ကျားဖျန့်လုပ်ရန် ငွေပေး သင်တန်းတက်သူများပင် ရှိလာနေပြီး အွန်လိုင်းတွင် ထင်ထင်ရှားရှား လူခေါ်နေ

 5037

သုတကျော် (NP News) - အောက်တိုဘာ ၂၇

ကျားဖျန့်လုပ်ရန် ငွေပေးသင်တန်းတက် သူများပင်ရှိလာနေပြီး အွန်လိုင်းတွင် ထင်ထင်ရှားရှား လူခေါ်နေကြောင်း NP News က မြင်တွေ့ရသော အချက်အလက်များနှင့် စုံစမ်းမေး မြန်းထားချက်များ အရ သိရသည်။ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများလုပ် ဆောင်ရန်အတွက် အဓမ္မစေခိုင်းခံရသော အခြေ အနေမှ ငွေပမာဏများစွာရရှိမည်ဆိုသော မက်လုံး ကြောင့် မိမိသဘောဖြင့် ကျားဖျန့်လုပ်ငန်းခွင်များ အတွင်း ဝင်ရောက်သူများရှိနေရာ ယင်းအတွက် အလုပ်ခေါ်စာများ၊ သင်တန်းကြေးများကို မြန်မာနိုင်ငံ တွင် ရေပန်းစားသည့် အင်တာနက် လူမှုကွန်ရက်တစ်ခုဖြစ်သော TikTok ကို အများဆုံး အသုံးပြုနေကြ သည်။
ယင်းသင်တန်းနှင့် အလုပ်ခေါ်စာများကို အကြမ်းဖျင်းခွဲခြားပါက သင်တန်းများသည် ကရင်ပြည် နယ်အတွင်းရှိ မြန်မာ-ထိုင်းနယ်စပ်မှ ကျားဖျန့် အလုပ်ရုံများသို့ ပစ်မှတ်ထားခြင်းဖြစ်ပြီး အလုပ်ခေါ်စာ မှာမူ အဆိုပါနေရာမှ ကျားဖျန့်အတွက်သာမက ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံတို့မှ ကျားဖျန့် အလုပ်ရုံ များအတွက်ပါ ခေါ်ယူနေခြင်းဖြစ်ပြီး ယင်းနိုင်ငံတို့တွင် အလုပ်လုပ်ရန် အင်တာဗျူးအောင်ပါက လမ်း စရိတ်ကို ကုမ္ပဏီဘက်ကကျခံပေးမည်ဟု ခေါ်ခြင်းများလည်း ရှိသည်။
ယင်းသို့ သင်တန်းကြော်ငြာ၊ အလုပ်ခေါ်တွင် အချို့က ကျားဖျန့်အလုပ်အတွက်ဟု တိုက်ရိုက် မပြောဘဲ Finding အလုပ်၊ Chat အတွက် လူခေါ်ခြင်း စသည်ဖြင့် ရေးသားသော်လည်း အချို့ ကမူ ကျားဖျန့်အလုပ်ဟု တိုက်ရိုက်ရေးသား၊ ပြောကြားခြင်းများလည်း ရှိနေသည်။
