အစားအသောက်တွင် တားမြစ် ဓာတုပစ္စည်း ဖော်မလင်အားထည့်သွင်းသုံးစွဲပါက ဥပဒေအရ အရေးယူမည်

 426

Pearl (NP News)- အောက်တိုဘာ ၂၃
အစားအသောက်တွင် တားမြစ် ဓာတုပစ္စည်း ဖော်မလင် (Formalin) အားထည့်သွင်းသုံးစွဲပါက ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ယနေ့ (အောက်တိုဘာ ၂၃ရက်)တွင် အသိပေးထုတ်ပြန်ထားသည်။
ဈေးကွက်တွင် ရောင်းချလျက်ရှိသော အစားအသောက်အမယ်များ (ဥပမာ-ပဲသွေး၊ ပဲပြား၊ မုန့်ဖတ်စသည်) တွင် စားသုံးသူများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သော တားမြစ်ဓာတုပစ္စည်း ဖြစ်သည့် ဖော်မလင် (Formalin) ထည့်သွင်းသုံးစွဲခွင့်မပြုကြောင်း ထုတ်ပြန်ထားသည်။
တာရှည်ခံစေရန်ရည်ရွယ်၍ ဖော်မလင် (Formalin) ထည့်သွင်းအသုံးပြုထားသော အစားအသောက်များကို စားသုံးမိပါက လတ်တလောတွင် ခေါင်းမူး/ ခေါင်းကိုက်ခြင်း၊ အော့အန်ခြင်း၊ ဗိုက်နာခြင်း၊ အသက်ရှူရခက်ခဲခြင်းများ ဖြစ်ပွားစေနိုင်ပြီး ရေရှည်စားသုံးမိပါက အစာအိမ်အနာဖြစ်ခြင်း၊ အသည်း၊ ကျောက်ကပ်များ ပျက်စီး ခြင်း၊ ကင်ဆာရောဂါများ ဖြစ်ပွားစေနိုင်ခြင်းတို့အပြင် ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ကလေးငယ် များတွင် ဖော်မလင် (Formalin) အဆိပ်သင့်မှု ပိုမိုဖြစ်ပွားနိုင်ပြီး စားသုံးမိပါက သန္ဓေသားဖွံ့ဖြိုးမှု ထိခိုက်ခြင်းနှင့် ကလေးသူငယ်ကြီးထွားမှုပြဿနာများ ဖြစ်ပွားစေနိုင်ပါသဖြင့် စားသုံးခြင်းမပြုရန်လည်း အသိပေး ထားသည်။

အစားအသောက်ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချသူများအနေဖြင့် အစားအသောက်တွင် တားမြစ် ဓာတုပစ္စည်း ဖော်မလင် (Formalin) အား လုံးဝ (လုံးဝ) ထည့်သွင်းသုံးစွဲခြင်းမပြုရန်နှင့် လိုက်နာ ဆောင်ရွက်ခြင်းမရှိပါက အမျိုးသားအစားအသောက်ဥပဒေပုဒ်မ ၂၈ (က) အရ အရေးယူမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

Zawgyi Version:
အစားအေသာက္တြင္ တားျမစ္ ဓာတုပစၥည္း ေဖာ္မလင္အားထည့္သြင္းသုံးစြဲပါက ဥပေဒအရ အေရးယူမည္
Pearl (NP News)- ေအာက္တိုဘာ ၂၃
အစားအေသာက္တြင္ တားျမစ္ ဓာတုပစၥည္း ေဖာ္မလင္ (Formalin) အားထည့္သြင္းသုံးစြဲပါက ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာန၊ အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဦးစီးဌာနက ယေန႔ (ေအာက္တိုဘာ ၂၃ရက္)တြင္ အသိေပးထုတ္ျပန္ထားသည္။
ေဈးကြက္တြင္ ေရာင္းခ်လ်က္ရွိေသာ အစားအေသာက္အမယ္မ်ား (ဥပမာ-ပဲေသြး၊ ပဲျပား၊ မုန႔္ဖတ္စသည္) တြင္ စားသုံးသူမ်ား၏ က်န္းမာေရးကို ထိခိုက္ေစႏိုင္ေသာ တားျမစ္ဓာတုပစၥည္း ျဖစ္သည့္ ေဖာ္မလင္ (Formalin) ထည့္သြင္းသုံးစြဲခြင့္မျပဳေၾကာင္း ထုတ္ျပန္ထားသည္။
တာရွည္ခံေစရန္ရည္႐ြယ္၍ ေဖာ္မလင္ (Formalin) ထည့္သြင္းအသုံးျပဳထားေသာ အစားအေသာက္မ်ားကို စားသုံးမိပါက လတ္တေလာတြင္ ေခါင္းမူး/ ေခါင္းကိုက္ျခင္း၊ ေအာ့အန္ျခင္း၊ ဗိုက္နာျခင္း၊ အသက္ရႉရခက္ခဲျခင္းမ်ား ျဖစ္ပြားေစႏိုင္ၿပီး ေရရွည္စားသုံးမိပါက အစာအိမ္အနာျဖစ္ျခင္း၊ အသည္း၊ ေက်ာက္ကပ္မ်ား ပ်က္စီး ျခင္း၊ ကင္ဆာေရာဂါမ်ား ျဖစ္ပြားေစႏိုင္ျခင္းတို႔အျပင္ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးမ်ားႏွင့္ ကေလးငယ္ မ်ားတြင္ ေဖာ္မလင္ (Formalin) အဆိပ္သင့္မႈ ပိုမိုျဖစ္ပြားႏိုင္ၿပီး စားသုံးမိပါက သေႏၶသားဖြံ႕ၿဖိဳးမႈ ထိခိုက္ျခင္းႏွင့္ ကေလးသူငယ္ႀကီးထြားမႈျပႆနာမ်ား ျဖစ္ပြားေစႏိုင္ပါသျဖင့္ စားသုံးျခင္းမျပဳရန္လည္း အသိေပး ထားသည္။

အစားအေသာက္ထုတ္လုပ္၊ ျဖန႔္ျဖဴး၊ ေရာင္းခ်သူမ်ားအေနျဖင့္ အစားအေသာက္တြင္ တားျမစ္ ဓာတုပစၥည္း ေဖာ္မလင္ (Formalin) အား လုံးဝ (လုံးဝ) ထည့္သြင္းသုံးစြဲျခင္းမျပဳရန္ႏွင့္ လိုက္နာ ေဆာင္႐ြက္ျခင္းမရွိပါက အမ်ိဳးသားအစားအေသာက္ဥပေဒပုဒ္မ ၂၈ (က) အရ အေရးယူမည္ျဖစ္ေၾကာင္း အသိေပးထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.