ကုန်သွယ်မှုဆိုင်ရာဝန်ဆောင်ခနှုန်းထားများ ပြောင်းလဲကောက်ခံသွားမည်

 587

Pearl (NP News) - အောက်တိုဘာ ၉

ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သောသတင်းလွှာ (၅/၂၀၁၈)နှင့် (၁၈/၂၀၂၀) ကိုပယ်ဖျက်၍ ကုန်သွယ်မှုဆိုင်ရာဝန်ဆောင်ခနှုန်းထားများ ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။


ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် Myanmar Tradenet 2.0 စနစ်အပါအဝင် Online စနစ် အားလုံးတွင် ကောက်ခံလျက်ရှိသော ကုန်သွယ်မှုဆိုင်ရာဝန်ဆောင်ခနှုန်းထားများအား ပြင်ဆင် ကောက်ခံခြင်းကို ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သောသတင်းလွှာ (၅/၂၀၁၈)နှင့် (၁၈/၂၀၂၀) ဖြင့် ထုတ်ပြန်ခဲ့ကြောင်း သိရဩသည်။

အဆိုပါ ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သောသတင်းလွှာများအရ ကောက်ခံလျက်ရှိသည့် ဝန်ဆောင်ခ နှုန်းထားများနှင့် ပို့ကုန်သွင်းကုန်ဆိုင်ရာနှုန်းထားများအား Tradenet 2.0 စနစ်အသုံးပြုမှု နှစ်စဉ်ကြေး (Member Fee) ၅ဝ,ဝဝဝ ကျပ်၊ Online ဝန်ဆောင်မှု(Online Application Fee) ၁ဝ,ဝဝဝ ကျပ်၊ ပို့ကုန်လိုင်စင်သက်တမ်းတိုးမြှင့်ကြေး ပထမအကြိမ် သက်တမ်းတိုး ၂ လအတွက် ၅ဝ,ဝဝဝ ကျပ်၊ ဒုတိယအကြိမ် သက်တမ်းတိုး ၁ လအတွက် ၃၀,၀၀၀ ကျပ်၊ သွင်းကုန်လိုင်စင်သက်တမ်းတိုးမြှင့်ကြေး (လိုင်စင်ကြေးကင်းလွတ်ခွင့်ပြုသည့် ကုန်ပစ္စည်းများအပါအဝင်) ပထမအကြိမ် သက်တမ်းတိုး ၂ လအတွက် သွင်းကုန်လိုင်စင်ကြေးသတ်မှတ်နှုန်းအတိုင်းဖြစ်ပြီး ဒုတိယအကြိမ် သက်တမ်းတိုး ၁ လအတွက် သွင်းကုန်လိုင်စင်ကြေးသတ်မှတ်နှုန်းအတိုင်း ကောက်ခံသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။


ထို့ပြင် ပို့ကုန်သွင်းကုန်လိုင်စင်ပါအချက်များအား ပြင်ဆင်ပါက ပြင်ဆင်ချက် တစ်ချက်လျှင် ၁ဝ,ဝဝဝ ကျပ်၊ ပို့ကုန်သွင်းကုန်လိုင်စင်အပ်နှံကြေး ၃ဝ,၀၀၀ ကျပ်၊ ပထမကြိမ်နှင့်ဒုတိယကြိမ် ပို့ကုန်လိုင်စင်/ပါမစ် သက်တမ်းတိုးခြင်း/ ပြင်ဆင်ခြင်း ဒဏ်ကြေးအနေဖြင့် သက်တမ်းကုန် ဆုံးသည့်ရက်မှစ၍(၁) လအတွင်း ၅,ဝဝဝ ကျပ်၊ သက်တမ်းကုန်ဆုံးသည့်ရက်မှစ၍ (၁) လနှင့် အထက် ၁ဝ,ဝဝဝ ကျပ်၊ ပထမကြိမ်နှင့်ဒုတိယကြိမ် သွင်းကုန်လိုင်စင်/ပါမစ် သက်တမ်းတိုးခြင်း/ ပြင်ဆင်ခြင်း/ အပ်နှံခြင်း ဒဏ်ကြေး သက်တမ်းကုန်ဆုံးသည့်ရက်မှစ၍ (၁) လအတွင်း ၅,ဝဝဝ ကျပ်၊ သက်တမ်းကုန်ဆုံးသည့် ရက်မှစ၍ (၁) လနှင့်အထက် ၁ဝ,ဝဝဝ ကျပ် အဖြစ် ပြောင်းလဲ ကောက်ခံမည်ဖြစ်ကြောင်းလည်း သိရသည်။


