နောက်ရွေးကောက်ပွဲမှဝင်ပါရစေဆိုပြီး ကြောက်ပြီးဝင်မပြိုင်တဲ့ကိုယ်စားလှယ်တွေ အများကြီးပဲ

330

သက်ပိုင် (NP News) - အောက်တိုဘာ ၁၃
ဦးလီပေါ်ရမ်း (ဥက္ကဋ္ဌ) လီဆူအမျိုးသားဖွံ့ ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)
လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) သည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အခြေစိုက်သည့် ပါတီတစ်ခုဖြစ်ကာ လာမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် တိုင်းဒေသကြီး အ ဆင့် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီတစ်ခုလည်းဖြစ်သည်။ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီ (ဒူး လေးပါတီ) နှင့်ပတ်သက်၍ ပါတီ၏မူဝါဒ၊ အနာဂတ်ရည်မှန်းချက်များနှင့် ရွေးကောက်ပွဲအတွက် ကြိုး ပမ်းအားထုတ်ရာတွင်တွေ့ကြုံရမှုများကို ပါတီဥက္ကဋ္ဌဖြစ်သူ ဦးလီပေါ်ရမ်းနှင့် ဆက်သွယ်မေးမြန်းထား သည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။
မေး- လာမယ့်ရွေးကောက်ပွဲအေပါ် ပါတီရဲ့သဘောထားအမြင်ကို သိလိုပါတယ်။
ဖြေ- လာမယ့်ရွေးကောက်ပွဲကျတော့ အပိုင်းတွေခွဲပြီး လုပ်မယ်ဆိုတော့ ကျွန်တော်တို့ကတော့ ဘာမှ ပြောစရာ မရှိပေမယ့် ရလဒ်တွေအရကလည်း တစ်ခါတည်း မဟုတ်ဘဲ နှစ်ပိုင်းသုံပိုင်းထွက်လာနိုင်ခြေ ရှိနေတာပေါ့လေ။ အဲဒီလိုဆိုတော့ ပါတီအနေနဲ့ကတော့ လာမယ့်ရွေးကောက်ပွဲမှာ ကိုယ့်ပါတီ၊ သူ့ပါတီ ကိုယ့်ပါတီ ကိုယ်စားလှယ်လောင်း ရွေးချယ်အနိုင်ရရှိရေးကိုတော့ အဓိကထားပြီးကြိုးပမ်းကြရမှာပဲလေ။ ဒီတော့ လာမယ့်ရွေးကောက်ပွဲကတော့ ကျွန်တော်တို့ပါတီအနေနဲ့ကတော့ ရွေးကောက်ပွဲမှာ ပယ်မဲတွေ မရှိတော့ဘူးပေါ့လေ။ မဲပေးစက်တွေနဲ့သွားမယ်ဆိုတော့လေ။ အရင်ရွေးကောက်ပွဲမှာတုန်းကဆိုရင် မဲ ပေးရတဲ့အချိန်တွေ၊ တစ်ပါတီချင်းမဲရရှိတာတွေကို စစ်ဆေးတဲ့အခါ ကြာချိန်ရှိမယ်။ ရလာတဲ့ မဲ အရေ အတွက်အပေါ်မူတည် ပြီးတော့မှလုပ်ရတာတွေရှိမယ်။ ဒါပေမဲ့ လာမယ့်ရွေး ကောက်ပွဲကျတော့ အဖြေ ကို အမြန်ဆုံးသိရလိမ့်မယ်လို့မြင်မိတယ်။
မေး- လာမယ့်ရွေးကောက်ပွဲက တရားမျှတမှန်ကန်မှု ရှိမယ်လို့ထင်ပါသလား။
ဖြေ- လာမယ့်ရွေးကောက်ပွဲကျတော့ မှန်ကန်မှုကတော့ရှိမှာပါ။ ဘာလို့လဲဆိုတော့ အရင်တုန်းက ရွေး ကောက်ပွဲတစ်ခုမှာတော့ ရွေးကောက်ပွဲမှာအစိုးရဖွဲ့ဖြစ်တဲ့ လက်ရှိအစိုးရကလည်းမပါဝင်ဘဲနဲ့ ရွေး ကောက်ပွဲကိုကျင်းပတာလေ။ အရင်တုန်းကတော့ ဘာပဲပြောပြော အစိုးရဖြစ်တဲ့ပါတီတုန်းကတော့ ပါတီက အခွင့် အရေးအများကြီးသာတာပေါ့ဗျာ။ သူတို့မှာက လိုအပ်တဲ့ဘက်ဂျက်ကိုလည်း ပါတီက ပေးနိုင်တာပေါ့။ ဒီတော့ မသိတဲ့လူထုကိုလှည့်စားပြီးသွားခဲ့တာကို လည်း အများကြီးကြုံခဲ့ဖူးသွားပြီလေ။ ဒီတစ်ခေါက်ကျတော့ ရွေးကောက်ခံပါတီတွေက အစိုးရမဟုတ်ဘူးဆိုတော့ မျှတမှုကတော့ ရှိမယ်လို့ ထင်ပါတယ်။ စိန်ခေါ်မှုတွေကတော့ အများကြီးရှိနိုင်တာပေါ့။ ဘာပဲပြောပြော ကျွန်တော်တို့ ရွေးကောက် ခံမယ့်ကိုယ် စားလှယ်တွေကတော့ လုံခြုံရေးအရ နည်းနည်း သိုသို သိပ်သိပ်လုပ်ရတာမျိုးတွေတော့ရှိတာပေါ့။
မေး- UEC ရဲ့စည်းမျဉ်းတွေ မဖြေလျှော့ခင်မှာ သတ်မှတ်စည်းကမ်းချက်တွေပြည့်မီအောင် ဘယ်လို ကြိုးပမ်းခဲ့ရပါသလဲ။
ဖြေ- အဲ့ဒီအတွက်တော့ တော်တော်လေးခေါင်းခဲခဲ့ရတာ။ ဘာလို့လဲဆိုတော့ PR ဆိုတဲ့ မဲဆန္ဒနယ်မှာ သူတို့သတ်မှတ်ထားတဲ့ ကိုယ်စားလှယ်အရေအတွက် မပြည့်ရင် ရှေ့ထွက်ဖြစ်တဲ့ FPTP ကလည်း မရဘူး ဆိုတော့ သတ်မှတ်ချက်ပြည့်တဲ့ PR ကိုယ်စားလှယ်တွေကို ရှာထည့်ရတာပေါ့။ အဓိကကတော့ ပြည့်ဖို့ ပါပဲ။ ဒါပေမဲ့လည်း PR မှာကျတော့ အရွေးခံနိုင်မယ့် ကိုယ်စားလှယ်က နှစ်ယောက်၊ သုံးယောက်ပေါ့။ ဒါပေမဲ့လည်း ကိုးမြို့နယ်ဆိုရင် ကိုးယောက်ရှာဖြည့်ရမယ်ဆိုတော့ ကျန်တဲ့သူတွေကိုပါ ရှာရတော့တာ ပေါ့။ သက်ဆိုင်ရာကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းမေးမြန်းတာတွေရှိနေတော့ ကျန်တဲ့ကိုယ်စား လှယ်တွေကလည်း ထပ်ထည့်ရတော့ သူတို့လည်း အလုပ်တွေရှုပ်ကုန်တာပေါ့။ တကယ်တမ်း ရွေး ကောက်ပွဲ ဝင်မယ့်ရည်ရွယ်ချက်မရှိတဲ့သူတွေကိုလည်း ပါတီ ကိုယ်စားလှယ်အရေအတွက်ပြည့်မီရေး ကြောင့် လို အပ်ချက်အရဝင်ပြိုင်ခိုင်းရတာကိုး။ ပါတီကတော့ လုပ်ရကိုင်ရခက်တာပေါ့။ ကိုယ်စားလှယ် လောင်း တစ်ယောက်ရဲ့အာမခံကြေးက