နာမည်ကြီး Online လောင်းကစားဂိမ်း လုပ်ကိုင်သူ အချို့ ဖမ်းဆီးခံရ

2783

Pearl (NP News) - အောက်တိုဘာ ၁၇
နာမည်ကြီး Online လောင်းကစားဂိမ်း လုပ်ကိုင်သူ အချို့ ဖမ်းဆီးခံရခဲ့ကြောင်း လုံခြုံရေးအဖွဲ့ဝင်များနှင့် နီးစပ်သူ များထံမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ၊ မင်္ဂလာဒုံမြို့နယ်ရှိ Private Resort တစ်ခု တွင် Online လောင်းကစားဂိမ်း လုပ်ကိုင်ဆောင်ရွက်နေသည့် နာမည်ကြီးအဖွဲ့ကို ပြီးခဲ့သည့် အောက်တိုဘာ (၁၅)ရက်နေ့ ညပိုင်းက တာဝန်ရှိသူများက သွားရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
“နာမည်ကြီးအဖွဲ့ကို ဝင်ဖမ်းသွားတာ အယောက် (၂၀)ကျော်ပါတယ်။ သူ့နာမည်က Yin Min Hlaing (တရုတ်မကြီး) ဆိုပြီး Online Game မှာ နာမည်ကြီးတယ်။ သူတို့ဆီကနေ သိန်းပေါင်း (၂)သောင်းလောက် ရတယ်လို့ကြားတယ်။ သူတို့ Pool Party လုပ်တဲ့အချိန်မှာ ညဘက် ဝင်ဖမ်းသွားတယ်။ (၁၅)ရက်နေ့ည။ ဗမာတွေ အမျိုးသမီးတွေ များတယ်” ဟု ဖြစ်စဉ် သိရှိသူ တစ်ဦးက NP Newsကို ပြောသည်။
လက်ရှိတွင် ၎င်းတို့ကို ရေကြည်အိုင်စစ်ကြောရေးသို့ပို့ဆောင်ကာ စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက် နေကြောင်းလည်း သိရသည်။
“ ပုလဲမြို့သစ်မှာ ဝင်ဖမ်းသွားတာ။ ပိုက်ဆံတွေလည်း အများကြီး သိမ်းဆည်းထားတယ်။ လက်ရှိ ရေကြည်အိုင်မှာ ဖမ်းထားတယ်” ဟု လုံခြုံရေး တပ်ဖွဲ့နှင့် နီးစပ်သူ တစ်ဦးက NP News သို့ အတည်ပြုပြောသည်။

Zawgyi Version:
နာမည္ႀကီး Online ေလာင္းကစားဂိမ္း လုပ္ကိုင္သူ အခ်ိဳ႕ ဖမ္းဆီးခံရ
Pearl (NP News) - ေအာက္တိုဘာ ၁၇
နာမည္ႀကီး Online ေလာင္းကစားဂိမ္း လုပ္ကိုင္သူ အခ်ိဳ႕ ဖမ္းဆီးခံရခဲ့ေၾကာင္း လုံၿခဳံေရးအဖြဲ႕ဝင္မ်ားႏွင့္ နီးစပ္သူ မ်ားထံမွ သိရသည္။
ရန္ကုန္တိုင္းေဒသႀကီး ၊ မဂၤလာဒုံၿမိဳ႕နယ္ရွိ Private Resort တစ္ခု တြင္ Online ေလာင္းကစားဂိမ္း လုပ္ကိုင္ေဆာင္႐ြက္ေနသည့္ နာမည္ႀကီးအဖြဲ႕ကို ၿပီးခဲ့သည့္ ေအာက္တိုဘာ (၁၅)ရက္ေန႔ ညပိုင္းက တာဝန္ရွိသူမ်ားက သြားေရာက္ဖမ္းဆီးခဲ့ေၾကာင္း သိရသည္။
“နာမည္ႀကီးအဖြဲ႕ကို ဝင္ဖမ္းသြားတာ အေယာက္ (၂၀)ေက်ာ္ပါတယ္။ သူ႔နာမည္က Yin Min Hlaing (တ႐ုတ္မႀကီး) ဆိုၿပီး Online Game မွာ နာမည္ႀကီးတယ္။ သူတို႔ဆီကေန သိန္းေပါင္း (၂)ေသာင္းေလာက္ ရတယ္လို႔ၾကားတယ္။ သူတို႔ Pool Party လုပ္တဲ့အခ်ိန္မွာ ညဘက္ ဝင္ဖမ္းသြားတယ္။ (၁၅)ရက္ေန႔ည။ ဗမာေတြ အမ်ိဳးသမီးေတြ မ်ားတယ္” ဟု ျဖစ္စဥ္ သိရွိသူ တစ္ဦးက NP Newsကို ေျပာသည္။
လက္ရွိတြင္ ၎တို႔ကို ေရၾကည္အိုင္စစ္ေၾကာေရးသို႔ပို႔ေဆာင္ကာ စစ္ေဆးေမးျမန္းမႈမ်ား ေဆာင္႐ြက္ ေနေၾကာင္းလည္း သိရသည္။
“ ပုလဲၿမိဳ႕သစ္မွာ ဝင္ဖမ္းသြားတာ။ ပိုက္ဆံေတြလည္း အမ်ားႀကီး သိမ္းဆည္းထားတယ္။ လက္ရွိ ေရၾကည္အိုင္မွာ ဖမ္းထားတယ္” ဟု လုံၿခဳံေရး တပ္ဖြဲ႕ႏွင့္ နီးစပ္သူ တစ္ဦးက NP News သို႔ အတည္ျပဳေျပာသည္။