ဆောက်လုပ်ရေး သံနှင့်ပတ်သက်၍ မူဝါဒချမှတ်ကြပ်မတ်ရန်လို

166

စော (NP News) − အောက်တိုဘာ ၂၈
အဆောက်အအုံဆောက်လုပ်ရာတွင် အသုံးပြုသော သံနှင့် ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိ သူများက မူဝါဒချမှတ်ပြီး ကြပ်မတ်ရန်လိုကြောင်း ဝါရင့်ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက NP News ကတစ်ဆင့် အကြံပြုပြောကြား သည်။
ပြည်တွင်း၌ထုတ်သောသံများသည် အရည်အသွေးမမီသည့်အတွက် အဆောက်အအုံ ဆောက် လုပ်ရာတွင် သုံးစွဲရန်မသင့်ဟု အင်ဂျင်နီယာကောင်စီ၊ ငလျင်နှင့် ပတ်သက်သော အဖွဲ့အစည်းများ ၏ သုတေသနစာတမ်းတွင် ဖော်ပြထားကြောင်း ၎င်းကဆိုသည်။
“သံတို၊ သံစတို့ကို ရပ်ကွက်တွေမှာ လိုက်ဝယ်တာရှိတယ်။ အဲဒီလိုမျိုးပဲ နောက်တစ်ခါကျတော့ အဆောက်အအုံဆောက်တဲ့အချိန်မှာ အတိုအစ၊ ဖြတ်စတွေ ထွက်တဲ့သံတွေရှိတယ်။ နိုင်ငံခြား သံတွေရှိ တယ်။ အဲဒီသံတွေကို ပြန်ကျိုပြီးတော့ ပြန်ဆွဲတာတို့၊ အဆောက်အအုံဖျက်တဲ့ သံအဟောင်းကို သုံးတာ တို့ ပြည်တွင်းမှာ သံရည်ကျိုပြီးမှ ပြန်ထုတ်ကြတာ။ အဲဒီသံအရည်ကျိုပြီး ပြန်ထုတ်လိုက်ရင် နိုင်ငံခြားသံ က ဘယ်လောက်အရည်အသွေးမီမီ ပြန်သန့်စင်မှုမရှိဘူး။ နည်းပညာလိုအပ်ချက်၊ Chemical သုံးတာ တွေလိုအပ်ချက်မို့လို့ ဒီသံတွေ ပြည်တွင်းထုတ်သံဖြစ်သွားပြီ အရည်အသွေး လုံးဝ မမီတော့ဘူး" ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်က ဆိုသည်။
နိုင်ငံခြားသံများကို ဝယ်ယူမှုအားနည်း သည့်အတွက် ပြည်တွင်းသံများသည် ဈေးကွက် အတွင်း ရောင်းချမှုများနေကာ အဆောက်အအုံတွင် အရည်အသွေးမမီသည့်သံများကိုအသုံးပြုသည့် အတွက် အဆောက်အအုံခိုင်ခံ့မှုတွင် အားနည်းချက်များ ဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။
“ပြည်တွင်းသံကတော့ နဂိုတည်းက ဈေးကွက်မှာ တော်တော်များများ နိုင်ငံခြားသံတွေ အဝယ် နည်းတဲ့အခါကျတော့ ဈေးကွက်က နေရာယူထားပြီးသားရှိတာပေါ့။ အဓိက စိုးရိမ်ဖို့ကောင်းတာက ဘာလဲဆိုတော့ နှစ်ထပ်ကနေအထက်ကို အဲဒီသံတွေနဲ့ ဆောက်နေတဲ့အခါမှာ အဲဒီသံတွေရဲ့ ခံနိုင်ရည် အား၊ အဲဒီအရည်အသွေး မမီဘဲဆောက်နေတဲ့ဟာတွေက အန္တရာယ်များတယ်။ ကျန်တဲ့ အထပ်မြင့်တွေ ကျတော့ သံတွေက သေချာစိစစ်ပြီးမှ ဆောက်လို့ရတာဖြစ်တဲ့ အတွက် အန္တရာယ်မရှိပေမယ့် နှစ်ထပ်၊ သုံးထပ်၊ ရပ်ကွက်တွေထဲမှာဆောက်တဲ့ လေးထပ်ဟာတွေရှိတယ်။ အဲဒီလိုဟာမျိုးက ဒီဟာတွေက အန္တရာယ်ရှိတာပေါ့” ဟု ၎င်းကပြောသည်။
အဆိုပါပြည်တွင်းသံများကို လေးထပ် တိုက်၊ ငါးထပ်တိုက်များ ဆောက်လုပ်ရာတွင် ပျမ်းမျှ အသုံးပြုသည်ကို မြင်တွေ့နေရကြောင်းလည်း သိရ သည်။
“ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတို့၊ အင်ဂျင်နီယာကောင်စီတို့ကနေပြီးတော့ မူဝါဒ ချပေးဖို့လိုတယ်။ အဆောက်အအုံ ဆောက်တဲ့ သံ တွေကို စစ်ဖို့ ဆိုတာ သူတို့ကိုယ်တိုင်လည်း ကြပ်ကြပ်မတ်မတ်စစ်ဖို့လိုသလို Third Party Inspection အဖွဲ့ကို အကုန်လုံးကိုငှားခိုင်းတာတော့ အ ကောင်းဆုံးပဲ။ Third Party Inspection QC ကနေပြီးတော့ သံအရည်အသွေးစစ်တယ်။ အဆောက်အ အုံဆောက်တဲ့အချိန်မှာ နည်းပညာတွေ၊ လိုအပ်ချက်တွေစစ်တာကို အစိုးရက ကြပ်ကြပ်မတ်မတ် လုပ်ခိုင်းမှသာလျှင် ဒီဟာတွေက ပျောက်သွားမှာ။ ဒီအတိုင်းကတော့ မစစ်ရင် ခိုးသုံးကြမှာပဲ” ဟု ၎င်း ကဆက်လက်ပြောသည်။
မြန်မာနိုင်ငံတွင် ဆောက်လုပ်ရေးလုပ်ငန်းသုံး သံနှင့်သံမဏိလိုအပ်ချက်မှာ တစ်နှစ်လျှင် တန် ချိန် (၂ ဒသမ ၅)သန်းမှ (၃)သန်းခန့်ရှိပြီး ပြည် တွင်း၌ ထုတ်လုပ်မှုတန်ချိန် (၁) သန်းခန့်သာရှိ၍ လိုအပ် ချက်အများစုကို ပြည်ပမှတင်သွင်းနေရကြောင်း သိရသည်။

