‘‘ မြန်မာအတွက် သည်းခံပေးပါလို့ MUM ပဲ့ကိုင်ရှင် စိုးယုဝေ မေတ္တာရပ်ခံ ”

 3018

အိဖြူ (NP News) - အောက်တိုဘာ ၁၉

Miss Universe ပဲ့ကိုင်ရှင် ဒေါ်စိုးယုဝေရဲ့ မေတ္တာရပ်ခံချက်

Miss Universe 2025 ပြိုင်ပွဲအတွက် မြန်မာကိုယ်စားပြုအဖြစ် သရဖူချီးမြှင့်ရွေးချယ်ခံထားရတဲ့ အလှမယ် မြတ်ရတနာစိုးဟာ ပြိုင်ပွဲယှဉ်ပြိုင်ဖို့ ရက်ပိုင်းအတွင်း အိမ်ထောင်သည်ဆိုသူ ဓာတ်ပုံဆရာဖြစ်သူနဲ့ အိမ်ထောင်ရေး ဖောက်ပြားမှုသတင်းတွေထွက်ပေါ်ခဲ့တာကြောင့် သူရဲ့လုပ်ရပ်အပေါ် Beauty Pageant Fan တွေရဲ့ အပြင်းအထန် ထိုးနှက်ဝေဖန်မှုကိုခံခဲ့ရပါတယ်။
Miss Universe 2025 ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြုအလှမယ်ကို အပြောင်းအလဲလုပ်ဆောင်ကာယှဉ်ပြိုင်စေဖို့ အပါအဝင် နိုင်ငံကိုယ်စားပြုအလှမယ်တစ်ဦးအနေနဲ့ လူမှုရေးဖောက်ပြားသူဖြစ်ခြင်းက နိုင်ငံအတွက် အလွန်ကို အကျည်းတန်ရုပ်ဆိုးလှကြောင်း၊ နိုင်ငံကိုယ်စားပြုမဖြစ်သင့်ကြောင်း အစရှိတဲ့ စကားလုံးများစွာနဲ့ထိုးနှက်ခဲ့ကြတာပါ။ တခြားတစ် ဖက်မှာတော့ ၎င်းကို ရွေးချယ်ဆုချီးမြှင့်ပေးအပ်ခဲ့မိတဲ့ နေရှင်နယ်ဒါရိုက်တာအပါအဝင် Miss Universe 2025 အဖွဲ့အစည်းတစ်ခုလုံးလည်း ပုံရိပ်ကျဆင်းရခဲ့သလို သွားရောက် ယှဉ်ပြိုင်မယ့် အလှမယ် မြတ်ရတနာစိုးအပေါ် အားပေးမှုရာခိုင်နှုန်းကလည်း ထက်ဝက်မကကျဆင်းသွားခဲ့ပါတယ်။
နေရှင်နယ်ဒါရိုက်တာဖြစ်သူ ဒေါ်စိုးယုဝေက အဆိုပါသတင်းများထွက်ပေါ်ပြီးရက်ပိုင်းအတွင်း ‘အတန်တန် ဆုံးမ၊ အတန်တန်ပြောပြ၊ အတန်တန်မှာထားပါလျက်နဲ့ တခြားသူတစ်ယောက်အရူးထမှုကြောင့် တည်ဆောက်ခဲ့ရတဲ့ နာမည်တွေ၊ ဂုဏ်သိက္ခာတွေ ထိခိုက်ရတယ်။ လူသတ်ချင်လောက်အောင် စိတ်ဆိုးလွန်း ဒေါသထွက်လွန်းလို့ ပြောစရာ စကားတောင်မရှိတော့ဘူး’လို့ သူရဲ့ဖေ့စ်ဘွတ်လူမှုကွန်ရက်မှာ တရားဝင်ရေးသားဖော်ပြခဲ့ပါတယ်။
ဒါပေမဲ့ ပြိုင်ပွဲရက်က အလွန်နီးကပ်နေပြီဖြစ်တာကြောင့် ရွေးချယ်ထားပြီးဖြစ်တဲ့ အလှမယ်ကိုပဲ စေလွှတ် လိုက်ရကြောင်းကို အခုလိုပဲ ထပ်လောင်းဖော်ပြခဲ့ပြန်ပါတယ်။ “ပြိုင်ပွဲအတွက် အသိပညာရှင် အတတ်ပညာရှင်တွေရဲ့ လူအား၊ ပညာအား၊ ငွေကြေးအားတွေ စိုက်ထုတ်ကြိုးပမ်းထားမှုမှာ (၉၀) ရာခိုင်နှုန်းနီးပါးက ပြင်ဆင်ပြီးဖြစ်သလို နိုင်ငံတကာမှာလည်း ပြိုင်ပွဲရက်နီးမှ အပြောင်းအလဲတွေ မဖြစ်ပေါ်စေလိုကြောင်း၊ MUM ရဲ့သမိုင်းကြောင်းမှာလည်း ဒီလိုဖြစ်စဉ်မျိုး တစ်ကြိမ်တစ်ခါမှမရှိခဲ့ဖူးကြောင်း၊ အလှမယ်တစ်ဦးကို အစားထိုးရမယ်ဆိုပါကလည်း အဆိုပါအလှမယ် အတွက် မတရားကြောင်း၊ ၎င်းတို့ရဲ့လူမှုရေးပြဿနာကို သီးသန့်ဖြေရှင်းခြင်းမပြုကြဘဲ ပြိုင်ပွဲနီးကပ်ချိန်မှ ထွက်ပေါ် လာတဲ့သတင်းတွေကြောင့်လည်း အဖွဲ့အစည်းအတွက် များစွာထိခိုက်ရကြောင်း၊ အရိုင်းတုံးတစ်တုံးကို တောက်ပစေ ချင်တဲ့ ကိုယ်ရဲ့စေတနာအတ္တခေါင်း မာမှုတွေကြောင့်လည်းပါဝင်ကြောင်း၊ မီဒီယာတွေ/ပေ့ချ်အတုတွေရဲ့ အသုံးအနှုန်း မဆင်ခြင်ရေးသားမှုများကြောင့် တစ်ဖက်မိန်းကလေးအပေါ် နှစ်ထပ်ကွမ်းထိခိုက်စေခြင်းက လုံးဝလက်မခံနိုင် စရာဖြစ် ကြောင်း၊ ကျွန်မကိုသဘောမကျရင်တောင် သူ့ကိုအားပေးပါ။ သူ့ကိုစိတ်တိုရင်တောင် ကျွန်မကိုငဲ့ညှာပါ။ ဘယ်သူ့ကိုမှ စိတ်ထဲမရှိတောင် မြန်မာအတွက်သည်းခံပေးပါ}လို့ ရေးသားအသိပေးထားပါတယ်။ နေရှင်နယ် ဒါရိုက်တာတစ်ဦးအနေနဲ့ သူရဲ့ လူမှုရေးရှုပ်ထွေးမှုပြဿနာကို အိမ်တွင်းပြဿနာအဖြစ် သဘောထားဖြေရှင်းခဲ့ရပြီး၊ MUM Organization ဘက်က ခေါ်ယူသတိပေး ခံဝန်ကတိရေးထိုးစေပြီးဖြစ်သလို ဆက်လက်ပြီး ပြိုင်ပွဲတစ်လျှောက်လုံးနဲ့ စာချုပ်လက်ကျန်သက် တမ်းကာလအတွင်း စောင့်ကြည့်ဆောင်ရွက်သွားမှာဖြစ်ကြောင်းကိုလည်း အသိပေးထားပါတယ်။ အလှမယ်မြတ်ရတနာ စိုးကတော့ သူရဲ့မဆင်ခြင်မှုကြောင့် စက်တင်ဘာ (၂၅)ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်က ထွက်ခွာချိန်မှာ တောင် နိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်မယ့်အလှမယ်တစ်ဦးအနေနဲ့ အနုပညာမီဒီယာစာမျက်နှာထက် ကျယ်ပြန့်စွာမထွက်ပေါ်နိုင်ခဲ့ဘဲ သူရဲ့ယှဉ်ပြိုင်မှုကို အားပေးသူထက် လျစ်လျူရှုသူများပြားနိုင်ကြောင်း Beauty Pageant Fan တွေက မှတ်ချက်ပြုထားကြပါတယ်။