တစ်ယောက်ကို ငါးသိန်းဆိုတဲ့အခါ လူများလာတော့အမျိုးမျိုး ပေါ့။ ဒီတစ်ခေါက် ရွေးကောက်ပွဲကော်မရှင်က တအားကို တိကျတယ်။ စာလုံးပေါင်းလိုအပ်ချက်လေးက အစ၊ အောက်ကမြင့်လေးကအစ စာရိုက်တာတောင်မှ တစ်တန်းမရိုက်မိတာကအစ အကုန်လုံးကို တိကျ သလား မမေးနဲ့။ တကယ်ကိုတိကျတာ။ ဒီတော့ တစ်ခါတလေ မှားတာလေးတွေရှိခဲ့ရင်တောင် ခဏခဏ ပြန်ပြင်ပေးရတာပေါ့။ မှားလို့တော့မရဘူးပေါ့နော်။ အဓိကတော့ သူတို့စစ်ဆေးရမယ့်အပိုင်းဖြစ်တဲ့ ပညာ အရည်အချင်း ပြည့်မီ မမီ၊ နိုင်ငံသားဖြစ်မဖြစ်၊ နောက်ပြီးတော့ အသက်ပြည့်မပြည့်နဲ့ ကိုယ်စားလှယ် လောင်းအရည်အချင်း ပြည့်မီ မမီကိုစစ်ရမှာပေါ့လေ။ ဒါပေမဲ့ ကော်မရှင်က တိကျသလားမမေးနဲ့ စာလုံး အထားအသိုကအစ အကုန်လုံးကို ရိုက်တာတွေကအစစစ်တော့ တော်တော်လေးကိုတော့ အခက်အခဲ တွေရှိခဲ့တာပေါ့။ နောက်တစ်ခုက မဲဆန္ဒနယ်ရွေးတဲ့ကိစ္စပေါ့။ အမှန်က ကော်မရှင်က မဲဆန္ဒနယ်ရေးတဲ့ ဟာကို ကြိုတင်သတ်မှတ်ချက်တစ်ခုလုပ်ပေးရင် ကောင်းတာပေါ့လေ။ အခုက ကျွန်တော်တို့အတွက် ရွေးကောက်ပွဲ စနစ်ကလည်း PR နဲ့ မဲပေးစက်နဲ့ပေးတဲ့စနစ်အရဆိုတော့ တချို့တွေက မဲဆန္ဒနယ် ရွေး တဲ့အခါတွေမှာ အလွဲလွဲအမှားမှားရှိတယ်။ ဒါကတော့ ပါတီတိုင်းမှာ ရှိတတ်တာပဲလေ။ ဒါတွေကအစ ပြင်ရပြုရနဲ့ နှစ်ခါ၊ သုံးခါပြင်ရတာမျိုးတွေလည်းရှိတယ်။ နောက်ပြီး မဲဆန္ဒနယ် တစ်ခုနဲ့ တစ်ခု အကူး အပြောင်းမှာ ပုံစံ(၁၀) သွင်းရတဲ့ကိစ္စတွေမှာလည်း အများကြီး အားထုတ်ကြရတာပေါ့နော်။ ပေးထားတဲ့ အချိန်ကလည်း (၁၀)ရက် ပဲပေးထားတာလေ။ ဒီကြားထဲမှာ ဒီကိစ္စတွေလုပ်ရတော့ အရမ်းခက်ခဲတာပေါ့။ ဒီတစ်ခေါက်ရွေးကောက် ပွဲကျတော့ အခက်အခဲတွေအများကြီးပေါ့။ နောက်ပြီး ဥပဒေကလည်း ဒီတစ် ခေါက် အမည်စာရင်းတင်သွင်း ဖို့မသတ်မှတ်ခင်တစ်လလောက်အလိုမှာ ထုတ်ပြန်နေတုန်းဆိုတော့ ကျွန်တော်တို့ဆီကို ဥပဒေက ချက် ချင်းမရောက်။ ကျွန်တော်တို့ဆီမှာကလည်း ဥပဒေတွေ မရှိဆိုတော့ အခက်အခဲတွေ အများကြီးဖြစ်ခဲ့ရတာပေါ့။
မေး- လာမယ့်ရွေးကောက်ပွဲမှာ ဘယ်မဲဆန္ဒနယ်တွေကနေ ပြိုင်သွားဖို့ရှိမလဲ။
ဖြေ- ကျွန်တော်တို့ကတော့ အမျိုးသားလွှတ်တော်က (၅)နေရာ၊ ပြည်သူ့လွှတ်တော်က (၄)နေရာ၊ ပြည် နယ်လွှတ်တော်က (၁၀)နေရာ ဝင်ပြိုင်သွားမှာပါ။
မေး- လာမယ့်ရွေးကောက်ပွဲမှာ PR စနစ်နဲ့ FPTP ရောစပ်ထားတာကိုကော ဘယ်လိုမြင်ပါသလဲ။
ဖြေ- ရောတာကတော့ သိပ်ပြီးအခက်ခဲကြီးတော့ မဟုတ်ပေမယ့်လည်း ဒါအခုမှ ဒီစနစ်နဲ့စလုပ်တာဖြစ် တဲ့အတွက် ကျွန်တော်တို့အတွက်လည်း တော်တော်လေးကို ခက်ခဲတာတွေတော့ရှိတာပေါ့။ မြန်မာနိုင်ငံ မှာလည်း ဒီစနစ်ကို အရင်တုန်းကမကျင့်သုံးခဲ့ရသေးတော့လေ။ မဲဆန္ဒနယ်ရွေးချယ်ရမယ့်အပိုင်းတွေ၊ နောက်ပြီး မဲဆန္ဒနယ်တွေမှာ ကိုယ်စားလှယ်ထည့်ရမယ့်အပိုင်းတွေရော အများကြီးပေါ့။ ဒါပေမဲ့ ကျွန် တော်တို့ တိုင်းရင်းသားပါတီအနေနဲ့ကတော့ ကျွန်တော်တို့က တိုင်းရင်းသားလူမျိုးကိုအခြေခံတဲ့အတွက် တချို့မဲဆန္ဒရှင်နည်းတဲ့နေရာကိုလည်း ကိုယ်စား လှယ်လောင်းတွေထည့်ရတာပေါ့။ နည်းရင်လည်းနည်း။ ဒီကမဲတွေက PR ထဲကိုဆွဲသွင်းနိုင်အောင်ပေါ့။ ဒီနေရာတွေမှာ ကျွန်တော်တို့ မနိုင်မှန်းလည်းသိတယ်။ ဒါပေမဲ့ FPTP သမားတွေထည့်ရတာလည်းရှိတယ်။ နဂိုစနစ်ကတော့ ဒီနေရာမှာ မနိုင်မှန်းသိရင် ဒီနေရာ မှာ ဝင်မပြိုင်လို့ရတယ်။ အဲဒီလိုစနစ်နဲ့သွားလို့ရတယ်။ ဒါပေမဲ့ အခုဒီစနစ်ကျတော့ နိုင်နိုင်မနိုင်နိုင် အဲဒီ မှာ ကိုယ့်မျိုးနွယ်စုတွေရှိမယ်ဆိုရင် အဲဒီနေရာမှာ ကျွန်တော်တို့က လူတွေထည့်ပြီးပြိုင်ရတော့မှာပေါ့။ ဒီ တော့ အရင်ရွေးကောက်ပွဲတွေနဲ့စာရင်တော့ လူ လည်းပိုသုံးရသလို ငွေလည်းပိုသုံးရပါတယ်။
မေး- အရင်ရွေးကောက်ပွဲတွေနဲ့မတူဘဲ အရင်းမြစ်တွေ အများကြီးသုံးရတော့ ဘယ်လိုအခက်အခဲတွေ ရှိပါသလဲ။
ဖြေ- အခက်အခဲကတော့ ကျွန်တော်တို့အခုစနစ်မှာတော့ ဘဏ္ဍာငွေပေါ့။ အရင်စနစ်တွေတုန်းကဆိုရင် တော့ တချို့နေရာတွေကို ဝင်မပြိုင်လို့ရတယ်လေ။ အခုကတော့ ကိုယ်မနိုင်မှန်းသိတဲ့ မဲဆန္ဒနယ်တွေမှာ လည်း ကိုယ်စားလှယ်လောင်းတွေထည့်ရတယ်။ ဒီတော့ ပါတီရန်ပုံငွေပိုင်းကတော့ ပိုပြီးကုန်တာပေါ့။ ကုန်လည်းကုန်တယ်။ ထွက်လည်းထွက်တယ်။ ဒီအ ပြင် တချို့တကယ်ကိုတော်တဲ့ကိုယ်စားလှယ်လောင်း တွေဆိုရင်လည်း ရွေးကောက်ပွဲမှာ ဘာများဖြစ်လာမ လဲဆိုပြီးတော့မှစောင့်ကြည့်ပါရစေ။ ဒီရွေးကောက်ပွဲ ကိုတော့မဝင်ပါရစေဦး။ နောက် ရွေးကောက်ပွဲမှ ဝင် ပါရစေဆိုပြီး ကြောက်ပြီးဝင်မပြိုင်တော့တဲ့ ကိုယ် စားလှယ်တွေကလည်းအများကြီးပဲ။ ဒါကလည်း တော်တော်ကြီးတဲ့ပြဿနာပေါ့လေ။ ကိုယ်စားလှယ် လောင်းတွေက မဲဆန္ဒရှင်တွေထဲမှာ ဘယ်သူ ဘယ်သူဆိုပြီး ခွဲခြားလို့သိရတာမှမဟုတ်တာလေ။ ဒီတော့ အသက်အန္တရာယ်ပြုနိုင်တဲ့ သူတွေပါလာမှာ ကိုလည်း စိုးရိမ်ကြတာပေါ့။
