အကြောင်းအမျိုးမျိုးကြောင့် ပိတ်ထားရသော တက္ကသိုလ်များကို လာမည့်နှစ်တွင် ဖွင့်လှစ်နိုင်ရန်ကြိုးစားနေပြီး မကြာမီအခြား တက္ကသိုလ်များလည်း ပြန်ဖွင့်ရန်စီစဉ်နေ

512

သန့်ဇင်(NP News)-နိုဝင်ဘာ ၁၅
အကြောင်းအမျိုးမျိုးကြောင့် ပိတ်ထားရသော တက္ကသိုလ်များကို လာမည့်နှစ်တွင် ဖွင့်လှစ်နိုင်ရန်ကြိုးစားနေပြီး မကြာမီအခြား တက္ကသိုလ်များလည်း ပြန်ဖွင့်ရန်စီစဉ်နေကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း သိရသည်။
ယနေ့(အောက်တိုဘာ ၁၅ရက်) နံနက်ပိုင်းက နေပြည်တော်၊ မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန-(၁) (MICC-I) တွင်ကျင်းပသော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်NCA (၁၀) နှစ်ပြည့်နှစ်ပတ်လည်ပွဲတွင် တက်ရောက်မိန့်ခွန်း ပြောကြားစဉ်အထက်ပါကဲ့သို့ ပြောကြားခဲ့ကြောင်း သိရသည်။
ပညာရေးနှင့်ပတ်သက်၍ တိုင်းပြည်တွင် အသိပညာ၊ အတန်းပညာနှင့် အတတ်ပညာ အားနည်းချက်များရှိနေသည်မှာ ငြင်းဆန်၍ မရကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကဆိုသည်။
“ဒါကိုကျွန်တော်တို့က ပညာရေးနဲ့ပတ်သက်ပြီးတော့ သည်းခံရမယ့်နှစ်တွေကိုတော့ မရှက်ပါဘူး။ ကျွန်တော်ပြောတာ တစ်ခါတစ်လေ ကျတော့လည်း ကိုယ့်ပေါင်ကိုယ်လှန်ထောင်းနေသလိုပဲ။ တကယ်တော့ တကယ့်အမှန်ပါ။ ကျွန်တော်တို့မှာ အားနည်းချက်ရှိတာ ပညာရေး အားနည်းချက်ရှိတဲ့အတွက်ကြောင့် ပထမအဆင့်အနေနဲ့ GK - +9 အထိကိုသွားဖို့ ရအောင် လုပ်ကြဖို့လိုပါတယ်။ အခုတတ်နိုင် သလောက်တော့ ကျွန်တော်ကျောင်းတွေဖွင့်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ကျောက်မဲပြန်ပြီးတော့ ထိန်းချုပ်နိုင်တဲ့အခါ ချက်ချင်းကျောင်း တွေရအောင်ဖွင့်ပါ KG ရအောင်ဖွင့်ပါ ။ ကလေးတွေကို အစိုးရစစ်ကျောင်းတွေကတော့ မပြောဘူးပေါ့။ ကျောင်းစစ်တွေရှိတယ်။ ကျောင်းစစ်တွေမှာတော့ စနေ၊ တနင်္ဂနွေမှာပါသင်ပေး။ သင်ပြီးသလောက် စာမေးပွဲစစ်ပေးရမယ်”ဟု ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ထို့ပြင် စာသင်နှစ်များနောက်ကျခဲ့သည့် ကလေးများအတွက် နွေရာသီကျောင်းပိတ်များတွင်လည်း အခြေခံပညာကျောင်းများဖွင့်ကာ ကျောင်းပြန်တက်စေရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်ကဆိုသည်။
"ပြီးရင်လည်း ကျောင်းပိတ်ရက်တွေမှာလည်း ပြန်တက်ခိုင်း၊ နွေရာသီကျောင်းပိတ်ရက်ကျရင် ကျောင်းပြန်တက်ခိုင်း ပြန်တက်ခိုင်းပြီး စာလုပ်၊ အဲဒီမှာစာလုပ်ပြီးရင် စာမေးပွဲတစ်ခါပြန်စစ်၊ ဒီလိုနဲ့ ကလေးတွေမဆုံးရှုံးအောင်၊ တစ်နှစ်ဆုံးရှုံးမှုဆိုတာလည်း ကလေးတွေအတွက် ကြီးမားပါတယ်။ တက်ရောက်လာတဲ့ကိုယ်စားလှယ် တွေလည်း ကျောင်းနေဖူးတဲ့သူတွေဖြစ်ပါတယ်။ သားသမီးချင်း၊ ကျောင်းသားချင်း၊ မိဘချင်းစာနာဖို့လိုပါတယ်။ ဒါကြောင့် သူတို့တွေပညာတက်ပြီး