JK Sophia အနေနဲ့ Top 20 စာရင်းအထိ မတက်လှမ်းနိုင်ခဲ့ပေမယ့် လူအများရဲ့ချီးကျူးမှုကို ရရှိထား
Miss Grand International Grand Final ပြိုင်ပွဲအခမ်းအနားကို အောက်တိုဘာလ ၁၈ ရက် ညပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပခဲ့ကြခြင်းဖြစ်ပြီး 2025 Miss Grand International Winner Crown ကို ဖိလစ်ပိုင်နိုင်ငံ အလှမယ် Emma Mary Tiglao က ရရှိခဲ့ခြင်းဖြစ်ပါတယ်။ မြန်မာအလှမယ် JK Sophia ကတော့ စိတ်မကောင်းစွာပဲ Top 20 စာရင်းအထိ မတက်လှမ်းနိုင်ခဲ့ဘဲ Unplaced ဖြစ်ခဲ့ရတာပါ။ ဒါပေမယ့် JK Sophia က ပြိုင်ပွဲရလဒ်ကို ကျေနပ်စွာ လက်ခံနိုင်ရုံမက ဆက်လက်ယှဥ်ပြိုင်ခွင့်ရရှိခဲ့တဲ့ ပြိုင်ပွဲဝင် အလှမယ်တွေ အားသရော အားပေးခဲ့ပုံက ချီးကျူးဖွယ် ကောင်းလှပါတယ်။
ဒါ့အပြင် အောက်တိုဘာလ(၁၃)ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Miss Grand International 2025 ရဲ့ National Costume ယှဉ်ပြိုင်မှုမှာလည်း မြန်မာကိုယ်စားပြုအလှမယ် JK Sophia က ကိုလိုနီခေတ် ဂုံရှမ်း မဟာဒေဝီ တွေဝတ်ဆင်ခဲ့တဲ့ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုပုံစံ “ခေမရဌ်တိုင်း မဟာဒေဝီ” ဝတ်စုံနဲ့ ယှဉ်ပြိုင်ခဲ့တာပါ။
ထိုင်းနိုင်ငံမှာကျင်းပတဲ့ ကမ္ဘာ့အဆင့်ပြိုင်ပွဲမှာ ထိုင်း-မြန်မာ အငြင်းပွားဖွယ်ဖြစ်လျက်ရှိတဲ့ ရိုးရာဝတ်စုံက မြန်မာနိုင်ငံမှ ရှမ်းတိုင်းရင်းသားများအနက် ဂုံရှမ်းမဟာဒေဝီတွေရဲ့ဝတ်စုံဖြစ်ကြောင်းကို ပညာသားပါပါပြသနိုင်ခဲ့တာ ကြောင့် မြန်မာ့ရိုးရာယဉ်ကျေးမှုကို တန်ဖိုးထားသူတိုင်းက JK ရဲ့ယှဉ်ပြိုင်မှုအပေါ် ချီးကျူးစကားတွေဆိုခဲ့ကြပါတယ်။ ‘ခေမရဌ်တိုင်းမဟာဒေဝီ’ဝတ်စုံကို ဝတ်ဆင်ယှဉ်ပြိုင်မှု အားရကျေနပ်ခဲ့ကြပေမယ့် အခြားသော လိုက်ဖက်ညီမယ့်ပြင် ဆင်မှုပုံစံကို ထည့်သွင်းလိုကြောင်း ထောက်ပြခဲ့သူတွေလည်းရှိခဲ့ပါတယ်။ အဆိုပါ ဝတ်စုံကို နာရီပေါင်း(၂၀ဝဝ)၊ ရက် ပေါင်း (၈၀)ကျော် အချိန်ယူဖန်တီးခဲ့ခြင်းဖြစ်ပြီး တန်ဖိုးငွေကျပ် သိန်း(၁၀ဝဝ)နဲ့ (၂၀ဝဝ)ကြား အသုံးပြုထားကြောင်း ကနဦး ကြားသိထားရပါတယ်။
Miss Grand Myanmar 2025 အဖွဲ့သားတွေအနေနဲ့ ဆုစာရင်းထဲမဝင်ခဲ့ပေမယ့်လည်း ဂုံရှမ်းမျိုးနွယ်စု က မြန်မာလူမျိုးစုထဲက လူမျိုးစုတစ်စုဖြစ်ကြောင်းကို အခုလိုနိုင်ငံပေါင်းစုံ ပါဝင်ယှဉ်ပြိုင်တဲ့ကမ္ဘာ့အလယ်မှာ ထုတ်ဖော်ပြနိုင်ခဲ့သည့်အတွက် ဂုဏ်ယူကျေနပ်လျက်ရှိပြီး ပညာရှင်အသိုင်းအဝိုင်းကလည်း ချီးကျူးလျက်ရှိလို့နေတာ ဖြစ်ပါတယ်။ အငြင်းပွားဖွယ်ရာယဉ်ကျေးမှုအမွေအနှစ်ပိုင်ဆိုင်မှုတွေကို အတည်ပြုထုတ်ဖော်ပြသနိုင်ဖို့အခွင့်အရေးက အခုလိုမျိုး နိုင်ငံတကာပြိုင်ပွဲ တွေကတစ်ဆင့် National Costume ယှဉ်ပြိုင်မှုမှာသာရရှိကြတာဖြစ်လို့ ထုတ်ဖော်ခွင့် ရရှိခဲ့ခြင်းက မြန်မာနိုင်ငံအတွက်၊ JK အတွက် ရလဒ်ကောင်းလို့ ဆိုနိုင်ပါတယ်။ ‘မြန်မာနိုင်ငံမှာ ပျောက်ကွယ်လုနီးပါးဖြစ် နေတဲ့မြန်မာ့ရိုးရာတစ်ခုကို တစ်ကမ္ဘာလုံးကသိရှိအောင် ဖော်ထုတ်ပြသခွင့်ရရှိခဲ့တဲ့အတွက် နေရှင်နယ်ဒါရိုက်တာ၊ ဒီဇိုင်နာ၊ မိတ်ကပ်ပညာရှင်တို့နဲ့ အတူတူတိုင်ပင်ပြီး အခုလိုမျိုး အောင်အောင်မြင်မြင်ဖော်ထုတ်နိုင်ခဲ့တဲ့အတွက် တကယ့် ကို ဂုဏ်ယူပါတယ်” လို့ JK Sophia က Myanmar Celebritiy အနုပညာမီဒီယာနဲ့အင်တာဗျူးဖြေဆိုချိန်မှာ ထုတ်ဖော်ပြာပြခဲ့ဖူးပါတယ်။ JK က Grand Talent ယှဉ်ပြိုင်မှုမှာ တရုတ်၊ ကိုရီးယားနဲ့ အင်္ဂလိပ်ဘာသာစကားနဲ့ မိတ်ဆက်စကားပြောကြားခဲ့ပြီး၊ ထိုင်း ဘာသာစကားနဲ့ ထိုင်းအဆိုတော် ထုံချိုင်းရဲ့သီချင်းကို သီဆိုကာ အဆိုနဲ့အက တွဲဖက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ JK Sophia အနေနဲ့ Top 20 စာရင်းအထိ မတက်လှမ်းနိုင်ခဲ့ပေမယ့် သူမရဲ့ ပင်ကိုယ်အရည်အချင်းတွေကို လျစ်လျူမရှုနိုင်တာကြောင့် လူတိုင်းက အသိအမှတ်ပြုအားပေးစကားများဆိုခဲ့ကြ ပါတယ်။
ဒါ့အပြင် JK Sophia က သူမရဲ့ရလဒ်ကို လက်ခံနိုင်ခဲ့ပြီး ပွဲအခမ်းအနားပြီးဆုံးချိန်ထိတိုင် ပွဲအထိ လာရောက် အားပေးခဲ့ကြတဲ့ မြန်မာပရိသတ်များနဲ့အတူ အလှဓါတ်ပုံများရိုက်ကူးရင်း ပျော်ရွှင်စွာဖြတ်သန်းခဲ့တဲ့ပုံရိပ်တွေက လူမှုကွန်ရက်တခွင့်နေရာယူနိုင်ခဲ့ပါတယ်။