မေး- ဒီတော့ ပါတီကိုယ်စားလှယ်လောင်းတွေရဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီး ဘယ်လိုစီစဉ်ထားပါလဲ။
ဖြေ- ကိုယ်စားလှယ်လောင်းတွေရဲ့ လုံခြုံရေးနဲ့ပတ် သက်ပြီးတော့ ကိုယ်ရဲ့ကျေးရွာမှာ ဒါမှမဟုတ် ကိုယ် ရဲ့ရပ်ကွက်မှာ ကိုယ်ရဲ့စည်းရုံးရေးမှူးတွေကနေတစ်ဆင့် နားစွင့်ပြီးတော့ ယုံကြည်ရတဲ့မဲဆန္ဒရှင် ပြည်သူ တွေနဲ့တွေ့သွားဖို့စီစဉ်ထားပါတယ်။ ပါတီအနေနဲ့က လည်း ဒီလောက်ပဲလုပ်နိုင်တာလေ။ ဒါပေမဲ့ အစိုးရ ပိုင်းကတော့ ပါတီတွေ မဲဆွယ်စည်းရုံးရေးသွားတဲ့အခါမှာ သူလည်း လုံခြုံရေးယူပေးဖို့ရှိတယ်ပေါ့။ ဒါ ကြောင့် ပါတီတွေအနေနဲ့ မဲဆွယ်စည်းရုံးရေးသွားမယ်ဆိုရင် ကော်မရှင်ဆီကို ကြိုပြီးတော့မှ ခရီးစဉ်နဲ့ ပတ်သက်ပြီး တိတိကျကျတင်ပြဖို့ òန်ကြားထားတာ ရှိတယ်။ ဒီတော့ အဲဒီအတိုင်းလုပ်ရမှာပေါ့။
မေး- ရွေးကောက်ပွဲအနိုင်ရရှိလို့ လွှတ်တော်ထဲကိုရောက်ခဲ့ရင် ဘယ်အရာတွေကို ပထမဆုံးလုပ်သွားဖို့ ရှိမလဲ။
ဖြေ- ကျွန်တော်တို့ကတော့ လွှတ်တော်ထဲရောက်သွားရင် အဓိကအနေနဲ့ လူထုကို ဝန်ထုပ်ဝန်ပိုးဖြစ်နေ တဲ့ ကုန်ဈေးနှုန်းကိစ္စကို အရင်လုပ်မှာပေါ့နော်။ ကုန်ဈေးနှုန်းကျဆင်းအောင် ဘယ်လိုလုပ်ရမယ်ဆိုတာ ကို နံပါတ်တစ်အနေနဲ့လုပ်သွားမှာပေါ့နော်။ အခု ကုန်ဈေးနှုန်းတွေက ကျွန်တော်တို့ဆီမှာ တန်ဈေး မဟုတ်ဘဲနဲ့ ကြိုက်ဈေးဖြစ်နေတာ။ ကုန်တစ်ခုရဲ့ဈေးနှုန်းက သူ့ဝယ်ရင်းဈေးနဲ့ သယ်ယူပို့ဆောင်ခကို ပေါင်းပြီး ဈေးကိုရောင်းဝယ်ကြတယ်ဆိုပေမယ့် ကျွန်တော်တို့ဆီမှာကျတော့ အဲဒီလို မဟုတ်ဘူး ဖြစ်နေ တယ်။ ကုန်ဈေးနှုန်းတွေက အဆမတန်မြင့်နေတယ်။ ဒါကို အစိုးရအနေနဲ့ ဘယ်လိုထိန်းသိမ်းမလဲ။ လမ်း ကြောင်းမှာ ကောက်ခံနေတဲ့ဂိတ်ကြေးကိစ္စတွေရောပေါ့။ တစ်ဖက်က ဥပဒေပြင်ပကအဖွဲ့အစည်းတွေက တော့ သူ့လမ်းအတိုင်း တဖြည်းဖြည်းသွားမှာပေါ့။ သူတို့ ထက် တရားဝင်အဖွဲ့အစည်းတွေက ကောက်ခံ နေတဲ့ ဂိတ်ကြေးတွေကို ဘယ်လိုလျှော့ရမယ်ဆိုတာကို လွှတ်တော်ထဲမှာ လူထုရဲ့ဝန်ထုပ် ဝန်ပိုးဖြစ်နေ တဲ့ကိစ္စကို အရင်လုပ်ဖို့စဉ်းစားထားပါတယ်။
မေး- လက်ရှိပါတီအပေါ် ပြည်သူလူထုရဲ့သဘောထား အမြင်ကကော ဘယ်လိုရှိပါသလဲ။
ဖြေ- လိုလားတဲ့သူတွေရှိသလို မလိုလားတဲ့သူတွေ လည်းရှိကြတာပေါ့ဗျာ။ အခုက လူထုက အရင်နဲ့မတူ တော့ဘူးလေ။ ပါတီထောင်တာကိုလိုလားတဲ့သူတွေရှိသလို တချို့ကလည်း ပါတီထောင်တာကို အစိုးရနဲ့ ပူးပေါင်းတယ်ဆိုပြီး မလိုလားတဲ့သူတွေလည်းရှိတာ ပေါ့။ ဒီတော့ မလိုလားတဲ့အဖွဲ့တွေကတော့ သူတို့အ ဖွဲ့အနေနဲ့ မလိုလားဘူးဆိုရင်တော့ အမျိုးမျိုးအဖုံဖုံ ပြောကြမှာပဲ။ ဘာပဲပြောပြော ကျွန်တော်တို့ပါတီက တော့ ပါတီရဲ့မူဝါဒအတိုင်း ဘာပဲပြောပြော လက်ရှိအစိုးရအောက်မှာနေတယ်။ အစိုးရရဲ့ ဥပဒေအတိုင်း လုပ်မယ်။ လက်ရှိအစိုးရအောက်မှာနေတဲ့ ပြည်သူလူထု တွေအနေနဲ့ ကျွန်တော်တို့ကို ထောက်ခံသည် ဖြစ်စေ၊ မထောက်ခံသည်ဖြစ်စေ၊ ပြည်သူလူထုအားလုံး အဆင်ပြေချောမွေ့အောင် ကိုယ်စားလှယ်တွေ အနေနဲ့ လုပ်ပေးနိုင်သလောက်လုပ်ပေးဖို့ ဆန္ဒရှိပါတယ်။
မေး- လာမယ့်ရွေးကောက်ပွဲကာလမှာကော ဘယ်လို စိန်ခေါ်မှုတွေ၊ အခက်အခဲတွေရှိနိုင်သလဲ။
ဖြေ- အရင်ရွေးကောက်ပွဲတွေတုန်းကတော့ ပါတီတစ်ခုနဲ့တစ်ခုက ပုတ်ခတ်တာအများကြီးရှိခဲ့ပေမယ့် ဒီ တစ်ခေါက်ရွေးကောက်ပွဲကျတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ဥပဒေတွေထုတ်ပြန်ထားတော့ ဒီလိုပုတ် ခတ်မှုတွေကို ဥပဒေကိုသိတဲ့လူတွေကတော့ ရှောင်သွားကြမှာပေါ့။ ဒါလေးတစ်ခုကတော့ ကျွန်တော်တို့ အတွက် လမ်းလေးပွင့်သွားတာပေါ့။ ကိုယ့်ဘက်ကလည်း ဆင်ခြင်ရမှာပေါ့။ အဓိကကတော့ ကိုယ့်ပါတီ အကြောင်းပဲ အဓိကဟောပြောရမှာပေါ့။ ပြီးရင်လာမယ့် အစိုးရသက်တမ်းမှာ ပါတီအနေနဲ့ ဘယ်လိုကိစ္စ တွေကို ဘယ်လိုလုပ်မယ်ဆိုတာကို ဟောပြောရမှာပေါ့။ အခက်အခဲကတော့ သွားဖို့လာဖို့အခက်ခဲတွေ ရှိနေတယ်။ ကုန်ဈေးနှုန်းတွေ အရမ်းမြင့်တက်နေတာကြောင့် စည်းရုံးရေး ဆင်းဖို့တောင် အခက်အခဲတွေ ရှိတယ်။ ဟောပြောပြီဆိုရင် လာနားထောင်တဲ့ဆန္ဒရှင်တွေကို အချိုရည်တစ်ဘူးလောက်၊ လက်ဖက်ရည် တစ်ခွက်လောက်တော့ ကျွန်တော်တို့လည်း တိုက်ချင်တာပေါ့ဗျာ။ ဒါပေမဲ့ ဒါတွေက အကုန်လုံး ဈေး မြောက်နေတယ်ဆိုတော့ ဒါလည်းအခက်ခဲတစ်ခုပေါ့။ နောက်တစ်ခုက ကျွန်တော်တို့ လက်ကမ်းစာ စောင်တွေ ပန်းဖလက်တွေနဲ့ပတ်သက်ပြီးတော့မှ အများကြီး အရင်ထက် ကုန်ကျစရိတ်တွေများလာ တယ်။ ဒီတော့ ကိုယ်စားလှယ်တစ်ယောက်က အရင် ရွေးကောက်ပွဲတွေထက် စာရင် အခုသုံးဆလောက် ကုန်ကျမှုတွေပိုတယ်။
မေး- နယ်မြေမတည်ငြိမ်မှုတွေရှိနေတော့ တပ်မတော်မဟုတ်တဲ့လက်နက်ကိုင်တွေရဲ့ အန္တရာယ်ပြုမှု တွေနဲ့ပတ်သက်လို့ ကြိုတင်စီစဉ်၊ စဉ်းစားထားတာတွေရှိပါသလား။
ဖြေ- ကျွန်တော်တို့ကတော့ ရပ်ကွက်၊ ကျေးရွာအုပ်စုတွေမှာရှိတဲ့ ကျွန်တော်တို့ရဲ့ စည်းရုံးရေးမှူးတွေရှိ တယ်လေ။ အဲဒီကို စည်းရုံးရေးတွေသွားမယ်ဆိုရင် သူတို့ကတစ်ဆင့် နားစွင့်ပြီးတော့မှသွားရမှာပေါ့။ ရှင်း ရှင်းပြောရရင် အဲဒီနေရာမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့အခြေအနေ ဘယ်လိုရှိတယ်ဆိုတာကို သူတို့ဆီကနေပြီးတော့မှ သတင်းစကားတွေကို နားထောင်ပြီးတော့မှ သွားသင့်၊ မသွားသင့် လုပ်ရမှာပေါ့။ တကယ်လို့ ကိုယ်က သွားဖို့ခရီးစဉ်ဆွဲထားပေမယ့် လည်း အဲဒီမှာအခြေအနေ ထူးတာတစ်ခုခုရှိနေခဲ့ရင် ဒီကခရီးစဉ်ကို ရွှေ့ရင်လည်းရွှေ့ရမှာပေါ့။ ဒီလိုပဲ သွားရမှာပေါ့။ ဒီလိုလုပ်ဖို့တော့ စီစဉ်ထားပါတယ်။
မေး- လက်ရှိမှာကော ပါတီအနေနဲ့ လက်နက်ကိုင် တွေရဲ့ ခြိမ်းခြောက်ခံရတာတွေရှိသလား။
ဖြေ- လက်ရှိအချိန်အထိကတော့ ပါတီကို တရားဝင် ခြိမ်းခြောက်စာတွေ၊ ခြိမ်းခြောက်တာတွေကတော့ မလာဘူးဗျ။ ဒါပေမဲ့ ရပ်ကွက်တွေ၊ ကျေးရွာတွေမှာကတော့ ဘယ်ကနေ ဘယ်သူပြောတာလဲမသိဘူး။ အဲဒီ လိပြောကြတာတွေတော့ရှိတယ်။ အဲဒီလိုပြောလို့ဆိုပြီး တချို့က ရွေးကောက်ပွဲလည်းမဝင်ရဲကြဘူး။ ရွေးကောက်ပွဲမှာ နာမည်စာရင်းတောင်မထည့်ရဲဘူး။ ကျွန်တော်တို့ UEC မှာတင်မှာဖြစ်တဲ့အတွက် ဒါက နာမည်စာရင်းမပေါက်ကြားပါဘူးဆိုပြီးပြောပြရင် တောင် ကြောက်နေကြတာတွေရှိနေတယ်။ အဲဒါက သူတို့ ဘယ်ကနေဘယ်လိုကြားတာလဲမသိဘူး။ Online ပေါ်ကကြားတာလား ဒါမှမဟုတ် ဘယ်သူပြော တာလဲဆိုတာလည်း မသိရဘူး။ ပါတီမှာကတော့ အခုအချိန်အထိ စာတစ်ကြောင်း၊ နှုတ်တစ်ခွန်းနဲ့ ခြိမ်းခြောက်ခံရတာမျိုးတော့မရှိသေးဘူး။
မေး- ရွေးကောက်ပွဲကိုကန့်ကွက်နေကြတဲ့သူတွေ ကို ဘာများပြောချင်လဲ။
ဖြေ- ကျွန်တော်ပြောချင်တာကတော့ ပြည်သူလူထုတွေကိုပေါ့နော်။ လက်ရှိ ကျွန်တော်တို့မှာ လွှတ်တော် မရှိဘဲနဲ့ သွားနေရတာပေါ့နော်။ ဒီတော့ ဒီအတိုင်းပဲ ဆက်သွားမလား။ ပြည့်သူ့ကိုယ်စားလှယ်တွေပါတဲ့ လွှတ်တော်နဲ့ပဲဆက်သွားမလား။ ပြည်သူတွေရဲ့ လိုအပ်ချက်တွေ၊ အသံတွေကို ပြောဆိုဆွေးနွေးလို့ရတဲ့ အခွင့်အရေးရရှိတဲ့ရွေးကောက်ပွဲကပေးတဲ့အစိုးရကို သွားမလားပေါ့။ အခုလက်ရှိအခြေအနေမှာတော့ ပြောရရင် အစိုးရဆိုတာလည်းတပ်မတော်၊ လွှတ်တော်ဆိုရင်လည်းတပ်မတော်လိုပဲဖြစ်နေတာပေါ့လေ။ ဒီတော့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ထိန်းကျောင်းမှုမရှိသလိုဖြစ်နေတာပေါ့။ အစိုးရက ဥပဒေထက်ကျော်လွန်ပြီး လုပ်လာတဲ့ကိစ္စတွေကိုဆိုရင် လွှတ်တော်က ထိန်း ကျောင်းရမှာလေ။ ဒီတော့ ထိန်းကျောင်းလို့မရတဲ့ စနစ်မှာပဲ နေမလား။ ထိန်းကျောင်းလို့ရတဲ့ အစိုးရစနစ်ကိုပဲ သွားမလား။ ပြည်သူလူထုက ဆုံးဖြတ်ဖို့လိုပါ တယ်လို့ပဲပြောချင်ပါတယ်။
မေး- တခြား ဘာဖြည့်စွက်ပြောချင်သလဲ။
ဖြေ- ကျွန်တော့်အနေနဲ့ ပြည်သူလူထုကိုပြောချင်တာက တချို့ကလည်း ရွေးကောက်ပွဲမှာမဲမထည့်ဘူး လို့ပြောနေကြတာတွေလည်းရှိတယ်ပေါ့နော်။ မဲထည့်မယ် မထည့်ဘူးဆိုတာကတော့ ဥပဒေအရ သူ့မှာ ရွေးချယ်ပိုင်ခွင့်ရှိတယ်။ ဒါပေမဲ့ ကိုယ်ကြိုက်တဲ့ အစိုးရ၊ ကိုယ်ကြိုက်တဲ့လွှတ်တော်ကိုယ်စားလှယ်၊ ကိုယ့် အကျိုးကိုလုပ်ပေးမယ့် ကိုယ်စားလှယ်တွေကိုပဲ ကိုယ်ကြိုက်တာကို ရွေးချယ်မလား။ ကိုယ် မဲမထည့်ပေး ခြင်းအားဖြင့် ကိုယ်မကြိုက်တဲ့ ကိုယ်စားလှယ်တွေ တက်လာတာကိုပဲလက်ခံချင်လား။ ဒီကိုယ်စားလှယ် တစ်ယောက်က ကိုယ့်အကျိုးကို တကယ်ဆောင်နိုင်မလားဆိုတာကို ကိုယ်ကရွေးချယ်ရမှာလေ။ ဒါမျိုး ကိုယ်စားလှယ်ကိုရချင်ရင်တော့ မဲရုံသွားပြီးတော့ မဲပေးဖို့ပဲ တိုက်တွန်းချင်ပါတယ်။

