Eurasian တိုက်ကြီးသို့ ဝင်ပေါက် (သို့) တောင်ကိုရီးယားရဲ့ပင်လယ်ကမ်းခြေ သမီးပျို ဘူဆန်

495

Pika (NPNews) - အောက်တိုဘာလ ၁၇
ဘူဆန်မြို့သည် ဆိုးလ်မြို့ပြီးလျှင် တောင်ကိုရီးယားနိုင်ငံတွင် ဒုတိယမြောက် လူဦးရေအထူထပ် ဆုံးမြို့တစ်မြို့ဖြစ်ပြီး လှပသောကမ်းခြေများ၊ ဗျူးပွိုင့် များနှင့် ယဉ်ကျေးမှုဆိုင်ရာပွဲတော်များကြောင့် နာမည်ကျော်ကြားသည့်မြို့တစ်မြို့ဖြစ်သည်။ (၂၀၂၄)ခုနှစ်အထိ ဘူဆန်မြို့တွင် နေထိုင်သူလူဦးရေမှာ (၃ ဒသမ ၃)သန်းရှိပြီး ၎င်းသည် တောင်ကိုးရီးယားအရှေ့တောင်ပိုင်း၏ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ပညာ ရေးဆိုင်ရာ အချက်အချာနေရာတစ်ခုဖြစ်ကြောင်း လည်းသိရသည်။
ထို့ပြင် ဘူဆန်ဆိပ်ကမ်းသည် တောင်ကို ရီးယားနိုင်ငံတွင်းတွင် အလုပ်အများဆုံးဆိပ်ကမ်းနှင့် ကမ္ဘာပေါ်တွင် ခြောက်ခုမြောက်အလုပ်အများဆုံး ဆိပ်ကမ်းတစ်ခုဖြစ်ကြောင်းသိရသည်။ ဘူဆန်မြို့ရှိ အရှေ့တောင်ပိုင်းရေကြောင်းစက်မှုဇုန်ဒေသသည် တောင်ကိုရီးယားနိုင်ငံတွင်းတွင် အကြီးဆုံးစက်မှုဇုန် တစ်ခုဖြစ်ကြောင်းသိရသည်။ (၂၀၂၅)ခုနှစ်အထိ ဘူ ဆန်ဆိပ်ကမ်းသည် တောင်ကိုရီးယားနိုင်ငံ၏ အဓိက ဆိပ်ကမ်းတစ်ခုဖြစ်ပြီး ကမ္ဘာပေါ်တွင်ခြောက်ခုမြောက် အကြီးဆုံးကွန်တိန်နာဆိပ်ကမ်းတစ်ခုဖြစ်ကြောင်း လည်းသိရသည်။ ဘူဆန်မြို့ကို အဓိကအုပ်ချုပ်ရေး ခရိုင် (၁၅)ခု၊ ကောင်တီ(၁)ခုတို့ဖြင့်ဖွဲ့စည်းထားပြီး ဘူဆန်မြို့ပြဧရိယာတွင်နေထိုင်သူလူဦးရေမှာ(၈)သန်းခန့်ရှိကြောင်းသိရသည်။ ဘူဆန်မြို့၏ လူနေအထူထပ်ဆုံးဧရိယာများသည် Nakdong နှင့် Suyeong မြစ်များကြားရှိ ကျဉ်းမြောင်းသောချိုင့်ဝှမ်းများ တွင်တည်ရှိပြီး ခရိုင်အများစုကို တောင်တန်းများကပိုင်းခြားထားကြောင်းသိရသည်။ Nakdong မြစ် သည် တောင်ကိုရီးယားနိုင်ငံ၏ အရှည်ဆုံးမြစ်တစ်ခု ဖြစ်ပြီး ဘူဆန်မြို့၏ Haeundae ကမ်းခြေသည် တောင်ကိုရီးယားနိုင်ငံတွင်းတွင် အကြီးဆုံးကမ်းခြေတစ်ခုဖြစ်ကြောင်း လည်းသိရသည်။ ဘူဆန်မြို့သည် (၂၀ဝ၅)ခုနှစ်တွင် APEC