(၂)နှစ်ကျော် ရပ်နားထားသည့် တပ်မရေနံမှော်က လုပ်ငန်းရှင် (၉၀) ကျော် နစ်နာဆုံးရှုံးမှုရှိ

606

သန့်ဇင်(NP News)-အောက်တိုဘာ ၁၉
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ ခရိုင်တွင်းရှိ တပ်မရေနံမှော်တွင် ဒေသလုပ်ငန်းရှင် (၉၀)ကျော် နှစ်နှစ် ကျော်လုပ်ငန်းရပ်နားထားရသဖြင့် ယင်းနှင့်ဆက်စပ်သူသိန်းနှင့်ချီ စားဝတ်နေရေးကျပ်တည်းနေကြောင်း ရေနံမှော်လုပ် ငန်းရှင် အသိုင်းဝိုင်းက NP News သို့ ပြောသည်။ အဆိုပါ ရေနံမှော်မှ ဧက(၁၆၀ဝ)ခန့်ရှိ ရေနံလုပ်ကွက်လုပ်ငန်းရှင် (၉၂)ဦးနှင့် ကုမ္ပဏီနှစ်ခုကို လွန်ခဲ့သော (၂၀၂၃)ခုနှစ်၊ ဇွန်လ (၂၅) ရက်က စတင်ကာ လုပ်ပိုင်ခွင့်ယာယီရပ် နားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
“စုစုပေါင်း (၉၄)ဦး၊ ကျွန်တော်တို့ (၂၀၂၃) ဇွန်လ (၂၅)ရက်လောက်ကစမယ်။ ဘယ်လိုပေါ်လစီကြောင့် လဲဆိုတော့ အဲဒီမတိုင်ခင် (၂) လပိုင်းလောက်မှာ မကွေးဘက်က ပေါက်တို့မြိုင်တို့ ဘက်က PDF တွေကနေ မကွေး တိုင်းထဲက ရေနံမြေကနေ (၉) ဘီလျံကျော် တစ်လကို အခွန်ရတယ်ဆိုပြီး ခေတ်သစ်မှာ သတင်းတက်လာတယ်။ တက်လာတဲ့အချိန်မှာ နိုင်ငံတော်အကြီးအကဲက ဒီရေနံမြေကနေ အခွန်တွေရနေတဲ့ကိစ္စတွေ၊ PDF တွေကိုထောက်ပံ့ နေတဲ့ကိစ္စတွေ စိစစ်ကြပ်မတ်ဖို့အတွက် လမ်းòန်သွားတာ။ သူလမ်းòန်သွားပြီး ပြန်သွားတဲ့အချိန် စွမ်းအင်က ဒုဝန်ကြီးက တိုင်း (၅) တိုင်းက ဝန်ကြီးတွေနဲ့ Zoom Meeting လုပ်ပြီး အဲဒီရေနံမှော်နဲ့ ရေနံချက်ဖိုတွေကို ဆိုင်းငံ့ ဆိုပြီးစာထုတ် လိုက်တာ”ဟု ရေနံမှော်လုပ်ငန်း ရှင်အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ထိုသို့ လုပ်ပိုင်ခွင့်ယာယီရပ်နားခံရခြင်းသည် နှစ်နှစ်ကျော်ကာလသို့ရောက်ရှိလာရာ ယင်းရေနံမှော်သို့ အမှီပြု လုပ်ကိုင်စားသောက်နေကြ ရသာ ဒေသခံနှင့်ဆက်စပ်သူ (၁)သိန်းကျော် သည်လည်း ယခင်ထက်ကျပ် တည်းလာ လျက်ရှိကြောင်း ၎င်းကဆိုသည်။
