ထိုင်းပြည်သူများ၏ အချစ်တော် မိဖုရား သီရိခေတ် အသက် (၉၃) နှစ်တွင် ကံတော်ကုန်

1268

ALynn (NP news)- အောက်တိုဘာ ၂၅
ရာမ ၉ ဘုရင်၏ မိဖုရား၊ လက်ရှိထိုင်းဘုရင်၏ မယ်တော် သီရိခေတ် သောကြာနေ့တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း တော်ဝင်နန်းတော်ရေးရာဌာနက သောကြာနေ့ (အောက်တိုဘာလ ၂၄ ရက်) တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် မိဖုရားကြီးသည် အသက် (၉၃) နှစ် အရွယ် ရှိပြီဖြစ်သည်။
တော်ဝင်နန်းတော်ရေးရာဌာနက သူမသည် ဘန်ကောက်မြို့ရှိ ချူလာလောင်ကွန်းဆေးရုံ၌ ကွယ်လွန်ခဲ့ကြောင်း ဖော်ပြခဲ့သည်။ အောက်တိုဘာ (၁၇) ရက်မှစ၍ သူမသည် သွေးတွင်းပိုးဝင်ခြင်းကို ခံစားခဲ့ရပြီး ဆေးကုသရေးအဖွဲ့က အစွမ်းကုန်ကုသပေးခဲ့သော်လည်း သူမ၏ ကျန်းမာရေးအခြေအနေ တိုးတက်မှု မရှိခဲ့ပေ။
ပြီးခဲ့သည့်နှစ်များအတွင်း ကျန်းမာရေး ချို့ယွင်းလာမှုကြောင့် သူမသည် အများပြည်သူရှေ့မှ အတော်ကြာ ပျောက်ကွယ်နေခဲ့သည်။ သူမ၏ ခင်ပွန်းဖြစ်သူ ဘုရင် ဘူမိဘော အဒူယာဒက်သည် (၂၀၁၆) ခုနှစ်၊ အောက်တိုဘာလတွင် ကွယ်လွန်ခဲ့သည်။
အစိုးရပြောရေးဆိုခွင့်ရှိသူတစ်ဦးက ထိုင်းဝန်ကြီးချုပ် အနုတင်ချာဗီရာကူလ်သည် ဘုရင်မကြီး ကွယ်လွန်ခြင်းသတင်းကြောင့် စနေနေ့တွင် မလေးရှားနိုင်ငံသို့သွားရောက်မည့် လေကြောင်းခရီးစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း ပြောကြားခဲ့သည်။ မလေးရှားတွင် တနင်္ဂနွေနေ့မှ အင်္ဂါနေ့အထိ အာဆီယံခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးကို ကျင်းပမည်ဖြစ်သည်။
ဝန်ကြီးချုပ် အနုတင်သည် တနင်္ဂနွေနေ့ရောက်မှ မလေးရှားသို့ သွားရောက်မည်ဖြစ်ကြောင်း The Nation က ဆိုသည်။ ထိုနေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇူလိုင်လတွင် တိုက်ပွဲများဖြစ်ပွားသည်အထိ ပြင်းထန်ခဲ့သော နယ်စပ်အငြင်းပွားမှုနှင့်ပတ်သက်၍ ထိုင်းနှင့် ကမ္ဘောဒီးယားအကြား ငြိမ်းချမ်းရေးသဘောတူညီချက် လက်မှတ်ရေးထိုးခြင်းကို ကြီးကြပ်ပေးရန် စီစဉ်ထားကြောင်းသိရသည်။
