ရွှေတောင်မြို့နယ်တွင် ဧရာဝတီမြစ်ကမ်းပါးပြိုကျ၍ (၄) နှစ်အတွင်း ကျေးရွာ (၃) ရွာ တစစ ပြောင်းရွေ့နေရပြီး ကျန်ရွာများလည်း စိုးရိမ်နေ

 137

သန့်ဇင် (NP News) - အောက်တိုဘာ ၂၅

ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ဧရာဝတီမြစ်ကမ်းပါးပြိုကျ၍ (၄) နှစ်အတွင်း စကားများကျေးရွာ၊ ရွှေဟင်္သာကျေးရွာနှင့် ညောင်ကုန်းကျေးရွာတို့မှ အိမ်ခြေရာနှင့်ချီပြောင်းရွှေ့နေရပြီး လာမည့်နှစ်တွင် ကျေးရွာအချို့ဆက်လက်ပြောင်း ရွှေ့ရနိုင်ကြောင်း ဒေသခံများက NP News သို့ ပြောသည်။
ကမ်းပါးပြိုကျမှုသည် လွန်ခဲ့သော (၄) နှစ်ခန့်ကစတင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ ပြိုကျနေသောကြောင့် အထက်ပါကျေးရွာများ ဆက်လက်ပြောင်းရွှေ့နေဆဲဖြစ်ကြောင်း သိရသည်။
“လက်ရှိကမ်းပါးတွေပြိုပြီဆိုတည်းက ရွာကြီး (၂)ရွာကတော့ တိတိကျကျကိုရွေ့ပြောင်းထားရပြီ။ ညောင်ကုန်းရွာနဲ့ စကားများရွာ (၂)ရွာကတော့ လုံးလုံးရွေ့ထားပြီ။ အခုတစ်ချို့တစ်ဝက်နဲ့ ရွေ့ပြောင်းနေတာက ရွှေဟင်္သာရွာက တစ်ချို့တစ်ဝက် ရွှေ့နေကြရတယ်။ တိတိကျကျတော့ မဟုတ်ပေမယ့် ယာယီသဘောမျိုးနဲ့ ရွှေ့နေကြတာ။ ဗုဒ္ဓဘာသာတွေဆိုတော့လည်း ကံအားလျှော်စွာ ကမ်းပါးပြိုတာ ရပ်များရပ်သွားမလားနဲ့ ရေရှည်တည်ဦးမလားဆိုပြီး အခြားနေရာလေးမှာ ယာယီပြောင်းရွှေ့နေနေတာပေါ့။ အဲဒီရွာကတော့ ရွှေဟင်္သာ ရွာလို့ခေါ်တယ်။ ရွှေဟင်္သာရွာမှာက ရွာမြောက်ဘက်၊ တောင်ဘက်ဆိုတော့ တစ်ခြမ်းလုံးလိုပြောင်းရွှေ့နေကြရတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။
ကမ်းပါးပြိုကျမှုကြောင့် ရွှေဟင်္သာကျေးရွာမှ အိမ်ခြေ(၁၀၀)နီးပါး၊ ညောင်ကုန်းကျေးရွာမှ အိမ်ခြေ(၈၀)နှင့် စကားများ ကျေးရွာမှာလည်း အိမ်ခြေ (၁၀၀)နီးပါးမှာ လက်ရှိတွင် ယာယီရွှေ့ပြောင်းထားရကြောင်း သိရသည်။