နိုင်ငံရဲ့ ဥပဒေကို လေးစားလိုက်နာသင့်ကြောင်း ဇာဇာထက် အကြံပြု
တစ်ချိန်က Sexy Model ဖြစ်ခဲ့ဖူးသူ ဇာဇာထက်က မိမိတို့နေထိုင်ရာနိုင်ငံရဲ့ဥပဒေကို လေးစားလိုက်နာဖို့လိုအပ် ကြောင်း အကြံပြုစကားဆိုလိုက်ပါတယ်။ ဇာဇာထက်က ဥပဒေကျောင်းဆင်းတစ်ဦးဖြစ်တာကြောင့် မြန်မာနိုင်ငံမှာ လက်ရှိမြင်တွေ့နေရတဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေအပေါ် သူရဲ့သဘောထားအမြင်ကို ထုတ်ဖော်ရေးသားခဲ့တာဖြစ်ပါတယ်။
“လူတွေမှာ ကိုယ့်ကိုလိုသူရှိသလို မလိုမုန်းထားတဲ့လူတွေလည်းရှိနိုင်တာမို့ သတိထားနေထိုင်ပြုမူရေး သားကြပါ။ ကျွန်မတို့နိုင်ငံက ထိလွယ်ရှလွယ်တဲ့ကိစ္စတွေဆိုအတတ်နိုင်ဆုံး စကားအရာမှာရော၊ စာအရာမှာရော၊ ထိန်း ပြော/ထိန်းရေးကြပါ။ လူသိများတဲ့ case တွေ နိုင်ငံတော်နဲ့ဆိုင်တဲ့ case တွေဆို အာမခံရဖို့ရော နိုင်ငံတော် လွတ်ငြိမ်း နဲ့လွတ်ဖို့က တကယ်မလွယ်ပါဘူး။ ခံဝန်နဲ့နေရတဲ့သူမျိုးဆို ပိုသတိထားရပါတယ်။ နောက်ထပ်အမှုဖြစ်ရင် အရင်ခံ ဝန်ကိစ္စပါ ပူးတွဲအမှုကပ်မှာပါနော်”လို့ ဇာဇာထက်က သမီးဆိုး(ခ)သက်ကိုကို ဖမ်းဆီးခံရမှု သတင်းများ ထွက်ပေါ်ပျံ့နှံ့ အပြီးရက်ပိုင်းအတွင်း အဆိုပါပိုစ့်ကို ရေးသားခဲ့ခြင်းဖြစ်ပါတယ်။
သရုပ်ဆောင်နေမျိုးအောင်ရဲ့သားဖြစ်သူနဲ့ချွေးမ DJ Violet တို့ရဲ့ဖြစ်စဉ်အပါအဝင် သမီးဆိုးရဲ့ဖြစ်စဉ်ကို ဥပမာပေး ရှင်းပြထားခြင်းဖြစ်ပါတယ်။ “နိုင်ငံတော်စီမံချက်တွေ စည်းကမ်းတွေထုတ်ပြန်ထားရင် စီးပွားရေးသမား တွေအကုန်နီးပါး စည်းကမ်းလိုက်နာကြတယ်။ ဘယ်သူမှစည်းကမ်းမဖောက်ရဲဘူး။ ဒီနိုင်ငံမှာဆက်နေမယ့်သူတွေ ဒီနိုင်ငံ ကထွက်တဲ့သယံဇာတတွေ ဒီနိုင်ငံကလူတွေနဲ့စီးပွားရေးလုပ်မယ့်သူတွေက ဒီနိုင်ငံရဲ့စည်းကမ်းကိုလိုက်နာစောင့် ထိန်းနိုင်မှ တန်ကာကြပါမယ်။ လောကကြီးမှာ ပိုင်တယ်ဆိုတာ ဘယ်သူမှမရှိပါဘူးနော်။ ဥပဒေတွေက ဘယ်အစိုးရ တက်တက် ရှိနေမယ့်အကြောင်းအရာတွေပါ။ နိုင်ငံသားအားလုံးအနေနဲ့ ဥပဒေအကြောင်း စောင့်ထိန်းနားလည် ရမယ့်အကြောင်းအရာတွေကို သိစေချင်ရုံစိတ်နဲ့ ချစ်ခြင်းမုန်းခြင်းမရှိ အားလုံးနားလည်အောင်၊ ဗဟုသုတရအောင် သိသလောက် ပြန်လည်ဝေမျှခြင်းသာဖြစ်ပါတယ်”လို့ ဥပဒေပညာနဲ့ဘွဲ့ရရှိထားသူ ဇာဇာထက်ကပြောပြထား ခြင်းဖြစ်ပါ တယ်။ လက်ရှိ မြန်မာနိုင်ငံမှာရော ပြည်ပနေထိုင်သူများကပါ ဆိုရှယ်လူမှုကွန်ရက်အကောင့်တွေကိုအသုံးပြုကာ သတင်းများ၊ တစ်ပါးသူရဲ့ကိုယ်ရေးကိုယ်တာ အကြောင်းများ အစရှိတဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာကိစ္စတွေကို စည်းမရှိစွာ အတင်း အဖျင်းဆန်စွာ ပြောဆိုမှုတွေများပြားလာကြတာကို သတိပြုမိလျက်ရှိပါတယ်။