“ထိုင်းနယ်စပ်မှာ ကျားဖျန့်လုပ်ပြီး အိမ်ပြန်ဆောက်ပေးတဲ့သူလည်းရှိတယ်။ ဟိုက ငွေရတယ် လေ။ ကျားဖျန့်လုပ်တယ်ဆိုတာကိုတောင် မိသားစုက ဒီအတိုင်းပြောနေကြတာပဲ။ ကျားဖျန့်ဆိုတာကို လွယ်လွယ်လေး လက်ခံလိုက်တယ်။ ငွေရတာကိုး” ဟု ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှ အမည်မဖော်လို သူ အမျိုးသမီးတစ်ဦးက ဆိုသည်။ ကျားဖျန့်လုပ်ရန်အတွက် သင်တန်းများမှာ ကွန်ပျူတာသင်တန်း အမည်ခံထားပြီး ယင်းသင်တန်းများတွင် ကျားဖျန့်လုပ်ရာ၌ အသုံးဝင်မည့်ဈေးကွက်အကြောင်းများ၊ ဖောက်သည်ကို ဆက်ဆံနည်း၊ ဆွယ်နည်း၊ ရေရှည်ဆက်ဆံရေးအတွက် မည်သို့ ဆက်လက်ပြုလုပ်ရမည် ဆိုသောအချက်များကို သင်ကြားပေးသည်။
NP News က မြင်တွေ့ရသော အချက်အလက်များအရ ယင်းသင်တန်းများတွင် ဖေ့စ်ဘွတ်ခ်နှင့် အင်စတာဂရမ်ကိုဦးတည်ကာ လိမ်လည်ရန် ပစ်မှတ်ထားချက်များကိုလည်း မြင်ရပြီး ဖောက်သည်၏ အင်တာနက်စာမျက်နှာကို လေ့လာရန်၊ တင်ထားသော ပို့စ်များမှတစ်ဆင့် စိတ်အခြေအနေကို လေ့လာ ရန်၊ မိတ်ဆက်ရာတွင် ပြောကြား ရမည့် စကားလုံးများစသည်ဖြင့် အသေးစိတ်သင် ကြားခြင်းများ ရှိသည်။
“အခုက AI ကိုလည်း သုံးလာတယ်။ သူတို့သုံးတဲ့ AI မှာ လိမ်ရမယ့်သူရဲ့ပြောစကားနဲ့ ပုံစံကို Prompt ရေးလိုက်တာနဲ့ပြောရမယ့်စကားက ဘယ်လိုသုံးရမလဲဆိုတာ ပေါ်လာတယ်” ဟု ကျားဖျန့် တိုက်ဖျက်ရေး ဆောင်ရွက်နေသူတစ်ဦးက ဆိုသည်။ အဆိုပါ သင်တန်းများမှာ အလုပ်ရသည်အထိ တာဝန်ယူပေးသည်ဟုကြော်ငြာနေကြပြီး သင် တန်းတစ်ခုကဆိုလျှင် “ကျပ်လေးသိန်းရင်းပြီး ကျပ်သိန်း (၂၀) ကျော်ရနိုင်မည်” ဟု ကြော်ငြာထားသည်။ သင်တန်းပြီးပါက ကျားဖျန့် အလုပ်ရုံများက လူခေါ်ရာ တွင် အင်တာဗျူးသွင်းပေးခြင်းဖြစ်ပြီး အင်တာဗျူး အောင်၊ မအောင်မှာမူ သင်တန်းသားနှင့်သာ သက် ဆိုင်မည်ဟုလည်း ကြော်ငြာထားချက်အရ မြင်ရ သည်။
