနဲ႔အတူ ၿမိဳ႕ စီးပြားေရးက ဘယ္ေလာက္အထိ ထိသြားပါသလဲ။
ေျဖ - အခု သူတို႔ လမ္းပိတ္လိုက္ေတာ့ အေျခခံစား ေသာက္ကုန္ေတြက ေဈးေတာ့ေလ်ာ့သြားတယ္။ အ ရင္က ၾကက္ဥတစ္လုံး ငါးရာ၊ အခု ေလးရာပဲရွိေတာ့ တယ္။
ေမး-ထားဝယ္ၿမိဳ႕နယ္က အေျခခံစားေသာက္ကုန္ ေတြထုတ္ႏိုင္ေတာ့ ပစၥည္းမျပတ္ေပမယ့္ အဲဒီေဒသ တြင္းလုပ္ငန္းရွင္ေတြေတာ့ ထိခိုက္မွာေပါ့။
ေျဖ - ဟုတ္တယ္။ ဆိုပါစို႔ အရင္တုန္းကဆို တစ္ ေနရာ၊ တစ္ေနရာကို ပို႔ေနရတာ။ အခုက မပို႔ရေတာ့ ဘူး။ မသြားလာရေတာ့ဘူးဆိုေတာ့ အဓိက ဒီမွာထြက္ တဲ့ထြက္ကုန္ေတြက ေဈးက်သြားတယ္ေျပာရမွာေပါ့။ အကုန္လုံးေတာ့မဆိုလိုဘူးေပါ့။ ေဈးတက္တာေတြ လည္းရွိတယ္။
ေမး - ထားဝယ္က ေရလုပ္ငန္းနဲ႔ စီးပြားျဖစ္တဲ့ၿမိဳ႕လို႔ သိရတဲ့အခါမွာ ေရလုပ္ငန္းကေကာ ဘယ္ေလာက္ထိ ခိုက္ပါသလဲ။
ေျဖ - ေရလုပ္ငန္းက ဘယ္လိုထိခိုက္လဲဆိုေတာ့ အခုျမင္ေနရတာက အရင္တုန္းက လိုင္စင္မရွိတဲ့သူ ေတြက မထြက္ရဲဘူး။ အခု လိုင္စင္မရွိတဲ့သူေတြက ထြက္ရဲတယ္။ ေပးလိုက္ရင္ရၿပီေလ။
ေမး-ေရေပၚ PDF ေပါ့ေလ။ သူတို႔က ေရလုပ္သား ေတြကို ဘယ္လို ဆက္ေၾကးေကာက္ေနပါသလဲ။
ေျဖ - ဆိုပါစို႔ ေလွတစ္စင္းေပါ့။ ေလွႀကီးရင္ႀကီးသ လို၊ ေလွငယ္ရင္ငယ္သလို အနည္းဆုံး သိန္း(၃၀)ကေန သိန္း(၁၀ဝ)ဝန္းက်င္အထိေပးရတယ္။ ေငြ လမ္းခင္းရင္ အဆင္ေျပတာဆိုေတာ့ေလ။ အရင္ တုန္းကဆိုရင္ ေငြလမ္းခင္းတာက ခက္တယ္။
ေမး - အခုက ငါးဖမ္းတာမွာ PDF ေတြက ဘာေၾကာင့္ ဆက္ေၾကးေကာက္ဖို႔ အခြင့္သာေနတာလဲ။
ေျဖ - တပ္မေတာ္ကရွိတယ္။ ဒါေပမဲ့ ပင္လယ္ထဲမွာ ရွိတာ။ ျမစ္အဝေတြမွာမရွိဘူးေလ။ ျမစ္အဝေတြမွာပဲ ငါးဖမ္းတာရွိတယ္။ ျမစ္အဝမွာတင္ လႈပ္ရွားလို႔ရတာ အမ်ားႀကီးရွိတယ္။ ပင္လယ္ျပင္ စိုးမိုးေရးတပ္ေတြ ေလာက္ပဲရွိတယ္ေလ။
