လယ်စိုက်ရန် စိတ်ကုန်နေသူတွေရှိလာတဲ့ မြန်မာ့စပါးဈေး

 1045

သန့်ဇင်၊ စော (NP News) - အောက်တိုဘာလ ၁၅

စပါးဈေးကျဆင်းခြင်းကြောင့် လယ်သမားများ အရှုံးနှင့်ရင်ဆိုင်နေရပြီး လာမည့်နှစ်တွင် စပါးစိုက်ရန် ပင် စိတ်ကုန်သူများရှိနေကြောင်း လယ်သမားများထံ NP News က ဆက်သွယ်မေးမြန်းထားသည့်အချက် အလက်များ အရ သိရသည်။
လက်ရှိတွင် ဆန်ကြမ်းအုပ်စုဝင်စပါးဈေးများ သည် တင်း(၁၀ဝ)လျှင် ကျပ် (၁၀) သိန်းဝန်းကျင်သာ ပေါက်ဈေးရှိနေချိန် သွင်းအားစုဈေးနှုန်းများကြီးမြင့်ခြင်း၊ ထွန်ယက်စိုက်ပျိုးခကြီးမြင့်ခြင်းနှင့် လယ်ယာ လုပ်သားနည်းပါးပြီး လုပ်ခဈေးမြင့်တက်နေသောကြောင့် လယ်သမားများစွာ အရှုံးပေါ်နေခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိ စပါးဈေးနှုန်းအရ လယ်တစ်ဧက စပါးတင်း (၇၀)ထွက်လျှင်ပင် အရင်းကျေသည့်အဆင့် သာရှိပြီး အကယ်၍ တင်း(၇၀)အောက်လျော့ ထွက်ပါက ရှုံးကြောင်း သိရသည်။
" အများဆုံးကောက်စောစိုက်တာက ရက်(၉၀)နဲ့ ရတနာတိုးစိုက်တယ်။ ပုလဲသွယ်ကတော့ မစိုက် ပါဘူး။ အခုမှထွက်နေတာ ရတနာတိုးတွေ။ ဒီမှာက တစ်ဧကကို (၇၀)လောက်ထွက်ကြတယ်။ ငွေတိုးတွေ ဆိုရင်တော့ တင်း(၈၀)နဲ့ (၉၀)ထွက်တဲ့လယ်တွေ တော့ရှိတယ်။ နည်းပါတယ်။ အဲဒါတောင် ဓာတ်မြေ ဩဇာ တင်းတင်း ထည့်မှထွက်တာ။ အဲဒီမြေဩဇာဈေး ကလည်း (၂)သိန်းလောက်ရှိတယ်။ အဲဒီတော့ ကျွန်တော် တို့ဘက်က တစ်ဧကကို (၆၀)ကနေ (၈၀)အထိပဲထွက်တယ်။ အသွယ် (အလယ်အလတ်အဆင့် စပါး) ကတော့ (၁၂)သိန်းဈေးရောင်းရသေးတယ်။ ရက်(၉၀)လောက်စိုက်တဲ့ လူတွေကတော့ ရှုံးတယ်။ တစ်ဧကကို မြေဩဇာ (၂)သိန်းဖိုးလောက်သုံးမှ ထွက်တာ}}ဟု ပဲခူးတိုင်းမှလယ်သမားတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ထုတ်ပြန် ချက်တွင်မူ စပါးအစိုဓာတ်၊ အရည်အသွေးနှင့် အမျိုးအစားပေါ်လိုက်၍ တင်း(၁၀ဝ)လျှင် ကောက် စောဧည့်မထ စပါးသစ်များသည် ကျပ်(၁၁)သိန်းမှ (၁၂)သိန်းအတွင်း ရောင်းဝယ်မှုရှိနေကြောင်း သိရ သည်။
ထို့ပြင် အထူးဧည့်မထအုပ်စု စပါးမျိုးများသည် ကျပ် (၁၄)သိန်းမှ (၁၅) သိန်းအတွင်း၊ ရက် ၉၀၊ မနောသုခ၊ ဧရာမင်း၊ ဧရာပဒေသာ စပါးမျိုးများသည် ကျပ် (၂၂) သိန်း မှ (၂၃) သိန်းအတွင်းနှင့် ဆင်းသုခ စပါး ဖြစ်ပါက အစိုပင်လျှင် ကျပ် (၁၃) သိန်းဈေးဖြင့် ရောင်းဝယ်မှု ရှိနေကြောင်း ထုတ်ပြန်ထားသည်။
