မြန်မာနိုင်ငံကူးလက်မှတ်စာအုပ်ကို (၅) ရက်အတွင်း Express Service ဖြင့် ပြုလုပ်ပေးနိုင်ရန် တင်ပြ ထား

5004

Pearl (NP News) - အောက်တိုဘာ ၁၃
မြန်မာနိုင်ငံကူးလက်မှတ်စာအုပ်ကို (၅) ရက်အတွင်း အမြန်ဝန်ဆောင်မှုလုပ်ငန်း (Express Service) ဖြင့် ပြုလုပ်ပေးနိုင်ရန် တင်ပြထားကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးနှင့် နီးစပ် သူများထံ NP News မှ ဆက်သွယ်မေးမြန်းထားချက်များအရ သိရသည်။
မြန်မာနိုင်ငံကူးလက်မှတ်စာအုပ် အမြန်ရရှိမည်ဟုဆိုကာ ငွေကြေးအဆမတန်တောင်း၍ လိမ်လည်သွားသည့်ဖြစ်စဉ်များမကြာခဏ ဖြစ်ပေါ်နေကြောင်း သိရသည်။ ထို့ကြောင့် ငွေကြေး တတ် နိုင်၍ နိုင်ငံကူးလက်မှတ်အမြန်လိုအပ်သူများအနေဖြင့် မှန်ကန်သည့်အထောက်အထားအချက်အလက် များဖြင့် ဝက်ဘ်ဆိုက်ဒ်မှတစ်ဆင့် QR Code ရယူချိန်တွင် နိုင်ငံတော်ထံ ငွေကျပ် (၅၄၅၀ဝဝ) တရားဝင် ပေးဆောင်၍ (၅) ရက်အတွင်း ရန်ကုန် ၊ မန္တလေး နှင့် နေပြည်တော်ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး ရုံးများတွင် စာအုပ်ထုတ်ယူနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ရန်သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ တင်ပြ ထားကြောင်း သိရသည်။
“အမြန်ဝန်ဆောင်မှုလုပ်ငန်း အကောင်အထည်ဖော်ဖို့ တင်ပြထားတယ်။ ပုံမှန်ကတော့ (၄၅၀ဝဝ) ကျပ်သွင်းရတယ်။ ဒီနေ့လျှောက် မနက်ဖြန်လာလုပ်လို့ရမယ်။ (၁၄)ရက်ကြာရင် စာအုပ် ထုတ်ပေးတာ ပေါ့။ Express Service ဒီနေ့ လျှောက် မနက်ဖြန်လာလုပ်လို့ရမယ်။ (၅)ရက် ကြာရင် စာအုပ် ထုတ်ပေး နိုင်အောင် လုပ်ပေးမှာပေါ့။ အွန်လိုင်းကနေ QR လျှောက်တဲ့အခါမှာ တစ်ခါတည်းသွင်းလိုက်ရမှာပေါ့။ တစ်ခါတည်းသွင်းရင် အဲဒီကနေ QR ကျလာရင် ကျွန်တော်တို့ဆီမှာ တစ်ခါတည်းလာလုပ်ရုံပဲ။ တခြား ဘာဝန်ဆောင်မှုကြေးမှ ပေးစရာမလိုဘူး။ အတိ အလင်းလုပ်ပေးလိုက်မှာပေါ့။ အထောက်အထား မှန် ကန်ရင် အမြန်ဆုံးပေါ့ (၅) ရက်လောက်နဲ့အပြီး စာအုပ်ဖြစ်အောင်လုပ်ပေးမှာပေါ့” ဟု မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံးနှင့် နီးစပ်သူတစ်ဦးက NP News ဂျာနယ်သို့ ပြောသည်။
အဆိုပါ အမြန်ဝန်ဆောင်မှုလုပ်ငန်းကို သက်ဆိုင်ရာဌာနများမှအတည်ပြုပြီးမှသာ စတင် အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကာ အဆို ပါ အမြန်ဝန်ဆောင်မှုလုပ်ငန်းအတွက် ငွေပေး ချေရာတွင် K Pay ၊ Wave Pay ၊ AYA Pay ၊ A Plus တို့ဖြင့် ပေးချေနိုင်ရန် စီစဉ်ထားကြောင်း လည်း သိရသည်။
