ခါကာဘိုရာဇီအမျိုးသားဥယျာဉ်နှင့် ဖုန်ကန်ရာဇီတိရစ္ဆာန်ဘေးမဲ့တောတို့တွင် အမဲလိုက်မှုများ ပိုများလာနေ

359

သက်ပိုင် (NP News)-အောက်တိုဘာ ၂၁
မြန်မာနိုင်ငံမြောက်ဖျားပိုင်း ကချင်ပြည်နယ်အတွင်းတည်ရှိသည့် ခါကာဘိုရာဇီအမျိုးသား ဥယျာဉ် နှင့် ဖုန်ကန်ရာဇီတိရစ္ဆာန်ဘေးမဲ့တောတို့တွင် အမဲလိုက်မှုများ ပိုများလာနေကြောင်း ထိန်းသိမ်း စောင့်ရှောက်ရေးလုပ်ငန်းလုပ်ကိုင်နေသူများနှင့် ဒေသခံများက NP News သို့ ပြော သည်။
နိုင်ငံအတွင်း မတည်ငြိမ်မှုများကြောင့်ခါကာဘိုရာဇီအမျိုးသားဥယျာဉ်နှင့် ဖုန်ကန်ရာဇီ တိရစ္ဆာန်ဘေးမဲ့တောတို့တွင် ထိန်းသိမ်းစောင့် ရှောက်မှု အားနည်းချက်များကို အခွင့်ကောင်းယူကာ ယခုကဲ့သို့ဖြစ်စဉ်များ ဖြစ်ပွားလာနေရခြင်းဖြစ်ကြောင်းနှင့် ဖုန်ကန်ရာဇီ တိရစ္ဆာန်ဘေးမဲ့တောတွင် ဖမ်းဆီးမှုများမှာ ပိုမိုများပြားလျက်ရှိနေကြောင်း ထိန်း သိမ်းရေးလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ဆိုသည်။
“ခါကာဘိုရာဇီမှာကတော့ သစ်တောက ဝန်ထမ်းတွေမရှိတော့ဘူး။ ဒေသခံဝန်ထမ်းတချို့ လောက်ပဲ ကျန်တော့တယ်။ ကင်းလှည့်တာတွေဘာတွေလည်း မလုပ်နိုင်တော့ အခုလိုတွေဖြစ်ကုန်တာ ပေါ့။ ဒီအထဲမှာမှဖုန်ကန်ဘက်က ပိုဆိုးတယ်။အဲဒီ ဘက်မှာဆိုရင် တောရိုင်းတိရစ္ဆာန်တွေကိုပါ ရောင်း နေကြတာ။ ဝက်ဝံတို့ဘာတို့ကစလို့ ရှားပါးကောင်တွေ ရောပဲ။ သင်းခွေချပ်ဆိုရင် ဒီဘက်မှာ မရှိသလောက် ဖြစ်သွားပြီ။ မြင်တောင်မမြင်ဖူးတော့ဘူး” ဟု အဆိုပါထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ကိုင်နေ သူကဆိုသည်။
လက်ရှိတွင် အဆိုပါထိန်းသိမ်းရေးဧရိ ယာများနှင့်နီးစပ်သည့်မြို့ကြီးများတွင် တောရိုင်း တိရစ္ဆာန်သားများ ရောင်းချခြင်းမှာ ပိုမိုတွင်ကျယ်လာ သည်ကိုတွေ့ရကြောင်းနှင့် အချို့မြို့များတွင် တရုတ် နိုင်ငံသို့ တောရိုင်းတိရစ္ဆာန်ထွက်ပစ္စည်းများ ရောင်းချသည့်မှောင်ခိုဈေးကွက်များလည်း ရှိနေကြောင်း အမည်မဖော်လိုသည့် ပူတာအိုမြို့ ဒေသခံတစ်ဦးက ဆိုသည်။