“လက်ရှိအနေအထားအတိုင်း ကာကွယ်မှုကောင်းကောင်းမရခဲ့ဘူး။ လက်ရှိအနေအထားအတိုင်း နေသွားမယ် ဆိုရင် လာမယ့်ကာလမှာ ကျန်နေတဲ့ ရွှေဟင်္သာအရှေ့ဘက်ရွာတို့ ညောင်ကုန်းရွာသစ်တို့ရွာတွေကလည်း ရွှေ့ပြောင်းကြရလိမ့်မယ်။ အဲဒီရွာတွေပြောင်းရတာနဲ့ အထက်တန်းကျောင်းလည်းထိခိုက်မယ်။ ပြီးရင် စကားများ ကျေးလက်ဆေးပေးခန်းလည်း ရွှေ့ပြောင်းရလိမ့်မယ်။ ရွာကတော့ရွှေ့သွားပြီး ကျေးလက်ဆေးပေးခန်းက ကျန်နေသေးတယ်” ဟု အထက်ပါဒေသခံက ပြောသည်။
လက်ရှိအခြေအနေတိုင်းသာ ကာကွယ်မှုများမလုပ်ဆောင်ပါက လာမည့် (၂) နှစ်အတွင်း ရွှေဟင်္သာကျေးရွာအုပ်စု တစ်ခုလုံး ရေတိုက်စားမှုကြောင့် ရွာပျက်သွားနိုင်ပြီး စိုက်ပျိုးမြေများလည်းဆုံးရှုံးရနိုင်ကြောင်း အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။
“လက်ရှိနှုန်းထားအတိုင်းသွားနေရင် နောက် (၂) နှစ်လောက်ဆိုရင် အဲဒီနေရာတွေက အကုန်လုံးမဟုတ်တောင် ထိခိုက်သွားနိုင်တယ်။ အခုညောင်ကုန်းနဲ့ ရွှေဟင်္သာထိပြီဆိုတာနဲ့ ကျေးလက်ဆေးပေးခန်း၊ အထက်တန်းကျောင်း ထိမယ်။ ပြီးရင်ဇီးတောဘို၊ ထန်းပင်ကွက်၊ ပေါက်ကုန်းရွာသစ်၊ ကျွန်းမီးနဲ့ စစ်ကုန်းလည်းထိမယ်။ ရွာချင်းက ဆက်နေတာ တစ်ရွာနဲ့တစ်ရွာဆက်နေတာ” ဟု အထက်ပါဒေသခံက ဆက်ပြောသည်။
ကမ်းပါးပြိုရခြင်းသည် လွန်ခဲ့သောနှစ်များက ဧရာဝတီမြစ်အတွင်း သဲနှင့်ကျောက်များ စုပ်ယူခြင်းကြောင့် မြစ်ကြောင်းပြောင်းလဲကာ ရေတိုက်စားခြင်းမှ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သဲတို့ ကျောက်တို့ကို လာစုပ်ရင် နောက်ပိုင်း ရွာသားတွေ ဆန္ဒပြပြီး သဲလာစုပ်ရင်လေးခွများဖြင့်ပစ်လွှတ်လို့ ရွာနားလာမစုပ်ဘဲ နေရာပြောင်းပြီးစုပ်ယူခဲ့ကြတယ်။ အကျိုးဆက် ကတော့ ခုလက်ရှိ ရွာသူရွာသားတွေ ကမ်းပါးပြိုလို့ ရွာတွေရွှေ့ပြောင်းရပါတယ်။ တောင်သူများဖြစ်တဲ့အတွက် စိုက်စရာကိုင်း ကျွန်းတွေလဲ မြေပြိုတဲ့အထဲပါကုန်ပါတယ်။ အစိုးရကတော့ ရေကာတာချပေးမယ် ပြောပေမဲ့ ရေကာတာချပေး တဲ့အချိန်အထိဆိုရင် တစ်ကျွန်းလုံးပြိုမဲ့အရေးမို့ ရေကာတာလဲမြန်မြန်ကျအောင်ရွာသူရွာသားတွေလည်း ဆန္ဒရှိနေကြတယ်” ဟု အခြား ဒေသခံတစ်ဦးက ပြောသည်။