ထိုင်း PBS မီဒီယာ၏အဆိုအရ ဘုရင် ဝဇီရာလောင်ကွန်းက ဘုရင်မကြီး ကွယ်လွန်သည့်နေ့မှစ၍ တော်ဝင်မိသားစုဝင်များနှင့် တော်ဝင်အစေခံများအတွက် တစ်နှစ်ကြာ ဝမ်းနည်းခြင်းအထိမ်းအမှတ်ကာလ သတ်မှတ်ရန် အမိန့်ထုတ်ပြန်ခဲ့သည်။ ကွယ်လွန်သူ ဘုရင်မကြီး၏ ရုပ်ကလာပ်ကို ဘန်ကောက်မြို့ရှိ နန်းတော်ကြီးတွင် ဂူသွင်းထားရှိမည်ဖြစ်သည်။
မိဖုရား သီရိခေတ်သည် ပြည်သူများ၏ ချစ်ခင်လေးစားခံရပြီး သြဇာအာဏာရှိသူ ဖြစ်ခဲ့သည်။ သူမ၏ ပုံတူဓာတ်ပုံများကို ထိုင်းနိုင်ငံတစ်ဝန်းရှိ နေအိမ်များ၊ ရုံးများနှင့် အများပြည်သူနေရာများတွင် ချိတ်ဆွဲပြသခဲ့ကြပြီး သြဂုတ်လ (၁၂) ရက် သူမ၏မွေးနေ့ကို အမေများနေ့အဖြစ် ဆင်နွှဲခဲ့ကြသည်။ သူမသည် ကမ္ဘောဒီးယားဒုက္ခသည်များကို ကူညီခြင်းမှစလို့ နိုင်ငံ၏ သစ်တောများ ပြုန်းတီးနေခြင်းမှ တားဆီးကာကွယ်ခြင်းအထိ ပါဝင်ခဲ့သည်။
မိဖုရားသီရိခေတ် သည် (၁၉၃၂) ခုနှစ်၊ သြဂုတ်လ (၁၂) ရက်နေ့တွင် ဘန်ကောက်မြို့ရှိ ချမ်းသာကြွယ်ဝသည့် မင်းမျိုးမင်းနွယ် မိသားစုမှ မွေးဖွားခဲ့သည်။ သူမ၏ မိဘနှစ်ပါးစလုံးသည် လက်ရှိ ချက်ကရီမင်းဆက်မှ ဘုရင်များနှင့် ဆက်နွယ်မှုရှိခဲ့သည်။
သူမသည် ဒုတိယကမ္ဘာစစ်အတွင်း ဘန်ကောက်မြို့ရှိ စာသင်ကျောင်းများတွင် ပညာသင်ယူခဲ့ပြီး စစ်အပြီးတွင် သံအမတ်အဖြစ် တာဝန်ထမ်းဆောင်နေသော သူမ၏ ဖခင်နှင့်အတူ ပြင်သစ်နိုင်ငံသို့ ပြောင်းရွှေ့ခဲ့သည်။
ပဲရစ်မြို့၌ ဂီတနှင့် ဘာသာစကားများ လေ့လာနေချိန် အသက် (၁၆) နှစ်အရွယ်တွင် သူမသည် ထိုင်းနိုင်ငံ၏ ဘိသိက်ခံပြီးစ ဘုရင်နှင့် စတင်ရင်းနှီးကျွမ်းဝင်ခဲ့သည်။