“ဈေးတွေမှာရောင်းနေကြတာတော့ အများကြီးပဲ၊ အရင်တုန်းကထက် အခုဆိုပိုများလာ တယ်။ ဝက်ဝံသားတွေတောင် ရလာတယ်။ နောက်ပြီး အရင်ကဆိုရင် ငှက်တွေကို လူတွေက သိပ်မစားကြဘူး။ ဒါပေမဲ့ အခုနောက်ပိုင်း အသားဈေးတွေကြီးလာတော့ ငှက်မျိုးစုံတွေကိုလည်းပစ်ပြီး ဈေးထဲမှာ လာ ရောင်းနေကြတာတွေရှိတယ်။ ဒါကတော့ မြင်ရတာပေါ့နော်။ မမြင်ရတဲ့အပိုင်းဆိုရင် တရုတ်ကကြိုက် တဲ့ တောရိုင်းတိရစ္ဆာန်ထွက်ပစ္စည်းတွေကို မှောင်ခို ရောင်းကြတာပေါ့။ အဲဒါတွေကို အဓိက မြစ်ကြီးနား ကနေ တရုတ်ပြည်ယူနန်ဘက်ကို ခွဲသွားတဲ့လမ်းနဲ့ ရှိန်းခေါင်- ခေါင်လန်ဖူး လမ်းဘက်ကနေပြီး ရောင်း ဝယ်ကြတာ” ဟု အဆိုပါဒေသခံက ရှင်းပြသည်။
ယခင်က ထိုသို့ တောရိုင်းတိရစ္ဆာန်ရောင်း ဝယ်မှုများကို မပြုလုပ်ရန်သော်လည်းကောင်း ဥပဒေ အရသော်လည်းကောင်း ပြောဆိုဆောင်ရွက်မှုများရှိခဲ့သော်လည်း လက်ရှိတွင် ဥပဒေကြောင်းအရ ကိုင် တွယ်သည့်အဖွဲ့အစည်းများ မရှိတော့ကြောင်း ဒေသ ခံများကဆိုသည်။
ခါကာဘိုရာဇီအမျိုးသားဥယျာဉ်သည် ပူတာအိုခရိုင် နောင်မွန်မြို့နယ် ပန်နန်းဒင်မြို့တွင် တည်ရှိပြီး စတုရန်းမိုင်ပေါင်း (၁၄၇၂) ကျယ်ဝန်းကာ အာဆီယံအမွေအနှစ် ဥယျာဉ်အဖြစ် ဝင့်ထည်စွာ တည်ရှိနေသော နေရာတစ်ခုဖြစ်သည့်အပြင် ခါကာ ဘိုရာဇီ အမျိုးသားဥယျာဉ်ဒေသသို့ မရောက်မီ ပန်နန်းဒင်နှင့် နောင်မွန်ကြား၌ UNESCO တွင် မှတ်တမ်းမတင်နိုင်သေးသည့် သဘာဝပေါက်ပင်များ၊ အင်းဆက်ပိုးမွှားများ၊ ငှက်များ၊ သဘာဝတောရိုင်း တိရစ္ဆာန်များရှိနေခြင်းကြောင့် ထိန်းသိမ်းကာကွယ်ရန် အလွန်အရေးကြီးသော နေရာတစ်ခုဖြစ်ကြောင်း သိရသည်။ ထို့အတူ ဖုန်ကန်ရာဇီတောရိုင်းတိရစ္ဆာန် ဘေးမဲ့တောသည်လည်း မချမ်းဘောမြို့၊ ပူတာ အိုမြို့နှင့် နောင်မွန်းမြို့နယ်တို့အတွင်း တည်ရှိပြီး (၂၇၀၃.၉၅ ) စတုရန်းကီလိုမီတာ ကျယ်ဝန်းကာ ငှက်မျိုးစိတ်(၃၇၀)မျိုး၊ လိပ်ပြာမျိုးစိတ်(၃၆၀)မျိုး၊ ကုန်းနေ၊ရေနေနှင့် တွားသွားသတ္တဝါ (၈၂)မျိုး ကျက်စားနေထိုင်သော ဒေသတစ်ခုဖြစ်ကြောင်း သိရ သည်။