ေမး - PDF ေတြက ကမ္းနီးငါးဖမ္းေလွေတြကို ဆက္ေၾကးေကာက္ေနတဲ့သေဘာေပါ့။
ေျဖ - ဟုတ္တယ္။ ႐ြာကေနထိုင္ေနလိုက္ရင္ ဥပမာ ဦးေသာင္းရဲ႕ေလွက အခြန္ဘယ္ေလာက္သြင္း၊ ဦးၫြန႔္ရဲ႕ေလွက အခြန္ဘယ္ေလာက္သြင္း အဲဒီလို မ်ိဳးေပါ့။
ေမး - ထားဝယ္ၿမိဳ႕ေပၚမဟုတ္ဘဲ ၿမိဳ႕နယ္ဘက္မွာ မင္းမဲ့စ႐ိုက္ဆန္လာတာေပါ့။
ေျဖ - ဟုတ္ကဲ့။ အဲဒါက အေသအခ်ာပဲ။
ေမး - ျဖစ္စဥ္တစ္ခုေလာက္ ထပ္ေျပာျပပါလား။
ေျဖ - ဆိုပါစို႔ ေရျဖဴဘက္မွာျဖစ္သြားတာေလ။ အဲဒီ ဘက္က ေတာ္႐ုံတန္႐ုံ စစ္ေၾကာင္းမဝင္ဘူး။ မဝင္ ေတာ့ PDF ေတြစိုးမိုးေနတဲ့အခါက်ေတာ့ ဘာလုပ္ လုပ္ေပါ့။ ဆိုပါစို႔ အခုလက္ရွိ ထားဝယ္ဘက္ကေန ေရာ္ဘာလုပ္တာရွိတယ္။ လုပ္ေနတဲ့သူေတြဆီကေန ပိုက္ဆံယူတယ္။ ကြၽန္ေတာ့္အသိဆို သူေဌးတစ္ ေယာက္ၿခံမွာသြားလုပ္တာ။ အဲဒီသူေဌးက ၿခံေစာင့္နဲ႔ ထားတာ။ သူ႔ေရာ္ဘာပင္ေတြကို သူကလွဲခ်င္တယ္။ ဘာလို႔လဲဆိုေတာ့ အပင္ေတြက ဂ်ပန္ေခတ္ကတည္း ကက်န္ခဲ့တဲ့ ေရာ္ဘာေတာေတြဆိုေတာ့ လွဲခ်င္တယ္။ ေရာ္ဘာပင္ခုတ္ၿပီး အပင္သစ္ေတြျပန္ထည့္တဲ့အခ်ိန္ PDF ေတြက မလိုလားဘူး။ သူေဌးရဲ႕ညီတစ္ေယာက္ အသတ္ခံရတယ္။ သူေဌးက ထြက္ေျပးလြတ္ေျမာက္ သြားတယ္။
ေမး - ထားဝယ္ဘက္က PDF ေတြက စီးပြားရွာၾကမ္း တယ္လို႔သိရတယ္။
ေျဖ - အဲဒါက ေျပာက္ေသာက္ပဲ။ အမ်ားႀကီးပဲကို။ အကုန္လုံးက စီးပြားမရွိရင္ စားေသာက္မရဘူးေလ။ အကုန္ လႈပ္ရွားေနၾကတာပဲ။
ေမး - ဘယ္လိုေတြ ရွာၾကပါသလဲ။
ေျဖ - အပိုင္းလိုက္ေျပာမွရမယ္။ ေလာင္းလုံးအပိုင္း ဆိုရင္ ေရလုပ္ငန္းနဲ႔စီးပြားရွာတယ္။ အေကာက္ခြန္ ယူတယ္။ ေရျဖဴဘက္ေတြက်ေတာ့ ဥယ်ာဥ္ၿခံေတြ ဆီကေန အေကာက္ခြန္ေတြယူတယ္။ သစ္လုပ္ငန္း ရွင္ေတြဆီကလည္း အေကာက္ခြန္ေတြယူတယ္။ အေရွ႕ေတာဘက္ဆိုရင္လည္း ခေနာက္စိမ္းတို႔၊ ေ႐ႊ တို႔၊ ခဲမျဖဴတို႔၊ အဓိကေတာ့ ေ႐ႊျဖဴေပါ့။ ၿပီးေတာ့ ထိုင္း ဘက္ကိုအလုပ္သမားပို႔တဲ့ လူေမွာင္ခိုေတြနဲ႔ စီးပြားရွာ ၾကတယ္။