“သင်တန်းပြီးရင် အလုပ်ခေါ်တဲ့ အင်တာ ဗျူးဝင်ရတယ်။ စာရိုက်တာတွေ စစ်တာရှိမယ်။ အဓိက တော့ ကျားဖျန့်တွေက သူတို့မသင်တော့ဘဲ သင်ပြီးသားလူကိုခေါ်တယ်ဆိုတဲ့သဘောပါပဲ။ ဒီအလုပ်က လည်း ဝင်ချင်တိုင်းဝင်မရတော့ သင်တန်းတွေက အဆင်ပြေတာပေါ့” ဟု ၎င်းက ဆိုသည်။ သင်တန်းပေး ရာတွင် ကွန်ပျူတာနှင့် စာရိုက်တတ်သူနှင့် မရိုက်တတ်သူ (၂)မျိုးခွဲခေါ် သည်ကိုတွေ့ရပြီး စာမရိုက် တတ်ပါက သင်တန်း ကာလပိုကြာကာ မြင်တွေ့ရသော မြင်ကွင်းအရ အင်္ဂလိပ်စာကို ဦးစားပေး လေ့ ကျင့်ရကာ မြင်ရသော Video များအရ သင်တန်းတက်ရောက်သူအများ စုမှာ လူငယ်များ ဖြစ်သည်။ ယင်းသို့ သင်တန်းကြော်ငြာတစ်ခုတွင် TikTok အသုံးပြုသူတစ်ဦးက ကျားဖျန့်နှင့် ပတ်သက်၍ ဝေဖန် သော မှတ်ချက်ရေးသားခဲ့ရာ အလုပ်ခေါ်သော သင်တန်းဘက်က “Your life your choice ပဲ။ မင်း ဘာ တွေနာနေတာလဲ။ မလုပ်စေချင်ရင် မင်းကိုယ်တိုင်အလုပ်ပေးထား။ တစ်နိုင်ငံလုံးက ပိုက်ဆံရှာနေကြ တာ။ ရိုးသားတာတွေဘာတွေ လာပြောနေတာ မင်းစီးပွားရေးမထိခိုက်ဘူးလေ သားကြီးရေ သူတို့ ရွေး ချယ်မှုက” ဟု ပြန်လည်ရေးသားထားသည်။
အလုပ်ခေါ်ရာတွင် ကျားဖျန့်အလုပ် စိတ်ဝင်စားသူများသာ နားလည်နိုင်မည့် အသုံးအနှုန်း များ ဖြင့် ခေါ်ယူသည်ကို မြင်ရသော်လည်း မသိသူများ နားလည်ရန်မခဲယဉ်းလှကြောင်း မြင်တွေ့ရသည်။ ဥပမာအားဖြင့် TikTok search တွင် “Finding အလုပ်အကြောင်း” ဟု စာရိုက်လိုက်ရုံဖြင့် ယင်းနှင့် ပတ် သက်သော အလုပ်အကိုင်များ ခေါ်ယူသည်ကို မြင်တွေ့ရသည်။ ကျားဖျန့်လုပ်ရန် အလုပ်ခေါ်ရာတွင် အခြေခံလစာနှင့် ဘောနပ်စ်လည်းပေးကြောင်း အ ပြိုင်အဆိုင်ဆွယ်နေကြခြင်းဖြစ်ပြီး တရုတ်စကား၊ အင်္ဂလိပ်စကားနှင့် ဂျပန်စကားဘာသာပြန်တတ်သူ များမှာ လစာပိုကောင်းကြောင်း မြင်တွေ့ရသည်။ “အလုပ်ခေါ်တာမှာက အင်္ဂလိပ်စာကို Basic လောက်ရရင်လည်း အဆင်ပြေတယ်ဆိုပြီး အလုပ် ခေါ်တယ်။ ကွန်ပျူတာလက်ကွက်တော့ ရဖို့လိုတာပေါ့။ ကျန်တာတော့ AI နဲ့ ဘာသာပြန်တာမျိုးလည်း လုပ်မယ်ထင်တယ်။ တချို့ ကျားဖျန့်အလုပ်တွေကျတော့လည်း မြန်မာလို ဖုန်းပြောဖို့ ခေါ်တာလည်း ရှိတယ်” ဟု ကျားဖျန့်တိုက်ဖျက်ရေးဆောင်ရွက်နေသူတစ်ဦးကဆိုသည်။ အချို့က အင်တာဗျူးမရှိဘဲ အလုပ်တန်းဝင်နိုင်မည်ဖြစ်ကြောင်း ကြော်ငြာကာ ယင်းသို့ ကျားဖျန့်တွင် အလုပ်လုပ်ရန်အတွက် အလုပ် ချိတ်ဆက်ပေးသောပွဲစားများလည်း ပေါ်ပေါက်နေကြောင်း TikTok တွင်ပင် မြင်ရသည်။