ပညာတွေမကျန်ခဲ့အောင် အတတ်နိုင်ဆုံးဆောင် ရွက်ပေးပါတယ်” ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ထို့ပြင် အကြောင်းအမျိုးမျိုးကြေင့် ပိတ်ထားရသော တက္ကသိုလ်တွေ၊ ကောလိပ်များကိုလည်း တတ်နိုင်သမျှပြန်လည်ဖွင့်လှစ်ခိုင်းထားပြီး လာမည့်နှစ်တွင်တွင်လည်း ကျန်ရှိတက္ကသိုလ်များဖွင့်လစ်ရန်ကြိုးစားနေကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။
“အလားတူပါပဲ တက္ကသိုလ်တွေ၊ ကောလိပ်တွေမှာလည်း အကြောင်းအမျိုးမျိုးကြောင့် ပိတ်လိုက်ရတဲ့ကျောင်းတွေရှိပါတယ်။ တတ်နိုင်သလောက်ဖွင့်ခိုင်းပါတယ်။ ပျက်စီး သွားတဲ့ကျောင်းတွေက စောစော board မှာပြထားတဲ့ပုံတွေမှ တွေ့ပါလိမ့်မယ်။ ကြီးမားတဲ့ဆုံးရှုံးမှုတွေအများကြီးဖြစ်ပေါ်လာခဲ့ရင် အတတ်နိုင်ဆုံး ပြင်ပါ။ မြန်မြန်ပြင်ပြီးတော့ လာမယ့်ပညာသင်နှစ်။ ဒီနှစ်ဆိုရင်လည်း လွိုင်ကော်တက္ကသိုလ် ကျွန်တော် ဖွင့်ဖို့လုပ်ထားပါတယ်။ လာမည့်နှစ်ဆိုရင် ကျန်တဲ့တက္ကသိုလ်တွေဖွင့်နိုင်အောင် ကျွန်တော်တို့ ဖွင့်နိုင်အောင်ကြိုးစားသွားပါမယ်။ မကြာခင်မှာလည်း အခြားတစ်နေရာက တက္ကသိုလ်တွေ ဖွင့်နိုင်အောင်ဖို့အတွက် စီစဉ်နေပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။

Zawgyi Version:
အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ပိတ္ထားရေသာ တကၠသိုလ္မ်ားကို လာမည့္ႏွစ္တြင္ ဖြင့္လွစ္ႏိုင္ရန္ႀကိဳးစားေနၿပီး မၾကာမီအျခား တကၠသိုလ္မ်ားလည္း ျပန္ဖြင့္ရန္စီစဥ္ေန
သန႔္ဇင္(NP News)-ႏိုဝင္ဘာ ၁၅
အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ပိတ္ထားရေသာ တကၠသိုလ္မ်ားကို လာမည့္ႏွစ္တြင္ ဖြင့္လွစ္ႏိုင္ရန္ႀကိဳးစားေနၿပီး မၾကာမီအျခား တကၠသိုလ္မ်ားလည္း ျပန္ဖြင့္ရန္စီစဥ္ေနေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒၊ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ယေန႔(ေအာက္တိုဘာ ၁၅ရက္) နံနက္ပိုင္းက ေနျပည္ေတာ္၊ ျမန္မာအျပည္ျပည္ ဆိုင္ရာကြန္ဗင္းရွင္း ဗဟိုဌာန-(၁) (MICC-I) တြင္က်င္းပေသာ တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္NCA (၁၀) ႏွစ္ျပည့္ႏွစ္ပတ္လည္ပြဲတြင္ တက္ေရာက္မိန႔္ခြန္း ေျပာၾကားစဥ္အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ပညာေရးႏွင့္ပတ္သက္၍ တိုင္းျပည္တြင္ အသိပညာ၊ အတန္းပညာႏွင့္ အတတ္ပညာ အားနည္းခ်က္မ်ားရွိေနသည္မွာ ျငင္းဆန္၍ မရေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ကဆိုသည္။