ထိပ်သီးအစည်းအဝေးကို လက်ခံကျင်းပခဲ့ပြီး နိုင်ငံတကာကွန်ဗင်းရှင်းများအတွက် အဓိကအချက်အချာနေရာတစ်ခုဖြစ်ကြောင်း လည်းသိရသည်။ ထို့ပြင် ဘူဆန်မြို့သည် (၂၀ဝ၂)ခုနှစ် အာရှကစားပွဲများနှင့် ဖီဖာကမ္ဘာ့ဖလားတို့ကို လက်ခံကျင်းပခဲ့ပြီး တောင်ကိုရီးယားနိုင်ငံတွင်းတွင် အားကစားပြိုင်ပွဲများအတွက် အဓိက အချက်အချာ နေရာတစ်ခုလည်းဖြစ်သည်။ ဘူဆန်မြို့သည် ကမ္ဘာ့ အကြီးဆုံးစတိုးဆိုင်ဖြစ်သည့် Shinsegae Centum City ၏နေအိမ်လည်းဖြစ်ပြီး (၂၀၁၄)ခုနှစ် ဒီဇင်ဘာ လတွင် ၎င်းကို ရုပ်ရှင်မြို့တော်အဖြစ် UNESCO Creative Cities Network သို့ ထည့်သွင်းခဲ့ကြောင်း သိရသည်။
စီးပွားရေး
ဘူဆန်မြို့သည် ကမ္ဘာ့အဆင့်မီ ကြီးမား သောဆိပ်ကမ်းများရှိမှုနှင့်အတူ အရှေ့မြောက်အာရှ တွင် ရေကြောင်းပို့ဆောင်ရေးဆိုင်ရာအချက်အချာ နေရာတစ်ခုဖြစ်ပြီး Eurasian တိုက်ကြီးသို့ဝင်ပေါက် တစ်ခုလည်းဖြစ်သည်။ (၂၀၂၂)ခုနှစ်တွင် ဘူဆန်မြို့ ၏ စုစုပေါင်းဂျီဒီပီမှာ ဝမ်(၁၀၄)ထရီလျံအထိရှိခဲ့ပြီး တစ်ဦးချင်းဂျီဒီပီမှာ ဝမ်(၃၉ ဒသမ ၆)သန်းအထိရှိခဲ့ ကြောင်းသိရသည်။ ဘူဆန်မြို့၏စီးပွားရေးကို ဝန် ဆောင်မှုလုပ်ငန်း (၇၀ ဒသမ ၃)ရာခိုင်နှုန်း၊ ကုန် ထုတ်လုပ်မှု(၁၉ ဒသမ ၈)ရာခိုင်နှုန်း၊ ဆောက်လုပ်ရေး (၅ ဒသမ ၉) ရာခိုင်နှုန်း၊ စိုက်ပျိုးရေးနှင့်ငါးဖမ်းလုပ် ငန်း(ဝ ဒသမ ၈)ရာခိုင်နှုန်းနှင့် အခြားကဏ္ဍများ (၃ ဒသမ ၂)ရာခိုင်နှုန်းတို့ဖြင့်ဖွဲ့စည်းထားခြင်းဖြစ်သည်။
ကမ္ဘာပေါ်တွင် ခြောက်ခုမြောက်အကြီးဆုံး ဆိပ်ကမ်းဖြစ်သော ဘူဆန်ဆိပ်ကမ်းသည် (၂၀၂၀)ပြည့်နှစ်တွင် ကွန်တိန်နာပမာဏ(၂၁ ဒသမ ၈၁)သန်းကို စီမံဆောင်ရွက်ခဲ့ကြောင်းသိရသည်။ ဘူ ဆန်ဆိပ်ကမ်းသည် တရုတ်ကမ်းရိုးတန်းမှ စင်ကာပူ နိုင်ငံသို့သွယ်တန်းထားသော (၂၁)ရာစု ပင်လယ်ရေ ကြောင်းပိုးလမ်းမ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း လည်းသိရသည်။ ထို့ပြင် ဘူဆန်မြို့သည် အဏ္ဏဝါ သိပ္ပံနှင့် R&D ၏ အချက်အချာနေရာတစ်ခုလည်းဖြစ် ပြီး