အမေရိကန်နှင့်ဖြစ်ပွားနေသော ကုန်သွယ်ရေးစစ်ပွဲကို အဆုံးအထိ တိုက်ပွဲဝင်သွားမည်ဟု တရုတ်ကတိပြု

1648

Pika (NP News) - အောက်တိုဘာ ၁၈
အမေရိကန်နှင့် ဆက်လက်ဖြစ်ပွားနေသော ကုန်သွယ်ရေးစစ်ပွဲကို အဆုံးအထိ တိုက်ခိုက် သွားရန်ပြင်ဆင်ထားကြောင်း တရုတ်အစိုးရက ထုတ်ပြန်ပြောဆိုခဲ့သည်။ အဆိုပါပြောဆိုချက်များ နှင့်အတူ အမေရိကန်၏ အခွန်စည်း ကြပ်မှုဆိုင်ရာ ခြိမ်းခြောက်မှုများအပေါ် အလျှော့မပေးသောရပ်တည် ချက်များကို တရုတ်အစိုးရက ထပ်မံအတည်ပြုခဲ့ကြောင်း သိရသည်။ ရှားပါးမြေရှားသတ္တုများ တင်ပို့မှုအပေါ် တရုတ်၏ထိန်းချုပ်မှုများကို တုံ့ပြန်သည့်အနေဖြင့် လာမည့် နိုဝင်ဘာလ(၁)ရက်မှစတင်ကာ တရုတ်သွင်းကုန်များအပေါ် နောက်ထပ်(၁၀ဝ)ရာခိုင်နှုန်းအခွန်စည်းကြပ်မှုများ လုပ်ဆောင်မည့် အစီအစဉ်ကို ဒေါ်နယ်ထရမ့်က ထုတ်ပြန်ကြေညာခဲ့ပြီးနောက် တရုတ်အစိုးရ၏ ပြောဆိုချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။
ထို့ပြင် ကာကွယ်ရေးနှင့် နည်းပညာမြင့် စက်မှုလုပ်ငန်းများတွင်အသုံးပြုသည့် အရေးကြီးသော ဆော့ဖ်ဝဲလ်များအပေါ်တင်းကြပ်သော ပို့ကုန်ထိန်းချုပ်မှုများကိုချမှတ်သွားမည်ဟု ဒေါ်နယ်ထရမ့်က ထုတ်ပြန်ကြေညာခဲ့ကြောင်းလည်း သိရသည်။ လက်ရှိအချိန်တွင် တရုတ်ပို့ကုန်များအပေါ် အမေရိကန်၏ အခွန်စည်းကြပ်မှုသည် (၃၀)ရာခိုင်နှုန်းဖြစ်ပြီး တရုတ်က အမေရိကန်ကုန်စည်များအပေါ် အခွန်စည်းကြပ်မှုမှာ (၁၀)ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။ တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာန၏ ပြောရေး ဆိုခွင့်ရှိသူက ‘အကောက်ခွန်နဲ့ ကုန်သွယ်ရေးစစ်ပွဲမှာ တရုတ်နိုင်ငံရဲ့ရပ်တည်ချက်က အမြဲတမ်း တစ်သမတ်တည်းရှိနေမှာပါ။ သူတို့ဘက်က ကုန်သွယ်ရေးစစ်ပွဲကိုတိုက်ချင်ရန် ကျွန်တော် တို့ဘက်ကလည်း အဆုံးအထိတိုက်ခိုက်သွားမှာပါ။ အဲဒီလိုမဟုတ်ဘဲ သူတို့ဘက်က ဆွေးနွေးမှုတွေလုပ် ဆောင်ချင် တယ်ဆိုရင်လည်း ကျွန်တော်တို့ဘက်က တံခါးဖွင့်ထားပါတယ်’ ဟု ထုတ်ပြန်ပြောဆိုခဲ့သည်။
စစ်ရေးထုတ်လုပ်မှုတွင် အရေးပါသည့်ရှားပါးမြေဒြပ်စင်များနှင့် သံလိုက်များအပေါ် ပို့ကုန်ထိန်း ချုပ်မှုများကို တရုတ်အစိုးရက ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်၏ အခွန်စည်းကြပ်မှုအသစ်နှင့် ပတ်သက်သည့် ခြိမ်းခြောက်မှုများထွက်ပေါ်လာခြင်းဖြစ်သည်။