“အထက်ကလည်း ဒါနဲ့ပတ်သက်ပြီး အတည်ပြုချက် မချပေးသေးဘူး။ သူတို့ဆီကလုပ်ပါဆိုပြီး ညွှန်ကြားချက်ကျလာရင် စပြီး အကောင်အ ထည်ဖော်မှာပါ။ လောလောဆယ်တော့ သေချာပြောလို့ မရသေးဘူး” ဟု ၎င်းကဆက်လက်ပြောသည်။ လက်ရှိတွင်လည်း ပညာရေးကိစ္စရပ်များနှင့် အရေးပေါ် ကျန်းမာရေးကိစ္စများဖြင့် ပြည်ပသို့ အချိန်မီ သွားရောက်ရန် လိုအပ်သူများအနေဖြင့် အထောက်အထား ခိုင်လုံစွာဖြင့်လာရောက်၍ တွေ့ဆုံနိုင်ပြီး နိုင် ငံကူးလက်မှတ်အမြန်ရရှိရန်အတွက် Green Channel ဖြင့် စိစစ်ဆောင်ရွက်ပေးလျက်ရှိ ကြောင်းလည်း သိရသည်။
“Green Channel ကလည်း အမြန် သဘောပါပဲ။ သို့ပေမဲ့လည်း ဒီအမြန်က နေပြည် တော်ကို တိုက်ရိုက်လျှောက်ပြီးတော့ အတွင်းရေးမှူး ရုံးဆိုတာ ရှိတာပေါ့။ ရုံးအမှတ် (၃၈) ကမှတစ်ဆင့် မြန်မာ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဆီတင်ပေးရတာပေါ့။ သူကမှတစ်ဆင့် အတည်ပြုပြီးတော့ ပြန်ချပေးတာ။ ပြန်ချပေးတော့မှ Green Channel နံပါတ်နဲ့ ကျွန်တော်တို့က လာပြီး လျှောက်ထားတဲ့ အခါ ဆောင်ရွက်ပေးရတာပေါ့။ အဲဒါကတော့ Green Channel လိုင်းလို့ခေါ်တာပေါ့။ ဒါကတော့ Express Service လိုင်းပေါ့။ သဘောသဘာဝ တူတူပဲ။ Green Channel ကတော့ ပိုက်ဆံ (၄)သောင်းခွဲ နဲ့လုပ်တာပေါ့။ Express Service ကတော့ (၅၄၅၀ဝဝ) နဲ့ လုပ်ပေးမှာပေါ့။ ဒီသဘောပါပဲ” ဟု ၎င်းက ဆက်လက်ပြောသည်။

Zawgyi Version:
ျမန္မာႏိုင္ငံကူးလက္မွတ္စာအုပ္ကို (၅) ရက္အတြင္း Express Service ျဖင့္ ျပဳလုပ္ေပးႏိုင္ရန္ တင္ျပ ထား
Pearl (NP News) - ေအာက္တိုဘာ ၁၃
ျမန္မာႏိုင္ငံကူးလက္မွတ္စာအုပ္ကို (၅) ရက္အတြင္း အျမန္ဝန္ေဆာင္မႈလုပ္ငန္း (Express Service) ျဖင့္ ျပဳလုပ္ေပးႏိုင္ရန္ တင္ျပထားေၾကာင္း ျမန္မာႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရး႐ုံးႏွင့္ နီးစပ္ သူမ်ားထံ NP News မွ ဆက္သြယ္ေမးျမန္းထားခ်က္မ်ားအရ သိရသည္။
ျမန္မာႏိုင္ငံကူးလက္မွတ္စာအုပ္ အျမန္ရရွိမည္ဟုဆိုကာ ေငြေၾကးအဆမတန္ေတာင္း၍ လိမ္လည္သြားသည့္ျဖစ္စဥ္မ်ားမၾကာခဏ ျဖစ္ေပၚေနေၾကာင္း သိရသည္။ ထို႔ေၾကာင့္ ေငြေၾကး တတ္ ႏိုင္၍ ႏိုင္ငံကူးလက္မွတ္အျမန္လိုအပ္သူမ်ားအေနျဖင့္ မွန္ကန္သည့္အေထာက္အထားအခ်က္အလက္ မ်ားျဖင့္ ဝက္ဘ္ဆိုက္ဒ္မွတစ္ဆင့္ QR Code ရယူခ်ိန္တြင္ ႏိုင္ငံေတာ္ထံ ေငြက်ပ္ (၅၄၅၀ဝဝ) တရားဝင္ ေပးေဆာင္၍ (၅) ရက္အတြင္း ရန္ကုန္ ၊ မႏၲေလး ႏွင့္ ေနျပည္ေတာ္ရွိ ႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရး ႐ုံးမ်ားတြင္ စာအုပ္ထုတ္ယူႏိုင္ေရးအတြက္ စီစဥ္ေဆာင္႐ြက္ရန္သက္ဆိုင္ရာ ဝန္ႀကီးဌာနမ်ားသို႔ တင္ျပ ထားေၾကာင္း သိရသည္။
