နေပြည်တော် ပြည်သူ့ရင်ပြင်နှင့် ဖျော်ဖြေရေးရင်ပြင်တွင် မြန်မာ့သမိုင်းဝင်အထင်ကရပုဂ္ဂိုလ်ကြီးများ၏ ရုပ်တု များ၊ နိုင်ငံတော် အထိမ်းအမှတ်ရုပ်တုများကိုလည်း ထည့်သွင်းရန် မှာကြား

 402

သန့်ဇင် (NP News) - အောက်တိုဘာ ၂၇
နေပြည်တော်တွင် တည်ဆောက်နေသော ပြည်သူ့ရင်ပြင်နှင့် ဖျော်ဖြေရေးရင်ပြင်တွင် မြန်မာ့သမိုင်းဝင်အထင် ကရပုဂ္ဂိုလ်ကြီးများ၏ ရုပ်တုများ၊ နိုင်ငံတော်နှင့် သက်ဆိုင်သည့် အထိမ်းအမှတ်ရုပ်တုများကိုလည်း ထည့်သွင်း တည်ဆောက်ရန် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း သိရသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယမန်နေ့(အောက်တိုဘာ ၂၆ရက်)၊နံနက်ပိုင်းက နေပြည်တော်ကောင်စီ နယ်မြေအတွင်း မြို့ပြဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်နေမှုနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက် နေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးရ နေပြည်တော်မြို့တော်ခန်းမအနီး ပြည်သူ့ရင်ပြင်နှင့် ဖျော်ဖြေရေးရင်ပြင်တည်ဆောက်နေမှုနှင့် ပျဉ်းမနား-တောင်ညို ၈ လမ်းသွားလမ်းဖောက် လုပ်နေမှု လုပ်ငန်းခွင်နေရာသို့ ရောက်ရှိစဥင်္ အထက်ပါကဲ့သို့ ပြောကြားခဲ့ကြောင်း သိရသည်။
ပြည်သူ့ရင်ပြင်နှင့်ဖျော်ဖြေရေးရင်ပြင်အတွင်း မြန်မာ့ရိုးရာပွဲတော်များ၊ အခမ်းအနားများကျင်းပနိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ မြန်မာ့သမိုင်းဝင်အထင်ကရပုဂ္ဂိုလ်ကြီးများ၏ ရုပ်တုများ၊ နိုင်ငံတော်နှင့်သက်ဆိုင်သည့် အထိမ်းအမှတ်ရုပ်တုများကိုလည်း ထည့်သွင်းတည်ဆောက်နိုင်ရေးဒီဇိုင်းရေးဆွဲဆောင်ရွက်သွားရန်လိုကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများကို အဆင့်အလိုက်စနစ်တကျဖြင့်ဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားသည်။
ထို့ပြင် ရေရှည်တည်တံ့စေရေး၊ သဘာဝဘေးဒဏ်မှ ခံနိုင်ရည်ရှိစေရေးနှင့် ခိုင်ခိုင်မာမာဖြစ်စေရေး ဆောင်ရွက် သွားရန်လိုကြောင်း၊ တည်ဆောက်မှုအရည်အသွေးပိုင်းဆိုင်ရာ စစ်ဆေးရန်တာဝန်ရှိသူများ အနေဖြင့်လည်း အဆင့်လိုက်စနစ်တကျဖြစ်စေရေး စစ်ဆေးဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