ေမး -ပိုက္ဆံရတာေတာ့ နည္းမ်ိဳးစုံလုပ္ေနၾကတာ ေပါ့။
ေျဖ - ဟုတ္တယ္။
ေမး - ဆိုေတာ့ သူတို႔က စီးပြားရွာတဲ့ဘက္ပဲ အား သန္သြားတယ္ေျပာမလား။ သူတို႔ေျပာတဲ့ ဒီမိုကေရစီ ရရွိေရးတို႔ ဘာတို႔ေကာ။
ေျဖ - ဒီမိုကေရစီေတြက ေနာက္မွာက်န္ခဲ့ၿပီ။ အကုန္ လုံးက ကိုယ္က်ိဳးစီးပြားေတြျဖစ္ကုန္ၿပီ။ အဲဒီလိုမ်ိဳး။ ကိုယ္က်ိဳးစီးပြားနဲ႔ဆက္ႏႊယ္ၿပီး သူတို႔ကိုထိခိုက္တယ္ ဆို ဒလန္ပဲ။ အရွင္းခံရမွာပဲ။
ေမး - ဆိုေတာ့ နယ္ဘက္ကလူေတြက သူတို႔ မဟုတ္တာလုပ္ရင္ ျပန္ေျပာရဲလား။
ေျဖ - မေျပာရဲဘူးေလ။ မဟုတ္တာလုပ္လို႔ ေျပာရင္ အသတ္ခံရမွာေပါ့။ ဆိုပါစို႔ စိုက္ပ်ိဳးေရးကဝန္ထမ္း အပ်ိဳမိန္းကေလးေတာင္ ေမွာက္ရက္႐ိုက္တယ္ဗ်ာ။ ခုနစ္ရက္၊ ရွစ္ရက္ေလာက္ လမ္းမေလွ်ာက္ႏိုင္ဘူး။ သူ႔ဝမ္းကြဲတူေတြဆိုရင္ PDF ထဲမွာပဲ။ နယ္ကလူေတြ ဆိုမလႈပ္ရဲဘူး။ နယ္ေတြမွာဆို လူသားတံတိုင္းလုပ္ တယ္ဗ်ာ။ သူတို႔ေျပးရင္ အတူတူေျပး။ ႐ြာထဲမွာက်န္ ခဲ့တဲ့သူ ဒလန္ပဲ။ အဲဒီလို သတ္ပစ္တာလည္းရွိတယ္။
ေမး - ထားဝယ္ဘက္မွာ စြာေနတာက KNU လား၊ PDF လား၊ KTLA လား။
ေျဖ - KNU ပါတယ္။ ေနရာတိုင္းလိုလို သူကပါေန တာပဲ။
ေမး - တကယ္လို႔ သူတို႔ေတာင္းတဲ့ဆက္ေၾကးေပါ့ ေလ။ သူတို႔က အခြန္လို႔ေခၚမွာေပါ့။ အဲဒါမေပးရင္ ဘာျဖစ္မွာလဲ။
ေျဖ - အဲဒါေတာ့ ရွင္းခံရမွာပဲ။ ဒါေသခ်ာတယ္။ သူတို႔ေတာင္းတာမေပးရင္ အရွင္းခံရမွာပဲ။
ေမး-မေပးရင္ ေတာ္လွန္ေရးကို ကဖ်က္ယဖ်က္သမား လို႔သတ္မွတ္တာေပါ့။
ေျဖ - ဟုတ္တယ္။
ေမး - သူတို႔က ဒလန္ရွင္းတယ္လို႔ေျပာေျပာေန တယ္။ သူတို႔သတ္တဲ့သူေတြက တကယ္ေကာ ဒလန္ လုပ္တယ္ထင္လား။