ဒီတစ်ပတ်အတွက် အနုပညာကဏ္ဍကို ဒီလောက်နဲ့ရပ်နားခွင့်ပြုပါ။

Zawgyi Version:
‘‘ ျမန္မာအတြက္ သည္းခံေပးပါလို႔ MUM ပဲ့ကိုင္ရွင္ စိုးယုေဝ ေမတၱာရပ္ခံ ”
အိျဖဴ (NP News) - ေအာက္တိုဘာ ၁၉

Miss Universe ပဲ့ကိုင္ရွင္ ေဒၚစိုးယုေဝရဲ႕ ေမတၱာရပ္ခံခ်က္

Miss Universe 2025 ၿပိဳင္ပြဲအတြက္ ျမန္မာကိုယ္စားျပဳအျဖစ္ သရဖူခ်ီးျမႇင့္ေ႐ြးခ်ယ္ခံထားရတဲ့ အလွမယ္ ျမတ္ရတနာစိုးဟာ ၿပိဳင္ပြဲယွဥ္ၿပိဳင္ဖို႔ ရက္ပိုင္းအတြင္း အိမ္ေထာင္သည္ဆိုသူ ဓာတ္ပုံဆရာျဖစ္သူနဲ႔ အိမ္ေထာင္ေရး ေဖာက္ျပားမႈသတင္းေတြထြက္ေပၚခဲ့တာေၾကာင့္ သူရဲ႕လုပ္ရပ္အေပၚ Beauty Pageant Fan ေတြရဲ႕ အျပင္းအထန္ ထိုးႏွက္ေဝဖန္မႈကိုခံခဲ့ရပါတယ္။
Miss Universe 2025 ၿပိဳင္ပြဲမွာ ျမန္မာကိုယ္စားျပဳအလွမယ္ကို အေျပာင္းအလဲလုပ္ေဆာင္ကာယွဥ္ၿပိဳင္ေစဖို႔ အပါအဝင္ ႏိုင္ငံကိုယ္စားျပဳအလွမယ္တစ္ဦးအေနနဲ႔ လူမႈေရးေဖာက္ျပားသူျဖစ္ျခင္းက ႏိုင္ငံအတြက္ အလြန္ကို အက်ည္းတန္႐ုပ္ဆိုးလွေၾကာင္း၊ ႏိုင္ငံကိုယ္စားျပဳမျဖစ္သင့္ေၾကာင္း အစရွိတဲ့ စကားလုံးမ်ားစြာနဲ႔ထိုးႏွက္ခဲ့ၾကတာပါ။ တျခားတစ္ ဖက္မွာေတာ့ ၎ကို ေ႐ြးခ်ယ္ဆုခ်ီးျမႇင့္ေပးအပ္ခဲ့မိတဲ့ ေနရွင္နယ္ဒါ႐ိုက္တာအပါအဝင္ Miss Universe 2025 အဖြဲ႕အစည္းတစ္ခုလုံးလည္း ပုံရိပ္က်ဆင္းရခဲ့သလို သြားေရာက္ ယွဥ္ၿပိဳင္မယ့္ အလွမယ္ ျမတ္ရတနာစိုးအေပၚ အားေပးမႈရာခိုင္ႏႈန္းကလည္း ထက္ဝက္မကက်ဆင္းသြားခဲ့ပါတယ္။
ေနရွင္နယ္ဒါ႐ိုက္တာျဖစ္သူ ေဒၚစိုးယုေဝက အဆိုပါသတင္းမ်ားထြက္ေပၚၿပီးရက္ပိုင္းအတြင္း ‘အတန္တန္ ဆုံးမ၊ အတန္တန္ေျပာျပ၊ အတန္တန္မွာထားပါလ်က္နဲ႔ တျခားသူတစ္ေယာက္အ႐ူးထမႈေၾကာင့္ တည္ေဆာက္ခဲ့ရတဲ့ နာမည္ေတြ၊ ဂုဏ္သိကၡာေတြ ထိခိုက္ရတယ္။ လူသတ္ခ်င္ေလာက္ေအာင္ စိတ္ဆိုးလြန္း ေဒါသထြက္လြန္းလို႔ ေျပာစရာ စကားေတာင္မရွိေတာ့ဘူး’လို႔ သူရဲ႕ေဖ့စ္ဘြတ္လူမႈကြန္ရက္မွာ တရားဝင္ေရးသားေဖာ္ျပခဲ့ပါတယ္။