ထို့ပြင် လိုင်စင်အပ်နှံ၍ ပြန်လည်လျှောက်ထားခြင်းအတွက် သက်တမ်းကုန်ဆုံးပြီး ၁၄ ရက် ကျော်လွန်လျှောက်ထားမှုများကို ဆောင်ရွက်ပေးမည်မဟုတ်ကြောင်းနှင့် လိုင်စင်ပြင်ဆင်ခွင့် လျှောက်ထားခြင်းများကို မြန်မာနိုင်ငံဆိပ်ကမ်းနှင့်လေဆိပ်တို့သို့ ရောက်ရှိမလာမီ ကြိုတင် တင်ပြ လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် နိုင်ငံတော်သို့ ပေးသွင်းရန်သတ်မှတ်ထားသည့် ဝန်ဆောင်ခနှုန်း ထားများကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့မှစ၍ ပေးသွင်းရန်ဖြစ် ကြောင်းအသိပေး ကြေညာထားသည်။

ပို့ကုန်သွင်းကုန်နှင့် ပတ်သက်သောသတင်းလွှာ (၅/၂၀၁၈)နှင့် (၁၈/၂၀၂၀)အား ဤ သတင်းလွှာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

Zawgyi Version:
ကုန္သြယ္မႈဆိုင္ရာဝန္ေဆာင္ခႏႈန္းထားမ်ား ေျပာင္းလဲေကာက္ခံသြားမည္
Pearl (NP News) - ေအာက္တိုဘာ ၉

ပို႔ကုန္သြင္းကုန္ႏွင့္ပတ္သက္ေသာသတင္းလႊာ (၅/၂၀၁၈)ႏွင့္ (၁၈/၂၀၂၀) ကိုပယ္ဖ်က္၍ ကုန္သြယ္မႈဆိုင္ရာဝန္ေဆာင္ခႏႈန္းထားမ်ား ေျပာင္းလဲေကာက္ခံသြားမည္ျဖစ္ေၾကာင္း စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန ကုန္သြယ္ေရးဦးစီးဌာနက သတင္းထုတ္ျပန္ထားသည္။


ကုန္သြယ္ေရးဦးစီးဌာနအေနျဖင့္ Myanmar Tradenet 2.0 စနစ္အပါအဝင္ Online စနစ္ အားလုံးတြင္ ေကာက္ခံလ်က္ရွိေသာ ကုန္သြယ္မႈဆိုင္ရာဝန္ေဆာင္ခႏႈန္းထားမ်ားအား ျပင္ဆင္ ေကာက္ခံျခင္းကို ပို႔ကုန္သြင္းကုန္ႏွင့္ပတ္သက္ေသာသတင္းလႊာ (၅/၂၀၁၈)ႏွင့္ (၁၈/၂၀၂၀) ျဖင့္ ထုတ္ျပန္ခဲ့ေၾကာင္း သိရဩသည္။

အဆိုပါ ပို႔ကုန္သြင္းကုန္ႏွင့္ပတ္သက္ေသာသတင္းလႊာမ်ားအရ ေကာက္ခံလ်က္ရွိသည့္ ဝန္ေဆာင္ခ ႏႈန္းထားမ်ားႏွင့္ ပို႔ကုန္သြင္းကုန္ဆိုင္ရာႏႈန္းထားမ်ားအား Tradenet 2.0 စနစ္အသုံးျပဳမႈ ႏွစ္စဥ္ေၾကး (Member Fee) ၅ဝ,ဝဝဝ က်ပ္၊ Online ဝန္ေဆာင္မႈ(Online Application Fee) ၁ဝ,ဝဝဝ က်ပ္၊ ပို႔ကုန္လိုင္စင္သက္တမ္းတိုးျမႇင့္ေၾကး ပထမအႀကိမ္ သက္တမ္းတိုး ၂ လအတြက္ ၅ဝ,ဝဝဝ က်ပ္၊ ဒုတိယအႀကိမ္ သက္တမ္းတိုး ၁ လအတြက္ ၃၀,၀၀၀ က်ပ္၊ သြင္းကုန္လိုင္စင္သက္တမ္းတိုးျမႇင့္ေၾကး (လိုင္စင္ေၾကးကင္းလြတ္ခြင့္ျပဳသည့္ ကုန္ပစၥည္းမ်ားအပါအဝင္) ပထမအႀကိမ္ သက္တမ္းတိုး ၂ လအတြက္ သြင္းကုန္လိုင္စင္ေၾကးသတ္မွတ္ႏႈန္းအတိုင္းျဖစ္ၿပီး ဒုတိယအႀကိမ္ သက္တမ္းတိုး ၁ လအတြက္ သြင္းကုန္လိုင္စင္ေၾကးသတ္မွတ္ႏႈန္းအတိုင္း ေကာက္ခံသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။