ေျဖ - သူတို႔ရွင္းတဲ့သူေတြက ဒလန္ဆိုလားဆိုတာကို ျပန္သုံးသပ္ရင္ (၁၀ဝ) မွာ (၉၉)က ဒလန္မဟုတ္တာ ေသခ်ာတယ္။ ဆိုပါစို႔ ကြၽန္ေတာ့္မိသားစုက အစိုးရ ဝန္ထမ္းလုပ္ေနတာ။ အခုမွမဟုတ္ဘူး။ လြန္ခဲ့တဲ့ ႏွစ္ သုံးဆယ္ေလာက္က လုပ္ခဲ့တဲ့သူ။ လက္ရွိလည္း လုပ္ ေနတယ္ဆို ေထာက္ပို႔ေတြနဲ႔စုံစမ္းၿပီး လုပ္ေနတယ္ ဆို ဒလန္ပဲ။ အဓိက က အစိုးရဝန္ထမ္းျဖစ္ေနရင္ကို ဒလန္ျဖစ္ေနၿပီ။
ေမး - ဆိုေတာ့ နယ္ကလူေတြကေကာ ဘယ္ေတြ သြားၾကလဲ။
ေျဖ - ထားဝယ္ၿမိဳ႕ေပၚမွာ ျပည့္ေနတာေပါ့။ အရင္က လူေပါင္း(၅၀)ေလာက္ရွိတဲ့ေနရာမွာ အခုဆိုရင္ (၁၀ဝ)ေလာက္ သြားရွိေနတာေပါ့။ ၿမိဳ႕ေပၚ ေျပာင္းၾက တာေပါ့။
ေမး - အစိုးရအာဏာ အျပည့္အဝသက္ေရာက္တုန္း ကကာလနဲ႔ အခုနဲ႔ ဘယ္လိုကြာသြားတယ္ထင္လဲ။
ေျဖ - ဘာေတြကြာမလဲဆိုေတာ့ အရင္တုန္းက လမ္း ပန္းဆက္သြယ္ေရးလည္းေကာင္းတယ္။ စီးပြားေရး လည္း လုပ္လို႔ေကာင္းတယ္။ တစ္ဦးနဲ႔တစ္ဦး ေမတၱာ ေတြလည္းထားတယ္။ အခုက လမ္းပန္းဆက္သြယ္ ေရးလည္း ထင္သလိုမေပါက္ဘူး။ ေတာမွာၿခံရွိလို႔သြား ရင္လည္း သူတို႔က ေမးလားျမန္းလား၊ စစ္လားေဆး လားရွိတယ္။ ေတာ္႐ုံလူကလည္း နယ္ဘက္ျခမ္းမ ဆင္းျဖစ္ေတာ့ဘူး။ တစ္နယ္နဲ႔တစ္နယ္ အလႉအတန္း ရွိရင္ေတာင္ အရင္တုန္းက လြတ္လြတ္လပ္လပ္သြား လို႔ရတယ္။ အခုက မသြားရဲၾကေတာ့ဘူး။ ျပည္သူေတြ ကေၾကာက္ေနၾကတာေပါ့။
ေမး - လက္နက္ကိုင္ေတြအေပၚ ျပည္သူေတြ ေထာက္ခံမႈကိုေကာ ဘယ္လိုျမင္ရလဲ။
ေျဖ - အရင္တုန္းကေတာ့ မ်ားတာေပါ့။ အခုေတာ့ မရွိေတာ့ဘူးနည္းလာၿပီ။ သူတို႔ကို ေစတနာလည္း မရွိၾကေတာ့ဘူး။ ေတာ္ေတာ္မ်ားမ်ားက။ အဲဒီလိုျဖစ္ သြားၿပီ။

ေက်းဇူးတင္ပါတယ္ ခင္ဗ်ာ။

Related news

© 2021. All rights reserved.