ကိုရီးယားရေကြောင်းအဖွဲ့အစည်း (KMI) ၊ Korea Institute of Ocean Science and Technology (KIOST)၊ အမျိုးသားငါးထွက်ကုန်အရည် အသွေးစီမံခန့်ခွဲမှုဝန်ဆောင်မှု၊Korea Hydrographic and Oceanographic Agency (KHOA) နှင့် Yeongdo ခရိုင်ရှိ Dongsam Innovation Complex တွင်တည်ရှိသော တောင်ကိုရီး ယားအမျိုးသားရေကြောင်းပြတိုက်ကဲ့သို့သော သက် ဆိုင်ရာအဖွဲ့အစည်းများစွာ၏ နေအိမ်လည်းဖြစ်သည်။ ထို့ပြင် နိုင်ငံတကာ ကုန်စည်ပို့ဆောင်သူများအသင်း များအဖွဲ့ချုပ် (FIATA) ၏ ကမ္ဘာလုံးဆိုင်ရာလွှတ် တော်ကို (၂၀၂၀)ပြည့်နှစ်က ဘူဆန်မြို့တွင်ကျင်းပ ခဲ့ကြောင်း သိရသည်။
ဘူဆန်မြို့သည် ကမ္ဘာလုံးဆိုင်ရာ MICE (အစည်းအဝေးများ၊ ဆွဲဆောင်မှုများ၊ ညီလာခံများနှင့် ပြပွဲများ) လုပ်ငန်းအတွက် လူသိများသည့် မြို့တစ်မြို့ လည်းဖြစ်သည်။ ဘူဆန်မြို့၏ စည်းဝေးပွဲနှင့်ပြပွဲဇုန် တွင် BEXCO ကွန်ဗင်းရှင်းစင်တာ၊ Nurimaru APEC House နှင့် သဘာဝပတ်ဝန်းကျင်အနီးရှိ ဟို တယ်များအပါအဝင် ကြီးမားသော နိုင်ငံတကာပွဲများ ကို လက်ခံကျင်းပရန် ကောင်းမွန်သောအခြေအနေ များနှင့် အခြေခံအဆောက်အအုံများရှိကြောင်းသိရ သည်။ ဘူဆန်မြို့တွင်ကျင်းပခဲ့သော အဓိက နိုင်ငံတ ကာညီလာခံများမှာ (၂၀ဝ၅)ခုနှစ် APEC အဖွဲ့ စီး ပွားရေးခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး၊ (၂၀၁၄)ခုနှစ် အာဆီယံ-ကိုရီးယား သမ္မတ အထိမ်း အမှတ် ထိပ်သီးအစည်းအဝေး၊ (၂၀၁၈)ခုနှစ် အာဖ ရိက ဖွံ့ဖြိုးရေးဘဏ်အုပ်စု နှစ်ပတ်လည်အစည်းအ ဝေးများ ပါဝင်ကြောင်းသိရသည်။
ဘူဆန်မြို့သည် ဘဏ္ဍာရေးဆိုင်ရာ အ ချက်အချာနေရာတစ်ခုဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံ ၏ တစ်ခုတည်းသော ငွေချေးသက်သေခံလက်မှတ် လဲလှယ်ရေးအော်ပရေတာဖြစ်သည့် Korea Exchange (KRX) ၏ရုံးချုပ်သည် ဘူဆန်မြို့တွင်ရှိ ကြောင်းသိရသည်။ ထို့ပြင် ဘူဆန်မြို့သည်Korea Technology Finance Corporation၊ Korea Asset Management Corporation၊ Korea Housing-Finance Corporation၊ Korea Housing & Urban Guarantee Corporation၊ Korea Securities Depository၊ Korea Maritime Guarantee Insurance၊ Maritime Finance Center၊ Korea Shipping and Maritime Transportation Co., Ltd၊ Korea Asset Management Corporation နှင့် BNK ဘဏ္ဍာရေးအုပ်စုတို့ကဲ့သို့သော ဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်းအများအပြားအခြေစိုက်သည့်နေရာ တစ်ခုဖြစ်ကြောင်းလည်းသိရသည်။
ဘူဆန်မြို့တွင်Lotte Department Store၊ Lotte Premium Outlet ၊ Shinsegae Premium Outlet တို့ကဲ့သို့သော အဓိကစတိုး ဆိုင်ကြီးများအပြင် Homeplus ၊ e-mart နှင့် Costco တို့ကဲ့သို့ စူပါမားကတ်ဆိုင်ခွဲကြီးများရှိ ကြောင်းလည်းသိရသည်။ ဘူဆန်မြို့၏ အဓိက ဟိုတယ်များတွင် Westin Chosun Busan၊ Paradise Busan နှင့် Park Hyatt Busan ဟိုတယ်တို့ပါဝင်ပြီး ခရီးသွားများတည်းခိုရန်အ ကောင်းဆုံးနေရာများအဖြစ် သတ်မှတ်ခံထားရသည့် ဟိုတယ်များဖြစ်ကြောင်းသိရသည်။

Zawgyi Version:
Eurasian တိုက္ႀကီးသို႔ ဝင္ေပါက္ (သို႔) ေတာင္ကိုရီးယားရဲ႕ပင္လယ္ကမ္းေျခ သမီးပ်ိဳ ဘူဆန္
Pika (NPNews) - ေအာက္တိုဘာလ ၁၇
ဘူဆန္ၿမိဳ႕သည္ ဆိုးလ္ၿမိဳ႕ၿပီးလွ်င္ ေတာင္ကိုရီးယားႏိုင္ငံတြင္ ဒုတိယေျမာက္ လူဦးေရအထူထပ္ ဆုံးၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီး လွပေသာကမ္းေျခမ်ား၊ ဗ်ဴးပြိဳင့္ မ်ားႏွင့္ ယဥ္ေက်းမႈဆိုင္ရာပြဲေတာ္မ်ားေၾကာင့္ နာမည္ေက်ာ္ၾကားသည့္ၿမိဳ႕တစ္ၿမိဳ႕ျဖစ္သည္။ (၂၀၂၄)ခုႏွစ္အထိ ဘူဆန္ၿမိဳ႕တြင္ ေနထိုင္သူလူဦးေရမွာ (၃ ဒသမ ၃)သန္းရွိၿပီး ၎သည္ ေတာင္ကိုးရီးယားအေရွ႕ေတာင္ပိုင္း၏ စီးပြားေရး၊ ယဥ္ေက်းမႈႏွင့္ ပညာ ေရးဆိုင္ရာ အခ်က္အခ်ာေနရာတစ္ခုျဖစ္ေၾကာင္း လည္းသိရသည္။