အလားတူ မြန်မာနိုင်ငံတွင် စပါးအများဆုံးစိုက် သည့် ဧရာဝတီတိုင်းတွင် တစ်ဧကအထွက်နှုန်း တင်း (၈၀) ထွက်သည့်လယ်သမားများသည့် လက်ရှိ စပါးဈေးတွင် အဆိုးဆုံးအရှုံးအပေါ်သူများဖြစ်ကြောင်း သိရသည်။ ယင်းလယ်သမားများသည် အစိုးရမှထုတ် ပေးသည့် စိုက်ပျိုးချေးငွေကိုတစ်ဧက (၂)သိန်းကျပ် သာအများဆုံးရရှိကြပြီး မလောက်ငသည့်အတွက် ပြင်ပမှ အတိုးနှုန်းဖြင့်ငွေချေးရာတွင် အတိုးများ ကြောင့် အရှုံးမှာ ကြီးမားသထက်ကြီးမားနေကြောင်း ဧရာဝတီတိုင်းမှ လယ်သမားအရေးဆောင်ရွက်နေသူ တစ်ဦးက ဆိုသည်။
" ဒီနှစ်မှာ စပါးစိုက်တဲ့ လယ်သမားတွေက ပိုရှုံးတယ်။ ဘာလို့ပိုရှုံးလဲဆိုရင် စပါးဈေးက တင်း (၁၀ဝ)မှာ (၉)သိန်း (၁၀) သိန်းပဲရှိတယ်။ အဲဒီ (၁)ဧက တင်း (၁၀ဝ)ထွက်ဖို့လုပ်နေတာတောင် တင်း(၈၀)လောက်ပဲထွက်တယ်။ (၁)ဧက လုပ်ရင်တောင် တချို့ဆို သွင်းအားစု ဘာညာနဲ့ (၁၂) သိန်းဝန်းကျင် လောက်ကုန်တယ်။ အစိုးရက ချေးငွေထုတ်ပေးတာက တစ်ဧကကို (၂)သိန်းပဲချေးပေးတာလေ။ ကျန်တဲ့ (၁၀)သိန်း လောက်က အပြင်ငွေတိုး (၅) ကျပ်တိုးနဲ့ ချေးရတာကိုး။ (၁၀)သိန်းချေးရင် (၅)ကျပ်တိုးက (၆)လမှာ (၃)သိန်းလောက်သွားကျတယ်။ အဲဒါက အရင်းရဲ့ တစ်ဝက်နီးပါးလောက်ဖြစ်နေပြီလေ။ အဲဒါ (၆)လနော်။ အဲဒီတော့ စပါးဈေးက (၁၀)သိန်းပဲရှိပြီး။ (၁)ဧက တင်း(၈၀)ထွက်တော့ (၈)သိန်းပဲရတယ်။ စောစောက သွင်းအားစုဘာညာက အတိုးတွေနဲ့ (၁၅)လောက်ဆိုတော့ တစ်ဝက်လောက်ရှုံးနေပြီ" ဟု ဧရာဝတီတိုင်းမှ လယ်သမားအရေးဆောင်ရွက်နေသူ တစ်ဦးက ပြောသည်။
လက်ရှိ စပါးဈေးကျဆင်းခြင်းသည် နိုင်ငံတကာ ဈေးကွက်အပြောင်းအလဲကြောင့်ဖြစ်ပြီး အဆိုပါ ဒဏ်ကို လယ်သမား အားလုံးခံစားနေရခြင်း မဟုတ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ဆိုသည်။
" လွန်ခဲ့တဲ့(၅)နှစ်အတွင်း ဈေးအကျဆုံးဆို တော့ မဟုတ်ဘူး။ ခုနကပြောသလို အဓိကကတော့မှန် တယ်။ စပါးဈေး ဧည့်မထစပါးတို့ ၊ ငစိန်စပါး တို့က တင်း (၁၀ဝ)ကို (၁၀)သိန်းဝန်းကျင်လောက်ပဲရှိတယ်။ တစ်ချို့တောင်သူလယ်သမားတွေဟာအခက်အခဲ ဖြစ်တယ်။ တောင်သူ လယ်သမားအားလုံးတော့ မဟုတ်ဘူးပေါ့။ တော်ကြာကျရင် နိုင်ငံတော်ကလည်း တစ်နည်းအားဖြင့်ပြောရင် ရွေးကောက်ပွဲကိုဦး တည်ပြီးတော့ ပြင်ဆင်ဆောင်ရွက်နေတဲ့အချိန်မှာ ဒီခုနကပြောတဲ့ စပါးဈေးကျတယ်ဆိုတာ စပါးအားလုံး မဟုတ်ဘူးဆိုတာကိုလည်း သတင်းမှန်ကိုလည်း ဖော်ပြစေချင်တယ်။ အဓိကတော့ စပါးကျရတဲ့ဟာ တွေက ဘာကြောင့်ဖြစ်တာလဲဆိုရင် နိုင်ငံခြားကိုပို့တဲ့ ဆန်တွေက မနှစ်ကဆို တစ်တန် ကို ဒေါ်လာကို ၅၀ဝ လောက်ဈေးရှိတာပေါ့။ အခုကတော့ ဒေါ်လာ (၃)ရာလောက်ပဲရှိတယ်။ တစ်တန်ကို ဒေါ်လာ (၂) ရာလောက် ၊ နိုင်ငံတကာဈေးကလည်းကျတယ်လေ။ အဓိကတော့ နိုင်ငံတကာဈေးကွက်ဈေးနှုန်းပြောင်းလဲမှုပါပဲ" ဟု ၎င်းကပြောသည်။ လက်ရှိဖြစ်ပေါ်နေသာ စပါးဈေးကြောင့် ယခင်နှစ်များကထက်ကျပ်တည်း လာသည့် လယ်သမားများသည် လယ်စိုက်ရန်ပင်စိတ် ကုန်လာနေပြီဖြစ်ကြောင်း ပဲခူးတိုင်းမှ လယ်သမား တစ်ဦးက ဆိုသည်။
" ကထိန်ခင်းချင်တာတို့ အလှူလေးလုပ်ချင် တာတို့တောင်မလုပ်နိုင်တဲ့အပြင် အရှုံးကိုဘယ်လို ပြန်ဖာရမလဲစဉ်းစားရတာနဲ့တင် လုံးလည် ချာလည် လိုက်နေကြတယ်။ အခုနှစ်က ကျွန်တော်တို့ဘက်ကမှ မြေပဲစိုက်တဲ့လူတွေကလည်း တိုင်ပတ်တယ်။ နောက်ပြီး ဒီစပါးကလည်း အရှုံးပဲ။ မတ်ပဲကလည်း စပါးရိတ်ပြီးတော့ မိုးများပြီးရေတွေနဲ့ဆိုတော့ လုပ်မရ ဘူး။ ဒီနှစ်ကတော့ အဆိုးဆုံးနှစ်ပေါ့။ ငယ်တဲ့လူတွေ ကတော့ ဒီလယ်ကိုလုပ်လည်းဘာမှမရမယ့်အတူ နိုင် ငံခြားထွက်တဲ့လူကလည်းထွက်ကုန်ပြီ။ ရွာတစ်ရွာမှာ လူငယ်က (၂၅) ရာခိုင်နှုန်း လောက် ပဲရှိတော့မယ်"ဟု အထက်ပါလယ်သမားက ပြောသည်။
ယခုနှစ် (၂၀၂၅) နှစ်ဆန်းပိုင်းမှစတင်၍ နိုင်ငံတကာဈေးကွက်တွင် ဆန်ဈေးနှုန်းများ ကျဆင်း နေသည့်အတွက် ပြည်ပသို့ တင်ပို့သည့် ဧည့်မထ၊ ငစိန် စပါးမျိုးများမှာ အမျိုးအစား၊ အရည်အသွေးပေါ် အခြေခံ၍ ဈေးနှုန်းကွာခြားမှုရှိသဖြင့် ပြည်တွင်းပြည်ပ ဈေးကွက်မှ လိုအပ်သော စပါးမျိုးများကို ရွေးချယ် စိုက်ပျိုးခြင်း၊ မြို့နယ်အသီးသီးရှိ ဆန်စက်များထံသို့ တိုက်ရိုက် တင်ပို့ရောင်းချခြင်း၊ တောင်သူများ အနေဖြင့် တစ်ဦး တစ်ယောက်ချင်း ကွင်းဝယ်လက် များ၊ အကျိုးဆောင်များကို ရောင်းချခြင်းထက် တောင်သူများ စုပေါင်း၍ ဆန်စက်များ၊ ကုမ္ပဏီများထံ တိုက်ရိုက်ညှိနှိုင်း တင်ပို့ရောင်းချခြင်းတို့ကို ဆောင် ရွက်ခြင်းဖြင့် ဈေးနှုန်း ပိုမိုရရှိနိုင်ခြင်း၊ မိမိတို့ ဒေသ အသီးသီးရှိ ဆန်စက်များ၊ ဆန်/ ဆန်ကွဲ ပြည်ပ တင်ပို့သည့် ကုမ္ပဏီများနှင့်ပူးပေါင်း၍ ကန်ထရိုက် လယ်ယာစနစ်/ အာမခံဈေးနှုန်း စနစ်ဖြင့် ပူးပေါင်း ဆောင်ရွက်သင့်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က အကြံပြု တိုက်တွန်း ထားသည်။