“အျမန္ဝန္ေဆာင္မႈလုပ္ငန္း အေကာင္အထည္ေဖာ္ဖို႔ တင္ျပထားတယ္။ ပုံမွန္ကေတာ့ (၄၅၀ဝဝ) က်ပ္သြင္းရတယ္။ ဒီေန႔ေလွ်ာက္ မနက္ျဖန္လာလုပ္လို႔ရမယ္။ (၁၄)ရက္ၾကာရင္ စာအုပ္ ထုတ္ေပးတာ ေပါ့။ Express Service ဒီေန႔ ေလွ်ာက္ မနက္ျဖန္လာလုပ္လို႔ရမယ္။ (၅)ရက္ ၾကာရင္ စာအုပ္ ထုတ္ေပး ႏိုင္ေအာင္ လုပ္ေပးမွာေပါ့။ အြန္လိုင္းကေန QR ေလွ်ာက္တဲ့အခါမွာ တစ္ခါတည္းသြင္းလိုက္ရမွာေပါ့။ တစ္ခါတည္းသြင္းရင္ အဲဒီကေန QR က်လာရင္ ကြၽန္ေတာ္တို႔ဆီမွာ တစ္ခါတည္းလာလုပ္႐ုံပဲ။ တျခား ဘာဝန္ေဆာင္မႈေၾကးမွ ေပးစရာမလိုဘူး။ အတိ အလင္းလုပ္ေပးလိုက္မွာေပါ့။ အေထာက္အထား မွန္ ကန္ရင္ အျမန္ဆုံးေပါ့ (၅) ရက္ေလာက္နဲ႔အၿပီး စာအုပ္ျဖစ္ေအာင္လုပ္ေပးမွာေပါ့” ဟု ျမန္မာႏိုင္ငံကူး လက္မွတ္ထုတ္ေပးေရး႐ုံးႏွင့္ နီးစပ္သူတစ္ဦးက NP News ဂ်ာနယ္သို႔ ေျပာသည္။
အဆိုပါ အျမန္ဝန္ေဆာင္မႈလုပ္ငန္းကို သက္ဆိုင္ရာဌာနမ်ားမွအတည္ျပဳၿပီးမွသာ စတင္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္မည္ျဖစ္ကာ အဆို ပါ အျမန္ဝန္ေဆာင္မႈလုပ္ငန္းအတြက္ ေငြေပး ေခ်ရာတြင္ K Pay ၊ Wave Pay ၊ AYA Pay ၊ A Plus တို႔ျဖင့္ ေပးေခ်ႏိုင္ရန္ စီစဥ္ထားေၾကာင္း လည္း သိရသည္။
“အထက္ကလည္း ဒါနဲ႔ပတ္သက္ၿပီး အတည္ျပဳခ်က္ မခ်ေပးေသးဘူး။ သူတို႔ဆီကလုပ္ပါဆိုၿပီး ၫႊန္ၾကားခ်က္က်လာရင္ စၿပီး အေကာင္အ ထည္ေဖာ္မွာပါ။ ေလာေလာဆယ္ေတာ့ ေသခ်ာေျပာလို႔ မရေသးဘူး” ဟု ၎ကဆက္လက္ေျပာသည္။ လက္ရွိတြင္လည္း ပညာေရးကိစၥရပ္မ်ားႏွင့္ အေရးေပၚ က်န္းမာေရးကိစၥမ်ားျဖင့္ ျပည္ပသို႔ အခ်ိန္မီ သြားေရာက္ရန္ လိုအပ္သူမ်ားအေနျဖင့္ အေထာက္အထား ခိုင္လုံစြာျဖင့္လာေရာက္၍ ေတြ႕ဆုံႏိုင္ၿပီး ႏိုင္ ငံကူးလက္မွတ္အျမန္ရရွိရန္အတြက္ Green Channel ျဖင့္ စိစစ္ေဆာင္႐ြက္ေပးလ်က္ရွိ ေၾကာင္းလည္း သိရသည္။
“Green Channel ကလည္း အျမန္ သေဘာပါပဲ။ သို႔ေပမဲ့လည္း ဒီအျမန္က ေနျပည္ ေတာ္ကို တိုက္႐ိုက္ေလွ်ာက္ၿပီးေတာ့ အတြင္းေရးမႉး ႐ုံးဆိုတာ ရွိတာေပါ့။ ႐ုံးအမွတ္ (၃၈) ကမွတစ္ဆင့္ ျမန္မာ ႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရးအဖြဲ႕ ဥကၠ႒ ဆီတင္ေပးရတာေပါ့။ သူကမွတစ္ဆင့္ အတည္ျပဳၿပီးေတာ့ ျပန္ခ်ေပးတာ။ ျပန္ခ်ေပးေတာ့မွ Green Channel နံပါတ္နဲ႔ ကြၽန္ေတာ္တို႔က လာၿပီး ေလွ်ာက္ထားတဲ့ အခါ ေဆာင္႐ြက္ေပးရတာေပါ့။ အဲဒါကေတာ့ Green Channel လိုင္းလို႔ေခၚတာေပါ့။ ဒါကေတာ့ Express Service လိုင္းေပါ့။ သေဘာသဘာဝ တူတူပဲ။ Green Channel ကေတာ့ ပိုက္ဆံ (၄)ေသာင္းခြဲ နဲ႔လုပ္တာေပါ့။ Express Service ကေတာ့ (၅၄၅၀ဝဝ) နဲ႔ လုပ္ေပးမွာေပါ့။ ဒီသေဘာပါပဲ” ဟု ၎က ဆက္လက္ေျပာသည္။