ထို႔ျပင္ ဘူဆန္ဆိပ္ကမ္းသည္ ေတာင္ကို ရီးယားႏိုင္ငံတြင္းတြင္ အလုပ္အမ်ားဆုံးဆိပ္ကမ္းႏွင့္ ကမာၻေပၚတြင္ ေျခာက္ခုေျမာက္အလုပ္အမ်ားဆုံး ဆိပ္ကမ္းတစ္ခုျဖစ္ေၾကာင္းသိရသည္။ ဘူဆန္ၿမိဳ႕ရွိ အေရွ႕ေတာင္ပိုင္းေရေၾကာင္းစက္မႈဇုန္ေဒသသည္ ေတာင္ကိုရီးယားႏိုင္ငံတြင္းတြင္ အႀကီးဆုံးစက္မႈဇုန္ တစ္ခုျဖစ္ေၾကာင္းသိရသည္။ (၂၀၂၅)ခုႏွစ္အထိ ဘူ ဆန္ဆိပ္ကမ္းသည္ ေတာင္ကိုရီးယားႏိုင္ငံ၏ အဓိက ဆိပ္ကမ္းတစ္ခုျဖစ္ၿပီး ကမာၻေပၚတြင္ေျခာက္ခုေျမာက္ အႀကီးဆုံးကြန္တိန္နာဆိပ္ကမ္းတစ္ခုျဖစ္ေၾကာင္း လည္းသိရသည္။ ဘူဆန္ၿမိဳ႕ကို အဓိကအုပ္ခ်ဳပ္ေရး ခ႐ိုင္ (၁၅)ခု၊ ေကာင္တီ(၁)ခုတို႔ျဖင့္ဖြဲ႕စည္းထားၿပီး ဘူဆန္ၿမိဳ႕ျပဧရိယာတြင္ေနထိုင္သူလူဦးေရမွာ(၈)သန္းခန႔္ရွိေၾကာင္းသိရသည္။ ဘူဆန္ၿမိဳ႕၏ လူေနအထူထပ္ဆုံးဧရိယာမ်ားသည္ Nakdong ႏွင့္ Suyeong ျမစ္မ်ားၾကားရွိ က်ဥ္းေျမာင္းေသာခ်ိဳင့္ဝွမ္းမ်ား တြင္တည္ရွိၿပီး ခ႐ိုင္အမ်ားစုကို ေတာင္တန္းမ်ားကပိုင္းျခားထားေၾကာင္းသိရသည္။ Nakdong ျမစ္ သည္ ေတာင္ကိုရီးယားႏိုင္ငံ၏ အရွည္ဆုံးျမစ္တစ္ခု ျဖစ္ၿပီး ဘူဆန္ၿမိဳ႕၏ Haeundae ကမ္းေျခသည္ ေတာင္ကိုရီးယားႏိုင္ငံတြင္းတြင္ အႀကီးဆုံးကမ္းေျခတစ္ခုျဖစ္ေၾကာင္း လည္းသိရသည္။ ဘူဆန္ၿမိဳ႕သည္ (၂၀ဝ၅)ခုႏွစ္တြင္ APEC ထိပ္သီးအစည္းအေဝးကို လက္ခံက်င္းပခဲ့ၿပီး ႏိုင္ငံတကာကြန္ဗင္းရွင္းမ်ားအတြက္ အဓိကအခ်က္အခ်ာေနရာတစ္ခုျဖစ္ေၾကာင္း လည္းသိရသည္။ ထို႔ျပင္ ဘူဆန္ၿမိဳ႕သည္ (၂၀ဝ၂)ခုႏွစ္ အာရွကစားပြဲမ်ားႏွင့္ ဖီဖာကမာၻ႔ဖလားတို႔ကို လက္ခံက်င္းပခဲ့ၿပီး ေတာင္ကိုရီးယားႏိုင္ငံတြင္းတြင္ အားကစားၿပိဳင္ပြဲမ်ားအတြက္ အဓိက အခ်က္အခ်ာ ေနရာတစ္ခုလည္းျဖစ္သည္။ ဘူဆန္ၿမိဳ႕သည္ ကမာၻ႔ အႀကီးဆုံးစတိုးဆိုင္ျဖစ္သည့္ Shinsegae Centum City ၏ေနအိမ္လည္းျဖစ္ၿပီး (၂၀၁၄)ခုႏွစ္ ဒီဇင္ဘာ လတြင္ ၎ကို ႐ုပ္ရွင္ၿမိဳ႕ေတာ္အျဖစ္ UNESCO Creative Cities Network သို႔ ထည့္သြင္းခဲ့ေၾကာင္း သိရသည္။
စီးပြားေရး