Zawgyi Version:
ေနာက္ေ႐ြးေကာက္ပြဲမွဝင္ပါရေစဆိုၿပီး ေၾကာက္ၿပီးဝင္မၿပိဳင္တဲ့ကိုယ္စားလွယ္ေတြ အမ်ားႀကီးပဲ
သက္ပိုင္ (NP News) - ေအာက္တိုဘာ ၁၃
ဦးလီေပၚရမ္း (ဥကၠ႒) လီဆူအမ်ိဳးသားဖြံ႕ ၿဖိဳးတိုးတက္ေရးပါတီ(ဒူးေလးပါတီ)
လီဆူအမ်ိဳးသားဖြံ႕ၿဖိဳးတိုးတက္ေရးပါတီ (ဒူးေလးပါတီ) သည္ ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕ အေျခစိုက္သည့္ ပါတီတစ္ခုျဖစ္ကာ လာမည့္ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲတြင္ တိုင္းေဒသႀကီး အ ဆင့္ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ပါတီတစ္ခုလည္းျဖစ္သည္။ လီဆူအမ်ိဳးသားဖြံ႕ၿဖိဳးတိုးတက္ေရး ပါတီ (ဒူး ေလးပါတီ) ႏွင့္ပတ္သက္၍ ပါတီ၏မူဝါဒ၊ အနာဂတ္ရည္မွန္းခ်က္မ်ားႏွင့္ ေ႐ြးေကာက္ပြဲအတြက္ ႀကိဳး ပမ္းအားထုတ္ရာတြင္ေတြ႕ႀကဳံရမႈမ်ားကို ပါတီဥကၠ႒ျဖစ္သူ ဦးလီေပၚရမ္းႏွင့္ ဆက္သြယ္ေမးျမန္းထား သည္မ်ားကို ေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။
ေမး- လာမယ့္ေ႐ြးေကာက္ပြဲေအပၚ ပါတီရဲ႕သေဘာထားအျမင္ကို သိလိုပါတယ္။
ေျဖ- လာမယ့္ေ႐ြးေကာက္ပြဲက်ေတာ့ အပိုင္းေတြခြဲၿပီး လုပ္မယ္ဆိုေတာ့ ကြၽန္ေတာ္တို႔ကေတာ့ ဘာမွ ေျပာစရာ မရွိေပမယ့္ ရလဒ္ေတြအရကလည္း တစ္ခါတည္း မဟုတ္ဘဲ ႏွစ္ပိုင္းသုံပိုင္းထြက္လာႏိုင္ေျခ ရွိေနတာေပါ့ေလ။ အဲဒီလိုဆိုေတာ့ ပါတီအေနနဲ႔ကေတာ့ လာမယ့္ေ႐ြးေကာက္ပြဲမွာ ကိုယ့္ပါတီ၊ သူ႔ပါတီ ကိုယ့္ပါတီ ကိုယ္စားလွယ္ေလာင္း ေ႐ြးခ်ယ္အႏိုင္ရရွိေရးကိုေတာ့ အဓိကထားၿပီးႀကိဳးပမ္းၾကရမွာပဲေလ။ ဒီေတာ့ လာမယ့္ေ႐ြးေကာက္ပြဲကေတာ့ ကြၽန္ေတာ္တို႔ပါတီအေနနဲ႔ကေတာ့ ေ႐ြးေကာက္ပြဲမွာ ပယ္မဲေတြ မရွိေတာ့ဘူးေပါ့ေလ။ မဲေပးစက္ေတြနဲ႔သြားမယ္ဆိုေတာ့ေလ။ အရင္ေ႐ြးေကာက္ပြဲမွာတုန္းကဆိုရင္ မဲ ေပးရတဲ့အခ်ိန္ေတြ၊ တစ္ပါတီခ်င္းမဲရရွိတာေတြကို စစ္ေဆးတဲ့အခါ ၾကာခ်ိန္ရွိမယ္။ ရလာတဲ့ မဲ အေရ အတြက္အေပၚမူတည္ ၿပီးေတာ့မွလုပ္ရတာေတြရွိမယ္။ ဒါေပမဲ့ လာမယ့္ေ႐ြး ေကာက္ပြဲက်ေတာ့ အေျဖ ကို အျမန္ဆုံးသိရလိမ့္မယ္လို႔ျမင္မိတယ္။
ေမး- လာမယ့္ေ႐ြးေကာက္ပြဲက တရားမွ်တမွန္ကန္မႈ ရွိမယ္လို႔ထင္ပါသလား။
ေျဖ- လာမယ့္ေ႐ြးေကာက္ပြဲက်ေတာ့ မွန္ကန္မႈကေတာ့ရွိမွာပါ။ ဘာလို႔လဲဆိုေတာ့ အရင္တုန္းက ေ႐ြး ေကာက္ပြဲတစ္ခုမွာေတာ့ ေ႐ြးေကာက္ပြဲမွာအစိုးရဖြဲ႕ျဖစ္တဲ့ လက္ရွိအစိုးရကလည္းမပါဝင္ဘဲနဲ႔ ေ႐ြး ေကာက္ပြဲကိုက်င္းပတာေလ။ အရင္တုန္းကေတာ့ ဘာပဲေျပာေျပာ အစိုးရျဖစ္တဲ့ပါတီတုန္းကေတာ့ ပါတီက အခြင့္ အေရးအမ်ားႀကီးသာတာေပါ့ဗ်ာ။ သူတို႔မွာက လိုအပ္တဲ့ဘက္ဂ်က္ကိုလည္း ပါတီက ေပးႏိုင္တာေပါ့။ ဒီေတာ့ မသိတဲ့လူထုကိုလွည့္စားၿပီးသြားခဲ့တာကို လည္း အမ်ားႀကီးႀကဳံခဲ့ဖူးသြားၿပီေလ။ ဒီတစ္ေခါက္က်ေတာ့ ေ႐ြးေကာက္ခံပါတီေတြက အစိုးရမဟုတ္ဘူးဆိုေတာ့ မွ်တမႈကေတာ့ ရွိမယ္လို႔ ထင္ပါတယ္။ စိန္ေခၚမႈေတြကေတာ့ အမ်ားႀကီးရွိႏိုင္တာေပါ့။ ဘာပဲေျပာေျပာ ကြၽန္ေတာ္တို႔ ေ႐ြးေကာက္ ခံမယ့္ကိုယ္ စားလွယ္ေတြကေတာ့ လုံၿခဳံေရးအရ နည္းနည္း သိုသို သိပ္သိပ္လုပ္ရတာမ်ိဳးေတြေတာ့ရွိတာေပါ့။
ေမး- UEC ရဲ႕စည္းမ်ဥ္းေတြ မေျဖေလွ်ာ့ခင္မွာ သတ္မွတ္စည္းကမ္းခ်က္ေတြျပည့္မီေအာင္ ဘယ္လို ႀကိဳးပမ္းခဲ့ရပါသလဲ။
ေျဖ- အဲ့ဒီအတြက္ေတာ့ ေတာ္ေတာ္ေလးေခါင္းခဲခဲ့ရတာ။ ဘာလို႔လဲဆိုေတာ့ PR ဆိုတဲ့ မဲဆႏၵနယ္မွာ သူတို႔သတ္မွတ္ထားတဲ့ ကိုယ္စားလွယ္အေရအတြက္ မျပည့္ရင္ ေရွ႕ထြက္ျဖစ္တဲ့ FPTP ကလည္း မရဘူး ဆိုေတာ့ သတ္မွတ္ခ်က္ျပည့္တဲ့ PR ကိုယ္စားလွယ္ေတြကို ရွာထည့္ရတာေပါ့။ အဓိကကေတာ့ ျပည့္ဖို႔ ပါပဲ။ ဒါေပမဲ့လည္း PR မွာက်ေတာ့ အေ႐ြးခံႏိုင္မယ့္ ကိုယ္စားလွယ္က ႏွစ္ေယာက္၊ သုံးေယာက္ေပါ့။ ဒါေပမဲ့လည္း ကိုးၿမိဳ႕နယ္ဆိုရင္ ကိုးေယာက္ရွာျဖည့္ရမယ္ဆိုေတာ့ က်န္တဲ့သူေတြကိုပါ ရွာရေတာ့တာ ေပါ့။ သက္ဆိုင္ရာကလည္း ဒီကိစၥနဲ႔ပတ္သက္ၿပီး စုံစမ္းေမးျမန္းတာေတြရွိေနေတာ့ က်န္တဲ့ကိုယ္စား လွယ္ေတြကလည္း ထပ္ထည့္ရေတာ့ သူတို႔လည္း အလုပ္ေတြရႈပ္ကုန္တာေပါ့။ တကယ္တမ္း ေ႐ြး ေကာက္ပြဲ ဝင္မယ့္ရည္႐ြယ္ခ်က္မရွိတဲ့သူေတြကိုလည္း ပါတီ ကိုယ္စားလွယ္အေရအတြက္ျပည့္မီေရး ေၾကာင့္ လို အပ္ခ်က္အရဝင္ၿပိဳင္ခိုင္းရတာကိုး။ ပါတီကေတာ့ လုပ္ရကိုင္ရခက္တာေပါ့။ ကိုယ္စားလွယ္ ေလာင္း တစ္ေယာက္ရဲ႕အာမခံေၾကးက တစ္ေယာက္ကို ငါးသိန္းဆိုတဲ့အခါ လူမ်ားလာေတာ့အမ်ိဳးမ်ိဳး ေပါ့။ ဒီတစ္ေခါက္ ေ႐ြးေကာက္ပြဲေကာ္မရွင္က တအားကို တိက်တယ္။ စာလုံးေပါင္းလိုအပ္ခ်က္ေလးက အစ၊ ေအာက္ကျမင့္ေလးကအစ စာ႐ိုက္တာေတာင္မွ တစ္တန္းမ႐ိုက္မိတာကအစ အကုန္လုံးကို တိက် သလား မေမးနဲ႔။ တကယ္ကိုတိက်တာ။ ဒီေတာ့ တစ္ခါတေလ မွားတာေလးေတြရွိခဲ့ရင္ေတာင္ ခဏခဏ ျပန္ျပင္ေပးရတာေပါ့။ မွားလို႔ေတာ့မရဘူးေပါ့ေနာ္။ အဓိကေတာ့ သူတို႔စစ္ေဆးရမယ့္အပိုင္းျဖစ္တဲ့ ပညာ အရည္အခ်င္း ျပည့္မီ မမီ၊ ႏိုင္ငံသားျဖစ္မျဖစ္၊ ေနာက္ၿပီးေတာ့ အသက္ျပည့္မျပည့္နဲ႔ ကိုယ္စားလွယ္ ေလာင္းအရည္အခ်င္း ျပည့္မီ မမီကိုစစ္ရမွာေပါ့ေလ။ ဒါေပမဲ့ ေကာ္မရွင္က တိက်သလားမေမးနဲ႔ စာလုံး အထားအသိုကအစ အကုန္လုံးကို ႐ိုက္တာေတြကအစစစ္ေတာ့ ေတာ္ေတာ္ေလးကိုေတာ့ အခက္အခဲ ေတြရွိခဲ့တာေပါ့။ ေနာက္တစ္ခုက မဲဆႏၵနယ္ေ႐ြးတဲ့ကိစၥေပါ့။ အမွန္က ေကာ္မရွင္က မဲဆႏၵနယ္ေရးတဲ့ ဟာကို ႀကိဳတင္သတ္မွတ္ခ်က္တစ္ခုလုပ္ေပးရင္ ေကာင္းတာေပါ့ေလ။ အခုက ကြၽန္ေတာ္တို႔အတြက္ ေ႐ြးေကာက္ပြဲ စနစ္ကလည္း PR နဲ႔ မဲေပးစက္နဲ႔ေပးတဲ့စနစ္အရဆိုေတာ့ တခ်ိဳ႕ေတြက မဲဆႏၵနယ္ ေ႐ြး တဲ့အခါေတြမွာ အလြဲလြဲအမွားမွားရွိတယ္။ ဒါကေတာ့ ပါတီတိုင္းမွာ ရွိတတ္တာပဲေလ။ ဒါေတြကအစ ျပင္ရျပဳရနဲ႔ ႏွစ္ခါ၊ သုံးခါျပင္ရတာမ်ိဳးေတြလည္းရွိတယ္။ ေနာက္ၿပီး မဲဆႏၵနယ္ တစ္ခုနဲ႔ တစ္ခု အကူး အေျပာင္းမွာ ပုံစံ(၁၀) သြင္းရတဲ့ကိစၥေတြမွာလည္း အမ်ားႀကီး အားထုတ္ၾကရတာေပါ့ေနာ္။ ေပးထားတဲ့ အခ်ိန္ကလည္း (၁၀)ရက္ ပဲေပးထားတာေလ။ ဒီၾကားထဲမွာ ဒီကိစၥေတြလုပ္ရေတာ့ အရမ္းခက္ခဲတာေပါ့။ ဒီတစ္ေခါက္ေ႐ြးေကာက္ ပြဲက်ေတာ့ အခက္အခဲေတြအမ်ားႀကီးေပါ့။ ေနာက္ၿပီး ဥပေဒကလည္း ဒီတစ္ ေခါက္ အမည္စာရင္းတင္သြင္း ဖို႔မသတ္မွတ္ခင္တစ္လေလာက္အလိုမွာ ထုတ္ျပန္ေနတုန္းဆိုေတာ့ ကြၽန္ေတာ္တို႔ဆီကို ဥပေဒက ခ်က္ ခ်င္းမေရာက္။ ကြၽန္ေတာ္တို႔ဆီမွာကလည္း ဥပေဒေတြ မရွိဆိုေတာ့ အခက္အခဲေတြ အမ်ားႀကီးျဖစ္ခဲ့ရတာေပါ့။
ေမး- လာမယ့္ေ႐ြးေကာက္ပြဲမွာ ဘယ္မဲဆႏၵနယ္ေတြကေန ၿပိဳင္သြားဖို႔ရွိမလဲ။
ေျဖ- ကြၽန္ေတာ္တို႔ကေတာ့ အမ်ိဳးသားလႊတ္ေတာ္က (၅)ေနရာ၊ ျပည္သူ႔လႊတ္ေတာ္က (၄)ေနရာ၊ ျပည္ နယ္လႊတ္ေတာ္က (၁၀)ေနရာ ဝင္ၿပိဳင္သြားမွာပါ။
ေမး- လာမယ့္ေ႐ြးေကာက္ပြဲမွာ PR စနစ္နဲ႔ FPTP ေရာစပ္ထားတာကိုေကာ ဘယ္လိုျမင္ပါသလဲ။
ေျဖ- ေရာတာကေတာ့ သိပ္ၿပီးအခက္ခဲႀကီးေတာ့ မဟုတ္ေပမယ့္လည္း ဒါအခုမွ ဒီစနစ္နဲ႔စလုပ္တာျဖစ္ တဲ့အတြက္ ကြၽန္ေတာ္တို႔အတြက္လည္း ေတာ္ေတာ္ေလးကို ခက္ခဲတာေတြေတာ့ရွိတာေပါ့။ ျမန္မာႏိုင္ငံ မွာလည္း ဒီစနစ္ကို အရင္တုန္းကမက်င့္သုံးခဲ့ရေသးေတာ့ေလ။ မဲဆႏၵနယ္ေ႐ြးခ်ယ္ရမယ့္အပိုင္းေတြ၊ ေနာက္ၿပီး မဲဆႏၵနယ္ေတြမွာ ကိုယ္စားလွယ္ထည့္ရမယ့္အပိုင္းေတြေရာ အမ်ားႀကီးေပါ့။ ဒါေပမဲ့ ကြၽန္ ေတာ္တို႔ တိုင္းရင္းသားပါတီအေနနဲ႔ကေတာ့ ကြၽန္ေတာ္တို႔က တိုင္းရင္းသားလူမ်ိဳးကိုအေျခခံတဲ့အတြက္ တခ်ိဳ႕မဲဆႏၵရွင္နည္းတဲ့ေနရာကိုလည္း ကိုယ္စား လွယ္ေလာင္းေတြထည့္ရတာေပါ့။ နည္းရင္လည္းနည္း။ ဒီကမဲေတြက PR ထဲကိုဆြဲသြင္းႏိုင္ေအာင္ေပါ့။ ဒီေနရာေတြမွာ ကြၽန္ေတာ္တို႔ မႏိုင္မွန္းလည္းသိတယ္။ ဒါေပမဲ့ FPTP သမားေတြထည့္ရတာလည္းရွိတယ္။ နဂိုစနစ္ကေတာ့ ဒီေနရာမွာ မႏိုင္မွန္းသိရင္ ဒီေနရာ မွာ ဝင္မၿပိဳင္လို႔ရတယ္။ အဲဒီလိုစနစ္နဲ႔သြားလို႔ရတယ္။ ဒါေပမဲ့ အခုဒီစနစ္က်ေတာ့ ႏိုင္ႏိုင္မႏိုင္ႏိုင္ အဲဒီ မွာ ကိုယ့္မ်ိဳးႏြယ္စုေတြရွိမယ္ဆိုရင္ အဲဒီေနရာမွာ ကြၽန္ေတာ္တို႔က လူေတြထည့္ၿပီးၿပိဳင္ရေတာ့မွာေပါ့။ ဒီ ေတာ့ အရင္ေ႐ြးေကာက္ပြဲေတြနဲ႔စာရင္ေတာ့ လူ လည္းပိုသုံးရသလို ေငြလည္းပိုသုံးရပါတယ္။
ေမး- အရင္ေ႐ြးေကာက္ပြဲေတြနဲ႔မတူဘဲ အရင္းျမစ္ေတြ အမ်ားႀကီးသုံးရေတာ့ ဘယ္လိုအခက္အခဲေတြ ရွိပါသလဲ။