" ပြီးခဲ့တဲ့ စက်တင်ဘာမှာကောက်စောတွေပေါ့။ တကယ်မိုးစပါးက ဒီဇင်ဘာ၊ နိုဝင်ဘာမှ အများဆုံးပေါ် တာပေါ့။ ဒါပေမဲ့ သက်တမ်းတို ဧည့်မထတို့ သက် တမ်းတိုတဲ့စပါးတွေက စက်တင်ဘာမှာပေါ်တယ်ပေါ့။ စပါးပေါ်တဲ့အချိန်မှာ မိုးတွေကရွာ ရေကလည်းတော် တော် စိုတာပေါ့။ စပါးအစိုဓာတ်ကတော်တော်မြင့် တာပေါ့။ ဒါကြောင့်မို့လို့ အစိုဓာတ်မြင့်တဲ့ စပါးတွေ ကျတော့ အရည်အသွေးအားနည်းတဲ့ အခါကျတော့ ဈေးကောင်းမရတာလည်းဖြစ်နိုင်တယ်ပေါ့။ ဒါကြောင့် မို့လို့ အစိုဓာတ်လျှော့ချနိုင်ဖို့ အခြောက်ခံပြီးမှ ရောင်းနိုင်မယ်ဆိုရင်လည်း ဈေးကောင်းရနိုင်မယ်။ ဆန် စက်တွေ၊ ကုမ္ပဏီတွေကို တိုက်ရိုက်ချိတ်ဆက်ပြီးတော့ ရောင်းသင့်တယ်ပေါ့နော်။ ဒါမျိုးကိုဆောင်ရွက်သင့် တယ်လို့ အကြံပြုချင်တာပါ" ဟု မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။
သို့သော်လည်း လယ်သမားများအနေဖြင့် အထက်ပါဈေးနှုန်းမျိုးရရှိရန် လုပ်ဆောင်ရာတွင် အချိန်မပေး နိုင်သဖြင့် စက်ကျစပါးကိုသာအားပြု ရောင်းချရသည့်အခါ ပွဲစားများ၏ ဈေးနှိမ်ဝယ်ခြင်းကိုလည်း ခံရကြောင်း သိရသည်။
" သယ်ယူဖို့ကားတွေဘာတွေနဲ့ အဆင်ပြေမှ ပဲရမှာလေ။ အဲဒါထက် လယ်သမားတွေက အဲဒီဆန် စက်တွေနဲ့ ချိတ်ဆက်တာက နည်းတယ်လေ။ ကုန်သည်ကိုပဲရောင်းတာများတယ်။ အလုပ်မပို တော့ဘူးလေ။ ပွဲစားတွေထိုးရောင်းလိုက်တာပေါ့။ အစိုဓာတ်နဲ့ဆိုရင်လည်း အစိုဓာတ် (၁၅) ရာခိုင်နှုန်း ပဲကျန်တယ်ဆို ရောင်းပစ်လိုက်တယ်။ ပွဲစားတွေက စပါးကို တချို့အဖျင်းနည်းနည်းပါးပါးပါရင်တောင် ဈေးနှိမ်ခံရတယ်"ဟု ဧရာဝတီတိုင်းဒေသကြီးမှ လယ်သမားတစ်ဦးက ပြောသည်။ (၂၀၂၅-၂၀၂၆) ဘဏ္ဍာနှစ် ပထမ (၆) လပတ်အတွင်း ဆန်/ ဆန်ကွဲ တန်ချိန် (၁၂) သိန်း တင်ပို့ရန် လျာထားသည့်အနက် စက်တင်ဘာ ၃၀ ရက် အထိ ဆန်/ ဆန်ကွဲတန်ချိန် (၁ယ၂၀၆,၄၀၈) တန် တင်ပို့နိုင်ခဲ့ပြီး အမေရိကန် ဒေါ်လာ (၄၀၈) သန်း ဝန်းကျင်ရရှိခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထား သည်။

Zawgyi Version:
လယ္စိုက္ရန္ စိတ္ကုန္ေနသူေတြရွိလာတဲ့ ျမန္မာ့စပါးေဈး
သန႔္ဇင္၊ ေစာ (NP News) - ေအာက္တိုဘာလ ၁၅
စပါးေဈးက်ဆင္းျခင္းေၾကာင့္ လယ္သမားမ်ား အရႈံးႏွင့္ရင္ဆိုင္ေနရၿပီး လာမည့္ႏွစ္တြင္ စပါးစိုက္ရန္ ပင္ စိတ္ကုန္သူမ်ားရွိေနေၾကာင္း လယ္သမားမ်ားထံ NP News က ဆက္သြယ္ေမးျမန္းထားသည့္အခ်က္ အလက္မ်ား အရ သိရသည္။
လက္ရွိတြင္ ဆန္ၾကမ္းအုပ္စုဝင္စပါးေဈးမ်ား သည္ တင္း(၁၀ဝ)လွ်င္ က်ပ္ (၁၀) သိန္းဝန္းက်င္သာ ေပါက္ေဈးရွိေနခ်ိန္ သြင္းအားစုေဈးႏႈန္းမ်ားႀကီးျမင့္ျခင္း၊ ထြန္ယက္စိုက္ပ်ိဳးခႀကီးျမင့္ျခင္းႏွင့္ လယ္ယာ လုပ္သားနည္းပါးၿပီး လုပ္ခေဈးျမင့္တက္ေနေသာေၾကာင့္ လယ္သမားမ်ားစြာ အရႈံးေပၚေနျခင္းျဖစ္ေၾကာင္း သိရသည္။
လက္ရွိ စပါးေဈးႏႈန္းအရ လယ္တစ္ဧက စပါးတင္း (၇၀)ထြက္လွ်င္ပင္ အရင္းေက်သည့္အဆင့္ သာရွိၿပီး အကယ္၍ တင္း(၇၀)ေအာက္ေလ်ာ့ ထြက္ပါက ရႈံးေၾကာင္း သိရသည္။
" အမ်ားဆုံးေကာက္ေစာစိုက္တာက ရက္(၉၀)နဲ႔ ရတနာတိုးစိုက္တယ္။ ပုလဲသြယ္ကေတာ့ မစိုက္ ပါဘူး။ အခုမွထြက္ေနတာ ရတနာတိုးေတြ။ ဒီမွာက တစ္ဧကကို (၇၀)ေလာက္ထြက္ၾကတယ္။ ေငြတိုးေတြ ဆိုရင္ေတာ့ တင္း(၈၀)နဲ႔ (၉၀)ထြက္တဲ့လယ္ေတြ ေတာ့ရွိတယ္။ နည္းပါတယ္။ အဲဒါေတာင္ ဓာတ္ေျမ ဩဇာ တင္းတင္း ထည့္မွထြက္တာ။ အဲဒီေျမဩဇာေဈး ကလည္း (၂)သိန္းေလာက္ရွိတယ္။ အဲဒီေတာ့ ကြၽန္ေတာ္ တို႔ဘက္က တစ္ဧကကို (၆၀)ကေန (၈၀)အထိပဲထြက္တယ္။ အသြယ္ (အလယ္အလတ္အဆင့္ စပါး) ကေတာ့ (၁၂)သိန္းေဈးေရာင္းရေသးတယ္။ ရက္(၉၀)ေလာက္စိုက္တဲ့ လူေတြကေတာ့ ရႈံးတယ္။ တစ္ဧကကို ေျမဩဇာ (၂)သိန္းဖိုးေလာက္သုံးမွ ထြက္တာ}}ဟု ပဲခူးတိုင္းမွလယ္သမားတစ္ဦးက ေျပာသည္။
ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္၏ ထုတ္ျပန္ ခ်က္တြင္မူ စပါးအစိုဓာတ္၊ အရည္အေသြးႏွင့္ အမ်ိဳးအစားေပၚလိုက္၍ တင္း(၁၀ဝ)လွ်င္ ေကာက္ ေစာဧည့္မထ စပါးသစ္မ်ားသည္ က်ပ္(၁၁)သိန္းမွ (၁၂)သိန္းအတြင္း ေရာင္းဝယ္မႈရွိေနေၾကာင္း သိရ သည္။
ထို႔ျပင္ အထူးဧည့္မထအုပ္စု စပါးမ်ိဳးမ်ားသည္ က်ပ္ (၁၄)သိန္းမွ (၁၅) သိန္းအတြင္း၊ ရက္ ၉၀၊ မေနာသုခ၊ ဧရာမင္း၊ ဧရာပေဒသာ စပါးမ်ိဳးမ်ားသည္ က်ပ္ (၂၂) သိန္း မွ (၂၃) သိန္းအတြင္းႏွင့္ ဆင္းသုခ စပါး ျဖစ္ပါက အစိုပင္လွ်င္ က်ပ္ (၁၃) သိန္းေဈးျဖင့္ ေရာင္းဝယ္မႈ ရွိေနေၾကာင္း ထုတ္ျပန္ထားသည္။
