နှစ်(၁၇၀)ကျော်သက်တမ်းရှိ မဟာမင်းထင်ကျောင်းတိုက်ကို ဂျပန်အလှူငွေဖြင့် ရှေးမူမပျက်ထိန်းမည်

391

စော (NP News) - အောက်တိုဘာ ၇
မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ရှိ နှစ် ပေါင်း(၁၇၀)ကျော်သက်တမ်းရှိသော မဟာမင်းထင် ကျောင်းတိုက်ကို ဂျပန်အစိုးရအလှူငွေဖြင့် ရှေးမူမပျက်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ òန်ကြားရေးမှူး ဒေါက်တာသန်းထိုက်က NP News ကိုပြောသည်။
အဆိုပါကျောင်းတိုက်ကြီးကို မူလက အင်းဝမြို့ဟောင်း၌ (၁၈၅၂)ခုနှစ်တွင် တည်ဆောက် ခဲ့၍ မဟာမင်းလှမင်းကျော် ဦးမင်းထင်က လှူဒါန်းခဲ့ ခြင်းဖြစ်ကာ (၁၈၇၆) ခုနှစ်တွင် မန္တလေးသို့ပြောင်းရွှေ့ ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
လက်ရှိတွင် ကျောင်းတိုက်ကြီး ပျက်စီးယို ယွင်းမှုအခြေအနေများနှင့်ပတ်သက်၍ လူမှုကွန် ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာများတွင် ဓာတ်ပုံများပျံ့နှံ့နေ ကာ ဝေဖန်ထောက်ပြမှုများလည်းရှိနေသည်။
" အခုက တွက်ချက်မှုအပိုင်းက ပြီးပြီပေါ့နော်။ မြေ ပြင်ကွင်းဆင်းပြီးတော့ တွက်ချက်မှုတွေလုပ်တယ်။ လုပ်ပြီးတဲ့ဟာကို လှူဒါန်းမယ့်ဂျပန်နိုင်ငံကို သူတို့ပြန် လည်ချိတ်ဆက်ပြီးတော့ ဒီတွက်ချက်မှု နျအငာအေန တွေ ပြန်လည်တင်ပြနေတာရှိပါတယ်။ အဲဒါတွေပြီး ရင် ငွေလှူဒါန်းမှုရောက်လာပြီဆိုတာနဲ့ ထိန်းသိမ်း ရေးလုပ်ငန်းတွေကို ဆက်ပြီးတော့ဆောင်ရွက်သွား မှာပါ"ဟု ၎င်းက ကပြောသည်။
ထိုသို့ပြုပြင်ထိန်းသိမ်းရန်တွက်ချက်ရာ တွင် ကျွန်းသစ်ရှားပါးမှုနှင့် ဈေးနှုန်းများကြောင့် ငွေ ကျပ် သိန်း (၁၀ဝဝဝ)ကျော်ကုန်ကျသွားမည်ဖြစ်သော် လည်း လှူဒါန်းမှုပေါ်မူတည်၍ ဦးစားပေးသတ်မှတ် ထားသောနေရာများကိုသာ ပြန်လည်အစားထိုးထိန်း သိမ်းသွားမည်ဖြစ်ကြောင်းသိရသည်။
" အဓိကတော့ အမိုးပေါ့နော်။ ကျောင်း တော်ကြီးကလည်းစောင်းနေတော့ ပြန်တည့်ရမယ်။ အမိုးတွေပြန်မိုးမယ်။ ြငေည ဆောင်ကြီးကိုပဲ အဓိက ထားလုပ်မယ်။ လှူဒါန်းမယ့်ငွေ အတိုင်းအတာ လောက်ငမှုကိုမူတည်ပြီးတော့ တခြားလိုအပ်တာ တွေပြုပြင်သွားမှာပေါ့။ အောက်ကကြမ်းခင်းတို့၊ အဆင့်တို့၊ ရက်မတို့ ဒါတွေကို ကြပ်မတ်ပြီးတော့ ပြန် လည်ပြီးတော့ ခင်းတာတို့လုပ်မှာပါ" ဟု ၎င်းက ဆက် လက်ပြောသည်။
ဂျပန်အစိုးရ၏လှူဒါန်းမှုသည် မန္တလေးမြို့ တွင် နေရာ (၃)ခု၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်နေပြည် တော်တို့တွင်လည်း လှူဒါန်းမှုများလည်းရှိကြောင်း သိရသည်။