Zawgyi Version:
ခါကာဘိုရာဇီအမ်ိဳးသားဥယ်ာဥ္ႏွင့္ ဖုန္ကန္ရာဇီတိရစာၦန္ေဘးမဲ့ေတာတို႔တြင္ အမဲလိုက္မႈမ်ား ပိုမ်ားလာေန
သက္ပိုင္ (NP News)
ျမန္မာႏိုင္ငံေျမာက္ဖ်ားပိုင္း ကခ်င္ျပည္နယ္အတြင္းတည္ရွိသည့္ ခါကာဘိုရာဇီအမ်ိဳးသား ဥယ်ာဥ္ ႏွင့္ ဖုန္ကန္ရာဇီတိရစာၦန္ေဘးမဲ့ေတာတို႔တြင္ အမဲလိုက္မႈမ်ား ပိုမ်ားလာေနေၾကာင္း ထိန္းသိမ္း ေစာင့္ေရွာက္ေရးလုပ္ငန္းလုပ္ကိုင္ေနသူမ်ားႏွင့္ ေဒသခံမ်ားက NP News သို႔ ေျပာ သည္။
ႏိုင္ငံအတြင္း မတည္ၿငိမ္မႈမ်ားေၾကာင့္ခါကာဘိုရာဇီအမ်ိဳးသားဥယ်ာဥ္ႏွင့္ ဖုန္ကန္ရာဇီ တိရစာၦန္ေဘးမဲ့ေတာတို႔တြင္ ထိန္းသိမ္းေစာင့္ ေရွာက္မႈ အားနည္းခ်က္မ်ားကို အခြင့္ေကာင္းယူကာ ယခုကဲ့သို႔ျဖစ္စဥ္မ်ား ျဖစ္ပြားလာေနရျခင္းျဖစ္ေၾကာင္းႏွင့္ ဖုန္ကန္ရာဇီ တိရစာၦန္ေဘးမဲ့ေတာတြင္ ဖမ္းဆီးမႈမ်ားမွာ ပိုမိုမ်ားျပားလ်က္ရွိေနေၾကာင္း ထိန္း သိမ္းေရးလုပ္ငန္းလုပ္ကိုင္ေနသူတစ္ဦးက ဆိုသည္။
“ခါကာဘိုရာဇီမွာကေတာ့ သစ္ေတာက ဝန္ထမ္းေတြမရွိေတာ့ဘူး။ ေဒသခံဝန္ထမ္းတခ်ိဳ႕ ေလာက္ပဲ က်န္ေတာ့တယ္။ ကင္းလွည့္တာေတြဘာေတြလည္း မလုပ္ႏိုင္ေတာ့ အခုလိုေတြျဖစ္ကုန္တာ ေပါ့။ ဒီအထဲမွာမွဖုန္ကန္ဘက္က ပိုဆိုးတယ္။အဲဒီ ဘက္မွာဆိုရင္ ေတာ႐ိုင္းတိရစာၦန္ေတြကိုပါ ေရာင္း ေနၾကတာ။ ဝက္ဝံတို႔ဘာတို႔ကစလို႔ ရွားပါးေကာင္ေတြ ေရာပဲ။ သင္းေခြခ်ပ္ဆိုရင္ ဒီဘက္မွာ မရွိသေလာက္ ျဖစ္သြားၿပီ။ ျမင္ေတာင္မျမင္ဖူးေတာ့ဘူး” ဟု အဆိုပါထိန္းသိမ္းေစာင့္ေရွာက္ေရး လုပ္ကိုင္ေန သူကဆိုသည္။
လက္ရွိတြင္ အဆိုပါထိန္းသိမ္းေရးဧရိ ယာမ်ားႏွင့္နီးစပ္သည့္ၿမိဳ႕ႀကီးမ်ားတြင္ ေတာ႐ိုင္း တိရစာၦန္သားမ်ား ေရာင္းခ်ျခင္းမွာ ပိုမိုတြင္က်ယ္လာ သည္ကိုေတြ႕ရေၾကာင္းႏွင့္ အခ်ိဳ႕ၿမိဳ႕မ်ားတြင္ တ႐ုတ္ ႏိုင္ငံသို႔ ေတာ႐ိုင္းတိရစာၦန္ထြက္ပစၥည္းမ်ား ေရာင္းခ်သည့္ေမွာင္ခိုေဈးကြက္မ်ားလည္း ရွိေနေၾကာင္း အမည္မေဖာ္လိုသည့္ ပူတာအိုၿမိဳ႕ ေဒသခံတစ္ဦးက ဆိုသည္။