အလားတူ ျမန္မာႏိုင္ငံတြင္ စပါးအမ်ားဆုံးစိုက္ သည့္ ဧရာဝတီတိုင္းတြင္ တစ္ဧကအထြက္ႏႈန္း တင္း (၈၀) ထြက္သည့္လယ္သမားမ်ားသည့္ လက္ရွိ စပါးေဈးတြင္ အဆိုးဆုံးအရႈံးအေပၚသူမ်ားျဖစ္ေၾကာင္း သိရသည္။ ယင္းလယ္သမားမ်ားသည္ အစိုးရမွထုတ္ ေပးသည့္ စိုက္ပ်ိဳးေခ်းေငြကိုတစ္ဧက (၂)သိန္းက်ပ္ သာအမ်ားဆုံးရရွိၾကၿပီး မေလာက္ငသည့္အတြက္ ျပင္ပမွ အတိုးႏႈန္းျဖင့္ေငြေခ်းရာတြင္ အတိုးမ်ား ေၾကာင့္ အရႈံးမွာ ႀကီးမားသထက္ႀကီးမားေနေၾကာင္း ဧရာဝတီတိုင္းမွ လယ္သမားအေရးေဆာင္႐ြက္ေနသူ တစ္ဦးက ဆိုသည္။
" ဒီႏွစ္မွာ စပါးစိုက္တဲ့ လယ္သမားေတြက ပိုရႈံးတယ္။ ဘာလို႔ပိုရႈံးလဲဆိုရင္ စပါးေဈးက တင္း (၁၀ဝ)မွာ (၉)သိန္း (၁၀) သိန္းပဲရွိတယ္။ အဲဒီ (၁)ဧက တင္း (၁၀ဝ)ထြက္ဖို႔လုပ္ေနတာေတာင္ တင္း(၈၀)ေလာက္ပဲထြက္တယ္။ (၁)ဧက လုပ္ရင္ေတာင္ တခ်ိဳ႕ဆို သြင္းအားစု ဘာညာနဲ႔ (၁၂) သိန္းဝန္းက်င္ ေလာက္ကုန္တယ္။ အစိုးရက ေခ်းေငြထုတ္ေပးတာက တစ္ဧကကို (၂)သိန္းပဲေခ်းေပးတာေလ။ က်န္တဲ့ (၁၀)သိန္း ေလာက္က အျပင္ေငြတိုး (၅) က်ပ္တိုးနဲ႔ ေခ်းရတာကိုး။ (၁၀)သိန္းေခ်းရင္ (၅)က်ပ္တိုးက (၆)လမွာ (၃)သိန္းေလာက္သြားက်တယ္။ အဲဒါက အရင္းရဲ႕ တစ္ဝက္နီးပါးေလာက္ျဖစ္ေနၿပီေလ။ အဲဒါ (၆)လေနာ္။ အဲဒီေတာ့ စပါးေဈးက (၁၀)သိန္းပဲရွိၿပီး။ (၁)ဧက တင္း(၈၀)ထြက္ေတာ့ (၈)သိန္းပဲရတယ္။ ေစာေစာက သြင္းအားစုဘာညာက အတိုးေတြနဲ႔ (၁၅)ေလာက္ဆိုေတာ့ တစ္ဝက္ေလာက္ရႈံးေနၿပီ" ဟု ဧရာဝတီတိုင္းမွ လယ္သမားအေရးေဆာင္႐ြက္ေနသူ တစ္ဦးက ေျပာသည္။
လက္ရွိ စပါးေဈးက်ဆင္းျခင္းသည္ ႏိုင္ငံတကာ ေဈးကြက္အေျပာင္းအလဲေၾကာင့္ျဖစ္ၿပီး အဆိုပါ ဒဏ္ကို လယ္သမား အားလုံးခံစားေနရျခင္း မဟုတ္ေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္မွ ဥကၠ႒ ဦးရဲမင္းေအာင္က ဆိုသည္။
" လြန္ခဲ့တဲ့(၅)ႏွစ္အတြင္း ေဈးအက်ဆုံးဆို ေတာ့ မဟုတ္ဘူး။ ခုနကေျပာသလို အဓိကကေတာ့မွန္ တယ္။ စပါးေဈး ဧည့္မထစပါးတို႔ ၊ ငစိန္စပါး တို႔က တင္း (၁၀ဝ)ကို (၁၀)သိန္းဝန္းက်င္ေလာက္ပဲရွိတယ္။ တစ္ခ်ိဳ႕ေတာင္သူလယ္သမားေတြဟာအခက္အခဲ ျဖစ္တယ္။ ေတာင္သူ လယ္သမားအားလုံးေတာ့ မဟုတ္ဘူးေပါ့။ ေတာ္ၾကာက်ရင္ ႏိုင္ငံေတာ္ကလည္း တစ္နည္းအားျဖင့္ေျပာရင္ ေ႐ြးေကာက္ပြဲကိုဦး တည္ၿပီးေတာ့ ျပင္ဆင္ေဆာင္႐ြက္ေနတဲ့အခ်ိန္မွာ ဒီခုနကေျပာတဲ့ စပါးေဈးက်တယ္ဆိုတာ စပါးအားလုံး မဟုတ္ဘူးဆိုတာကိုလည္း သတင္းမွန္ကိုလည္း ေဖာ္ျပေစခ်င္တယ္။ အဓိကေတာ့ စပါးက်ရတဲ့ဟာ ေတြက ဘာေၾကာင့္ျဖစ္တာလဲဆိုရင္ ႏိုင္ငံျခားကိုပို႔တဲ့ ဆန္ေတြက မႏွစ္ကဆို တစ္တန္ ကို ေဒၚလာကို ၅၀ဝ ေလာက္ေဈးရွိတာေပါ့။ အခုကေတာ့ ေဒၚလာ (၃)ရာေလာက္ပဲရွိတယ္။ တစ္တန္ကို ေဒၚလာ (၂) ရာေလာက္ ၊ ႏိုင္ငံတကာေဈးကလည္းက်တယ္ေလ။ အဓိကေတာ့ ႏိုင္ငံတကာေဈးကြက္ေဈးႏႈန္းေျပာင္းလဲမႈပါပဲ" ဟု ၎ကေျပာသည္။ လက္ရွိျဖစ္ေပၚေနသာ စပါးေဈးေၾကာင့္ ယခင္ႏွစ္မ်ားကထက္က်ပ္တည္း လာသည့္ လယ္သမားမ်ားသည္ လယ္စိုက္ရန္ပင္စိတ္ ကုန္လာေနၿပီျဖစ္ေၾကာင္း ပဲခူးတိုင္းမွ လယ္သမား တစ္ဦးက ဆိုသည္။
" ကထိန္ခင္းခ်င္တာတို႔ အလႉေလးလုပ္ခ်င္ တာတို႔ေတာင္မလုပ္ႏိုင္တဲ့အျပင္ အရႈံးကိုဘယ္လို ျပန္ဖာရမလဲစဥ္းစားရတာနဲ႔တင္ လုံးလည္ ခ်ာလည္ လိုက္ေနၾကတယ္။ အခုႏွစ္က ကြၽန္ေတာ္တို႔ဘက္ကမွ ေျမပဲစိုက္တဲ့လူေတြကလည္း တိုင္ပတ္တယ္။ ေနာက္ၿပီး ဒီစပါးကလည္း အရႈံးပဲ။ မတ္ပဲကလည္း စပါးရိတ္ၿပီးေတာ့ မိုးမ်ားၿပီးေရေတြနဲ႔ဆိုေတာ့ လုပ္မရ ဘူး။ ဒီႏွစ္ကေတာ့ အဆိုးဆုံးႏွစ္ေပါ့။ ငယ္တဲ့လူေတြ ကေတာ့ ဒီလယ္ကိုလုပ္လည္းဘာမွမရမယ့္အတူ ႏိုင္ ငံျခားထြက္တဲ့လူကလည္းထြက္ကုန္ၿပီ။ ႐ြာတစ္႐ြာမွာ လူငယ္က (၂၅) ရာခိုင္ႏႈန္း ေလာက္ ပဲရွိေတာ့မယ္"ဟု အထက္ပါလယ္သမားက ေျပာသည္။
ယခုႏွစ္ (၂၀၂၅) ႏွစ္ဆန္းပိုင္းမွစတင္၍ ႏိုင္ငံတကာေဈးကြက္တြင္ ဆန္ေဈးႏႈန္းမ်ား က်ဆင္း ေနသည့္အတြက္ ျပည္ပသို႔ တင္ပို႔သည့္ ဧည့္မထ၊ ငစိန္ စပါးမ်ိဳးမ်ားမွာ အမ်ိဳးအစား၊ အရည္အေသြးေပၚ အေျခခံ၍ ေဈးႏႈန္းကြာျခားမႈရွိသျဖင့္ ျပည္တြင္းျပည္ပ ေဈးကြက္မွ လိုအပ္ေသာ စပါးမ်ိဳးမ်ားကို ေ႐ြးခ်ယ္ စိုက္ပ်ိဳးျခင္း၊ ၿမိဳ႕နယ္အသီးသီးရွိ ဆန္စက္မ်ားထံသို႔ တိုက္႐ိုက္ တင္ပို႔ေရာင္းခ်ျခင္း၊ ေတာင္သူမ်ား အေနျဖင့္ တစ္ဦး တစ္ေယာက္ခ်င္း ကြင္းဝယ္လက္ မ်ား၊ အက်ိဳးေဆာင္မ်ားကို ေရာင္းခ်ျခင္းထက္ ေတာင္သူမ်ား စုေပါင္း၍ ဆန္စက္မ်ား၊ ကုမၸဏီမ်ားထံ တိုက္႐ိုက္ညႇိႏႈိင္း တင္ပို႔ေရာင္းခ်ျခင္းတို႔ကို ေဆာင္ ႐ြက္ျခင္းျဖင့္ ေဈးႏႈန္း ပိုမိုရရွိႏိုင္ျခင္း၊ မိမိတို႔ ေဒသ အသီးသီးရွိ ဆန္စက္မ်ား၊ ဆန္/ ဆန္ကြဲ ျပည္ပ တင္ပို႔သည့္ ကုမၸဏီမ်ားႏွင့္ပူးေပါင္း၍ ကန္ထ႐ိုက္ လယ္ယာစနစ္/ အာမခံေဈးႏႈန္း စနစ္ျဖင့္ ပူးေပါင္း ေဆာင္႐ြက္သင့္ေၾကာင္း ျမန္မာႏိုင္ငံ ဆန္စပါး အသင္းခ်ဳပ္က အႀကံျပဳ တိုက္တြန္း ထားသည္။