Zawgyi Version:
ေ႐ႊေတာင္ၿမိဳ႕နယ္တြင္ ဧရာဝတီျမစ္ကမ္းပါးၿပိဳက်၍ (၄) ႏွစ္အတြင္း ေက်း႐ြာ (၃) ႐ြာ တစစ ေျပာင္းေ႐ြ႕ေနရ ၿပီး က်န္႐ြာမ်ားလည္း စိုးရိမ္ေန
သန႔္ဇင္ (NP News) - ေအာက္တိုဘာ ၂၅
ပဲခူးတိုင္းေဒသႀကီးအေနာက္ပိုင္း၊ ျပည္ခ႐ိုင္၊ ေ႐ႊေတာင္ၿမိဳ႕နယ္တြင္ ဧရာဝတီျမစ္ကမ္းပါးၿပိဳက်၍ (၄) ႏွစ္အတြင္း စကားမ်ားေက်း႐ြာ၊ ေ႐ႊဟသၤာေက်း႐ြာႏွင့္ ေညာင္ကုန္းေက်း႐ြာတို႔မွ အိမ္ေျခရာႏွင့္ခ်ီေျပာင္းေ႐ႊ႕ေနရၿပီး လာမည့္ႏွစ္တြင္ ေက်း႐ြာအခ်ိဳ႕ဆက္လက္ေျပာင္း ေ႐ႊ႕ရႏိုင္ေၾကာင္း ေဒသခံမ်ားက NP News သို႔ ေျပာသည္။
ကမ္းပါးၿပိဳက်မႈသည္ လြန္ခဲ့ေသာ (၄) ႏွစ္ခန႔္ကစတင္ခဲ့ျခင္းျဖစ္ၿပီး လက္ရွိအခ်ိန္အထိ ၿပိဳက်ေနေသာေၾကာင့္ အထက္ပါေက်း႐ြာမ်ား ဆက္လက္ေျပာင္းေ႐ႊ႕ေနဆဲျဖစ္ေၾကာင္း သိရသည္။
“လက္ရွိကမ္းပါးေတြၿပိဳၿပီဆိုတည္းက ႐ြာႀကီး (၂)႐ြာကေတာ့ တိတိက်က်ကိုေ႐ြ႕ေျပာင္းထားရၿပီ။ ေညာင္ကုန္း႐ြာနဲ႔ စကားမ်ား႐ြာ (၂)႐ြာကေတာ့ လုံးလုံးေ႐ြ႕ထားၿပီ။ အခုတစ္ခ်ိဳ႕တစ္ဝက္နဲ႔ ေ႐ြ႕ေျပာင္းေနတာက ေ႐ႊဟသၤာ႐ြာက တစ္ခ်ိဳ႕တစ္ဝက္ ေ႐ႊ႕ေနၾကရတယ္။ တိတိက်က်ေတာ့ မဟုတ္ေပမယ့္ ယာယီသေဘာမ်ိဳးနဲ႔ ေ႐ႊ႕ေနၾကတာ။ ဗုဒၶဘာသာေတြဆိုေတာ့လည္း ကံအားေလွ်ာ္စြာ ကမ္းပါးၿပိဳတာ ရပ္မ်ားရပ္သြားမလားနဲ႔ ေရရွည္တည္ဦးမလားဆိုၿပီး အျခားေနရာေလးမွာ ယာယီေျပာင္းေ႐ႊ႕ေနေနတာေပါ့။ အဲဒီ႐ြာကေတာ့ ေ႐ႊဟသၤာ ႐ြာလို႔ေခၚတယ္။ ေ႐ႊဟသၤာ႐ြာမွာက ႐ြာေျမာက္ဘက္၊ ေတာင္ဘက္ဆိုေတာ့ တစ္ျခမ္းလုံးလိုေျပာင္းေ႐ႊ႕ေနၾကရတာ”ဟု ေဒသခံတစ္ဦးက ေျပာသည္။
ကမ္းပါးၿပိဳက်မႈေၾကာင့္ ေ႐ႊဟသၤာေက်း႐ြာမွ အိမ္ေျခ(၁၀၀)နီးပါး၊ ေညာင္ကုန္းေက်း႐ြာမွ အိမ္ေျခ(၈၀)ႏွင့္ စကားမ်ား ေက်း႐ြာမွာလည္း အိမ္ေျခ (၁၀၀)နီးပါးမွာ လက္ရွိတြင္ ယာယီေ႐ႊ႕ေျပာင္းထားရေၾကာင္း သိရသည္။