“ေဈးေတြမွာေရာင္းေနၾကတာေတာ့ အမ်ားႀကီးပဲ၊ အရင္တုန္းကထက္ အခုဆိုပိုမ်ားလာ တယ္။ ဝက္ဝံသားေတြေတာင္ ရလာတယ္။ ေနာက္ၿပီး အရင္ကဆိုရင္ ငွက္ေတြကို လူေတြက သိပ္မစားၾကဘူး။ ဒါေပမဲ့ အခုေနာက္ပိုင္း အသားေဈးေတြႀကီးလာေတာ့ ငွက္မ်ိဳးစုံေတြကိုလည္းပစ္ၿပီး ေဈးထဲမွာ လာ ေရာင္းေနၾကတာေတြရွိတယ္။ ဒါကေတာ့ ျမင္ရတာေပါ့ေနာ္။ မျမင္ရတဲ့အပိုင္းဆိုရင္ တ႐ုတ္ကႀကိဳက္ တဲ့ ေတာ႐ိုင္းတိရစာၦန္ထြက္ပစၥည္းေတြကို ေမွာင္ခို ေရာင္းၾကတာေပါ့။ အဲဒါေတြကို အဓိက ျမစ္ႀကီးနား ကေန တ႐ုတ္ျပည္ယူနန္ဘက္ကို ခြဲသြားတဲ့လမ္းနဲ႔ ရွိန္းေခါင္- ေခါင္လန္ဖူး လမ္းဘက္ကေနၿပီး ေရာင္း ဝယ္ၾကတာ” ဟု အဆိုပါေဒသခံက ရွင္းျပသည္။
ယခင္က ထိုသို႔ ေတာ႐ိုင္းတိရစာၦန္ေရာင္း ဝယ္မႈမ်ားကို မျပဳလုပ္ရန္ေသာ္လည္းေကာင္း ဥပေဒ အရေသာ္လည္းေကာင္း ေျပာဆိုေဆာင္႐ြက္မႈမ်ားရွိခဲ့ေသာ္လည္း လက္ရွိတြင္ ဥပေဒေၾကာင္းအရ ကိုင္ တြယ္သည့္အဖြဲ႕အစည္းမ်ား မရွိေတာ့ေၾကာင္း ေဒသ ခံမ်ားကဆိုသည္။
ခါကာဘိုရာဇီအမ်ိဳးသားဥယ်ာဥ္သည္ ပူတာအိုခ႐ိုင္ ေနာင္မြန္ၿမိဳ႕နယ္ ပန္နန္းဒင္ၿမိဳ႕တြင္ တည္ရွိၿပီး စတုရန္းမိုင္ေပါင္း (၁၄၇၂) က်ယ္ဝန္းကာ အာဆီယံအေမြအႏွစ္ ဥယ်ာဥ္အျဖစ္ ဝင့္ထည္စြာ တည္ရွိေနေသာ ေနရာတစ္ခုျဖစ္သည့္အျပင္ ခါကာ ဘိုရာဇီ အမ်ိဳးသားဥယ်ာဥ္ေဒသသို႔ မေရာက္မီ ပန္နန္းဒင္ႏွင့္ ေနာင္မြန္ၾကား၌ UNESCO တြင္ မွတ္တမ္းမတင္ႏိုင္ေသးသည့္ သဘာဝေပါက္ပင္မ်ား၊ အင္းဆက္ပိုးမႊားမ်ား၊ ငွက္မ်ား၊ သဘာဝေတာ႐ိုင္း တိရစာၦန္မ်ားရွိေနျခင္းေၾကာင့္ ထိန္းသိမ္းကာကြယ္ရန္ အလြန္အေရးႀကီးေသာ ေနရာတစ္ခုျဖစ္ေၾကာင္း သိရသည္။ ထို႔အတူ ဖုန္ကန္ရာဇီေတာ႐ိုင္းတိရစာၦန္ ေဘးမဲ့ေတာသည္လည္း မခ်မ္းေဘာၿမိဳ႕၊ ပူတာ အိုၿမိဳ႕ႏွင့္ ေနာင္မြန္းၿမိဳ႕နယ္တို႔အတြင္း တည္ရွိၿပီး (၂၇၀၃.၉၅ ) စတုရန္းကီလိုမီတာ က်ယ္ဝန္းကာ ငွက္မ်ိဳးစိတ္(၃၇၀)မ်ိဳး၊ လိပ္ျပာမ်ိဳးစိတ္(၃၆၀)မ်ိဳး၊ ကုန္းေန၊ေရေနႏွင့္ တြားသြားသတၱဝါ (၈၂)မ်ိဳး က်က္စားေနထိုင္ေသာ ေဒသတစ္ခုျဖစ္ေၾကာင္း သိရ သည္။