ပြီးခဲ့သော ရက်ပိုင်းက နာမည်ကျော် KK Park သို့ တပ်မတော်က နယ်မြေရှင်းလင်းခဲ့ရာ ယင်း နေရာနှင့် ဆက်စပ်သောနေရာတို့မှ ကျားဖျန့်လုပ်ကိုင်သူများ ထိုင်းနိုင်ငံဘက်သို့ အုပ်စုလိုက် ထွက်ပြေး ခြင်းများ ရှိနေသည်။ “AA ဆိုက်မှာ ပြေးနေရပြီ။ မြဝတီနဲ့ SKK မှာတော့ အဆောင်ခနဲ့ ကုန်ဈေးနှုန်းတွေ ပိုတက်တော့မယ်။ အေးအေးဆေးဆေးနဲ့ အလုပ်လုပ်ချင်ရင် ကမ္ဘောဒီးယားမှာ လာ Join ပါနော်။ အတွေ့အကြုံရှိရင်တော့ ဆရာကြီးလာလုပ်လို့ရတယ်။ အင်တာဗျူးအောင်တာနဲ့ လမ်းစရိတ်ကအစ တာဝန်ယူပေးတယ်” ဟု Tiktok သုံးစွဲသူတစ်ဦးက ၎င်း၏အကောင့်တွင် တင်ထားသည်။
KK Park ကျားဖျန့်ဆိုက်နှင့် AA ကျားဖျန့်ဆိုက်တို့မှာ နီးကပ်စွာတည်ရှိနေရာ KK Park ကို တပ်မတော်က ဝင်ရောက်ခဲ့ပြီးနောက် AA ဆိုက်အတွင်းရှိ အဆောက်အအုံများရှိ ကျားဖျန့်လုပ်ကိုင်သူ များလည်း ထွက်ပြေးနေကြခြင်းဖြစ်ကာ ပြည်ပနိုင်ငံသားအများစု ပါဝင်နေကြောင်းလည်း သိရသည်။ “မြဝတီမြို့အတွင်းမှာ နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာကို ထိပါးစေသည့် အွန်လိုင်းလိမ်လည်မှု အပါအဝင် တရားမဝင် လုပ်ကိုင်ဆောင်ရွက်နေတဲ့လုပ်ငန်းတွေမှာ ပါဝင်ခြင်းမရှိကြဖို့၊ အဲဒီလုပ်ငန်းတွေအတွက် တရားမဝင် အဆောက်အအုံတွေ ဆောက်လုပ်ခြင်း၊ အဲဒီအဆောက်အအုံတွေက လုပ်ငန်းတွေမှာ သွား ရောက်လုပ်ကိုင်ခြင်းအပြင် တစ်နည်းနည်းနဲ့ ပါဝင်ပတ်သက်ခြင်း၊ အားပေးကူညီခြင်း စတာတွေကို မပြု ကြဖို့ကိုလည်း ဒေသန္တရအမိန့်တွေထုတ်ပြန်ပြီး တားမြစ်ဆောင်ရွက်နေပါတယ်” ဟု နိုင်ငံတော် အစိုးရက ထုတ်ပြန်ထားသည့် KK Park နှင့် ပတ်သက်သော နောက်ဆက်တွဲ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

