မြန်မာ့ဒူးရင်းသီးကို တရုတ်စျေးကွက်သို့ တင်ပို့နိုင်ရန် ဆောင်ရွက်နေ

82

သက်ပိုင် (NP News) - အောက်တိုဘာ ၁၈
မြန်မာနိုင်ငံမှ ဒူးရင်းသီးများကို တရုတ်နိုင်ငံသို့ တင်ပို့နိုင်ရေးနှင့် တရုတ်နိုင်ငံတွင် စျေးကွက်ရရှိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးတင်ပို့ရောင်းချသူများအသင်းအနေဖြင့် တရုတ်စျေးကွက်သို့ မြန်မာ့ဒူးသီးရင်းသီး အမေရိကန်ဒေါ်လာ(၁)ဘီလီယံဖိုး တင်ပို့နိုင်ရန် စျေးကွက်ရရှိရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံတွင် ဒူးရင်းသီးစားသုံးမှုမှာ အမေရိကန်ဒေါ်လာ (၁၀)ဘီလီယံဖိုးခန့် စားသုံးကြောင်းနှင့် အဆိုပါစျေးကွက်ကို ဗီယက်နမ်နိုင်ငံမှ ကန်ဒေါ်လာ(၄) ဘီလီယံ၊ ထိုင်းနိုင်ငံမှ ကန်ဒေါ်လာ(၄)ဘီလီယံ၊နှင့် မလေးရှားနိုင်ငံမှ ကန်ဒေါ်လာ(၂)ဘီလီယံဖိုး တင်ပို့လျက်ရှိသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် အမေရိကန်ဒေါ်လာ(၁)ဘီလီယံဖိုး တင်ပို့နိုင်ရန် စျေးကွက်ရရှိရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့ဒူးရင်းကို ပြည်ပတင်ပို့ရောင်းချနိုင်ရေးအတွက် မြန်မာနိုင်ငံဒူးရင်း စိုက်ပျိုးတင်ပို့ ရောင်းချသူများအသင်းကိုလည်း ပြန်လည်ဖွဲ့စည်းခဲ့ပြီး ရန်ကုန်၊ ပဲခူး၊ ကရင်၊ တနင်္သာရီ နှင့် မွန်ပြည်နယ်တို့မှ ပြည်နယ်အဆင့်ဖွဲ့စည်းထားသည့်အသင်းများကို စုစည်းကာ နိုင်ငံအဆင့် ပြန်လည်ဖွဲ့စည်းထားသည်။
ထို့အပြင် လာမည့် (၂၀၂၇) ခုနှစ်စျေးကွက်တွင် ဒူးရင်းသည် နိုင်ငံခြားတင်ပို့ရောင်းချနိုင်သည်အထိ စျေးကွက်ဖော်ဆောင်လာနိုင်မည်ဖြစ်ကြောင်း နှင့် လက်ရှိပြည်တွင်းတွင်ရှိသော ဒူးရင်းသီးမျိုးကွဲပေါင်း (၁၈) မျိုးရှိသည့်အနက် စျေးကွက်သေချာသည့် ဒူးရင်းသီးမျိုးစိတ်များကို ဖော်ထုတ်ကာ တန်ဖိုးမြင့် ထုတ်ကုန်အဖြစ် ပြုလုပ်ပြီး တင်ပို့ရောင်းချနိုင်ရန်အတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
မြန်မာ့ဒူးရင်းသီးကို တရုတ်ဈေးကွက်သို့ တင်ပို့နိုင်ရန် ဆောင်ရွက်နေ
မြန်မာနိုင်ငံမှ ဒူးရင်းသီးများကို တရုတ်နိုင်ငံသို့ တင်ပို့နိုင်ရေးနှင့် တရုတ်နိုင်ငံတွင် ဈေးကွက်ရရှိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးတင်ပို့ရောင်းချသူများအသင်းအနေဖြင့် တရုတ်ဈေးကွက်သို့ မြန်မာ့ဒူးသီးရင်းသီး အမေရိကန်ဒေါ်လာ(၁)ဘီလီယံဖိုး တင်ပို့နိုင်ရန် ဈေးကွက်ရရှိရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံတွင် ဒူးရင်းသီးစားသုံးမှုမှာ အမေရိကန်ဒေါ်လာ (၁၀)ဘီလီယံဖိုးခန့် စားသုံးကြောင်းနှင့် အဆိုပါဈေးကွက်ကို ဗီယက်နမ်နိုင်ငံမှ ကန်ဒေါ်လာ(၄) ဘီလီယံ၊ ထိုင်းနိုင်ငံမှ ကန်ဒေါ်လာ(၄)ဘီလီယံ၊နှင့် မလေးရှားနိုင်ငံမှ ကန်ဒေါ်လာ(၂)ဘီလီယံဖိုး တင်ပို့လျက်ရှိသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် အမေရိကန်ဒေါ်လာ(၁)ဘီလီယံဖိုး တင်ပို့နိုင်ရန် ဈေးကွက်ရရှိရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် လာမည့် (၂၀၂၇) ခုနှစ်ဈေးကွက်တွင် ဒူးရင်းသည် နိုင်ငံခြားတင်ပို့ရောင်းချနိုင်သည်အထိ ဈေးကွက်ဖော်ဆောင်လာနိုင်မည်ဖြစ်ကြောင်း နှင့် လက်ရှိပြည်တွင်းတွင်ရှိသော ဒူးရင်းသီးမျိုးကွဲပေါင်း (၁၈) မျိုးရှိသည့်အနက် ဈေးကွက်သေချာသည့် ဒူးရင်းသီးမျိုးစိတ်များကို ဖော်ထုတ်ကာ တန်ဖိုးမြင့် ထုတ်ကုန်အဖြစ် ပြုလုပ်ပြီး တင်ပို့ရောင်းချနိုင်ရန်အတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။