Zawgyi Version:
ေနျပည္ေတာ္ ျပည္သူ႔ရင္ျပင္ႏွင့္ ေဖ်ာ္ေျဖေရးရင္ျပင္တြင္ ျမန္မာ့သမိုင္းဝင္အထင္ကရပုဂၢိဳလ္ႀကီးမ်ား၏ ႐ုပ္တု မ်ား၊ ႏိုင္ငံေတာ္ အထိမ္းအမွတ္႐ုပ္တုမ်ားကိုလည္း ထည့္သြင္းရန္ မွာၾကား
သန႔္ဇင္ (NP News) - ေအာက္တိုဘာ ၂၇
ေနျပည္ေတာ္တြင္ တည္ေဆာက္ေနေသာ ျပည္သူ႔ရင္ျပင္ႏွင့္ ေဖ်ာ္ေျဖေရးရင္ျပင္တြင္ ျမန္မာ့သမိုင္းဝင္အထင္ ကရပုဂၢိဳလ္ႀကီးမ်ား၏ ႐ုပ္တုမ်ား၊ ႏိုင္ငံေတာ္ႏွင့္ သက္ဆိုင္သည့္ အထိမ္းအမွတ္႐ုပ္တုမ်ားကိုလည္း ထည့္သြင္း တည္ေဆာက္ရန္ ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ယမန္ေန႔(ေအာက္တိုဘာ ၂၆ရက္)၊နံနက္ပိုင္းက ေနျပည္ေတာ္ေကာင္စီ နယ္ေျမအတြင္း ၿမိဳ႕ျပဖြံ႕ၿဖိဳး တိုးတက္ေရးေဆာင္႐ြက္ေနမႈႏွင့္ ျပန္လည္တည္ေဆာက္ေရးလုပ္ငန္း ေဆာင္႐ြက္ ေနမႈအေျခအေနမ်ားအား လိုက္လံၾကည့္ရႈစစ္ေဆးရ ေနျပည္ေတာ္ၿမိဳ႕ေတာ္ခန္းမအနီး ျပည္သူ႔ရင္ျပင္ႏွင့္ ေဖ်ာ္ေျဖေရးရင္ျပင္တည္ေဆာက္ေနမႈႏွင့္ ပ်ဥ္းမနား-ေတာင္ညိဳ ၈ လမ္းသြားလမ္းေဖာက္ လုပ္ေနမႈ လုပ္ငန္းခြင္ေနရာသို႔ ေရာက္ရွိစဥၤ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ျပည္သူ႔ရင္ျပင္ႏွင့္ေဖ်ာ္ေျဖေရးရင္ျပင္အတြင္း ျမန္မာ့႐ိုးရာပြဲေတာ္မ်ား၊ အခမ္းအနားမ်ားက်င္းပႏိုင္ေရး ေဆာင္႐ြက္သြားရန္လိုေၾကာင္း၊ ျမန္မာ့သမိုင္းဝင္အထင္ကရပုဂၢိဳလ္ႀကီးမ်ား၏ ႐ုပ္တုမ်ား၊ ႏိုင္ငံေတာ္ႏွင့္သက္ဆိုင္သည့္ အထိမ္းအမွတ္႐ုပ္တုမ်ားကိုလည္း ထည့္သြင္းတည္ေဆာက္ႏိုင္ေရးဒီဇိုင္းေရးဆြဲေဆာင္႐ြက္သြားရန္လိုေၾကာင္း၊ တည္ေဆာက္ေရးလုပ္ငန္းမ်ားကို အဆင့္အလိုက္စနစ္တက်ျဖင့္ေဆာင္႐ြက္သြားရန္လိုေၾကာင္း ေျပာၾကားသည္။
ထို႔ျပင္ ေရရွည္တည္တံ့ေစေရး၊ သဘာဝေဘးဒဏ္မွ ခံႏိုင္ရည္ရွိေစေရးႏွင့္ ခိုင္ခိုင္မာမာျဖစ္ေစေရး ေဆာင္႐ြက္ သြားရန္လိုေၾကာင္း၊ တည္ေဆာက္မႈအရည္အေသြးပိုင္းဆိုင္ရာ စစ္ေဆးရန္တာဝန္ရွိသူမ်ား အေနျဖင့္လည္း အဆင့္လိုက္စနစ္တက်ျဖစ္ေစေရး စစ္ေဆးေဆာင္႐ြက္သြားရန္လိုေၾကာင္းႏွင့္ အျခားလိုအပ္သည္မ်ားကို လမ္းၫႊန္မွာၾကားခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.