PDF အဖွဲ့များသည် အစိုးရဆန့်ကျင်ရေးလှုံ့ဆော်မှုများ လုပ်ဆောင်ရာတွင် ပြည်သူလူထုကို အကာအကွယ်ယူ၍ လူသားဒိုင်းအဖြစ်အသုံးချနေ

3507

သန့်ဇင်(NP News)-အောက်တိုဘာ ၉
PDF အဖွဲ့များသည် အစိုးရဆန့်ကျင်ရေးလှုံ့ဆော်မှုများ လုပ်ဆောင်ရာတွင် ပြည်သူလူထုကို အကာအကွယ်ယူ၍ လူသားဒိုင်းအဖြစ်အသုံးချနေ ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ဘုံတိုရွာဖြစ်စဉ်နှင့်ပတ်သက်၍ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် က ယနေ့ (အောက်တိုဘာ ၉ရက်) နေ့လယ်ပိုင်းတွင် ထုတ်ပြန်သော သတင်း ထုတ်ပြန်ချက်တွင် ထည့်သွင်း ရေးသားထားသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် PDF အဖွဲ့များသည် အစိုးရဆန့်ကျင်ရေးလှုံ့ဆော်မှုများ လုပ်ဆောင်ရာတွင် ပြည်သူလူထုကို အကာအကွယ်ယူ၍ လူသားဒိုင်းအဖြစ်အသုံးချ ဆောင်ရွက် လျက်ရှိကြောင်းဖော်ပြထားသည်။
ထို့နောက် အောက်တိုဘာလ ၆ ရက်တွင် အစိုးရဆန့်ကျင်ရေး ဆီမီးသပိတ်အမည်ဖြင့် ပြည်သူလူထုအား အတင်းအကြပ်ဆန္ဒပြခိုင်းပြီး ပြည်သူလူထုကို လူသားဒိုင်းအဖြစ် အရှက်တရားမဲ့စွာ အကာအကွယ်ယူ လုပ်ဆောင်စေခဲ့ကြောင်း သိရသည်။
ထိုသို့ အတင်းအကြပ်စေခိုင်းခြင်းခံရသူများထဲတွင်ပါဝင်သော တာဝန်သိပြည်သူတစ်ဦး၏ တိကျသော သတင်းပေးပို့မှုအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက အပြစ်မဲ့ပြည်သူလူထုထိခိုက်မှုအနည်းဆုံးဖြစ်အောင် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး(Counter- Terrorism Operation) အဖြစ် ရွေးချယ် တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
PDF အဖွဲ့များသည် ချောင်းဦးမြို့နယ်ရှိ ကျေးရွာများတွင် အခြေပြုပြီး ချောင်းဦးမြို့အတွင်းသို့ လက်လုပ်စိန်ပြောင်းများဖြင့် နှောင့်ယှက် ပစ်ခတ်ခြင်း၊ ချောင်းဦး-မုံရွာ ကားလမ်း၊ ချောင်းဦး- မြင်းမူကားလမ်း၊ ချောင်ဦး-ပခုက္ကူကားလမ်းများတွင် သွားလာနေသော ခရီးသည် တင် မော်တော်ယာဉ်များအား နှောင့်ယှက်တိုက်ခိုက်ခြင်း၊ ချင်းတွင်းမြစ်အတွင်း သွားလာနေသော သင်္ဘောများအား နှောင့်ယှက်တိုက်ခိုက် ခြင်းများ အမြဲလုပ်ဆောင်လျက်ရှိကြောင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၃ ရက်၊ ညပိုင်းကလည်း ချောင်းဦး-အမြင့်လမ်းစုံဘက်မှ ချောင်းဦးမြို့ အတွင်းသို့ PDF အမည်ခံအကြမ်းဖက်အဖွဲ့က လက်လုပ်စိန်ပြောင်းများဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့သောကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၂ ဦးသေဆုံးခဲ့ရပြီး ၄ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဖော်ပြထားသည်။
အလားတူ လွန်ခဲ့သည့် ဩဂုတ်လ ၂၂ ရက်နေ့တွင်လည်း မုံရွာမှမန္တလေးဘက်သို့ ထွက်ခွာ လာသော ရွှေမြန်မာ ခရီးသည်တင်မော်တော် ယာဉ်အား ချောင်းဦးမြို့နယ် နတ်ရေကန်ကျေးရွာအနီး PDF အဖွဲ့ဝင်များက အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် အပြစ်မဲ့ ပြည်သူ ၁ ဦး သေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ချောင်းဦးမြို့နယ်အတွင်းရှိ PDF အဖွဲ့ဝင်များသည် ဒေသခံပြည်သူလူထုအပေါ်လက်နက်အားကိုးဖြင့် အနိုင်ကျင့်ဗိုလ် ကျကာ အကြမ်းဖက် သတ် ဖြတ်မှုများကိုကျူးလွန်နေသော အဖွဲ့များဖြစ်ကြောင်းလည်း ရေးသားထားသည်။

Zawgyi Version:
PDF အဖြဲ႕မ်ားသည္ အစိုးရဆန႔္က်င္ေရးလႈံ႕ေဆာ္မႈမ်ား လုပ္ေဆာင္ရာတြင္ ျပည္သူလူထုကို အကာအကြယ္ယူ၍ လူသားဒိုင္းအျဖစ္အသုံးခ်ေန
သန႔္ဇင္(NP News)-ေအာက္တိုဘာ ၉
PDF အဖြဲ႕မ်ားသည္ အစိုးရဆန႔္က်င္ေရးလႈံ႕ေဆာ္မႈမ်ား လုပ္ေဆာင္ရာတြင္ ျပည္သူလူထုကို အကာအကြယ္ယူ၍ လူသားဒိုင္းအျဖစ္အသုံးခ်ေန ေၾကာင္း စစ္ကိုင္းတိုင္းေဒသႀကီး၊ ေခ်ာင္းဦးၿမိဳ႕နယ္၊ ဘုံတို႐ြာျဖစ္စဥ္ႏွင့္ပတ္သက္၍ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ က ယေန႔ (ေအာက္တိုဘာ ၉ရက္) ေန႔လယ္ပိုင္းတြင္ ထုတ္ျပန္ေသာ သတင္း ထုတ္ျပန္ခ်က္တြင္ ထည့္သြင္း ေရးသားထားသည္။
အဆိုပါ ထုတ္ျပန္ခ်က္တြင္ PDF အဖြဲ႕မ်ားသည္ အစိုးရဆန႔္က်င္ေရးလႈံ႕ေဆာ္မႈမ်ား လုပ္ေဆာင္ရာတြင္ ျပည္သူလူထုကို အကာအကြယ္ယူ၍ လူသားဒိုင္းအျဖစ္အသုံးခ် ေဆာင္႐ြက္ လ်က္ရွိေၾကာင္းေဖာ္ျပထားသည္။