ဘူဆန္ၿမိဳ႕သည္ ကမာၻ႔အဆင့္မီ ႀကီးမား ေသာဆိပ္ကမ္းမ်ားရွိမႈႏွင့္အတူ အေရွ႕ေျမာက္အာရွ တြင္ ေရေၾကာင္းပို႔ေဆာင္ေရးဆိုင္ရာအခ်က္အခ်ာ ေနရာတစ္ခုျဖစ္ၿပီး Eurasian တိုက္ႀကီးသို႔ဝင္ေပါက္ တစ္ခုလည္းျဖစ္သည္။ (၂၀၂၂)ခုႏွစ္တြင္ ဘူဆန္ၿမိဳ႕ ၏ စုစုေပါင္းဂ်ီဒီပီမွာ ဝမ္(၁၀၄)ထရီလ်ံအထိရွိခဲ့ၿပီး တစ္ဦးခ်င္းဂ်ီဒီပီမွာ ဝမ္(၃၉ ဒသမ ၆)သန္းအထိရွိခဲ့ ေၾကာင္းသိရသည္။ ဘူဆန္ၿမိဳ႕၏စီးပြားေရးကို ဝန္ ေဆာင္မႈလုပ္ငန္း (၇၀ ဒသမ ၃)ရာခိုင္ႏႈန္း၊ ကုန္ ထုတ္လုပ္မႈ(၁၉ ဒသမ ၈)ရာခိုင္ႏႈန္း၊ ေဆာက္လုပ္ေရး (၅ ဒသမ ၉) ရာခိုင္ႏႈန္း၊ စိုက္ပ်ိဳးေရးႏွင့္ငါးဖမ္းလုပ္ ငန္း(ဝ ဒသမ ၈)ရာခိုင္ႏႈန္းႏွင့္ အျခားက႑မ်ား (၃ ဒသမ ၂)ရာခိုင္ႏႈန္းတို႔ျဖင့္ဖြဲ႕စည္းထားျခင္းျဖစ္သည္။
ကမာၻေပၚတြင္ ေျခာက္ခုေျမာက္အႀကီးဆုံး ဆိပ္ကမ္းျဖစ္ေသာ ဘူဆန္ဆိပ္ကမ္းသည္ (၂၀၂၀)ျပည့္ႏွစ္တြင္ ကြန္တိန္နာပမာဏ(၂၁ ဒသမ ၈၁)သန္းကို စီမံေဆာင္႐ြက္ခဲ့ေၾကာင္းသိရသည္။ ဘူ ဆန္ဆိပ္ကမ္းသည္ တ႐ုတ္ကမ္း႐ိုးတန္းမွ စင္ကာပူ ႏိုင္ငံသို႔သြယ္တန္းထားေသာ (၂၁)ရာစု ပင္လယ္ေရ ေၾကာင္းပိုးလမ္းမ၏ တစ္စိတ္တစ္ပိုင္းျဖစ္ေၾကာင္း လည္းသိရသည္။ ထို႔ျပင္ ဘူဆန္ၿမိဳ႕သည္ အဏၰဝါ သိပၸံႏွင့္ R&D ၏ အခ်က္အခ်ာေနရာတစ္ခုလည္းျဖစ္ ၿပီး ကိုရီးယားေရေၾကာင္းအဖြဲ႕အစည္း (KMI) ၊ Korea Institute of Ocean Science and Technology (KIOST)၊ အမ်ိဳးသားငါးထြက္ကုန္အရည္ အေသြးစီမံခန႔္ခြဲမႈဝန္ေဆာင္မႈ၊Korea Hydrographic and Oceanographic Agency (KHOA) ႏွင့္ Yeongdo ခ႐ိုင္ရွိ Dongsam Innovation Complex တြင္တည္ရွိေသာ ေတာင္ကိုရီး ယားအမ်ိဳးသားေရေၾကာင္းျပတိုက္ကဲ့သို႔ေသာ သက္ ဆိုင္ရာအဖြဲ႕အစည္းမ်ားစြာ၏ ေနအိမ္လည္းျဖစ္သည္။ ထို႔ျပင္ ႏိုင္ငံတကာ ကုန္စည္ပို႔ေဆာင္သူမ်ားအသင္း မ်ားအဖြဲ႕ခ်ဳပ္ (FIATA) ၏ ကမာၻလုံးဆိုင္ရာလႊတ္ ေတာ္ကို (၂၀၂၀)ျပည့္ႏွစ္က ဘူဆန္ၿမိဳ႕တြင္က်င္းပ ခဲ့ေၾကာင္း သိရသည္။
