သီပေါမြို့ကိုတပ်မတော်မှ ပြန်လည်သိမ်းပိုက်

 819

သက်ပိုင်(NP News) - အောက်တိုဘာ ၁၇
ရှမ်းပြည်နယ်၊သီပေါမြို့ကို တပ်မတော်က အောက်တိုဘာလ (၁၇)ရက်တွင် ပြန်လည် သိမ်းပိုက်နိုင်ပြီ ဖြစ်ကြောင်း ခိုင်လုံသောမြေပြင်သတင်းရင်းမြစ်က NP News သို့ပြောသည်။
လက်ရှိတွင် သီပေါမြို့တွင်းသို့ တပ်မတော်မှ ပြန်လည်ဝင်ရောက်နေပြီဖြစ်ပြီး ဒေသခံပြည်သူများကလည်း ဝမ်းသာအားရကြိုဆိုကြကြောင်း အဆိုပါသတင်းရင်းမြစ်ကဆိုသည်။
“နည်းနည်းလောက်ပဲ ကျန်တော့တယ်။ ရပ်ကွက်နှစ်ခုလောက်ကတော့ ရှင်းနေတုန်းပဲ။ သီပေါကိုပြန်ရသွားပြီလို့တော့ ပြောလို့ရတယ်။သူတို့ကိုရှင်းတာက တစ်ဖွဲ့ ၊မြို့ထဲကိုဝင်တာက တစ်ဖွဲ့ နှစ်ဖွဲ့ရှိတယ်။လက်ရှိမြို့ထဲမှာ မိုင်းတွေကျန်ခဲ့တယ်။နောက်ပြီး ဟော်နန်းကို မီးရှို့ဖို့လုပ်လို့ လိုက်ရှင်းနေရတာလည်းရှိတယ်” ဟု သတင်းရင်းမြစ်ကပြောသည်။
TNLA အကြမ်းဖက်သောင်းကျန်းသူများက သီပေါမြို့ရှိဌာနဆိုင်ရာဆိုင်ရာအဆောက်အအုံများနှင့် ပြည်သူလူထု၏နေအိမ်များအားမီးရှို့ထွက်ပြေးသွားခဲ့ကြောင်း နိုင်ငံတော် လုံခြုံရေး နှင့် အေးချမ်းသာယာရေး ကော်မရှင်က အောက်တိုဘာလ (၁၆) ရက်က သတင်းထုတ်ပြန်ထားသည်။
ထိုသို့မီးရှို့ဖျက်ဆီးမှုကြောင့် သီပေါမြို့အတွင်းရှိ ဌာနဆိုင်ရာ အဆောက်အအုံများဖြစ်သည့် အကျဉ်းဦးစီးဌာန၊ အထွေထွေအုပ်ချုပ် ရေးမှူးရုံး၊ မြေစာရင်းရုံး၊ သီပေါဟိုတယ်အပါအဝင် အခြားဌာနဆိုင်ရာအဆောက် အအုံများနှင့် ပြည်သူလူထု၏ နေအိမ်များမီးလောင်ပျက်စီးခဲ့ရကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

Zawgyi Version:
သီေပါၿမိဳ႕ကိုတပ္မေတာ္မွ ျပန္လည္သိမ္းပိုက္
သက္ပိုင္(NP News) - ေအာက္တိုဘာ ၁၇
ရွမ္းျပည္နယ္၊သီေပါၿမိဳ႕ကို တပ္မေတာ္က စက္တင္ဘာလ (၁၇)ရက္တြင္ ျပန္လည္ သိမ္းပိုက္ႏိုင္ၿပီ ျဖစ္ေၾကာင္း ခိုင္လုံေသာေျမျပင္သတင္းရင္းျမစ္က NP News သို႔ေျပာသည္။
လက္ရွိတြင္ သီေပါၿမိဳ႕တြင္းသို႔ တပ္မေတာ္မွ ျပန္လည္ဝင္ေရာက္ေနၿပီျဖစ္ၿပီး ေဒသခံျပည္သူမ်ားကလည္း ဝမ္းသာအားရႀကိဳဆိုၾကေၾကာင္း အဆိုပါသတင္းရင္းျမစ္ကဆိုသည္။
“နည္းနည္းေလာက္ပဲ က်န္ေတာ့တယ္။ ရပ္ကြက္ႏွစ္ခုေလာက္ကေတာ့ ရွင္းေနတုန္းပဲ။ သီေပါကိုျပန္ရသြားၿပီလို႔ေတာ့ ေျပာလို႔ရတယ္။သူတို႔ကိုရွင္းတာက တစ္ဖြဲ႕ ၊ၿမိဳ႕ထဲကိုဝင္တာက တစ္ဖြဲ႕ ႏွစ္ဖြဲ႕ရွိတယ္။လက္ရွိၿမိဳ႕ထဲမွာ မိုင္းေတြက်န္ခဲ့တယ္။ေနာက္ၿပီး ေဟာ္နန္းကို မီးရႈိ႕ဖို႔လုပ္လို႔ လိုက္ရွင္းေနရတာလည္းရွိတယ္” ဟု သတင္းရင္းျမစ္ကေျပာသည္။
TNLA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားက သီေပါၿမိဳ႕ရွိဌာနဆိုင္ရာဆိုင္ရာအေဆာက္အအုံမ်ားႏွင့္ ျပည္သူလူထု၏ေနအိမ္မ်ားအားမီးရႈိ႕ထြက္ေျပးသြားခဲ့ေၾကာင္း ႏိုင္ငံေတာ္ လုံၿခဳံေရး ႏွင့္ ေအးခ်မ္းသာယာေရး ေကာ္မရွင္က စက္တင္ဘာလ (၁၆) ရက္က သတင္းထုတ္ျပန္ထားသည္။
ထိုသို႔မီးရႈိ႕ဖ်က္ဆီးမႈေၾကာင့္ သီေပါၿမိဳ႕အတြင္းရွိ ဌာနဆိုင္ရာ အေဆာက္အအုံမ်ားျဖစ္သည့္ အက်ဥ္းဦးစီးဌာန၊ အေထြေထြအုပ္ခ်ဳပ္ ေရးမႉး႐ုံး၊ ေျမစာရင္း႐ုံး၊ သီေပါဟိုတယ္အပါအဝင္ အျခားဌာနဆိုင္ရာအေဆာက္ အအုံမ်ားႏွင့္ ျပည္သူလူထု၏ ေနအိမ္မ်ားမီးေလာင္ပ်က္စီးခဲ့ရေၾကာင္း ထုတ္ျပန္ခ်က္တြင္ပါရွိသည္။

Related news

© 2021. All rights reserved.