Zawgyi Version:
က်ားဖ်န႔္လုပ္ရန္ ေငြေပး သင္တန္းတက္သူမ်ားပင္ ရွိလာေနၿပီး အြန္လိုင္းတြင္ ထင္ထင္ရွားရွား လူေခၚေန
သုတေက်ာ္ (NP News) - ေအာက္တိုဘာ ၂၇
က်ားဖ်န႔္လုပ္ရန္ ေငြေပးသင္တန္းတက္ သူမ်ားပင္ရွိလာေနၿပီး အြန္လိုင္းတြင္ ထင္ထင္ရွားရွား လူေခၚေနေၾကာင္း NP News က ျမင္ေတြ႕ရေသာ အခ်က္အလက္မ်ားႏွင့္ စုံစမ္းေမး ျမန္းထားခ်က္မ်ား အရ သိရသည္။ အြန္လိုင္းလိမ္လည္မႈလုပ္ငန္းမ်ားလုပ္ ေဆာင္ရန္အတြက္ အဓမၼေစခိုင္းခံရေသာ အေျခ အေနမွ ေငြပမာဏမ်ားစြာရရွိမည္ဆိုေသာ မက္လုံး ေၾကာင့္ မိမိသေဘာျဖင့္ က်ားဖ်န႔္လုပ္ငန္းခြင္မ်ား အတြင္း ဝင္ေရာက္သူမ်ားရွိေနရာ ယင္းအတြက္ အလုပ္ေခၚစာမ်ား၊ သင္တန္းေၾကးမ်ားကို ျမန္မာႏိုင္ငံ တြင္ ေရပန္းစားသည့္ အင္တာနက္ လူမႈကြန္ရက္တစ္ခုျဖစ္ေသာ TikTok ကို အမ်ားဆုံး အသုံးျပဳေနၾက သည္။
ယင္းသင္တန္းႏွင့္ အလုပ္ေခၚစာမ်ားကို အၾကမ္းဖ်င္းခြဲျခားပါက သင္တန္းမ်ားသည္ ကရင္ျပည္ နယ္အတြင္းရွိ ျမန္မာ-ထိုင္းနယ္စပ္မွ က်ားဖ်န႔္ အလုပ္႐ုံမ်ားသို႔ ပစ္မွတ္ထားျခင္းျဖစ္ၿပီး အလုပ္ေခၚစာ မွာမူ အဆိုပါေနရာမွ က်ားဖ်န႔္အတြက္သာမက ကေမာၻဒီးယားႏိုင္ငံ၊ လာအိုႏိုင္ငံတို႔မွ က်ားဖ်န႔္ အလုပ္႐ုံ မ်ားအတြက္ပါ ေခၚယူေနျခင္းျဖစ္ၿပီး ယင္းႏိုင္ငံတို႔တြင္ အလုပ္လုပ္ရန္ အင္တာဗ်ဴးေအာင္ပါက လမ္း စရိတ္ကို ကုမၸဏီဘက္ကက်ခံေပးမည္ဟု ေခၚျခင္းမ်ားလည္း ရွိသည္။
ယင္းသို႔ သင္တန္းေၾကာ္ျငာ၊ အလုပ္ေခၚတြင္ အခ်ိဳ႕က က်ားဖ်န႔္အလုပ္အတြက္ဟု တိုက္႐ိုက္ မေျပာဘဲ Finding အလုပ္၊ Chat အတြက္ လူေခၚျခင္း စသည္ျဖင့္ ေရးသားေသာ္လည္း အခ်ိဳ႕ ကမူ က်ားဖ်န႔္အလုပ္ဟု တိုက္႐ိုက္ေရးသား၊ ေျပာၾကားျခင္းမ်ားလည္း ရွိေနသည္။