“အဲဒီမှာ လူဦးရေက (၁)သိန်းခွဲနဲ့ တစ်သိန်းခုနစ်သောင်းကြားလောက်က အလုပ်လက် မဲ့ဖြစ်သွားတာပေါ့။ အဲဒီရေနံမြေမှာ လူဦးရေသိန်း နဲ့ချီနေတာဆိုတော့ အနီးနားမှာရှိတဲ့ တောင်ဆင်း၊ ဗျတ္တဈေးတို့၊ ကျောက်ပန်း တောင်းဈေးတို့မှာရှိတဲ့ ဆန်တို့၊ ဆားတို့က လူတစ်သိန်းခွဲလောက်ရှိတဲ့အရောင်းတွေလျော့သွားတာပေါ့။ လျော့သွားတဲ့ အပြင် မန္တလေးတို့ဘာတို့ကဆိုင်တွေပါ ကျွန်တော်တို့ကို ဖုန်းဆက်မေးတယ် မှော်ကြီးဘယ်တော့ဖွင့်မှာလဲပေါ့။ ကျွန်တော်ကမှော်နဲ့မန္တလေးနဲ့ဘာဆိုင်လို့လဲဆိုတော့ မှော်ဖွင့်မှ ကျွန်တော်တို့မန္တလေးမှာ ကုန်မာ ပစ္စည်းတွေလည်း ဝယ်တယ်ပေါ့။ ကုန်မာပစ္စည်းတွေ ဆိုတာ သံပိုက်တို့ ဆာလာအိတ်တို့ဝယ်ကြတယ်ပေါ့။ စက်သုံးဆီတို့ဝယ်ကြတယ်ပေါ့။ အကုန်လုံးထိ ခိုက်ပါတယ်။ ဒီမှော်ကြီး မလည်ပတ်တဲ့အတွက် အကုန်လုံးထိခိုက်ပါတယ်။ ကုန်ကုန်ပြောရရင် အလှပြင် ဆိုင်တို့ပါထိခိုက်တယ်”ဟု ၎င်းကပြောသည်။ အဆိုပါ ရေမှော်မှ အစိုးရထံသို့ (၃)နှစ်အတွင်း ကျပ် ဘီလျံ(၅၀)ခန့် အခွန်ဆောင်ထား ကြောင်းလည်း ၎င်းကပြောသည်။
“ကျွန်တော်တို့ ရေနံတူးပြီးသား ဧက (၁၆၀ဝ)လောက်ရှိတယ်။ နောက်ထပ်တူးလို့ရနိုင် တာက (၃၅၀ဝ)ဧက လောက်ကျန်ဦးမယ်။ အကုန်လုံးဆို ဧက (၅၀ဝဝ)လောက်က ရေနံတူးနိုင်တယ်လို့ သတ်မှတ်ထားတာကိုး။ အခုကတော့ လုံခြုံရေးတင်း ကြပ်ပြီးတော့ တပ်ကဦးစီးပြီးတော့လုပ်နေတယ် ပေါ့နော်။ နိုင်ငံတော်ဘဏ္ဍာကတော့ ပြောရရင် ကျွန် တော့်ဆီမှာရှိတဲ့စရင်းဇယားအရ NLD လက်ထက် ကတော့ (၆)လလောက်ပဲကြာလိုက်တယ်။ ဒီအစိုးရ လက်ထက်မှာ (၂)နှစ်ကျော် (၃)နှစ်လောက်ကြာသွားတာပေါ့။ (၃)နှစ်အတွင်းမှာ ကျွန်တော်တို့က နိုင်ငံတော်ကို ဘီလျံ(၅၀)လောက် အခွန်ဆောင်ထားတယ်။ ကုမ္ပဏီ (၂)ခုမပါဘူး။ ဒေသလုပ်ငန်းရှင် (၉၂)ဦးက ပဲ ဘီလျံ (၅၀)လောက်အခွန်ဆောင်ထား တယ်”ဟု ၎င်းကပြောသည်။

