မဲဆန္ဒနယ်မြေ (၃၀) နီးပါးတွင် ပြည်ခိုင်ဖြိုးမှ ကိုယ်စားလှယ်လောင်းများ ပြိုင်ဘက်မရှိအနိုင်ရနေ

1270

Pearl (NP News) - အောက်တိုဘာ ၂၆
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနေဖြင့် နယ်မြေကောင်းစွာ မတည်ငြိမ်သောကြောင့် အခြားတစ်ပြည်လုံးအဆင့်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီများ ၏ကိုယ်စားလှယ်လောင်းများ စာရင်း မသွင်းနိုင်သည့် မဲဆန္ဒနယ် (၃၀)ခန့်တွင် ပြိုင်ဘက်မရှိ အနိုင်ရနေကြောင်း ရွေးကောက်ပွဲကော်မရှင် ၏ ထုတ်ပြန်ချက်များအပေါ် တွက်ချက်ခြင်းအရ သိရသည်။
အနိုင်ရရှိသည့်နယ်မြေများသည် စစ်ကိုင်းဒေသကြီး၊ မကွေးဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး ၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ မြောက်ပိုင်းရှိ မြိုန့ယ်များဖြစ်ပြီး ရှမ်းပြည်နယ်အစိုးရ အဖွဲ့အတွက် ကယန်းတိုင်းရင်းသားရေးရာဝန်ကြီး ကချင်တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာများ အတွက်ပါ အနိုင်ရထား ခြင်းဖြစ်ကြောင်း သိရသည်။
ပြည်သူ့လွှတ်တော်အတွက်မဲဆန္ဒနယ်များတွင် ကချင်ပြည်နယ်မှ နောင်မွန်၊ မံစီ၊ ရွှေကူမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးမှ မင်းကင်း၊ ဝန်းသို၊ မော်လိုက်၊ ကနီ၊ ဆားလင်းကြီးနှင့် ရေဦးမြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီးမှ ရေဖြူ၊ လောင်းလုံးမြို့နယ်နှင့် ရှမ်းပြည်နယ်မှ မက်မန်းနှင့် ဖယ်ခုံမြို့နယ်တို့ဖြစ်ကြောင်း သိရသည်။
တိုင်းနှင့်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အတွက် စစ်ကိုင်းတိုင်းဒေသကြီးမှ ကောလင်း၊ ဝန်းသို၊ တမူး၊ ဘုတလင်၊ မော်လိုက်၊ ကနီ၊ ဆားလင်းကြီးနှင့်ရေဦးမြို့နယ်များတွင် (၈) နေရာအထိ အနိုင်ရရှိထားသည့်အပြင် တနင်္သာရီတွင် ရေဖြူနှင့် သရက်ချောင်း၊ ကချင်တွင် ရွှေကူနှင့် မကွေးတွင် ဂန့်ဂေါမဲဆန္ဒနယ်များရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော် မဲဆန္ဒနယ် (FPTP) တွင် ပြိုင်ဖက်မရှိ အနိုင်ရနေကြောင်းသိရသည်။
ထို့ပြင် ပြည်သူ့လွှတ်တော်၏ အချို့မဲဆန္ဒနယ်များတွင် လည်း USDP အနေဖြင့် ဂန့်ဂေါလို မဲဆန္ဒနယ်တွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ် တစ်ဦးတည်းဖြင့်သာ ယှဉ်ရခြင်း ၊ တစည ပါတီဖြင့်သာ နှစ်ဦးတည်း ယှဉ်ပြိုင်ရခြင်းမျိုးအပြင် တိုင်းရင်းသာဒေသများတွင်လည်း သက်ဆိုင်ရားတိုင်းရင်းသားပါတီတစ်ခုတည်းဖြင့်သာ နှစ်ဦးတည်း ယှဉ်ပြိုင်ရခြင်းမျိုးရှိနေကြောင်း UEC ၏ ထုတ်ပြန်ထားချက်များအရ သိရသည်။
ရွေးကောက်ပွဲဥပဒေ အခန်း(၉)၊ ပုဒ်မ ၄၁ (က) အရ မဲဆန္ဒနယ်တစ်ခုတွင် ကိုယ်စားလှယ်လောင်း တစ်ဦးတည်းသာရှိရင် ရွေးကောက်ပွဲကျင်းပစရာမလိုဘဲ အဆိုပါကိုယ်စားလှယ်လောင်းကိုသာလျှင် အနိုင်ရကိုယ်စားလှယ်အဖြစ် ကြေညာရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