ထိုနောက် ဘုရင် ဘူမိဘော ကားမတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပြီးနောက် ၎င်းအားပြုစုစောင့်ရှောက်ရန်အတွက် ဘုရင်ပညာသင်ယူနေသည့် ဆွစ်ဇာလန်နိုင်ငံသို့ သူမပြောင်းရွှေ့လာခဲ့ရာမှ သူတို့နှစ်ဦး၏ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲလာခဲ့သည်။ ဘုရင်သည် သူမအား ကဗျာများဖြင့် ချစ်ရေးဆိုခဲ့ပြီး "I Dream of You" ဟူသည့် ဝေါလ်ဇ်ဂီတတစ်ပုဒ်ကိုလည်း စပ်ဆိုပေးခဲ့သည်။
ထိုစုံတွဲသည် (၁၉၅၀) ပြည့်နှစ်တွင် လက်ထပ်ခဲ့ကြပြီး ထိုနှစ်နှောင်းပိုင်းတွင် ကျင်းပသည့် ဘိသိက်ခံပွဲ အခမ်းအနား၌ နှစ်ဦးစလုံးက "ထိုင်း ပြည်သူလူထု၏ အကျိုးနှင့် ပျော်ရွှင်မှုကို ရှေးရှုကာ ဖြောင့်မတ်မှန်ကန်စွာ အုပ်ချုပ်မည့်အကြောင်း" ကတိပြုခဲ့ကြသည်။
(၂၀၁၆) ခုနှစ်တွင် ဘူမိဘော ကွယ်လွန်ပြီးနောက် သူမ၏ တစ်ဦးတည်းသော သားတော်ဖြစ်သည့် မဟာ ဝဇီရာလောင်ကွန်း၊ ရာမ ၁၀ က ထီးနန်းကိုဆက်ခံခဲ့သည်။ ထို့နောက် (၂၀၁၉) ခုနှစ်တွင် ဘုရင်ဝဇီရာလောင်ကွန်း ဘိသိက်ခံယူခဲ့ရာ သီရိခေတ်၏ တရားဝင်ဘွဲ့အမည်မှာ ဘုရင့်မယ်တော် ဖြစ်လာခဲ့သည်။

Zawgyi Version:
ထိုင္းျပည္သူမ်ား၏ အခ်စ္ေတာ္ မိဖုရား သီရိေခတ္ အသက္ (၉၃) ႏွစ္တြင္ ကံေတာ္ကုန္
ALynn (NP news)- ေအာက္တိုဘာ ၂၅
ရာမ ၉ ဘုရင္၏ မိဖုရား၊ လက္ရွိထိုင္းဘုရင္၏ မယ္ေတာ္ သီရိေခတ္ ေသာၾကာေန႔တြင္ ကြယ္လြန္သြားၿပီျဖစ္ေၾကာင္း ေတာ္ဝင္နန္းေတာ္ေရးရာဌာနက ေသာၾကာေန႔ (ေအာက္တိုဘာလ ၂၄ ရက္) တြင္ ေၾကညာခ်က္ထုတ္ျပန္ခဲ့သည္။ ကြယ္လြန္ခ်ိန္တြင္ မိဖုရားႀကီးသည္ အသက္ (၉၃) ႏွစ္ အ႐ြယ္ ရွိၿပီျဖစ္သည္။
ေတာ္ဝင္နန္းေတာ္ေရးရာဌာနက သူမသည္ ဘန္ေကာက္ၿမိဳ႕ရွိ ခ်ဴလာေလာင္ကြန္းေဆး႐ုံ၌ ကြယ္လြန္ခဲ့ေၾကာင္း ေဖာ္ျပခဲ့သည္။ ေအာက္တိုဘာ (၁၇) ရက္မွစ၍ သူမသည္ ေသြးတြင္းပိုးဝင္ျခင္းကို ခံစားခဲ့ရၿပီး ေဆးကုသေရးအဖြဲ႕က အစြမ္းကုန္ကုသေပးခဲ့ေသာ္လည္း သူမ၏ က်န္းမာေရးအေျခအေန တိုးတက္မႈ မရွိခဲ့ေပ။
