မြန်မာနိုင်ငံ၏ လူဦးရေတိုးနှုန်းတဖြည်းဖြည်းနှေးကွေးလာနေ

778

သက်ပိုင်(Np News) - အောက်တိုဘာ ၂၇
မြန်မာနိုင်ငံ၏ လူဦးရေတိုးတက်မှုနှုန်းမှာ တဖြည်းဖြည်းနှေးကွေးလာနေကြောင်း (၂၀၂၄) ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းသန်းခေါင်စာရင်း အစီရင်ခံစာအရ သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာနက ထုတ်ပြန်သည့် (၂၀၂၄) ခုနှစ် သန်းခေါင်စာရင်း အစီရင်ခံစာအရ (၂၀၀၀) ပြည့်နှစ်မတိုင်မီ ကာလများတွင် လူဦးရေသိသိသာသာ တိုးတက်ခဲ့ပြီး (၂၀၁၄)ခုနှစ်မှ စတင်၍ လူဦးရေတည်ငြိမ်လာသည်ကို တွေ့ရှိရကြောင်း အဆိုပါအစီရင်ခံစာတွင်ပါရှိသည်။
မြန်မာနိုင်ငံ၏ လူဦးရေစုစုပေါင်းမှာ (၅၁ ဒသမ ၄) သန်း(စာရင်းမကောက်ယူနိုင်သည့် ဒေသများအတွက် ခန့်မှန်းဦးရေ ၁၉ ဒသမ ၂ သန်း အပါအဝင်)ဖြစ်ကြောင်းနှင့် စုစုပေါင်းလူဦးရေတွင် အမျိုးသား (၄၇ )ရာခိုင်နှုန်းနှင့် အမျိုးသမီး (၅၃) ရာခိုင်နှုန်း ပါဝင်နေကြောင်း သိရသည်။
(၂၀၁၄) ခုနှစ်တွင် အသက် (၁၅) နှစ်အောက် ကလေးအချိုးသည် (၂၈ ဒသမ ၆) ရာခိုင်နှုန်း ရှိခဲ့ရာမှ (၂၀၂၄) ခုနှစ်တွင် (၂၅ ဒသမ ၂) ရာခိုင်နှုန်း (စုစုပေါင်းလူဦးရေ၏ လေးပုံတစ်ပုံ)သို့ လျော့ကျခဲ့ကြောင်း သိရသည်။
လက်ရှိတွင် အလုပ်လုပ်ကိုင်နိုင်သည့် လူဦးရေ ( ၁၅ နှစ်မှ ၆၄)အုပ်စုသည် စုစုပေါင်း လူဦးရေတွင် (၆၆ ဒသမ ၉ ရာခိုင်နှုန်း)ဖြင့် အချိုးအစားအမြင့်ဆုံးပါဝင်နေပြီး အသက် (၆၅) နှစ်နှင့်အထက် သက်ကြီးရွယ်အို အချိုးသည် (၁၉၃၃) ခုနှစ်တွင် (၃ ဒသမ ၇ ရာခိုင်နှုန်း)ရှိခဲ့ရာမှ ၂၀၂၄ ခုနှစ်တွင် (၇ ဒသမ ၉ ရာခိုင်နှုန်း) အထိ သိသိသာသာမြင့်တက်လာကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထို့အပြင် ကလေးမှီခိုသူဦးရေအချိုးသည် (၁၉၇၃) ခုနှစ်တွင် (၇၅ ဒသမ ၆) ရှိခဲ့ရာမှ (၂၀၂၄) ခုနှစ်တွင် (၃၇ ဒသမ ၇) သို့ သိသိသာသာ ကျဆင်းသွားခဲ့ပြီး စုစုပေါင်းကလေးမွေးဖွားမှုနှုန်းမှာလည်း မိဘနှစ်ဦးကို ပြန်လည်အစားထိုးနိုင်သည့် Replacement Lavel (၂ ဒသမ ၁) ဦးအောက်သို့ လျော့နည်းသွားခဲ့ကြောင်း သိရသည်။