“ထိုင္းနယ္စပ္မွာ က်ားဖ်န႔္လုပ္ၿပီး အိမ္ျပန္ေဆာက္ေပးတဲ့သူလည္းရွိတယ္။ ဟိုက ေငြရတယ္ ေလ။ က်ားဖ်န႔္လုပ္တယ္ဆိုတာကိုေတာင္ မိသားစုက ဒီအတိုင္းေျပာေနၾကတာပဲ။ က်ားဖ်န႔္ဆိုတာကို လြယ္လြယ္ေလး လက္ခံလိုက္တယ္။ ေငြရတာကိုး” ဟု ဒဂုံၿမိဳ႕သစ္ေတာင္ပိုင္းၿမိဳ႕နယ္မွ အမည္မေဖာ္လို သူ အမ်ိဳးသမီးတစ္ဦးက ဆိုသည္။ က်ားဖ်န႔္လုပ္ရန္အတြက္ သင္တန္းမ်ားမွာ ကြန္ပ်ဴတာသင္တန္း အမည္ခံထားၿပီး ယင္းသင္တန္းမ်ားတြင္ က်ားဖ်န႔္လုပ္ရာ၌ အသုံးဝင္မည့္ေဈးကြက္အေၾကာင္းမ်ား၊ ေဖာက္သည္ကို ဆက္ဆံနည္း၊ ဆြယ္နည္း၊ ေရရွည္ဆက္ဆံေရးအတြက္ မည္သို႔ ဆက္လက္ျပဳလုပ္ရမည္ ဆိုေသာအခ်က္မ်ားကို သင္ၾကားေပးသည္။
NP News က ျမင္ေတြ႕ရေသာ အခ်က္အလက္မ်ားအရ ယင္းသင္တန္းမ်ားတြင္ ေဖ့စ္ဘြတ္ခ္ႏွင့္ အင္စတာဂရမ္ကိုဦးတည္ကာ လိမ္လည္ရန္ ပစ္မွတ္ထားခ်က္မ်ားကိုလည္း ျမင္ရၿပီး ေဖာက္သည္၏ အင္တာနက္စာမ်က္ႏွာကို ေလ့လာရန္၊ တင္ထားေသာ ပို႔စ္မ်ားမွတစ္ဆင့္ စိတ္အေျခအေနကို ေလ့လာ ရန္၊ မိတ္ဆက္ရာတြင္ ေျပာၾကား ရမည့္ စကားလုံးမ်ားစသည္ျဖင့္ အေသးစိတ္သင္ ၾကားျခင္းမ်ား ရွိသည္။
“အခုက AI ကိုလည္း သုံးလာတယ္။ သူတို႔သုံးတဲ့ AI မွာ လိမ္ရမယ့္သူရဲ႕ေျပာစကားနဲ႔ ပုံစံကို Prompt ေရးလိုက္တာနဲ႔ေျပာရမယ့္စကားက ဘယ္လိုသုံးရမလဲဆိုတာ ေပၚလာတယ္” ဟု က်ားဖ်န႔္ တိုက္ဖ်က္ေရး ေဆာင္႐ြက္ေနသူတစ္ဦးက ဆိုသည္။ အဆိုပါ သင္တန္းမ်ားမွာ အလုပ္ရသည္အထိ တာဝန္ယူေပးသည္ဟုေၾကာ္ျငာေနၾကၿပီး သင္ တန္းတစ္ခုကဆိုလွ်င္ “က်ပ္ေလးသိန္းရင္းၿပီး က်ပ္သိန္း (၂၀) ေက်ာ္ရႏိုင္မည္” ဟု ေၾကာ္ျငာထားသည္။ သင္တန္းၿပီးပါက က်ားဖ်န႔္ အလုပ္႐ုံမ်ားက လူေခၚရာ တြင္ အင္တာဗ်ဴးသြင္းေပးျခင္းျဖစ္ၿပီး အင္တာဗ်ဴး ေအာင္၊ မေအာင္မွာမူ သင္တန္းသားႏွင့္သာ သက္ ဆိုင္မည္ဟုလည္း ေၾကာ္ျငာထားခ်က္အရ ျမင္ရ သည္။
“သင္တန္းၿပီးရင္ အလုပ္ေခၚတဲ့ အင္တာ ဗ်ဴးဝင္ရတယ္။ စာ႐ိုက္တာေတြ စစ္တာရွိမယ္။ အဓိက ေတာ့ က်ားဖ်န႔္ေတြက သူတို႔မသင္ေတာ့ဘဲ သင္ၿပီးသားလူကိုေခၚတယ္ဆိုတဲ့သေဘာပါပဲ။ ဒီအလုပ္က လည္း ဝင္ခ်င္တိုင္းဝင္မရေတာ့ သင္တန္းေတြက အဆင္ေျပတာေပါ့” ဟု ၎က ဆိုသည္။ သင္တန္းေပး ရာတြင္ ကြန္ပ်ဴတာႏွင့္ စာ႐ိုက္တတ္သူႏွင့္ မ႐ိုက္တတ္သူ (၂)မ်ိဳးခြဲေခၚ သည္ကိုေတြ႕ရၿပီး စာမ႐ိုက္ တတ္ပါက သင္တန္း ကာလပိုၾကာကာ ျမင္ေတြ႕ရေသာ ျမင္ကြင္းအရ အဂၤလိပ္စာကို ဦးစားေပး ေလ့ က်င့္ရကာ ျမင္ရေသာ Video မ်ားအရ သင္တန္းတက္ေရာက္သူအမ်ား စုမွာ လူငယ္မ်ား ျဖစ္သည္။ ယင္းသို႔ သင္တန္းေၾကာ္ျငာတစ္ခုတြင္ TikTok အသုံးျပဳသူတစ္ဦးက က်ားဖ်န႔္ႏွင့္ ပတ္သက္၍ ေဝဖန္ ေသာ မွတ္ခ်က္ေရးသားခဲ့ရာ အလုပ္ေခၚေသာ သင္တန္းဘက္က “Your life your choice ပဲ။ မင္း ဘာ ေတြနာေနတာလဲ။ မလုပ္ေစခ်င္ရင္ မင္းကိုယ္တိုင္အလုပ္ေပးထား။ တစ္ႏိုင္ငံလုံးက ပိုက္ဆံရွာေနၾက တာ။ ႐ိုးသားတာေတြဘာေတြ လာေျပာေနတာ မင္းစီးပြားေရးမထိခိုက္ဘူးေလ သားႀကီးေရ သူတို႔ ေ႐ြး ခ်ယ္မႈက” ဟု ျပန္လည္ေရးသားထားသည္။
အလုပ္ေခၚရာတြင္ က်ားဖ်န႔္အလုပ္ စိတ္ဝင္စားသူမ်ားသာ နားလည္ႏိုင္မည့္ အသုံးအႏႈန္း မ်ား ျဖင့္ ေခၚယူသည္ကို ျမင္ရေသာ္လည္း မသိသူမ်ား နားလည္ရန္မခဲယဥ္းလွေၾကာင္း ျမင္ေတြ႕ရသည္။ ဥပမာအားျဖင့္ TikTok search တြင္ “Finding အလုပ္အေၾကာင္း” ဟု စာ႐ိုက္လိုက္႐ုံျဖင့္ ယင္းႏွင့္ ပတ္ သက္ေသာ အလုပ္အကိုင္မ်ား ေခၚယူသည္ကို ျမင္ေတြ႕ရသည္။ က်ားဖ်န႔္လုပ္ရန္ အလုပ္ေခၚရာတြင္ အေျခခံလစာႏွင့္ ေဘာနပ္စ္လည္းေပးေၾကာင္း အ ၿပိဳင္အဆိုင္ဆြယ္ေနၾကျခင္းျဖစ္ၿပီး တ႐ုတ္စကား၊ အဂၤလိပ္စကားႏွင့္ ဂ်ပန္စကားဘာသာျပန္တတ္သူ မ်ားမွာ လစာပိုေကာင္းေၾကာင္း ျမင္ေတြ႕ရသည္။ “အလုပ္ေခၚတာမွာက အဂၤလိပ္စာကို Basic ေလာက္ရရင္လည္း အဆင္ေျပတယ္ဆိုၿပီး အလုပ္ ေခၚတယ္။ ကြန္ပ်ဴတာလက္ကြက္ေတာ့ ရဖို႔လိုတာေပါ့။ က်န္တာေတာ့ AI နဲ႔ ဘာသာျပန္တာမ်ိဳးလည္း လုပ္မယ္ထင္တယ္။ တခ်ိဳ႕ က်ားဖ်န႔္အလုပ္ေတြက်ေတာ့လည္း ျမန္မာလို ဖုန္းေျပာဖို႔ ေခၚတာလည္း ရွိတယ္” ဟု က်ားဖ်န႔္တိုက္ဖ်က္ေရးေဆာင္႐ြက္ေနသူတစ္ဦးကဆိုသည္။ အခ်ိဳ႕က အင္တာဗ်ဴးမရွိဘဲ အလုပ္တန္းဝင္ႏိုင္မည္ျဖစ္ေၾကာင္း ေၾကာ္ျငာကာ ယင္းသို႔ က်ားဖ်န႔္တြင္ အလုပ္လုပ္ရန္အတြက္ အလုပ္ ခ်ိတ္ဆက္ေပးေသာပြဲစားမ်ားလည္း ေပၚေပါက္ေနေၾကာင္း TikTok တြင္ပင္ ျမင္ရသည္။