Zawgyi Version:
မဲဆႏၵနယ္ေျမ (၃၀) နီးပါးတြင္ ျပည္ခိုင္ၿဖိဳးမွ ကိုယ္စားလွယ္ေလာင္းမ်ား ၿပိဳင္ဘက္မရွိအႏိုင္ရေန
Pearl (NP News) - ေအာက္တိုဘာ ၂၆
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီအေနျဖင့္ နယ္ေျမေကာင္းစြာ မတည္ၿငိမ္ေသာေၾကာင့္ အျခားတစ္ျပည္လုံးအဆင့္ျဖင့္ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ပါတီမ်ား ၏ကိုယ္စားလွယ္ေလာင္းမ်ား စာရင္း မသြင္းႏိုင္သည့္ မဲဆႏၵနယ္ (၃၀)ခန႔္တြင္ ၿပိဳင္ဘက္မရွိ အႏိုင္ရေနေၾကာင္း ေ႐ြးေကာက္ပြဲေကာ္မရွင္ ၏ ထုတ္ျပန္ခ်က္မ်ားအေပၚ တြက္ခ်က္ျခင္းအရ သိရသည္။
အႏိုင္ရရွိသည့္နယ္ေျမမ်ားသည္ စစ္ကိုင္းေဒသႀကီး၊ မေကြးေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီး ၊ ကခ်င္ျပည္နယ္ႏွင့္ ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေျမာက္ပိုင္းရွိ ၿမိဳန႔ယ္မ်ားျဖစ္ၿပီး ရွမ္းျပည္နယ္အစိုးရ အဖြဲ႕အတြက္ ကယန္းတိုင္းရင္းသားေရးရာဝန္ႀကီး ကခ်င္တိုင္းရင္းသားေရးရာ ဝန္ၿပီးေနရာမ်ား အတြက္ပါ အႏိုင္ရထား ျခင္းျဖစ္ေၾကာင္း သိရသည္။
ျပည္သူ႔လႊတ္ေတာ္အတြက္မဲဆႏၵနယ္မ်ားတြင္ ကခ်င္ျပည္နယ္မွ ေနာင္မြန္၊ မံစီ၊ ေ႐ႊကူၿမိဳ႕နယ္၊ စစ္ကိုင္းတိုင္းေဒသႀကီးမွ မင္းကင္း၊ ဝန္းသို၊ ေမာ္လိုက္၊ ကနီ၊ ဆားလင္းႀကီးႏွင့္ ေရဦးၿမိဳ႕နယ္၊ တနသၤာရီတိုင္းေဒသႀကီးမွ ေရျဖဴ၊ ေလာင္းလုံးၿမိဳ႕နယ္ႏွင့္ ရွမ္းျပည္နယ္မွ မက္မန္းႏွင့္ ဖယ္ခုံၿမိဳ႕နယ္တို႔ျဖစ္ေၾကာင္း သိရသည္။
တိုင္းႏွင့္ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ အတြက္ စစ္ကိုင္းတိုင္းေဒသႀကီးမွ ေကာလင္း၊ ဝန္းသို၊ တမူး၊ ဘုတလင္၊ ေမာ္လိုက္၊ ကနီ၊ ဆားလင္းႀကီးႏွင့္ေရဦးၿမိဳ႕နယ္မ်ားတြင္ (၈) ေနရာအထိ အႏိုင္ရရွိထားသည့္အျပင္ တနသၤာရီတြင္ ေရျဖဴႏွင့္ သရက္ေခ်ာင္း၊ ကခ်င္တြင္ ေ႐ႊကူႏွင့္ မေကြးတြင္ ဂန႔္ေဂါမဲဆႏၵနယ္မ်ားရွိ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ လႊတ္ေတာ္ မဲဆႏၵနယ္ (FPTP) တြင္ ၿပိဳင္ဖက္မရွိ အႏိုင္ရေနေၾကာင္းသိရသည္။
ထို႔ျပင္ ျပည္သူ႔လႊတ္ေတာ္၏ အခ်ိဳ႕မဲဆႏၵနယ္မ်ားတြင္ လည္း USDP အေနျဖင့္ ဂန႔္ေဂါလို မဲဆႏၵနယ္တြင္ တစ္သီးပုဂၢလကိုယ္စားလွယ္ တစ္ဦးတည္းျဖင့္သာ ယွဥ္ရျခင္း ၊ တစည ပါတီျဖင့္သာ ႏွစ္ဦးတည္း ယွဥ္ၿပိဳင္ရျခင္းမ်ိဳးအျပင္ တိုင္းရင္းသာေဒသမ်ားတြင္လည္း သက္ဆိုင္ရားတိုင္းရင္းသားပါတီတစ္ခုတည္းျဖင့္သာ ႏွစ္ဦးတည္း ယွဥ္ၿပိဳင္ရျခင္းမ်ိဳးရွိေနေကာင္း UEC ၏ ထုတ္ျပန္ထားခ်က္မ်ားအရ သိရသည္။
ေ႐ြးေကာက္ပြဲဥပေဒ အခန္း(၉)၊ ပုဒ္မ ၄၁ (က) အရ မဲဆႏၵနယ္တစ္ခုတြင္ ကိုယ္စားလွယ္ေလာင္း တစ္ဦးတည္းသာရွိရင္ ေ႐ြးေကာက္ပြဲက်င္းပစရာမလိုဘဲ အဆိုပါကိုယ္စားလွယ္ေလာင္းကိုသာလွ်င္ အႏိုင္ရကိုယ္စားလွယ္အျဖစ္ ေၾကညာရမည္ျဖစ္ေကာင္း ေဖာ္ျပထားသည္။သည္။