Zawgyi Version:
ျမန္မာႏိုင္ငံ၏ လူဦးေရတိုးႏႈန္းတျဖည္းျဖည္းေႏွးေကြးလာေန
သက္ပိုင္(Np News) - ေအာက္တိုဘာ ၂၇
ျမန္မာႏိုင္ငံ၏ လူဦးေရတိုးတက္မႈႏႈန္းမွာ တျဖည္းျဖည္းေႏွးေကြးလာေနေၾကာင္း (၂၀၂၄) ခုႏွစ္ လူဦးေရႏွင့္ အိမ္အေၾကာင္းသန္းေခါင္စာရင္း အစီရင္ခံစာအရ သိရသည္။
လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာန၊ ျပည္သူ႔အင္အားဦးစီးဌာနက ထုတ္ျပန္သည့္ (၂၀၂၄) ခုႏွစ္ သန္းေခါင္စာရင္း အစီရင္ခံစာအရ (၂၀၀၀) ျပည့္ႏွစ္မတိုင္မီ ကာလမ်ားတြင္ လူဦးေရသိသိသာသာ တိုးတက္ခဲ့ၿပီး (၂၀၁၄)ခုႏွစ္မွ စတင္၍ လူဦးေရတည္ၿငိမ္လာသည္ကို ေတြ႕ရွိရေၾကာင္း အဆိုပါအစီရင္ခံစာတြင္ပါရွိသည္။
ျမန္မာႏိုင္ငံ၏ လူဦးေရစုစုေပါင္းမွာ (၅၁ ဒသမ ၄) သန္း(စာရင္းမေကာက္ယူႏိုင္သည့္ ေဒသမ်ားအတြက္ ခန႔္မွန္းဦးေရ ၁၉ ဒသမ ၂ သန္း အပါအဝင္)ျဖစ္ေၾကာင္းႏွင့္ စုစုေပါင္းလူဦးေရတြင္ အမ်ိဳးသား (၄၇ )ရာခိုင္ႏႈန္းႏွင့္ အမ်ိဳးသမီး (၅၃) ရာခိုင္ႏႈန္း ပါဝင္ေနေၾကာင္း သိရသည္။
(၂၀၁၄) ခုႏွစ္တြင္ အသက္ (၁၅) ႏွစ္ေအာက္ ကေလးအခ်ိဳးသည္ (၂၈ ဒသမ ၆) ရာခိုင္ႏႈန္း ရွိခဲ့ရာမွ (၂၀၂၄) ခုႏွစ္တြင္ (၂၅ ဒသမ ၂) ရာခိုင္ႏႈန္း (စုစုေပါင္းလူဦးေရ၏ ေလးပုံတစ္ပုံ)သို႔ ေလ်ာ့က်ခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ အလုပ္လုပ္ကိုင္ႏိုင္သည့္ လူဦးေရ ( ၁၅ ႏွစ္မွ ၆၄)အုပ္စုသည္ စုစုေပါင္း လူဦးေရတြင္ (၆၆ ဒသမ ၉ ရာခိုင္ႏႈန္း)ျဖင့္ အခ်ိဳးအစားအျမင့္ဆုံးပါဝင္ေနၿပီး အသက္ (၆၅) ႏွစ္ႏွင့္အထက္ သက္ႀကီး႐ြယ္အို အခ်ိဳးသည္ (၁၉၃၃) ခုႏွစ္တြင္ (၃ ဒသမ ၇ ရာခိုင္ႏႈန္း)ရွိခဲ့ရာမွ ၂၀၂၄ ခုႏွစ္တြင္ (၇ ဒသမ ၉ ရာခိုင္ႏႈန္း) အထိ သိသိသာသာျမင့္တက္လာေၾကာင္း အစီရင္ခံစာတြင္ ေဖာ္ျပထားသည္။
ထို႔အျပင္ ကေလးမွီခိုသူဦးေရအခ်ိဳးသည္ (၁၉၇၃) ခုႏွစ္တြင္ (၇၅ ဒသမ ၆) ရွိခဲ့ရာမွ (၂၀၂၄) ခုႏွစ္တြင္ (၃၇ ဒသမ ၇) သို႔ သိသိသာသာ က်ဆင္းသြားခဲ့ၿပီး စုစုေပါင္းကေလးေမြးဖြားမႈႏႈန္းမွာလည္း မိဘႏွစ္ဦးကို ျပန္လည္အစားထိုးႏိုင္သည့္ Replacement Lavel (၂ ဒသမ ၁) ဦးေအာက္သို႔ ေလ်ာ့နည္းသြားခဲ့ေၾကာင္း သိရသည္။