ၿပီးခဲ့ေသာ ရက္ပိုင္းက နာမည္ေက်ာ္ KK Park သို႔ တပ္မေတာ္က နယ္ေျမရွင္းလင္းခဲ့ရာ ယင္း ေနရာႏွင့္ ဆက္စပ္ေသာေနရာတို႔မွ က်ားဖ်န႔္လုပ္ကိုင္သူမ်ား ထိုင္းႏိုင္ငံဘက္သို႔ အုပ္စုလိုက္ ထြက္ေျပး ျခင္းမ်ား ရွိေနသည္။ “AA ဆိုက္မွာ ေျပးေနရၿပီ။ ျမဝတီနဲ႔ SKK မွာေတာ့ အေဆာင္ခနဲ႔ ကုန္ေဈးႏႈန္းေတြ ပိုတက္ေတာ့မယ္။ ေအးေအးေဆးေဆးနဲ႔ အလုပ္လုပ္ခ်င္ရင္ ကေမာၻဒီးယားမွာ လာ Join ပါေနာ္။ အေတြ႕အႀကဳံရွိရင္ေတာ့ ဆရာႀကီးလာလုပ္လို႔ရတယ္။ အင္တာဗ်ဴးေအာင္တာနဲ႔ လမ္းစရိတ္ကအစ တာဝန္ယူေပးတယ္” ဟု Tiktok သုံးစြဲသူတစ္ဦးက ၎၏အေကာင့္တြင္ တင္ထားသည္။
KK Park က်ားဖ်န႔္ဆိုက္ႏွင့္ AA က်ားဖ်န႔္ဆိုက္တို႔မွာ နီးကပ္စြာတည္ရွိေနရာ KK Park ကို တပ္မေတာ္က ဝင္ေရာက္ခဲ့ၿပီးေနာက္ AA ဆိုက္အတြင္းရွိ အေဆာက္အအုံမ်ားရွိ က်ားဖ်န႔္လုပ္ကိုင္သူ မ်ားလည္း ထြက္ေျပးေနၾကျခင္းျဖစ္ကာ ျပည္ပႏိုင္ငံသားအမ်ားစု ပါဝင္ေနေၾကာင္းလည္း သိရသည္။ “ျမဝတီၿမိဳ႕အတြင္းမွာ ႏိုင္ငံေတာ္ရဲ႕ ဂုဏ္သိကၡာကို ထိပါးေစသည့္ အြန္လိုင္းလိမ္လည္မႈ အပါအဝင္ တရားမဝင္ လုပ္ကိုင္ေဆာင္႐ြက္ေနတဲ့လုပ္ငန္းေတြမွာ ပါဝင္ျခင္းမရွိၾကဖို႔၊ အဲဒီလုပ္ငန္းေတြအတြက္ တရားမဝင္ အေဆာက္အအုံေတြ ေဆာက္လုပ္ျခင္း၊ အဲဒီအေဆာက္အအုံေတြက လုပ္ငန္းေတြမွာ သြား ေရာက္လုပ္ကိုင္ျခင္းအျပင္ တစ္နည္းနည္းနဲ႔ ပါဝင္ပတ္သက္ျခင္း၊ အားေပးကူညီျခင္း စတာေတြကို မျပဳ ၾကဖို႔ကိုလည္း ေဒသႏၲရအမိန႔္ေတြထုတ္ျပန္ၿပီး တားျမစ္ေဆာင္႐ြက္ေနပါတယ္” ဟု ႏိုင္ငံေတာ္ အစိုးရက ထုတ္ျပန္ထားသည့္ KK Park ႏွင့္ ပတ္သက္ေသာ ေနာက္ဆက္တြဲ သတင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပ ထားသည္။

Picture

Tha Lwin

30/10/2025 15:09

တော်တော် အတင့်ရဲကြတာနော် သည်ထက်ပြတ်သားဖို့လိုနေပြီ

Related news

© 2021. All rights reserved.