ၿပီးခဲ့သည့္ႏွစ္မ်ားအတြင္း က်န္းမာေရး ခ်ိဳ႕ယြင္းလာမႈေၾကာင့္ သူမသည္ အမ်ားျပည္သူေရွ႕မွ အေတာ္ၾကာ ေပ်ာက္ကြယ္ေနခဲ့သည္။ သူမ၏ ခင္ပြန္းျဖစ္သူ ဘုရင္ ဘူမိေဘာ အဒူယာဒက္သည္ (၂၀၁၆) ခုႏွစ္၊ ေအာက္တိုဘာလတြင္ ကြယ္လြန္ခဲ့သည္။
အစိုးရေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ထိုင္းဝန္ႀကီးခ်ဳပ္ အႏုတင္ခ်ာဗီရာကူလ္သည္ ဘုရင္မႀကီး ကြယ္လြန္ျခင္းသတင္းေၾကာင့္ စေနေန႔တြင္ မေလးရွားႏိုင္ငံသို႔သြားေရာက္မည့္ ေလေၾကာင္းခရီးစဥ္ကို ဖ်က္သိမ္းလိုက္ေၾကာင္း ေျပာၾကားခဲ့သည္။ မေလးရွားတြင္ တနဂၤေႏြေန႔မွ အဂၤါေန႔အထိ အာဆီယံေခါင္းေဆာင္မ်ား ထိပ္သီးအစည္းအေဝးကို က်င္းပမည္ျဖစ္သည္။
ဝန္ႀကီးခ်ဳပ္ အႏုတင္သည္ တနဂၤေႏြေန႔ေရာက္မွ မေလးရွားသို႔ သြားေရာက္မည္ျဖစ္ေၾကာင္း The Nation က ဆိုသည္။ ထိုေန႔တြင္ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ဇူလိုင္လတြင္ တိုက္ပြဲမ်ားျဖစ္ပြားသည္အထိ ျပင္းထန္ခဲ့ေသာ နယ္စပ္အျငင္းပြားမႈႏွင့္ပတ္သက္၍ ထိုင္းႏွင့္ ကေမာၻဒီးယားအၾကား ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္ လက္မွတ္ေရးထိုးျခင္းကို ႀကီးၾကပ္ေပးရန္ စီစဥ္ထားေၾကာင္းသိရသည္။
ထိုင္း PBS မီဒီယာ၏အဆိုအရ ဘုရင္ ဝဇီရာေလာင္ကြန္းက ဘုရင္မႀကီး ကြယ္လြန္သည့္ေန႔မွစ၍ ေတာ္ဝင္မိသားစုဝင္မ်ားႏွင့္ ေတာ္ဝင္အေစခံမ်ားအတြက္ တစ္ႏွစ္ၾကာ ဝမ္းနည္းျခင္းအထိမ္းအမွတ္ကာလ သတ္မွတ္ရန္ အမိန႔္ထုတ္ျပန္ခဲ့သည္။ ကြယ္လြန္သူ ဘုရင္မႀကီး၏ ႐ုပ္ကလာပ္ကို ဘန္ေကာက္ၿမိဳ႕ရွိ နန္းေတာ္ႀကီးတြင္ ဂူသြင္းထားရွိမည္ျဖစ္သည္။
မိဖုရား သီရိေခတ္သည္ ျပည္သူမ်ား၏ ခ်စ္ခင္ေလးစားခံရၿပီး ၾသဇာအာဏာရွိသူ ျဖစ္ခဲ့သည္။ သူမ၏ ပုံတူဓာတ္ပုံမ်ားကို ထိုင္းႏိုင္ငံတစ္ဝန္းရွိ ေနအိမ္မ်ား၊ ႐ုံးမ်ားႏွင့္ အမ်ားျပည္သူေနရာမ်ားတြင္ ခ်ိတ္ဆြဲျပသခဲ့ၾကၿပီး ၾသဂုတ္လ (၁၂) ရက္ သူမ၏ေမြးေန႔ကို အေမမ်ားေန႔အျဖစ္ ဆင္ႏႊဲခဲ့ၾကသည္။ သူမသည္ ကေမာၻဒီးယားဒုကၡသည္မ်ားကို ကူညီျခင္းမွစလို႔ ႏိုင္ငံ၏ သစ္ေတာမ်ား ျပဳန္းတီးေနျခင္းမွ တားဆီးကာကြယ္ျခင္းအထိ ပါဝင္ခဲ့သည္။