“ဒါကိုကြၽန္ေတာ္တို႔က ပညာေရးနဲ႔ပတ္သက္ၿပီးေတာ့ သည္းခံရမယ့္ႏွစ္ေတြကိုေတာ့ မရွက္ပါဘူး။ ကြၽန္ေတာ္ေျပာတာ တစ္ခါတစ္ေလ က်ေတာ့လည္း ကိုယ့္ေပါင္ကိုယ္လွန္ေထာင္းေနသလိုပဲ။ တကယ္ေတာ့ တကယ့္အမွန္ပါ။ ကြၽန္ေတာ္တို႔မွာ အားနည္းခ်က္ရွိတာ ပညာေရး အားနည္းခ်က္ရွိတဲ့အတြက္ေၾကာင့္ ပထမအဆင့္အေနနဲ႔ GK - +9 အထိကိုသြားဖို႔ ရေအာင္ လုပ္ၾကဖို႔လိုပါတယ္။ အခုတတ္ႏိုင္ သေလာက္ေတာ့ ကြၽန္ေတာ္ေက်ာင္းေတြဖြင့္ပါတယ္။ ၿပီးခဲ့တဲ့ရက္ပိုင္းက ေက်ာက္မဲျပန္ၿပီးေတာ့ ထိန္းခ်ဳပ္ႏိုင္တဲ့အခါ ခ်က္ခ်င္းေက်ာင္း ေတြရေအာင္ဖြင့္ပါ KG ရေအာင္ဖြင့္ပါ ။ ကေလးေတြကို အစိုးရစစ္ေက်ာင္းေတြကေတာ့ မေျပာဘူးေပါ့။ ေက်ာင္းစစ္ေတြရွိတယ္။ ေက်ာင္းစစ္ေတြမွာေတာ့ စေန၊ တနဂၤေႏြမွာပါသင္ေပး။ သင္ၿပီးသေလာက္ စာေမးပြဲစစ္ေပးရမယ္”ဟု ဗိုလ္ခ်ဳပ္မႉး ႀကီးမင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
ထို႔ျပင္ စာသင္ႏွစ္မ်ားေနာက္က်ခဲ့သည့္ ကေလးမ်ားအတြက္ ေႏြရာသီေက်ာင္းပိတ္မ်ားတြင္လည္း အေျခခံပညာေက်ာင္းမ်ားဖြင့္ကာ ေက်ာင္းျပန္တက္ေစရမည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉး ႀကီးမင္းေအာင္လႈိင္ကဆိုသည္။
"ၿပီးရင္လည္း ေက်ာင္းပိတ္ရက္ေတြမွာလည္း ျပန္တက္ခိုင္း၊ ေႏြရာသီေက်ာင္းပိတ္ရက္က်ရင္ ေက်ာင္းျပန္တက္ခိုင္း ျပန္တက္ခိုင္းၿပီး စာလုပ္၊ အဲဒီမွာစာလုပ္ၿပီးရင္ စာေမးပြဲတစ္ခါျပန္စစ္၊ ဒီလိုနဲ႔ ကေလးေတြမဆုံးရႈံးေအာင္၊ တစ္ႏွစ္ဆုံးရႈံးမႈဆိုတာလည္း ကေလးေတြအတြက္ ႀကီးမားပါတယ္။ တက္ေရာက္လာတဲ့ကိုယ္စားလွယ္ ေတြလည္း ေက်ာင္းေနဖူးတဲ့သူေတြျဖစ္ပါတယ္။ သားသမီးခ်င္း၊ ေက်ာင္းသားခ်င္း၊ မိဘခ်င္းစာနာဖို႔လိုပါတယ္။ ဒါေၾကာင့္ သူတို႔ေတြပညာတက္ၿပီး ပညာေတြမက်န္ခဲ့ေအာင္ အတတ္ႏိုင္ဆုံးေဆာင္ ႐ြက္ေပးပါတယ္” ဗိုလ္ခ်ဳပ္မႉး ႀကီးမင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
ထို႔ျပင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကင့္ ပိတ္ထားရေသာ တကၠသိုလ္ေတြ၊ ေကာလိပ္မ်ားကိုလည္း တတ္ႏိုင္သမွ်ျပန္လည္ဖြင့္လွစ္ခိုင္းထားၿပီး လာမည့္ႏွစ္တြင္တြင္လည္း က်န္ရွိတကၠသိုလ္မ်ားဖြင့္လစ္ရန္ႀကိဳးစားေနေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဆိုသည္။
“အလားတူပါပဲ တကၠသိုလ္ေတြ၊ ေကာလိပ္ေတြမွာလည္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ပိတ္လိုက္ရတဲ့ေက်ာင္းေတြရွိပါတယ္။ တတ္ႏိုင္သေလာက္ဖြင့္ခိုင္းပါတယ္။ ပ်က္စီး သြားတဲ့ေက်ာင္းေတြက ေစာေစာ board မွာျပထားတဲ့ပုံေတြမွ ေတြ႕ပါလိမ့္မယ္။ ႀကီးမားတဲ့ဆုံးရႈံးမႈေတြအမ်ားႀကီးျဖစ္ေပၚလာခဲ့ရင္ အတတ္ႏိုင္ဆုံး ျပင္ပါ။ ျမန္ျမန္ျပင္ၿပီးေတာ့ လာမယ့္ပညာသင္ႏွစ္။ ဒီႏွစ္ဆိုရင္လည္း လြိဳင္ေကာ္တကၠသိုလ္ ကြၽန္ေတာ္ ဖြင့္ဖို႔လုပ္ထားပါတယ္။ လာမည့္ႏွစ္ဆိုရင္ က်န္တဲ့တကၠသိုလ္ေတြဖြင့္ႏိုင္ေအာင္ ကြၽန္ေတာ္တို႔ ဖြင့္ႏိုင္ေအာင္ႀကိဳးစားသြားပါမယ္။ မၾကာခင္မွာလည္း အျခားတစ္ေနရာက တကၠသိုလ္ေတြ ဖြင့္ႏိုင္ေအာင္ဖို႔အတြက္ စီစဥ္ေနပါတယ္” ဟု ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ထည့္သြင္းေျပာၾကားခဲ့သည္။