Zawgyi Version:
(၂)ႏွစ္ေက်ာ္ ရပ္နားထားသည့္ တပ္မေရနံေမွာ္က လုပ္ငန္းရွင္ (၉၀) ေက်ာ္ နစ္နာဆုံးရႈံးမႈရွိ
သန႔္ဇင္(NP News)-ေအာက္တိုဘာ ၁၉
မႏၲေလးတိုင္းေဒသႀကီး ေညာင္ဦးၿမိဳ႕ ခ႐ိုင္တြင္းရွိ တပ္မေရနံေမွာ္တြင္ ေဒသလုပ္ငန္းရွင္ (၉၀)ေက်ာ္ ႏွစ္ႏွစ္ ေက်ာ္လုပ္ငန္းရပ္နားထားရသျဖင့္ ယင္းႏွင့္ဆက္စပ္သူသိန္းႏွင့္ခ်ီ စားဝတ္ေနေရးက်ပ္တည္းေနေၾကာင္း ေရနံေမွာ္လုပ္ ငန္းရွင္ အသိုင္းဝိုင္းက NP News သို႔ ေျပာသည္။ အဆိုပါ ေရနံေမွာ္မွ ဧက(၁၆၀ဝ)ခန႔္ရွိ ေရနံလုပ္ကြက္လုပ္ငန္းရွင္ (၉၂)ဦးႏွင့္ ကုမၸဏီႏွစ္ခုကို လြန္ခဲ့ေသာ (၂၀၂၃)ခုႏွစ္၊ ဇြန္လ (၂၅) ရက္က စတင္ကာ လုပ္ပိုင္ခြင့္ယာယီရပ္ နားခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။
“စုစုေပါင္း (၉၄)ဦး၊ ကြၽန္ေတာ္တို႔ (၂၀၂၃) ဇြန္လ (၂၅)ရက္ေလာက္ကစမယ္။ ဘယ္လိုေပၚလစီေၾကာင့္ လဲဆိုေတာ့ အဲဒီမတိုင္ခင္ (၂) လပိုင္းေလာက္မွာ မေကြးဘက္က ေပါက္တို႔ၿမိဳင္တို႔ ဘက္က PDF ေတြကေန မေကြး တိုင္းထဲက ေရနံေျမကေန (၉) ဘီလ်ံေက်ာ္ တစ္လကို အခြန္ရတယ္ဆိုၿပီး ေခတ္သစ္မွာ သတင္းတက္လာတယ္။ တက္လာတဲ့အခ်ိန္မွာ ႏိုင္ငံေတာ္အႀကီးအကဲက ဒီေရနံေျမကေန အခြန္ေတြရေနတဲ့ကိစၥေတြ၊ PDF ေတြကိုေထာက္ပံ့ ေနတဲ့ကိစၥေတြ စိစစ္ၾကပ္မတ္ဖို႔အတြက္ လမ္းòန္သြားတာ။ သူလမ္းòန္သြားၿပီး ျပန္သြားတဲ့အခ်ိန္ စြမ္းအင္က ဒုဝန္ႀကီးက တိုင္း (၅) တိုင္းက ဝန္ႀကီးေတြနဲ႔ Zoom Meeting လုပ္ၿပီး အဲဒီေရနံေမွာ္နဲ႔ ေရနံခ်က္ဖိုေတြကို ဆိုင္းငံ့ ဆိုၿပီးစာထုတ္ လိုက္တာ”ဟု ေရနံေမွာ္လုပ္ငန္း ရွင္အသိုင္းအဝိုင္းႏွင့္ နီးစပ္သူတစ္ဦးက ေျပာသည္။
ထိုသို႔ လုပ္ပိုင္ခြင့္ယာယီရပ္နားခံရျခင္းသည္ ႏွစ္ႏွစ္ေက်ာ္ကာလသို႔ေရာက္ရွိလာရာ ယင္းေရနံေမွာ္သို႔ အမွီျပဳ လုပ္ကိုင္စားေသာက္ေနၾက ရသာ ေဒသခံႏွင့္ဆက္စပ္သူ (၁)သိန္းေက်ာ္ သည္လည္း ယခင္ထက္က်ပ္ တည္းလာ လ်က္ရွိေၾကာင္း ၎ကဆိုသည္။