Zawgyi Version:
ႏွစ္(၁၇၀)ေက်ာ္သက္တမ္းရွိ မဟာမင္းထင္ေက်ာင္းတိုက္ကို ဂ်ပန္အလႉေငြျဖင့္ ေရွးမူမပ်က္ထိန္းမည္
ေစာ (NP News) - ေအာက္တိုဘာ ၇
မႏၲေလးတိုင္းေဒသႀကီး မႏၲေလးၿမိဳ႕ရွိ ႏွစ္ ေပါင္း(၁၇၀)ေက်ာ္သက္တမ္းရွိေသာ မဟာမင္းထင္ ေက်ာင္းတိုက္ကို ဂ်ပန္အစိုးရအလႉေငြျဖင့္ ေရွးမူမပ်က္ထိန္းသိမ္းသြားမည္ျဖစ္ေၾကာင္း သာသနာေရး ႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာန၊ ေရွးေဟာင္းသုေတသနႏွင့္အမ်ိဳးသားျပတိုက္ဦးစီးဌာနမွ òန္ၾကားေရးမႉး ေဒါက္တာသန္းထိုက္က NP News ကိုေျပာသည္။
အဆိုပါေက်ာင္းတိုက္ႀကီးကို မူလက အင္းဝၿမိဳ႕ေဟာင္း၌ (၁၈၅၂)ခုႏွစ္တြင္ တည္ေဆာက္ ခဲ့၍ မဟာမင္းလွမင္းေက်ာ္ ဦးမင္းထင္က လႉဒါန္းခဲ့ ျခင္းျဖစ္ကာ (၁၈၇၆) ခုႏွစ္တြင္ မႏၲေလးသို႔ေျပာင္းေ႐ႊ႕ ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
လက္ရွိတြင္ ေက်ာင္းတိုက္ႀကီး ပ်က္စီးယို ယြင္းမႈအေျခအေနမ်ားႏွင့္ပတ္သက္၍ လူမႈကြန္ ရက္ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာမ်ားတြင္ ဓာတ္ပုံမ်ားပ်ံ႕ႏွံ႔ေန ကာ ေဝဖန္ေထာက္ျပမႈမ်ားလည္းရွိေနသည္။
" အခုက တြက္ခ်က္မႈအပိုင္းက ၿပီးၿပီေပါ့ေနာ္။ ေျမ ျပင္ကြင္းဆင္းၿပီးေတာ့ တြက္ခ်က္မႈေတြလုပ္တယ္။ လုပ္ၿပီးတဲ့ဟာကို လႉဒါန္းမယ့္ဂ်ပန္ႏိုင္ငံကို သူတို႔ျပန္ လည္ခ်ိတ္ဆက္ၿပီးေတာ့ ဒီတြက္ခ်က္မႈ န်အငာေအန ေတြ ျပန္လည္တင္ျပေနတာရွိပါတယ္။ အဲဒါေတြၿပီး ရင္ ေငြလႉဒါန္းမႈေရာက္လာၿပီဆိုတာနဲ႔ ထိန္းသိမ္း ေရးလုပ္ငန္းေတြကို ဆက္ၿပီးေတာ့ေဆာင္႐ြက္သြား မွာပါ"ဟု ၎က ကေျပာသည္။
ထိုသို႔ျပဳျပင္ထိန္းသိမ္းရန္တြက္ခ်က္ရာ တြင္ ကြၽန္းသစ္ရွားပါးမႈႏွင့္ ေဈးႏႈန္းမ်ားေၾကာင့္ ေငြ က်ပ္ သိန္း (၁၀ဝဝဝ)ေက်ာ္ကုန္က်သြားမည္ျဖစ္ေသာ္ လည္း လႉဒါန္းမႈေပၚမူတည္၍ ဦးစားေပးသတ္မွတ္ ထားေသာေနရာမ်ားကိုသာ ျပန္လည္အစားထိုးထိန္း သိမ္းသြားမည္ျဖစ္ေၾကာင္းသိရသည္။
" အဓိကေတာ့ အမိုးေပါ့ေနာ္။ ေက်ာင္း ေတာ္ႀကီးကလည္းေစာင္းေနေတာ့ ျပန္တည့္ရမယ္။ အမိုးေတြျပန္မိုးမယ္။ ျေငည ေဆာင္ႀကီးကိုပဲ အဓိက ထားလုပ္မယ္။ လႉဒါန္းမယ့္ေငြ အတိုင္းအတာ ေလာက္ငမႈကိုမူတည္ၿပီးေတာ့ တျခားလိုအပ္တာ ေတြျပဳျပင္သြားမွာေပါ့။ ေအာက္ကၾကမ္းခင္းတို႔၊ အဆင့္တို႔၊ ရက္မတို႔ ဒါေတြကို ၾကပ္မတ္ၿပီးေတာ့ ျပန္ လည္ၿပီးေတာ့ ခင္းတာတို႔လုပ္မွာပါ" ဟု ၎က ဆက္ လက္ေျပာသည္။
ဂ်ပန္အစိုးရ၏လႉဒါန္းမႈသည္ မႏၲေလးၿမိဳ႕ တြင္ ေနရာ (၃)ခု၊ စစ္ကိုင္းတိုင္းေဒသႀကီးႏွင့္ေနျပည္ ေတာ္တို႔တြင္လည္း လႉဒါန္းမႈမ်ားလည္းရွိေၾကာင္း သိရသည္။