“လက္ရွိအေနအထားအတိုင္း ကာကြယ္မႈေကာင္းေကာင္းမရခဲ့ဘူး။ လက္ရွိအေနအထားအတိုင္း ေနသြားမယ္ ဆိုရင္ လာမယ့္ကာလမွာ က်န္ေနတဲ့ ေ႐ႊဟသၤာအေရွ႕ဘက္႐ြာတို႔ ေညာင္ကုန္း႐ြာသစ္တို႔႐ြာေတြကလည္း ေ႐ႊ႕ေျပာင္းၾကရလိမ့္မယ္။ အဲဒီ႐ြာေတြေျပာင္းရတာနဲ႔ အထက္တန္းေက်ာင္းလည္းထိခိုက္မယ္။ ၿပီးရင္ စကားမ်ား ေက်းလက္ေဆးေပးခန္းလည္း ေ႐ႊ႕ေျပာင္းရလိမ့္မယ္။ ႐ြာကေတာ့ေ႐ႊ႕သြားၿပီး ေက်းလက္ေဆးေပးခန္းက က်န္ေနေသးတယ္” ဟု အထက္ပါေဒသခံက ေျပာသည္။
လက္ရွိအေျခအေနတိုင္းသာ ကာကြယ္မႈမ်ားမလုပ္ေဆာင္ပါက လာမည့္ (၂) ႏွစ္အတြင္း ေ႐ႊဟသၤာေက်း႐ြာအုပ္စု တစ္ခုလုံး ေရတိုက္စားမႈေၾကာင့္ ႐ြာပ်က္သြားႏိုင္ၿပီး စိုက္ပ်ိဳးေျမမ်ားလည္းဆုံးရႈံးရႏိုင္ေၾကာင္း အထက္ပါ သတင္းရင္းျမစ္က ဆိုသည္။
“လက္ရွိႏႈန္းထားအတိုင္းသြားေနရင္ ေနာက္ (၂) ႏွစ္ေလာက္ဆိုရင္ အဲဒီေနရာေတြက အကုန္လုံးမဟုတ္ေတာင္ ထိခိုက္သြားႏိုင္တယ္။ အခုေညာင္ကုန္းနဲ႔ ေ႐ႊဟသၤာထိၿပီဆိုတာနဲ႔ ေက်းလက္ေဆးေပးခန္း၊ အထက္တန္းေက်ာင္း ထိမယ္။ ၿပီးရင္ဇီးေတာဘို၊ ထန္းပင္ကြက္၊ ေပါက္ကုန္း႐ြာသစ္၊ ကြၽန္းမီးနဲ႔ စစ္ကုန္းလည္းထိမယ္။ ႐ြာခ်င္းက ဆက္ေနတာ တစ္႐ြာနဲ႔တစ္႐ြာဆက္ေနတာ” ဟု အထက္ပါေဒသခံက ဆက္ေျပာသည္။
ကမ္းပါးၿပိဳရျခင္းသည္ လြန္ခဲ့ေသာႏွစ္မ်ားက ဧရာဝတီျမစ္အတြင္း သဲႏွင့္ေက်ာက္မ်ား စုပ္ယူျခင္းေၾကာင့္ ျမစ္ေၾကာင္းေျပာင္းလဲကာ ေရတိုက္စားျခင္းမွ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“သဲတို႔ ေက်ာက္တို႔ကို လာစုပ္ရင္ ေနာက္ပိုင္း ႐ြာသားေတြ ဆႏၵျပၿပီး သဲလာစုပ္ရင္ေလးခြမ်ားျဖင့္ပစ္လႊတ္လို႔ ႐ြာနားလာမစုပ္ဘဲ ေနရာေျပာင္းၿပီးစုပ္ယူခဲ့ၾကတယ္။ အက်ိဳးဆက္ ကေတာ့ ခုလက္ရွိ ႐ြာသူ႐ြာသားေတြ ကမ္းပါးၿပိဳလို႔ ႐ြာေတြေ႐ႊ႕ေျပာင္းရပါတယ္။ ေတာင္သူမ်ားျဖစ္တဲ့အတြက္ စိုက္စရာကိုင္း ကြၽန္းေတြလဲ ေျမၿပိဳတဲ့အထဲပါကုန္ပါတယ္။ အစိုးရကေတာ့ ေရကာတာခ်ေပးမယ္ ေျပာေပမဲ့ ေရကာတာခ်ေပး တဲ့အခ်ိန္အထိဆိုရင္ တစ္ကြၽန္းလုံးၿပိဳမဲ့အေရးမို႔ ေရကာတာလဲျမန္ျမန္က်ေအာင္႐ြာသူ႐ြာသားေတြလည္း ဆႏၵရွိေနၾကတယ္” ဟု အျခား ေဒသခံတစ္ဦးက ေျပာသည္။

Related news

© 2021. All rights reserved.