ဒါေပမဲ့ ၿပိဳင္ပြဲရက္က အလြန္နီးကပ္ေနၿပီျဖစ္တာေၾကာင့္ ေ႐ြးခ်ယ္ထားၿပီးျဖစ္တဲ့ အလွမယ္ကိုပဲ ေစလႊတ္ လိုက္ရေၾကာင္းကို အခုလိုပဲ ထပ္ေလာင္းေဖာ္ျပခဲ့ျပန္ပါတယ္။ “ၿပိဳင္ပြဲအတြက္ အသိပညာရွင္ အတတ္ပညာရွင္ေတြရဲ႕ လူအား၊ ပညာအား၊ ေငြေၾကးအားေတြ စိုက္ထုတ္ႀကိဳးပမ္းထားမႈမွာ (၉၀) ရာခိုင္ႏႈန္းနီးပါးက ျပင္ဆင္ၿပီးျဖစ္သလို ႏိုင္ငံတကာမွာလည္း ၿပိဳင္ပြဲရက္နီးမွ အေျပာင္းအလဲေတြ မျဖစ္ေပၚေစလိုေၾကာင္း၊ MUM ရဲ႕သမိုင္းေၾကာင္းမွာလည္း ဒီလိုျဖစ္စဥ္မ်ိဳး တစ္ႀကိမ္တစ္ခါမွမရွိခဲ့ဖူးေၾကာင္း၊ အလွမယ္တစ္ဦးကို အစားထိုးရမယ္ဆိုပါကလည္း အဆိုပါအလွမယ္ အတြက္ မတရားေၾကာင္း၊ ၎တို႔ရဲ႕လူမႈေရးျပႆနာကို သီးသန႔္ေျဖရွင္းျခင္းမျပဳၾကဘဲ ၿပိဳင္ပြဲနီးကပ္ခ်ိန္မွ ထြက္ေပၚ လာတဲ့သတင္းေတြေၾကာင့္လည္း အဖြဲ႕အစည္းအတြက္ မ်ားစြာထိခိုက္ရေၾကာင္း၊ အ႐ိုင္းတုံးတစ္တုံးကို ေတာက္ပေစ ခ်င္တဲ့ ကိုယ္ရဲ႕ေစတနာအတၱေခါင္း မာမႈေတြေၾကာင့္လည္းပါဝင္ေၾကာင္း၊ မီဒီယာေတြ/ေပ့ခ်္အတုေတြရဲ႕ အသုံးအႏႈန္း မဆင္ျခင္ေရးသားမႈမ်ားေၾကာင့္ တစ္ဖက္မိန္းကေလးအေပၚ ႏွစ္ထပ္ကြမ္းထိခိုက္ေစျခင္းက လုံးဝလက္မခံႏိုင္ စရာျဖစ္ ေၾကာင္း၊ ကြၽန္မကိုသေဘာမက်ရင္ေတာင္ သူ႔ကိုအားေပးပါ။ သူ႔ကိုစိတ္တိုရင္ေတာင္ ကြၽန္မကိုငဲ့ညႇာပါ။ ဘယ္သူ႔ကိုမွ စိတ္ထဲမရွိေတာင္ ျမန္မာအတြက္သည္းခံေပးပါ}လို႔ ေရးသားအသိေပးထားပါတယ္။ ေနရွင္နယ္ ဒါ႐ိုက္တာတစ္ဦးအေနနဲ႔ သူရဲ႕ လူမႈေရးရႈပ္ေထြးမႈျပႆနာကို အိမ္တြင္းျပႆနာအျဖစ္ သေဘာထားေျဖရွင္းခဲ့ရၿပီး၊ MUM Organization ဘက္က ေခၚယူသတိေပး ခံဝန္ကတိေရးထိုးေစၿပီးျဖစ္သလို ဆက္လက္ၿပီး ၿပိဳင္ပြဲတစ္ေလွ်ာက္လုံးနဲ႔ စာခ်ဳပ္လက္က်န္သက္ တမ္းကာလအတြင္း ေစာင့္ၾကည့္ေဆာင္႐ြက္သြားမွာျဖစ္ေၾကာင္းကိုလည္း အသိေပးထားပါတယ္။ အလွမယ္ျမတ္ရတနာ စိုးကေတာ့ သူရဲ႕မဆင္ျခင္မႈေၾကာင့္ စက္တင္ဘာ (၂၅)ရက္က ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္က ထြက္ခြာခ်ိန္မွာ ေတာင္ ႏိုင္ငံကိုယ္စားျပဳအျဖစ္ သြားေရာက္ယွဥ္ၿပိဳင္မယ့္အလွမယ္တစ္ဦးအေနနဲ႔ အႏုပညာမီဒီယာစာမ်က္ႏွာထက္ က်ယ္ျပန႔္စြာမထြက္ေပၚႏိုင္ခဲ့ဘဲ သူရဲ႕ယွဥ္ၿပိဳင္မႈကို အားေပးသူထက္ လ်စ္လ်ဴရႈသူမ်ားျပားႏိုင္ေၾကာင္း Beauty Pageant Fan ေတြက မွတ္ခ်က္ျပဳထားၾကပါတယ္။

JK Sophia အေနနဲ႔ Top 20 စာရင္းအထိ မတက္လွမ္းႏိုင္ခဲ့ေပမယ့္ လူအမ်ားရဲ႕ခ်ီးက်ဴးမႈကို ရရွိထား
Miss Grand International Grand Final ၿပိဳင္ပြဲအခမ္းအနားကို ေအာက္တိုဘာလ ၁၈ ရက္ ညပိုင္းက ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕မွာ က်င္းပခဲ့ၾကျခင္းျဖစ္ၿပီး 2025 Miss Grand International Winner Crown ကို ဖိလစ္ပိုင္ႏိုင္ငံ အလွမယ္ Emma Mary Tiglao က ရရွိခဲ့ျခင္းျဖစ္ပါတယ္။ ျမန္မာအလွမယ္ JK Sophia ကေတာ့ စိတ္မေကာင္းစြာပဲ Top 20 စာရင္းအထိ မတက္လွမ္းႏိုင္ခဲ့ဘဲ Unplaced ျဖစ္ခဲ့ရတာပါ။ ဒါေပမယ့္ JK Sophia က ၿပိဳင္ပြဲရလဒ္ကို ေက်နပ္စြာ လက္ခံႏိုင္႐ုံမက ဆက္လက္ယွဥ္ၿပိဳင္ခြင့္ရရွိခဲ့တဲ့ ၿပိဳင္ပြဲဝင္ အလွမယ္ေတြ အားသေရာ အားေပးခဲ့ပုံက ခ်ီးက်ဴးဖြယ္ ေကာင္းလွပါတယ္။
ဒါ့အျပင္ ေအာက္တိုဘာလ(၁၃)ရက္က ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕မွာ က်င္းပျပဳလုပ္ခဲ့တဲ့ Miss Grand International 2025 ရဲ႕ National Costume ယွဥ္ၿပိဳင္မႈမွာလည္း ျမန္မာကိုယ္စားျပဳအလွမယ္ JK Sophia က ကိုလိုနီေခတ္ ဂုံရွမ္း မဟာေဒဝီ ေတြဝတ္ဆင္ခဲ့တဲ့ ဝတ္စားဆင္ယင္ထုံးဖြဲ႕မႈပုံစံ “ေခမရဌ္တိုင္း မဟာေဒဝီ” ဝတ္စုံနဲ႔ ယွဥ္ၿပိဳင္ခဲ့တာပါ။
ထိုင္းႏိုင္ငံမွာက်င္းပတဲ့ ကမာၻ႔အဆင့္ၿပိဳင္ပြဲမွာ ထိုင္း-ျမန္မာ အျငင္းပြားဖြယ္ျဖစ္လ်က္ရွိတဲ့ ႐ိုးရာဝတ္စုံက ျမန္မာႏိုင္ငံမွ ရွမ္းတိုင္းရင္းသားမ်ားအနက္ ဂုံရွမ္းမဟာေဒဝီေတြရဲ႕ဝတ္စုံျဖစ္ေၾကာင္းကို ပညာသားပါပါျပသႏိုင္ခဲ့တာ ေၾကာင့္ ျမန္မာ့႐ိုးရာယဥ္ေက်းမႈကို တန္ဖိုးထားသူတိုင္းက JK ရဲ႕ယွဥ္ၿပိဳင္မႈအေပၚ ခ်ီးက်ဴးစကားေတြဆိုခဲ့ၾကပါတယ္။ ‘ေခမရဌ္တိုင္းမဟာေဒဝီ’ဝတ္စုံကို ဝတ္ဆင္ယွဥ္ၿပိဳင္မႈ အားရေက်နပ္ခဲ့ၾကေပမယ့္ အျခားေသာ လိုက္ဖက္ညီမယ့္ျပင္ ဆင္မႈပုံစံကို ထည့္သြင္းလိုေၾကာင္း ေထာက္ျပခဲ့သူေတြလည္းရွိခဲ့ပါတယ္။ အဆိုပါ ဝတ္စုံကို နာရီေပါင္း(၂၀ဝဝ)၊ ရက္ ေပါင္း (၈၀)ေက်ာ္ အခ်ိန္ယူဖန္တီးခဲ့ျခင္းျဖစ္ၿပီး တန္ဖိုးေငြက်ပ္ သိန္း(၁၀ဝဝ)နဲ႔ (၂၀ဝဝ)ၾကား အသုံးျပဳထားေၾကာင္း ကနဦး ၾကားသိထားရပါတယ္။
