နေစရာ အခက်အခဲဖြစ်နေသော လူရွှင်တော်များအတွက် လူရွှင်တော်ရွာ တည်ဆောက်ရန် စတင်ပန္နက်ရိုက်

 3972

သက်ပိုင် (NP News) - အောက်တိုဘာ ၁၁

နေထိုင်စရာအခက်အခဲဖြစ်နေသော လူရွှင်တော်များအတွက် ရည်ရွယ်၍ နေအိမ်ဆောက်လုပ်ပေးမည့် လူရွှင်တော်ရွာစီမံကိန်းကို ယနေ့(အောက်တိုဘာလ ၁၁ ရက်) နံနက်ပိုင်းက စတင် ပန္နက်ရိုက်ခဲ့ကြကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊အမှတ်(၄၈) ရပ်ကွက်ရှိ မြေ(၅) ဧကပေါ်တွင် လူရွှင်တော်များနေထိုင်ရန်အတွက် တိုက်ခန်းများ တည်ဆောက်သွားမည်ဖြစ်ပြီး ယခုနှစ်မကုန်မီ တိုက်တစ်လုံးအပြီး ဆောက်လုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ ဦးဒိန်းဒေါင်က ပြောသည်။
“အဓိက ကတော့ ခန်းမကြီးကို အရင်တည်ဆောက်မှာပေါ့နော်။ အဲဒါကို ဆောက်နေရင်းနဲ့ပဲ ပထမဦးဆုံး ဒီနှစ်ကုန်အပြီး တိုက်တစ်လုံးကို အရင်ဆောက်မယ်။ စာချုပ်ချုပ်ထားတာကတော့ နှစ်နှစ်အတွင်း နေထိုင်လို့ရအောင်၊ မီးတွေရေတွေ အကုန်လုပ်ပေးမှာပါ။ ဆောက်တဲ့အခါ ငလျင်ဒဏ်ခံနိုင်အောင်၊ အနည်းဆုံး နှစ်(၅၀) အထက်ခံအောင် တည်ဆောက်ပေးမယ်လို့ ပြောပါတယ်” ဟု ၎င်းက ဆိုသည်။
အဆိုပါအဆောက်အဦးများကို ပြည်သစ်စံကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ပေးနေခြင်းဖြစ်ပြီး ယခုအချိန်အထိ လိုအပ်သည်များကို အခမဲ့ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ဦးဒိန်းဒေါင်က ပြောသည်။
နေထိုင်ရန်အခက်အခဲရှိသည့် လူရွှင်တော်များ နေထိုင်နိုင်ရေးအတွက် မြေ(၅)ဧကကို နိုင်ငံတော်မှ ၂၀၂၃ ခုနှစ်တွင် ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံးဝင်(၁ဝဝဝ)ကျော်ပြီရှိပြီး ကန်တော့ခံသက်ကြီးလူရွှင်တော် (၁၆ဝ)ခန့်ရှိကြောင်း သိရသည်။

Zawgyi Version:
ေနစရာ အခက္အခဲျဖစ္ေနေသာ လူ႐ႊင္ေတာ္မ်ားအတြက္ လူ႐ႊင္ေတာ္႐ြာ တည္ေဆာက္ရန္ စတင္ပႏၷက္႐ိုက္
သက္ပိုင္ (NP News) - ေအာက္တိုဘာ ၁၁
ေနထိုင္စရာအခက္အခဲျဖစ္ေနေသာ လူ႐ႊင္ေတာ္မ်ားအတြက္ ရည္႐ြယ္၍ ေနအိမ္ေဆာက္လုပ္ေပးမည့္ လူ႐ႊင္ေတာ္႐ြာစီမံကိန္းကို ယေန႔(ေအာက္တိုဘာလ ၁၁ ရက္) နံနက္ပိုင္းက စတင္ ပႏၷက္႐ိုက္ခဲ့ၾကေၾကာင္း သိရသည္။
ရန္ကုန္တိုင္းေဒသႀကီး၊ ဒဂုံၿမိဳ႕သစ္ေျမာက္ပိုင္း၊အမွတ္(၄၈) ရပ္ကြက္ရွိ ေျမ(၅) ဧကေပၚတြင္ လူ႐ႊင္ေတာ္မ်ားေနထိုင္ရန္အတြက္ တိုက္ခန္းမ်ား တည္ေဆာက္သြားမည္ျဖစ္ၿပီး ယခုႏွစ္မကုန္မီ တိုက္တစ္လုံးအၿပီး ေဆာက္လုပ္သြားမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံဟာသပညာရွင္မ်ားအစည္းအ႐ုံး (ဗဟို) ဥကၠ႒ ဦးဒိန္းေဒါင္က ေျပာသည္။
“အဓိက ကေတာ့ ခန္းမႀကီးကို အရင္တည္ေဆာက္မွာေပါ့ေနာ္။ အဲဒါကို ေဆာက္ေနရင္းနဲ႔ပဲ ပထမဦးဆုံး ဒီႏွစ္ကုန္အၿပီး တိုက္တစ္လုံးကို အရင္ေဆာက္မယ္။ စာခ်ဳပ္ခ်ဳပ္ထားတာကေတာ့ ႏွစ္ႏွစ္အတြင္း ေနထိုင္လို႔ရေအာင္၊ မီးေတြေရေတြ အကုန္လုပ္ေပးမွာပါ။ ေဆာက္တဲ့အခါ ငလ်င္ဒဏ္ခံႏိုင္ေအာင္၊ အနည္းဆုံး ႏွစ္(၅၀) အထက္ခံေအာင္ တည္ေဆာက္ေပးမယ္လို႔ ေျပာပါတယ္” ဟု ၎က ဆိုသည္။
အဆိုပါအေဆာက္အဦးမ်ားကို ျပည္သစ္စံကုမၸဏီမွ တာဝန္ယူတည္ေဆာက္ေပးေနျခင္းျဖစ္ၿပီး ယခုအခ်ိန္အထိ လိုအပ္သည္မ်ားကို အခမဲ့ ကူညီေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း ဦးဒိန္းေဒါင္က ေျပာသည္။
ေနထိုင္ရန္အခက္အခဲရွိသည့္ လူ႐ႊင္ေတာ္မ်ား ေနထိုင္ႏိုင္ေရးအတြက္ ေျမ(၅)ဧကကို ႏိုင္ငံေတာ္မွ ၂၀၂၃ ခုႏွစ္တြင္ ေပးအပ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
လက္ရွိတြင္ ျမန္မာႏိုင္ငံဟာသပညာရွင္မ်ားအစည္းအ႐ုံးဝင္(၁ဝဝဝ)ေက်ာ္ၿပီရွိၿပီး ကန္ေတာ့ခံသက္ႀကီးလူ႐ႊင္ ေတာ္ (၁၆ဝ)ခန႔္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.