မိဖုရားသီရိေခတ္ သည္ (၁၉၃၂) ခုႏွစ္၊ ၾသဂုတ္လ (၁၂) ရက္ေန႔တြင္ ဘန္ေကာက္ၿမိဳ႕ရွိ ခ်မ္းသာႂကြယ္ဝသည့္ မင္းမ်ိဳးမင္းႏြယ္ မိသားစုမွ ေမြးဖြားခဲ့သည္။ သူမ၏ မိဘႏွစ္ပါးစလုံးသည္ လက္ရွိ ခ်က္ကရီမင္းဆက္မွ ဘုရင္မ်ားႏွင့္ ဆက္ႏြယ္မႈရွိခဲ့သည္။
သူမသည္ ဒုတိယကမာၻစစ္အတြင္း ဘန္ေကာက္ၿမိဳ႕ရွိ စာသင္ေက်ာင္းမ်ားတြင္ ပညာသင္ယူခဲ့ၿပီး စစ္အၿပီးတြင္ သံအမတ္အျဖစ္ တာဝန္ထမ္းေဆာင္ေနေသာ သူမ၏ ဖခင္ႏွင့္အတူ ျပင္သစ္ႏိုင္ငံသို႔ ေျပာင္းေ႐ႊ႕ခဲ့သည္။
ပဲရစ္ၿမိဳ႕၌ ဂီတႏွင့္ ဘာသာစကားမ်ား ေလ့လာေနခ်ိန္ အသက္ (၁၆) ႏွစ္အ႐ြယ္တြင္ သူမသည္ ထိုင္းႏိုင္ငံ၏ ဘိသိက္ခံၿပီးစ ဘုရင္ႏွင့္ စတင္ရင္းႏွီးကြၽမ္းဝင္ခဲ့သည္။
ထိုေနာက္ ဘုရင္ ဘူမိေဘာ ကားမေတာ္တဆမႈတစ္ခု ျဖစ္ပြားခဲ့ၿပီးေနာက္ ၎အားျပဳစုေစာင့္ေရွာက္ရန္အတြက္ ဘုရင္ပညာသင္ယူေနသည့္ ဆြစ္ဇာလန္ႏိုင္ငံသို႔ သူမေျပာင္းေ႐ႊ႕လာခဲ့ရာမွ သူတို႔ႏွစ္ဦး၏ ခ်စ္ၾကည္ရင္းႏွီးမႈ ပိုမိုခိုင္ၿမဲလာခဲ့သည္။ ဘုရင္သည္ သူမအား ကဗ်ာမ်ားျဖင့္ ခ်စ္ေရးဆိုခဲ့ၿပီး "I Dream of You" ဟူသည့္ ေဝါလ္ဇ္ဂီတတစ္ပုဒ္ကိုလည္း စပ္ဆိုေပးခဲ့သည္။
ထိုစုံတြဲသည္ (၁၉၅၀) ျပည့္ႏွစ္တြင္ လက္ထပ္ခဲ့ၾကၿပီး ထိုႏွစ္ေႏွာင္းပိုင္းတြင္ က်င္းပသည့္ ဘိသိက္ခံပြဲ အခမ္းအနား၌ ႏွစ္ဦးစလုံးက "ထိုင္း ျပည္သူလူထု၏ အက်ိဳးႏွင့္ ေပ်ာ္႐ႊင္မႈကို ေရွးရႈကာ ေျဖာင့္မတ္မွန္ကန္စြာ အုပ္ခ်ဳပ္မည့္အေၾကာင္း" ကတိျပဳခဲ့ၾကသည္။
(၂၀၁၆) ခုႏွစ္တြင္ ဘူမိေဘာ ကြယ္လြန္ၿပီးေနာက္ သူမ၏ တစ္ဦးတည္းေသာ သားေတာ္ျဖစ္သည့္ မဟာ ဝဇီရာေလာင္ကြန္း၊ ရာမ ၁၀ က ထီးနန္းကိုဆက္ခံခဲ့သည္။ ထို႔ေနာက္ (၂၀၁၉) ခုႏွစ္တြင္ ဘုရင္ဝဇီရာေလာင္ကြန္း ဘိသိက္ခံယူခဲ့ရာ သီရိေခတ္၏ တရားဝင္ဘြဲ႕အမည္မွာ ဘုရင့္မယ္ေတာ္ ျဖစ္လာခဲ့သည္။