Miss Grand Myanmar 2025 အဖြဲ႕သားေတြအေနနဲ႔ ဆုစာရင္းထဲမဝင္ခဲ့ေပမယ့္လည္း ဂုံရွမ္းမ်ိဳးႏြယ္စု က ျမန္မာလူမ်ိဳးစုထဲက လူမ်ိဳးစုတစ္စုျဖစ္ေၾကာင္းကို အခုလိုႏိုင္ငံေပါင္းစုံ ပါဝင္ယွဥ္ၿပိဳင္တဲ့ကမာၻ႔အလယ္မွာ ထုတ္ေဖာ္ျပႏိုင္ခဲ့သည့္အတြက္ ဂုဏ္ယူေက်နပ္လ်က္ရွိၿပီး ပညာရွင္အသိုင္းအဝိုင္းကလည္း ခ်ီးက်ဴးလ်က္ရွိလို႔ေနတာ ျဖစ္ပါတယ္။ အျငင္းပြားဖြယ္ရာယဥ္ေက်းမႈအေမြအႏွစ္ပိုင္ဆိုင္မႈေတြကို အတည္ျပဳထုတ္ေဖာ္ျပသႏိုင္ဖို႔အခြင့္အေရးက အခုလိုမ်ိဳး ႏိုင္ငံတကာၿပိဳင္ပြဲ ေတြကတစ္ဆင့္ National Costume ယွဥ္ၿပိဳင္မႈမွာသာရရွိၾကတာျဖစ္လို႔ ထုတ္ေဖာ္ခြင့္ ရရွိခဲ့ျခင္းက ျမန္မာႏိုင္ငံအတြက္၊ JK အတြက္ ရလဒ္ေကာင္းလို႔ ဆိုႏိုင္ပါတယ္။ ‘ျမန္မာႏိုင္ငံမွာ ေပ်ာက္ကြယ္လုနီးပါးျဖစ္ ေနတဲ့ျမန္မာ့႐ိုးရာတစ္ခုကို တစ္ကမာၻလုံးကသိရွိေအာင္ ေဖာ္ထုတ္ျပသခြင့္ရရွိခဲ့တဲ့အတြက္ ေနရွင္နယ္ဒါ႐ိုက္တာ၊ ဒီဇိုင္နာ၊ မိတ္ကပ္ပညာရွင္တို႔နဲ႔ အတူတူတိုင္ပင္ၿပီး အခုလိုမ်ိဳး ေအာင္ေအာင္ျမင္ျမင္ေဖာ္ထုတ္ႏိုင္ခဲ့တဲ့အတြက္ တကယ့္ ကို ဂုဏ္ယူပါတယ္” လို႔ JK Sophia က Myanmar Celebritiy အႏုပညာမီဒီယာနဲ႔အင္တာဗ်ဴးေျဖဆိုခ်ိန္မွာ ထုတ္ေဖာ္ျပာျပခဲ့ဖူးပါတယ္။ JK က Grand Talent ယွဥ္ၿပိဳင္မႈမွာ တ႐ုတ္၊ ကိုရီးယားနဲ႔ အဂၤလိပ္ဘာသာစကားနဲ႔ မိတ္ဆက္စကားေျပာၾကားခဲ့ၿပီး၊ ထိုင္း ဘာသာစကားနဲ႔ ထိုင္းအဆိုေတာ္ ထုံခ်ိဳင္းရဲ႕သီခ်င္းကို သီဆိုကာ အဆိုနဲ႔အက တြဲဖက္ယွဥ္ၿပိဳင္ခဲ့တာျဖစ္ပါတယ္။ JK Sophia အေနနဲ႔ Top 20 စာရင္းအထိ မတက္လွမ္းႏိုင္ခဲ့ေပမယ့္ သူမရဲ႕ ပင္ကိုယ္အရည္အခ်င္းေတြကို လ်စ္လ်ဴမရႈႏိုင္တာေၾကာင့္ လူတိုင္းက အသိအမွတ္ျပဳအားေပးစကားမ်ားဆိုခဲ့ၾက ပါတယ္။
ဒါ့အျပင္ JK Sophia က သူမရဲ႕ရလဒ္ကို လက္ခံႏိုင္ခဲ့ၿပီး ပြဲအခမ္းအနားၿပီးဆုံးခ်ိန္ထိတိုင္ ပြဲအထိ လာေရာက္ အားေပးခဲ့ၾကတဲ့ ျမန္မာပရိသတ္မ်ားနဲ႔အတူ အလွဓါတ္ပုံမ်ား႐ိုက္ကူးရင္း ေပ်ာ္႐ႊင္စြာျဖတ္သန္းခဲ့တဲ့ပုံရိပ္ေတြက လူမႈကြန္ရက္တခြင့္ေနရာယူႏိုင္ခဲ့ပါတယ္။