ဘူဆန္ၿမိဳ႕သည္ ကမာၻလုံးဆိုင္ရာ MICE (အစည္းအေဝးမ်ား၊ ဆြဲေဆာင္မႈမ်ား၊ ညီလာခံမ်ားႏွင့္ ျပပြဲမ်ား) လုပ္ငန္းအတြက္ လူသိမ်ားသည့္ ၿမိဳ႕တစ္ၿမိဳ႕ လည္းျဖစ္သည္။ ဘူဆန္ၿမိဳ႕၏ စည္းေဝးပြဲႏွင့္ျပပြဲဇုန္ တြင္ BEXCO ကြန္ဗင္းရွင္းစင္တာ၊ Nurimaru APEC House ႏွင့္ သဘာဝပတ္ဝန္းက်င္အနီးရွိ ဟို တယ္မ်ားအပါအဝင္ ႀကီးမားေသာ ႏိုင္ငံတကာပြဲမ်ား ကို လက္ခံက်င္းပရန္ ေကာင္းမြန္ေသာအေျခအေန မ်ားႏွင့္ အေျခခံအေဆာက္အအုံမ်ားရွိေၾကာင္းသိရ သည္။ ဘူဆန္ၿမိဳ႕တြင္က်င္းပခဲ့ေသာ အဓိက ႏိုင္ငံတ ကာညီလာခံမ်ားမွာ (၂၀ဝ၅)ခုႏွစ္ APEC အဖြဲ႕ စီး ပြားေရးေခါင္းေဆာင္မ်ား ထိပ္သီးအစည္းအေဝး၊ (၂၀၁၄)ခုႏွစ္ အာဆီယံ-ကိုရီးယား သမၼတ အထိမ္း အမွတ္ ထိပ္သီးအစည္းအေဝး၊ (၂၀၁၈)ခုႏွစ္ အာဖ ရိက ဖြံ႕ၿဖိဳးေရးဘဏ္အုပ္စု ႏွစ္ပတ္လည္အစည္းအ ေဝးမ်ား ပါဝင္ေၾကာင္းသိရသည္။
ဘူဆန္ၿမိဳ႕သည္ ဘ႑ာေရးဆိုင္ရာ အ ခ်က္အခ်ာေနရာတစ္ခုျဖစ္ၿပီး ေတာင္ကိုရီးယားႏိုင္ငံ ၏ တစ္ခုတည္းေသာ ေငြေခ်းသက္ေသခံလက္မွတ္ လဲလွယ္ေရးေအာ္ပေရတာျဖစ္သည့္ Korea Exchange (KRX) ၏႐ုံးခ်ဳပ္သည္ ဘူဆန္ၿမိဳ႕တြင္ရွိ ေၾကာင္းသိရသည္။ ထို႔ျပင္ ဘူဆန္ၿမိဳ႕သည္Korea Technology Finance Corporation၊ Korea Asset Management Corporation၊ Korea Housing-Finance Corporation၊ Korea Housing & Urban Guarantee Corporation၊ Korea Securities Depository၊ Korea Maritime Guarantee Insurance၊ Maritime Finance Center၊ Korea Shipping and Maritime Transportation Co., Ltd၊ Korea Asset Management Corporation ႏွင့္ BNK ဘ႑ာေရးအုပ္စုတို႔ကဲ့သို႔ေသာ ဘ႑ာေရးဆိုင္ရာ အဖြဲ႕အစည္းအမ်ားအျပားအေျခစိုက္သည့္ေနရာ တစ္ခုျဖစ္ေၾကာင္းလည္းသိရသည္။
ဘူဆန္ၿမိဳ႕တြင္Lotte Department Store၊ Lotte Premium Outlet ၊ Shinsegae Premium Outlet တို႔ကဲ့သို႔ေသာ အဓိကစတိုး ဆိုင္ႀကီးမ်ားအျပင္ Homeplus ၊ e-mart ႏွင့္ Costco တို႔ကဲ့သို႔ စူပါမားကတ္ဆိုင္ခြဲႀကီးမ်ားရွိ ေၾကာင္းလည္းသိရသည္။ ဘူဆန္ၿမိဳ႕၏ အဓိက ဟိုတယ္မ်ားတြင္ Westin Chosun Busan၊ Paradise Busan ႏွင့္ Park Hyatt Busan ဟိုတယ္တို႔ပါဝင္ၿပီး ခရီးသြားမ်ားတည္းခိုရန္အ ေကာင္းဆုံးေနရာမ်ားအျဖစ္ သတ္မွတ္ခံထားရသည့္ ဟိုတယ္မ်ားျဖစ္ေၾကာင္းသိရသည္။