“အဲဒီမွာ လူဦးေရက (၁)သိန္းခြဲနဲ႔ တစ္သိန္းခုနစ္ေသာင္းၾကားေလာက္က အလုပ္လက္ မဲ့ျဖစ္သြားတာေပါ့။ အဲဒီေရနံေျမမွာ လူဦးေရသိန္း နဲ႔ခ်ီေနတာဆိုေတာ့ အနီးနားမွာရွိတဲ့ ေတာင္ဆင္း၊ ဗ်တၱေဈးတို႔၊ ေက်ာက္ပန္း ေတာင္းေဈးတို႔မွာရွိတဲ့ ဆန္တို႔၊ ဆားတို႔က လူတစ္သိန္းခြဲေလာက္ရွိတဲ့အေရာင္းေတြေလ်ာ့သြားတာေပါ့။ ေလ်ာ့သြားတဲ့ အျပင္ မႏၲေလးတို႔ဘာတို႔ကဆိုင္ေတြပါ ကြၽန္ေတာ္တို႔ကို ဖုန္းဆက္ေမးတယ္ ေမွာ္ႀကီးဘယ္ေတာ့ဖြင့္မွာလဲေပါ့။ ကြၽန္ေတာ္ကေမွာ္နဲ႔မႏၲေလးနဲ႔ဘာဆိုင္လို႔လဲဆိုေတာ့ ေမွာ္ဖြင့္မွ ကြၽန္ေတာ္တို႔မႏၲေလးမွာ ကုန္မာ ပစၥည္းေတြလည္း ဝယ္တယ္ေပါ့။ ကုန္မာပစၥည္းေတြ ဆိုတာ သံပိုက္တို႔ ဆာလာအိတ္တို႔ဝယ္ၾကတယ္ေပါ့။ စက္သုံးဆီတို႔ဝယ္ၾကတယ္ေပါ့။ အကုန္လုံးထိ ခိုက္ပါတယ္။ ဒီေမွာ္ႀကီး မလည္ပတ္တဲ့အတြက္ အကုန္လုံးထိခိုက္ပါတယ္။ ကုန္ကုန္ေျပာရရင္ အလွျပင္ ဆိုင္တို႔ပါထိခိုက္တယ္”ဟု ၎ကေျပာသည္။ အဆိုပါ ေရေမွာ္မွ အစိုးရထံသို႔ (၃)ႏွစ္အတြင္း က်ပ္ ဘီလ်ံ(၅၀)ခန႔္ အခြန္ေဆာင္ထား ေၾကာင္းလည္း ၎ကေျပာသည္။
“ကြၽန္ေတာ္တို႔ ေရနံတူးၿပီးသား ဧက (၁၆၀ဝ)ေလာက္ရွိတယ္။ ေနာက္ထပ္တူးလို႔ရႏိုင္ တာက (၃၅၀ဝ)ဧက ေလာက္က်န္ဦးမယ္။ အကုန္လုံးဆို ဧက (၅၀ဝဝ)ေလာက္က ေရနံတူးႏိုင္တယ္လို႔ သတ္မွတ္ထားတာကိုး။ အခုကေတာ့ လုံၿခဳံေရးတင္း ၾကပ္ၿပီးေတာ့ တပ္ကဦးစီးၿပီးေတာ့လုပ္ေနတယ္ ေပါ့ေနာ္။ ႏိုင္ငံေတာ္ဘ႑ာကေတာ့ ေျပာရရင္ ကြၽန္ ေတာ့္ဆီမွာရွိတဲ့စရင္းဇယားအရ NLD လက္ထက္ ကေတာ့ (၆)လေလာက္ပဲၾကာလိုက္တယ္။ ဒီအစိုးရ လက္ထက္မွာ (၂)ႏွစ္ေက်ာ္ (၃)ႏွစ္ေလာက္ၾကာသြားတာေပါ့။ (၃)ႏွစ္အတြင္းမွာ ကြၽန္ေတာ္တို႔က ႏိုင္ငံေတာ္ကို ဘီလ်ံ(၅၀)ေလာက္ အခြန္ေဆာင္ထားတယ္။ ကုမၸဏီ (၂)ခုမပါဘူး။ ေဒသလုပ္ငန္းရွင္ (၉၂)ဦးက ပဲ ဘီလ်ံ (၅၀)ေလာက္အခြန္ေဆာင္ထား တယ္”ဟု ၎ကေျပာသည္။