ႏိုင္ငံရဲ႕ ဥပေဒကို ေလးစားလိုက္နာသင့္ေၾကာင္း ဇာဇာထက္ အႀကံျပဳ
တစ္ခ်ိန္က Sexy Model ျဖစ္ခဲ့ဖူးသူ ဇာဇာထက္က မိမိတို႔ေနထိုင္ရာႏိုင္ငံရဲ႕ဥပေဒကို ေလးစားလိုက္နာဖို႔လိုအပ္ ေၾကာင္း အႀကံျပဳစကားဆိုလိုက္ပါတယ္။ ဇာဇာထက္က ဥပေဒေက်ာင္းဆင္းတစ္ဦးျဖစ္တာေၾကာင့္ ျမန္မာႏိုင္ငံမွာ လက္ရွိျမင္ေတြ႕ေနရတဲ့ ျဖစ္စဥ္ျဖစ္ရပ္ေတြအေပၚ သူရဲ႕သေဘာထားအျမင္ကို ထုတ္ေဖာ္ေရးသားခဲ့တာျဖစ္ပါတယ္။
“လူေတြမွာ ကိုယ့္ကိုလိုသူရွိသလို မလိုမုန္းထားတဲ့လူေတြလည္းရွိႏိုင္တာမို႔ သတိထားေနထိုင္ျပဳမူေရး သားၾကပါ။ ကြၽန္မတို႔ႏိုင္ငံက ထိလြယ္ရွလြယ္တဲ့ကိစၥေတြဆိုအတတ္ႏိုင္ဆုံး စကားအရာမွာေရာ၊ စာအရာမွာေရာ၊ ထိန္း ေျပာ/ထိန္းေရးၾကပါ။ လူသိမ်ားတဲ့ case ေတြ ႏိုင္ငံေတာ္နဲ႔ဆိုင္တဲ့ case ေတြဆို အာမခံရဖို႔ေရာ ႏိုင္ငံေတာ္ လြတ္ၿငိမ္း နဲ႔လြတ္ဖို႔က တကယ္မလြယ္ပါဘူး။ ခံဝန္နဲ႔ေနရတဲ့သူမ်ိဳးဆို ပိုသတိထားရပါတယ္။ ေနာက္ထပ္အမႈျဖစ္ရင္ အရင္ခံ ဝန္ကိစၥပါ ပူးတြဲအမႈကပ္မွာပါေနာ္”လို႔ ဇာဇာထက္က သမီးဆိုး(ခ)သက္ကိုကို ဖမ္းဆီးခံရမႈ သတင္းမ်ား ထြက္ေပၚပ်ံ႕ႏွံ႔ အၿပီးရက္ပိုင္းအတြင္း အဆိုပါပိုစ့္ကို ေရးသားခဲ့ျခင္းျဖစ္ပါတယ္။
သ႐ုပ္ေဆာင္ေနမ်ိဳးေအာင္ရဲ႕သားျဖစ္သူနဲ႔ေခြၽးမ DJ Violet တို႔ရဲ႕ျဖစ္စဥ္အပါအဝင္ သမီးဆိုးရဲ႕ျဖစ္စဥ္ကို ဥပမာေပး ရွင္းျပထားျခင္းျဖစ္ပါတယ္။ “ႏိုင္ငံေတာ္စီမံခ်က္ေတြ စည္းကမ္းေတြထုတ္ျပန္ထားရင္ စီးပြားေရးသမား ေတြအကုန္နီးပါး စည္းကမ္းလိုက္နာၾကတယ္။ ဘယ္သူမွစည္းကမ္းမေဖာက္ရဲဘူး။ ဒီႏိုင္ငံမွာဆက္ေနမယ့္သူေတြ ဒီႏိုင္ငံ ကထြက္တဲ့သယံဇာတေတြ ဒီႏိုင္ငံကလူေတြနဲ႔စီးပြားေရးလုပ္မယ့္သူေတြက ဒီႏိုင္ငံရဲ႕စည္းကမ္းကိုလိုက္နာေစာင့္ ထိန္းႏိုင္မွ တန္ကာၾကပါမယ္။ ေလာကႀကီးမွာ ပိုင္တယ္ဆိုတာ ဘယ္သူမွမရွိပါဘူးေနာ္။ ဥပေဒေတြက ဘယ္အစိုးရ တက္တက္ ရွိေနမယ့္အေၾကာင္းအရာေတြပါ။ ႏိုင္ငံသားအားလုံးအေနနဲ႔ ဥပေဒအေၾကာင္း ေစာင့္ထိန္းနားလည္ ရမယ့္အေၾကာင္းအရာေတြကို သိေစခ်င္႐ုံစိတ္နဲ႔ ခ်စ္ျခင္းမုန္းျခင္းမရွိ အားလုံးနားလည္ေအာင္၊ ဗဟုသုတရေအာင္ သိသေလာက္ ျပန္လည္ေဝမွ်ျခင္းသာျဖစ္ပါတယ္”လို႔ ဥပေဒပညာနဲ႔ဘြဲ႕ရရွိထားသူ ဇာဇာထက္ကေျပာျပထား ျခင္းျဖစ္ပါ တယ္။ လက္ရွိ ျမန္မာႏိုင္ငံမွာေရာ ျပည္ပေနထိုင္သူမ်ားကပါ ဆိုရွယ္လူမႈကြန္ရက္အေကာင့္ေတြကိုအသုံးျပဳကာ သတင္းမ်ား၊ တစ္ပါးသူရဲ႕ကိုယ္ေရးကိုယ္တာ အေၾကာင္းမ်ား အစရွိတဲ့ ပုဂၢိဳလ္ေရးဆိုင္ရာကိစၥေတြကို စည္းမရွိစြာ အတင္း အဖ်င္းဆန္စြာ ေျပာဆိုမႈေတြမ်ားျပားလာၾကတာကို သတိျပဳမိလ်က္ရွိပါတယ္။

ဒီတစ္ပတ္အတြက္ အႏုပညာက႑ကို ဒီေလာက္နဲ႔ရပ္နားခြင့္ျပဳပါ။

Related news

© 2021. All rights reserved.