ထို႔ျပင္ ပို႔ကုန္သြင္းကုန္လိုင္စင္ပါအခ်က္မ်ားအား ျပင္ဆင္ပါက ျပင္ဆင္ခ်က္ တစ္ခ်က္လွ်င္ ၁ဝ,ဝဝဝ က်ပ္၊ ပို႔ကုန္သြင္းကုန္လိုင္စင္အပ္ႏွံေၾကး ၃ဝ,၀၀၀ က်ပ္၊ ပထမႀကိမ္ႏွင့္ဒုတိယႀကိမ္ ပို႔ကုန္လိုင္စင္/ပါမစ္ သက္တမ္းတိုးျခင္း/ ျပင္ဆင္ျခင္း ဒဏ္ေၾကးအေနျဖင့္ သက္တမ္းကုန္ ဆုံးသည့္ရက္မွစ၍(၁) လအတြင္း ၅,ဝဝဝ က်ပ္၊ သက္တမ္းကုန္ဆုံးသည့္ရက္မွစ၍ (၁) လႏွင့္ အထက္ ၁ဝ,ဝဝဝ က်ပ္၊ ပထမႀကိမ္ႏွင့္ဒုတိယႀကိမ္ သြင္းကုန္လိုင္စင္/ပါမစ္ သက္တမ္းတိုးျခင္း/ ျပင္ဆင္ျခင္း/ အပ္ႏွံျခင္း ဒဏ္ေၾကး သက္တမ္းကုန္ဆုံးသည့္ရက္မွစ၍ (၁) လအတြင္း ၅,ဝဝဝ က်ပ္၊ သက္တမ္းကုန္ဆုံးသည့္ ရက္မွစ၍ (၁) လႏွင့္အထက္ ၁ဝ,ဝဝဝ က်ပ္ အျဖစ္ ေျပာင္းလဲ ေကာက္ခံမည္ျဖစ္ေၾကာင္းလည္း သိရသည္။


ထို႔ျပင္ လိုင္စင္အပ္ႏွံ၍ ျပန္လည္ေလွ်ာက္ထားျခင္းအတြက္ သက္တမ္းကုန္ဆုံးၿပီး ၁၄ ရက္ ေက်ာ္လြန္ေလွ်ာက္ထားမႈမ်ားကို ေဆာင္႐ြက္ေပးမည္မဟုတ္ေၾကာင္းႏွင့္ လိုင္စင္ျပင္ဆင္ခြင့္ ေလွ်ာက္ထားျခင္းမ်ားကို ျမန္မာႏိုင္ငံဆိပ္ကမ္းႏွင့္ေလဆိပ္တို႔သို႔ ေရာက္ရွိမလာမီ ႀကိဳတင္ တင္ျပ ေလွ်ာက္ထားရမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ႏိုင္ငံေတာ္သို႔ ေပးသြင္းရန္သတ္မွတ္ထားသည့္ ဝန္ေဆာင္ခႏႈန္း ထားမ်ားကို ၂၀၂၅ ခုႏွစ္၊ ေအာက္တိုဘာလ ၁၅ ရက္ေန႔မွစ၍ ေပးသြင္းရန္ျဖစ္ ေၾကာင္းအသိေပး ေၾကညာထားသည္။

ပို႔ကုန္သြင္းကုန္ႏွင့္ ပတ္သက္ေသာသတင္းလႊာ (၅/၂၀၁၈)ႏွင့္ (၁၈/၂၀၂၀)အား ဤ သတင္းလႊာျဖင့္ လႊမ္းမိုးပယ္ဖ်က္လိုက္ေၾကာင္း ကုန္သြယ္ေရးဦးစီးဌာနက ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.