Zawgyi Version:
အေမရိကန္ႏွင့္ျဖစ္ပြားေနေသာ ကုန္သြယ္ေရးစစ္ပြဲကို အဆုံးအထိ တိုက္ပြဲဝင္သြားမည္ဟု တ႐ုတ္ကတိျပဳ
Pika (NP News) - ေအာက္တိုဘာ ၁၈
အေမရိကန္ႏွင့္ ဆက္လက္ျဖစ္ပြားေနေသာ ကုန္သြယ္ေရးစစ္ပြဲကို အဆုံးအထိ တိုက္ခိုက္ သြားရန္ျပင္ဆင္ထားေၾကာင္း တ႐ုတ္အစိုးရက ထုတ္ျပန္ေျပာဆိုခဲ့သည္။ အဆိုပါေျပာဆိုခ်က္မ်ား ႏွင့္အတူ အေမရိကန္၏ အခြန္စည္း ၾကပ္မႈဆိုင္ရာ ၿခိမ္းေျခာက္မႈမ်ားအေပၚ အေလွ်ာ့မေပးေသာရပ္တည္ ခ်က္မ်ားကို တ႐ုတ္အစိုးရက ထပ္မံအတည္ျပဳခဲ့ေၾကာင္း သိရသည္။ ရွားပါးေျမရွားသတၱဳမ်ား တင္ပို႔မႈအေပၚ တ႐ုတ္၏ထိန္းခ်ဳပ္မႈမ်ားကို တုံ႔ျပန္သည့္အေနျဖင့္ လာမည့္ ႏိုဝင္ဘာလ(၁)ရက္မွစတင္ကာ တ႐ုတ္သြင္းကုန္မ်ားအေပၚ ေနာက္ထပ္(၁၀ဝ)ရာခိုင္ႏႈန္းအခြန္စည္းၾကပ္မႈမ်ား လုပ္ေဆာင္မည့္ အစီအစဥ္ကို ေဒၚနယ္ထရမ့္က ထုတ္ျပန္ေၾကညာခဲ့ၿပီးေနာက္ တ႐ုတ္အစိုးရ၏ ေျပာဆိုခ်က္မ်ား ထြက္ေပၚလာျခင္းျဖစ္သည္။
ထို႔ျပင္ ကာကြယ္ေရးႏွင့္ နည္းပညာျမင့္ စက္မႈလုပ္ငန္းမ်ားတြင္အသုံးျပဳသည့္ အေရးႀကီးေသာ ေဆာ့ဖ္ဝဲလ္မ်ားအေပၚတင္းၾကပ္ေသာ ပို႔ကုန္ထိန္းခ်ဳပ္မႈမ်ားကိုခ်မွတ္သြားမည္ဟု ေဒၚနယ္ထရမ့္က ထုတ္ျပန္ေၾကညာခဲ့ေၾကာင္းလည္း သိရသည္။ လက္ရွိအခ်ိန္တြင္ တ႐ုတ္ပို႔ကုန္မ်ားအေပၚ အေမရိကန္၏ အခြန္စည္းၾကပ္မႈသည္ (၃၀)ရာခိုင္ႏႈန္းျဖစ္ၿပီး တ႐ုတ္က အေမရိကန္ကုန္စည္မ်ားအေပၚ အခြန္စည္းၾကပ္မႈမွာ (၁၀)ရာခိုင္ႏႈန္းျဖစ္ေၾကာင္း သိရသည္။ တ႐ုတ္ကုန္သြယ္ေရးဝန္ႀကီးဌာန၏ ေျပာေရး ဆိုခြင့္ရွိသူက ‘အေကာက္ခြန္နဲ႔ ကုန္သြယ္ေရးစစ္ပြဲမွာ တ႐ုတ္ႏိုင္ငံရဲ႕ရပ္တည္ခ်က္က အၿမဲတမ္း တစ္သမတ္တည္းရွိေနမွာပါ။ သူတို႔ဘက္က ကုန္သြယ္ေရးစစ္ပြဲကိုတိုက္ခ်င္ရန္ ကြၽန္ေတာ္ တို႔ဘက္ကလည္း အဆုံးအထိတိုက္ခိုက္သြားမွာပါ။ အဲဒီလိုမဟုတ္ဘဲ သူတို႔ဘက္က ေဆြးေႏြးမႈေတြလုပ္ ေဆာင္ခ်င္ တယ္ဆိုရင္လည္း ကြၽန္ေတာ္တို႔ဘက္က တံခါးဖြင့္ထားပါတယ္’ ဟု ထုတ္ျပန္ေျပာဆိုခဲ့သည္။
စစ္ေရးထုတ္လုပ္မႈတြင္ အေရးပါသည့္ရွားပါးေျမျဒပ္စင္မ်ားႏွင့္ သံလိုက္မ်ားအေပၚ ပို႔ကုန္ထိန္း ခ်ဳပ္မႈမ်ားကို တ႐ုတ္အစိုးရက ထုတ္ျပန္ေၾကညာခဲ့ၿပီးေနာက္ ေဒၚနယ္ထရမ့္၏ အခြန္စည္းၾကပ္မႈအသစ္ႏွင့္ ပတ္သက္သည့္ ၿခိမ္းေျခာက္မႈမ်ားထြက္ေပၚလာျခင္းျဖစ္သည္။