" ၿပီးခဲ့တဲ့ စက္တင္ဘာမွာေကာက္ေစာေတြေပါ့။ တကယ္မိုးစပါးက ဒီဇင္ဘာ၊ ႏိုဝင္ဘာမွ အမ်ားဆုံးေပၚ တာေပါ့။ ဒါေပမဲ့ သက္တမ္းတို ဧည့္မထတို႔ သက္ တမ္းတိုတဲ့စပါးေတြက စက္တင္ဘာမွာေပၚတယ္ေပါ့။ စပါးေပၚတဲ့အခ်ိန္မွာ မိုးေတြက႐ြာ ေရကလည္းေတာ္ ေတာ္ စိုတာေပါ့။ စပါးအစိုဓာတ္ကေတာ္ေတာ္ျမင့္ တာေပါ့။ ဒါေၾကာင့္မို႔လို႔ အစိုဓာတ္ျမင့္တဲ့ စပါးေတြ က်ေတာ့ အရည္အေသြးအားနည္းတဲ့ အခါက်ေတာ့ ေဈးေကာင္းမရတာလည္းျဖစ္ႏိုင္တယ္ေပါ့။ ဒါေၾကာင့္ မို႔လို႔ အစိုဓာတ္ေလွ်ာ့ခ်ႏိုင္ဖို႔ အေျခာက္ခံၿပီးမွ ေရာင္းႏိုင္မယ္ဆိုရင္လည္း ေဈးေကာင္းရႏိုင္မယ္။ ဆန္ စက္ေတြ၊ ကုမၸဏီေတြကို တိုက္႐ိုက္ခ်ိတ္ဆက္ၿပီးေတာ့ ေရာင္းသင့္တယ္ေပါ့ေနာ္။ ဒါမ်ိဳးကိုေဆာင္႐ြက္သင့္ တယ္လို႔ အႀကံျပဳခ်င္တာပါ" ဟု ျမန္မာႏိုင္ငံဆန္စပါး အသင္းခ်ဳပ္မွဥကၠ႒ ဦးရဲမင္းေအာင္က ေျပာသည္။
သို႔ေသာ္လည္း လယ္သမားမ်ားအေနျဖင့္ အထက္ပါေဈးႏႈန္းမ်ိဳးရရွိရန္ လုပ္ေဆာင္ရာတြင္ အခ်ိန္မေပး ႏိုင္သျဖင့္ စက္က်စပါးကိုသာအားျပဳ ေရာင္းခ်ရသည့္အခါ ပြဲစားမ်ား၏ ေဈးႏွိမ္ဝယ္ျခင္းကိုလည္း ခံရေၾကာင္း သိရသည္။
" သယ္ယူဖို႔ကားေတြဘာေတြနဲ႔ အဆင္ေျပမွ ပဲရမွာေလ။ အဲဒါထက္ လယ္သမားေတြက အဲဒီဆန္ စက္ေတြနဲ႔ ခ်ိတ္ဆက္တာက နည္းတယ္ေလ။ ကုန္သည္ကိုပဲေရာင္းတာမ်ားတယ္။ အလုပ္မပို ေတာ့ဘူးေလ။ ပြဲစားေတြထိုးေရာင္းလိုက္တာေပါ့။ အစိုဓာတ္နဲ႔ဆိုရင္လည္း အစိုဓာတ္ (၁၅) ရာခိုင္ႏႈန္း ပဲက်န္တယ္ဆို ေရာင္းပစ္လိုက္တယ္။ ပြဲစားေတြက စပါးကို တခ်ိဳ႕အဖ်င္းနည္းနည္းပါးပါးပါရင္ေတာင္ ေဈးႏွိမ္ခံရတယ္"ဟု ဧရာဝတီတိုင္းေဒသႀကီးမွ လယ္သမားတစ္ဦးက ေျပာသည္။ (၂၀၂၅-၂၀၂၆) ဘ႑ာႏွစ္ ပထမ (၆) လပတ္အတြင္း ဆန္/ ဆန္ကြဲ တန္ခ်ိန္ (၁၂) သိန္း တင္ပို႔ရန္ လ်ာထားသည့္အနက္ စက္တင္ဘာ ၃၀ ရက္ အထိ ဆန္/ ဆန္ကြဲတန္ခ်ိန္ (၁ယ၂၀၆,၄၀၈) တန္ တင္ပို႔ႏိုင္ခဲ့ၿပီး အေမရိကန္ ေဒၚလာ (၄၀၈) သန္း ဝန္းက်င္ရရွိခဲ့ေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္က ထုတ္ျပန္ထား သည္။

Picture

09755622472

15/10/2025 12:50

09755622472

Related news

© 2021. All rights reserved.