ထို႔ေနာက္ ေအာက္တိုဘာလ ၆ ရက္တြင္ အစိုးရဆန႔္က်င္ေရး ဆီမီးသပိတ္အမည္ျဖင့္ ျပည္သူလူထုအား အတင္းအၾကပ္ဆႏၵျပခိုင္းၿပီး ျပည္သူလူထုကို လူသားဒိုင္းအျဖစ္ အရွက္တရားမဲ့စြာ အကာအကြယ္ယူ လုပ္ေဆာင္ေစခဲ့ေၾကာင္း သိရသည္။
ထိုသို႔ အတင္းအၾကပ္ေစခိုင္းျခင္းခံရသူမ်ားထဲတြင္ပါဝင္ေသာ တာဝန္သိျပည္သူတစ္ဦး၏ တိက်ေသာ သတင္းေပးပို႔မႈအရ လုံၿခဳံေရး တပ္ဖြဲ႕ဝင္မ်ားက အျပစ္မဲ့ျပည္သူလူထုထိခိုက္မႈအနည္းဆုံးျဖစ္ေအာင္ အၾကမ္းဖက္ေခ်မႈန္းမႈစစ္ဆင္ေရး(Counter- Terrorism Operation) အျဖစ္ ေ႐ြးခ်ယ္ တိုက္ခိုက္ခဲ့ေၾကာင္း ထုတ္ျပန္ထားသည္။
PDF အဖြဲ႕မ်ားသည္ ေခ်ာင္းဦးၿမိဳ႕နယ္ရွိ ေက်း႐ြာမ်ားတြင္ အေျချပဳၿပီး ေခ်ာင္းဦးၿမိဳ႕အတြင္းသို႔ လက္လုပ္စိန္ေျပာင္းမ်ားျဖင့္ ေႏွာင့္ယွက္ ပစ္ခတ္ျခင္း၊ ေခ်ာင္းဦး-မုံ႐ြာ ကားလမ္း၊ ေခ်ာင္းဦး- ျမင္းမူကားလမ္း၊ ေခ်ာင္ဦး-ပခုကၠဴကားလမ္းမ်ားတြင္ သြားလာေနေသာ ခရီးသည္ တင္ ေမာ္ေတာ္ယာဥ္မ်ားအား ေႏွာင့္ယွက္တိုက္ခိုက္ျခင္း၊ ခ်င္းတြင္းျမစ္အတြင္း သြားလာေနေသာ သေဘၤာမ်ားအား ေႏွာင့္ယွက္တိုက္ခိုက္ ျခင္းမ်ား အၿမဲလုပ္ေဆာင္လ်က္ရွိေၾကာင္းထုတ္ျပန္ခ်က္တြင္ ေရးသားထားသည္။
၂၀၂၄ ခုႏွစ္၊ ဇြန္လ ၂၃ ရက္၊ ညပိုင္းကလည္း ေခ်ာင္းဦး-အျမင့္လမ္းစုံဘက္မွ ေခ်ာင္းဦးၿမိဳ႕ အတြင္းသို႔ PDF အမည္ခံအၾကမ္းဖက္အဖြဲ႕က လက္လုပ္စိန္ေျပာင္းမ်ားျဖင့္ အေၾကာင္းမဲ့ ပစ္ခတ္ခဲ့ေသာေၾကာင့္ အျပစ္မဲ့အရပ္သားျပည္သူ ၂ ဦးေသဆုံးခဲ့ရၿပီး ၄ ဦး ထိခိုက္ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း ေဖာ္ျပထားသည္။
အလားတူ လြန္ခဲ့သည့္ ဩဂုတ္လ ၂၂ ရက္ေန႔တြင္လည္း မုံ႐ြာမွမႏၲေလးဘက္သို႔ ထြက္ခြာ လာေသာ ေ႐ႊျမန္မာ ခရီးသည္တင္ေမာ္ေတာ္ ယာဥ္အား ေခ်ာင္းဦးၿမိဳ႕နယ္ နတ္ေရကန္ေက်း႐ြာအနီး PDF အဖြဲ႕ဝင္မ်ားက အေၾကာင္းမဲ့ ပစ္ခတ္တိုက္ခိုက္ခဲ့သည့္အတြက္ အျပစ္မဲ့ ျပည္သူ ၁ ဦး ေသဆုံးၿပီး ၁ ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ေခ်ာင္းဦးၿမိဳ႕နယ္အတြင္းရွိ PDF အဖြဲ႕ဝင္မ်ားသည္ ေဒသခံျပည္သူလူထုအေပၚလက္နက္အားကိုးျဖင့္ အႏိုင္က်င့္ဗိုလ္ က်ကာ အၾကမ္းဖက္ သတ္ ျဖတ္မႈမ်ားကိုက်ဴးလြန္ေနေသာ အဖြဲ႕မ်ားျဖစ္ေၾကာင္းလည္း ေရးသားထားသည္။