ေျဖ- အခက္အခဲကေတာ့ ကြၽန္ေတာ္တို႔အခုစနစ္မွာေတာ့ ဘ႑ာေငြေပါ့။ အရင္စနစ္ေတြတုန္းကဆိုရင္ ေတာ့ တခ်ိဳ႕ေနရာေတြကို ဝင္မၿပိဳင္လို႔ရတယ္ေလ။ အခုကေတာ့ ကိုယ္မႏိုင္မွန္းသိတဲ့ မဲဆႏၵနယ္ေတြမွာ လည္း ကိုယ္စားလွယ္ေလာင္းေတြထည့္ရတယ္။ ဒီေတာ့ ပါတီရန္ပုံေငြပိုင္းကေတာ့ ပိုၿပီးကုန္တာေပါ့။ ကုန္လည္းကုန္တယ္။ ထြက္လည္းထြက္တယ္။ ဒီအ ျပင္ တခ်ိဳ႕တကယ္ကိုေတာ္တဲ့ကိုယ္စားလွယ္ေလာင္း ေတြဆိုရင္လည္း ေ႐ြးေကာက္ပြဲမွာ ဘာမ်ားျဖစ္လာမ လဲဆိုၿပီးေတာ့မွေစာင့္ၾကည့္ပါရေစ။ ဒီေ႐ြးေကာက္ပြဲ ကိုေတာ့မဝင္ပါရေစဦး။ ေနာက္ ေ႐ြးေကာက္ပြဲမွ ဝင္ ပါရေစဆိုၿပီး ေၾကာက္ၿပီးဝင္မၿပိဳင္ေတာ့တဲ့ ကိုယ္ စားလွယ္ေတြကလည္းအမ်ားႀကီးပဲ။ ဒါကလည္း ေတာ္ေတာ္ႀကီးတဲ့ျပႆနာေပါ့ေလ။ ကိုယ္စားလွယ္ ေလာင္းေတြက မဲဆႏၵရွင္ေတြထဲမွာ ဘယ္သူ ဘယ္သူဆိုၿပီး ခြဲျခားလို႔သိရတာမွမဟုတ္တာေလ။ ဒီေတာ့ အသက္အႏၲရာယ္ျပဳႏိုင္တဲ့ သူေတြပါလာမွာ ကိုလည္း စိုးရိမ္ၾကတာေပါ့။
ေမး- ဒီေတာ့ ပါတီကိုယ္စားလွယ္ေလာင္းေတြရဲ႕ လုံၿခဳံေရးနဲ႔ပတ္သက္ၿပီး ဘယ္လိုစီစဥ္ထားပါလဲ။
ေျဖ- ကိုယ္စားလွယ္ေလာင္းေတြရဲ႕ လုံၿခဳံေရးနဲ႔ပတ္ သက္ၿပီးေတာ့ ကိုယ္ရဲ႕ေက်း႐ြာမွာ ဒါမွမဟုတ္ ကိုယ္ ရဲ႕ရပ္ကြက္မွာ ကိုယ္ရဲ႕စည္း႐ုံးေရးမႉးေတြကေနတစ္ဆင့္ နားစြင့္ၿပီးေတာ့ ယုံၾကည္ရတဲ့မဲဆႏၵရွင္ ျပည္သူ ေတြနဲ႔ေတြ႕သြားဖို႔စီစဥ္ထားပါတယ္။ ပါတီအေနနဲ႔က လည္း ဒီေလာက္ပဲလုပ္ႏိုင္တာေလ။ ဒါေပမဲ့ အစိုးရ ပိုင္းကေတာ့ ပါတီေတြ မဲဆြယ္စည္း႐ုံးေရးသြားတဲ့အခါမွာ သူလည္း လုံၿခဳံေရးယူေပးဖို႔ရွိတယ္ေပါ့။ ဒါ ေၾကာင့္ ပါတီေတြအေနနဲ႔ မဲဆြယ္စည္း႐ုံးေရးသြားမယ္ဆိုရင္ ေကာ္မရွင္ဆီကို ႀကိဳၿပီးေတာ့မွ ခရီးစဥ္နဲ႔ ပတ္သက္ၿပီး တိတိက်က်တင္ျပဖို႔ òန္ၾကားထားတာ ရွိတယ္။ ဒီေတာ့ အဲဒီအတိုင္းလုပ္ရမွာေပါ့။
ေမး- ေ႐ြးေကာက္ပြဲအႏိုင္ရရွိလို႔ လႊတ္ေတာ္ထဲကိုေရာက္ခဲ့ရင္ ဘယ္အရာေတြကို ပထမဆုံးလုပ္သြားဖို႔ ရွိမလဲ။
ေျဖ- ကြၽန္ေတာ္တို႔ကေတာ့ လႊတ္ေတာ္ထဲေရာက္သြားရင္ အဓိကအေနနဲ႔ လူထုကို ဝန္ထုပ္ဝန္ပိုးျဖစ္ေန တဲ့ ကုန္ေဈးႏႈန္းကိစၥကို အရင္လုပ္မွာေပါ့ေနာ္။ ကုန္ေဈးႏႈန္းက်ဆင္းေအာင္ ဘယ္လိုလုပ္ရမယ္ဆိုတာ ကို နံပါတ္တစ္အေနနဲ႔လုပ္သြားမွာေပါ့ေနာ္။ အခု ကုန္ေဈးႏႈန္းေတြက ကြၽန္ေတာ္တို႔ဆီမွာ တန္ေဈး မဟုတ္ဘဲနဲ႔ ႀကိဳက္ေဈးျဖစ္ေနတာ။ ကုန္တစ္ခုရဲ႕ေဈးႏႈန္းက သူ႔ဝယ္ရင္းေဈးနဲ႔ သယ္ယူပို႔ေဆာင္ခကို ေပါင္းၿပီး ေဈးကိုေရာင္းဝယ္ၾကတယ္ဆိုေပမယ့္ ကြၽန္ေတာ္တို႔ဆီမွာက်ေတာ့ အဲဒီလို မဟုတ္ဘူး ျဖစ္ေန တယ္။ ကုန္ေဈးႏႈန္းေတြက အဆမတန္ျမင့္ေနတယ္။ ဒါကို အစိုးရအေနနဲ႔ ဘယ္လိုထိန္းသိမ္းမလဲ။ လမ္း ေၾကာင္းမွာ ေကာက္ခံေနတဲ့ဂိတ္ေၾကးကိစၥေတြေရာေပါ့။ တစ္ဖက္က ဥပေဒျပင္ပကအဖြဲ႕အစည္းေတြက ေတာ့ သူ႔လမ္းအတိုင္း တျဖည္းျဖည္းသြားမွာေပါ့။ သူတို႔ ထက္ တရားဝင္အဖြဲ႕အစည္းေတြက ေကာက္ခံ ေနတဲ့ ဂိတ္ေၾကးေတြကို ဘယ္လိုေလွ်ာ့ရမယ္ဆိုတာကို လႊတ္ေတာ္ထဲမွာ လူထုရဲ႕ဝန္ထုပ္ ဝန္ပိုးျဖစ္ေန တဲ့ကိစၥကို အရင္လုပ္ဖို႔စဥ္းစားထားပါတယ္။
ေမး- လက္ရွိပါတီအေပၚ ျပည္သူလူထုရဲ႕သေဘာထား အျမင္ကေကာ ဘယ္လိုရွိပါသလဲ။
ေျဖ- လိုလားတဲ့သူေတြရွိသလို မလိုလားတဲ့သူေတြ လည္းရွိၾကတာေပါ့ဗ်ာ။ အခုက လူထုက အရင္နဲ႔မတူ ေတာ့ဘူးေလ။ ပါတီေထာင္တာကိုလိုလားတဲ့သူေတြရွိသလို တခ်ိဳ႕ကလည္း ပါတီေထာင္တာကို အစိုးရနဲ႔ ပူးေပါင္းတယ္ဆိုၿပီး မလိုလားတဲ့သူေတြလည္းရွိတာ ေပါ့။ ဒီေတာ့ မလိုလားတဲ့အဖြဲ႕ေတြကေတာ့ သူတို႔အ ဖြဲ႕အေနနဲ႔ မလိုလားဘူးဆိုရင္ေတာ့ အမ်ိဳးမ်ိဳးအဖုံဖုံ ေျပာၾကမွာပဲ။ ဘာပဲေျပာေျပာ ကြၽန္ေတာ္တို႔ပါတီက ေတာ့ ပါတီရဲ႕မူဝါဒအတိုင္း ဘာပဲေျပာေျပာ လက္ရွိအစိုးရေအာက္မွာေနတယ္။ အစိုးရရဲ႕ ဥပေဒအတိုင္း လုပ္မယ္။ လက္ရွိအစိုးရေအာက္မွာေနတဲ့ ျပည္သူလူထု ေတြအေနနဲ႔ ကြၽန္ေတာ္တို႔ကို ေထာက္ခံသည္ ျဖစ္ေစ၊ မေထာက္ခံသည္ျဖစ္ေစ၊ ျပည္သူလူထုအားလုံး အဆင္ေျပေခ်ာေမြ႕ေအာင္ ကိုယ္စားလွယ္ေတြ အေနနဲ႔ လုပ္ေပးႏိုင္သေလာက္လုပ္ေပးဖို႔ ဆႏၵရွိပါတယ္။
ေမး- လာမယ့္ေ႐ြးေကာက္ပြဲကာလမွာေကာ ဘယ္လို စိန္ေခၚမႈေတြ၊ အခက္အခဲေတြရွိႏိုင္သလဲ။
ေျဖ- အရင္ေ႐ြးေကာက္ပြဲေတြတုန္းကေတာ့ ပါတီတစ္ခုနဲ႔တစ္ခုက ပုတ္ခတ္တာအမ်ားႀကီးရွိခဲ့ေပမယ့္ ဒီ တစ္ေခါက္ေ႐ြးေကာက္ပြဲက်ေတာ့ ေ႐ြးေကာက္ပြဲနဲ႔ ပတ္သက္တဲ့ဥပေဒေတြထုတ္ျပန္ထားေတာ့ ဒီလိုပုတ္ ခတ္မႈေတြကို ဥပေဒကိုသိတဲ့လူေတြကေတာ့ ေရွာင္သြားၾကမွာေပါ့။ ဒါေလးတစ္ခုကေတာ့ ကြၽန္ေတာ္တို႔ အတြက္ လမ္းေလးပြင့္သြားတာေပါ့။ ကိုယ့္ဘက္ကလည္း ဆင္ျခင္ရမွာေပါ့။ အဓိကကေတာ့ ကိုယ့္ပါတီ အေၾကာင္းပဲ အဓိကေဟာေျပာရမွာေပါ့။ ၿပီးရင္လာမယ့္ အစိုးရသက္တမ္းမွာ ပါတီအေနနဲ႔ ဘယ္လိုကိစၥ ေတြကို ဘယ္လိုလုပ္မယ္ဆိုတာကို ေဟာေျပာရမွာေပါ့။ အခက္အခဲကေတာ့ သြားဖို႔လာဖို႔အခက္ခဲေတြ ရွိေနတယ္။ ကုန္ေဈးႏႈန္းေတြ အရမ္းျမင့္တက္ေနတာေၾကာင့္ စည္း႐ုံးေရး ဆင္းဖို႔ေတာင္ အခက္အခဲေတြ ရွိတယ္။ ေဟာေျပာၿပီဆိုရင္ လာနားေထာင္တဲ့ဆႏၵရွင္ေတြကို အခ်ိဳရည္တစ္ဘူးေလာက္၊ လက္ဖက္ရည္ တစ္ခြက္ေလာက္ေတာ့ ကြၽန္ေတာ္တို႔လည္း တိုက္ခ်င္တာေပါ့ဗ်ာ။ ဒါေပမဲ့ ဒါေတြက အကုန္လုံး ေဈး ေျမာက္ေနတယ္ဆိုေတာ့ ဒါလည္းအခက္ခဲတစ္ခုေပါ့။ ေနာက္တစ္ခုက ကြၽန္ေတာ္တို႔ လက္ကမ္းစာ ေစာင္ေတြ ပန္းဖလက္ေတြနဲ႔ပတ္သက္ၿပီးေတာ့မွ အမ်ားႀကီး အရင္ထက္ ကုန္က်စရိတ္ေတြမ်ားလာ တယ္။ ဒီေတာ့ ကိုယ္စားလွယ္တစ္ေယာက္က အရင္ ေ႐ြးေကာက္ပြဲေတြထက္ စာရင္ အခုသုံးဆေလာက္ ကုန္က်မႈေတြပိုတယ္။
