အုန်းငှက်ပျောစျေးကွက်အတွင်း ကုန်အဝင်များနေသော်လည်း စျေးမြင့်နေ

 608

NP News - အောက်တိုဘာ ၈
ရန်ကုန်မြို့ရှိ အုန်းငှက်ပျောစျေးကွက်အတွင်းသို့ ယခုရက်ပိုင်းအတွင်း ကုန်အဝင်များလာသော်လည်း စျေးနှုန်းများမြင့်မားနေကြောင်း ရန်ကုန်မြို့၊ ဗားကရာကုန်စည်ဒိုင်ရှိ အုန်းငှက်ပျောပွဲရုံများမှ သိရသည်။
“ပုံမှန်သီတင်းကျွတ်ပွဲတော်ကာလမှာ ဝယ်လိုအားတိုးတတ်တော့ အဝင်များနေတဲ့အနေအထားမျိုးပါ၊ စျေးကတော့ သိတဲ့အတိုင်းပဲလေ၊ သယ်ယူစရိတ်ဘာညာနဲ့ အတက်ပဲရှိနေတာမဟုတ်လား” ဟု အုန်းငှက်ပျောပွဲရုံလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
လက်ရှိတွင် မြစ်ဝကျွန်းပေါ်ဒေသများမှ အုန်းသီးများနှင့် ငှက်ပျောသီးများ အများဆုံးဝင်ရောက်နေပြီး ကုန်းရေလမ်းနှစ်သွယ်မှ ဝင်ရောက်မှုရှိသော်လည်း ရေလမ်းမှ ဝင်ရောက်မှုများကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းမှ ငှက်ပျောသီးအချို့ ဝင်ရောက်ခြင်းများရှိကြောင်း သိရသည်။
“ပွဲတော်ကာလမို့ ထင်တယ်၊ ဝင်တာများပြီး စျေးကမြင့်နေတဲ့အနေအထားပါ” ဟု အုန်း၊ ငှက်ပျောများကို လက်လီရောင်းချနေသူတစ်ဦးက ပြောသည်။
ပြီးခဲ့သောအပတ်က အုန်းငှက်ပျော်ပွဲရုံများသို့ အုန်းသီးအလုံးရေ ၁၀၀၀၀ ဝန်းကျင်နှင့် ငှက်ပျောအခိုင် ပေါင်း ၈၀၀၀ ကျော် ရေလမ်းမှဝင်ရောက်ခဲ့သော်လည်း ယခုအပတ်တွင် ယင်းထက် နှစ်ဆ ဝန်းကျင်လောက်အထိ အများအပြားဝင်ရောက်လျက်ရှိသည်။
စျေးနှုန်းများအနေဖြင့်လည်း ဆွဲအုန်းမှာ အရွယ်အစားပေါ်မူတည်၍ ဒိုင်စျေးအနိမ့်ဆုံး ကျပ် ၅၅၀၀ အထက်ရှိနေပြီး အခွံချွတ်အုန်းမှာ ၃၅၀၀ အထက်တွင်ရှိနေကြောင်း၊ ငှက်ပျောများမှာလည်း ငှက်ပျောအမျိုးအစား နှင့် အဖီးအရွယ်အစားပေါ်မူတည်၍ ဒိုင်စျေးတွင် ၄၀၀၀ ကျပ်မှ ၈၀၀၀ ကျပ်အထိ အသီးသီးရှိနေကြောင်း သိရသည်။

Zawgyi Version:
အုန်းငှက်ပျောဈေးကွက်အတွင်း ကုန်အဝင်များနေသော်လည်း ဈေးမြင့်နေ
NP News - အောက်တိုဘာ ၈
ရန်ကုန်မြို့ရှိ အုန်းငှက်ပျောဈေးကွက်အတွင်းသို့ ယခုရက်ပိုင်းအတွင်း ကုန်အဝင်များလာသော်လည်း ဈေးနှုန်းများမြင့်မားနေကြောင်း ရန်ကုန်မြို့၊ ဗားကရာကုန်စည်ဒိုင်ရှိ အုန်းငှက်ပျောပွဲရုံများမှ သိရသည်။
“ပုံမှန်သီတင်းကျွတ်ပွဲတော်ကာလမှာ ဝယ်လိုအားတိုးတတ်တော့ အဝင်များနေတဲ့အနေအထားမျိုးပါ၊ ဈေးကတော့ သိတဲ့အတိုင်းပဲလေ၊ သယ်ယူစရိတ်ဘာညာနဲ့ အတက်ပဲရှိနေတာမဟုတ်လား” ဟု အုန်းငှက်ပျောပွဲရုံလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
“ပွဲတော်ကာလမို့ ထင်တယ်၊ ဝင်တာများပြီး ဈေးကမြင့်နေတဲ့အနေအထားပါ” ဟု အုန်း၊ ငှက်ပျောများကို လက်လီရောင်းချနေသူတစ်ဦးက ပြောသည်။
ဈေးနှုန်းများအနေဖြင့်လည်း ဆွဲအုန်းမှာ အရွယ်အစားပေါ်မူတည်၍ ဒိုင်ဈေးအနိမ့်ဆုံး ကျပ် ၅၅၀၀ အထက်ရှိနေပြီး အခွံချွတ်အုန်းမှာ ၃၅၀၀ အထက်တွင်ရှိနေကြောင်း၊ ငှက်ပျောများမှာလည်း ငှက်ပျောအမျိုးအစား နှင့် အဖီးအရွယ်အစားပေါ်မူတည်၍ ဒိုင်ဈေးတွင် ၄၀၀၀ ကျပ်မှ ၈၀၀၀ ကျပ်အထိ အသီးသီးရှိနေကြောင်း သိရသည်။

Related news

© 2021. All rights reserved.