ေမး- နယ္ေျမမတည္ၿငိမ္မႈေတြရွိေနေတာ့ တပ္မေတာ္မဟုတ္တဲ့လက္နက္ကိုင္ေတြရဲ႕ အႏၲရာယ္ျပဳမႈ ေတြနဲ႔ပတ္သက္လို႔ ႀကိဳတင္စီစဥ္၊ စဥ္းစားထားတာေတြရွိပါသလား။
ေျဖ- ကြၽန္ေတာ္တို႔ကေတာ့ ရပ္ကြက္၊ ေက်း႐ြာအုပ္စုေတြမွာရွိတဲ့ ကြၽန္ေတာ္တို႔ရဲ႕ စည္း႐ုံးေရးမႉးေတြရွိ တယ္ေလ။ အဲဒီကို စည္း႐ုံးေရးေတြသြားမယ္ဆိုရင္ သူတို႔ကတစ္ဆင့္ နားစြင့္ၿပီးေတာ့မွသြားရမွာေပါ့။ ရွင္း ရွင္းေျပာရရင္ အဲဒီေနရာမွာ လက္နက္ကိုင္အဖြဲ႕အစည္းေတြရဲ႕အေျခအေန ဘယ္လိုရွိတယ္ဆိုတာကို သူတို႔ဆီကေနၿပီးေတာ့မွ သတင္းစကားေတြကို နားေထာင္ၿပီးေတာ့မွ သြားသင့္၊ မသြားသင့္ လုပ္ရမွာေပါ့။ တကယ္လို႔ ကိုယ္က သြားဖို႔ခရီးစဥ္ဆြဲထားေပမယ့္ လည္း အဲဒီမွာအေျခအေန ထူးတာတစ္ခုခုရွိေနခဲ့ရင္ ဒီကခရီးစဥ္ကို ေ႐ႊ႕ရင္လည္းေ႐ႊ႕ရမွာေပါ့။ ဒီလိုပဲ သြားရမွာေပါ့။ ဒီလိုလုပ္ဖို႔ေတာ့ စီစဥ္ထားပါတယ္။
ေမး- လက္ရွိမွာေကာ ပါတီအေနနဲ႔ လက္နက္ကိုင္ ေတြရဲ႕ ၿခိမ္းေျခာက္ခံရတာေတြရွိသလား။
ေျဖ- လက္ရွိအခ်ိန္အထိကေတာ့ ပါတီကို တရားဝင္ ၿခိမ္းေျခာက္စာေတြ၊ ၿခိမ္းေျခာက္တာေတြကေတာ့ မလာဘူးဗ်။ ဒါေပမဲ့ ရပ္ကြက္ေတြ၊ ေက်း႐ြာေတြမွာကေတာ့ ဘယ္ကေန ဘယ္သူေျပာတာလဲမသိဘူး။ အဲဒီ လိေျပာၾကတာေတြေတာ့ရွိတယ္။ အဲဒီလိုေျပာလို႔ဆိုၿပီး တခ်ိဳ႕က ေ႐ြးေကာက္ပြဲလည္းမဝင္ရဲၾကဘူး။ ေ႐ြးေကာက္ပြဲမွာ နာမည္စာရင္းေတာင္မထည့္ရဲဘူး။ ကြၽန္ေတာ္တို႔ UEC မွာတင္မွာျဖစ္တဲ့အတြက္ ဒါက နာမည္စာရင္းမေပါက္ၾကားပါဘူးဆိုၿပီးေျပာျပရင္ ေတာင္ ေၾကာက္ေနၾကတာေတြရွိေနတယ္။ အဲဒါက သူတို႔ ဘယ္ကေနဘယ္လိုၾကားတာလဲမသိဘူး။ Online ေပၚကၾကားတာလား ဒါမွမဟုတ္ ဘယ္သူေျပာ တာလဲဆိုတာလည္း မသိရဘူး။ ပါတီမွာကေတာ့ အခုအခ်ိန္အထိ စာတစ္ေၾကာင္း၊ ႏႈတ္တစ္ခြန္းနဲ႔ ၿခိမ္းေျခာက္ခံရတာမ်ိဳးေတာ့မရွိေသးဘူး။
ေမး- ေ႐ြးေကာက္ပြဲကိုကန႔္ကြက္ေနၾကတဲ့သူေတြ ကို ဘာမ်ားေျပာခ်င္လဲ။
ေျဖ- ကြၽန္ေတာ္ေျပာခ်င္တာကေတာ့ ျပည္သူလူထုေတြကိုေပါ့ေနာ္။ လက္ရွိ ကြၽန္ေတာ္တို႔မွာ လႊတ္ေတာ္ မရွိဘဲနဲ႔ သြားေနရတာေပါ့ေနာ္။ ဒီေတာ့ ဒီအတိုင္းပဲ ဆက္သြားမလား။ ျပည့္သူ႔ကိုယ္စားလွယ္ေတြပါတဲ့ လႊတ္ေတာ္နဲ႔ပဲဆက္သြားမလား။ ျပည္သူေတြရဲ႕ လိုအပ္ခ်က္ေတြ၊ အသံေတြကို ေျပာဆိုေဆြးေႏြးလို႔ရတဲ့ အခြင့္အေရးရရွိတဲ့ေ႐ြးေကာက္ပြဲကေပးတဲ့အစိုးရကို သြားမလားေပါ့။ အခုလက္ရွိအေျခအေနမွာေတာ့ ေျပာရရင္ အစိုးရဆိုတာလည္းတပ္မေတာ္၊ လႊတ္ေတာ္ဆိုရင္လည္းတပ္မေတာ္လိုပဲျဖစ္ေနတာေပါ့ေလ။ ဒီေတာ့ တစ္ဖြဲ႕နဲ႔တစ္ဖြဲ႕ ထိန္းေက်ာင္းမႈမရွိသလိုျဖစ္ေနတာေပါ့။ အစိုးရက ဥပေဒထက္ေက်ာ္လြန္ၿပီး လုပ္လာတဲ့ကိစၥေတြကိုဆိုရင္ လႊတ္ေတာ္က ထိန္း ေက်ာင္းရမွာေလ။ ဒီေတာ့ ထိန္းေက်ာင္းလို႔မရတဲ့ စနစ္မွာပဲ ေနမလား။ ထိန္းေက်ာင္းလို႔ရတဲ့ အစိုးရစနစ္ကိုပဲ သြားမလား။ ျပည္သူလူထုက ဆုံးျဖတ္ဖို႔လိုပါ တယ္လို႔ပဲေျပာခ်င္ပါတယ္။
ေမး- တျခား ဘာျဖည့္စြက္ေျပာခ်င္သလဲ။
ေျဖ- ကြၽန္ေတာ့္အေနနဲ႔ ျပည္သူလူထုကိုေျပာခ်င္တာက တခ်ိဳ႕ကလည္း ေ႐ြးေကာက္ပြဲမွာမဲမထည့္ဘူး လို႔ေျပာေနၾကတာေတြလည္းရွိတယ္ေပါ့ေနာ္။ မဲထည့္မယ္ မထည့္ဘူးဆိုတာကေတာ့ ဥပေဒအရ သူ႔မွာ ေ႐ြးခ်ယ္ပိုင္ခြင့္ရွိတယ္။ ဒါေပမဲ့ ကိုယ္ႀကိဳက္တဲ့ အစိုးရ၊ ကိုယ္ႀကိဳက္တဲ့လႊတ္ေတာ္ကိုယ္စားလွယ္၊ ကိုယ့္ အက်ိဳးကိုလုပ္ေပးမယ့္ ကိုယ္စားလွယ္ေတြကိုပဲ ကိုယ္ႀကိဳက္တာကို ေ႐ြးခ်ယ္မလား။ ကိုယ္ မဲမထည့္ေပး ျခင္းအားျဖင့္ ကိုယ္မႀကိဳက္တဲ့ ကိုယ္စားလွယ္ေတြ တက္လာတာကိုပဲလက္ခံခ်င္လား။ ဒီကိုယ္စားလွယ္ တစ္ေယာက္က ကိုယ့္အက်ိဳးကို တကယ္ေဆာင္ႏိုင္မလားဆိုတာကို ကိုယ္ကေ႐ြးခ်ယ္ရမွာေလ။ ဒါမ်ိဳး ကိုယ္စားလွယ္ကိုရခ်င္ရင္ေတာ့ မဲ႐ုံသြားၿပီးေတာ့ မဲေပးဖို႔ပဲ တိုက္တြန္းခ်င္ပါတယ္။