Zawgyi Version:
ေဆာက္လုပ္ေရး သံႏွင့္ပတ္သက္၍ မူဝါဒခ်မွတ္ၾကပ္မတ္ရန္လို
ေစာ (NP News) − ေအာက္တိုဘာ ၂၈
အေဆာက္အအုံေဆာက္လုပ္ရာတြင္ အသုံးျပဳေသာ သံႏွင့္ ပတ္သက္၍ သက္ဆိုင္ရာ တာဝန္ရွိ သူမ်ားက မူဝါဒခ်မွတ္ၿပီး ၾကပ္မတ္ရန္လိုေၾကာင္း ဝါရင့္ေဆာက္လုပ္ေရးလုပ္ငန္းရွင္တစ္ဦးက NP News ကတစ္ဆင့္ အႀကံျပဳေျပာၾကား သည္။
ျပည္တြင္း၌ထုတ္ေသာသံမ်ားသည္ အရည္အေသြးမမီသည့္အတြက္ အေဆာက္အအုံ ေဆာက္ လုပ္ရာတြင္ သုံးစြဲရန္မသင့္ဟု အင္ဂ်င္နီယာေကာင္စီ၊ ငလ်င္ႏွင့္ ပတ္သက္ေသာ အဖြဲ႕အစည္းမ်ား ၏ သုေတသနစာတမ္းတြင္ ေဖာ္ျပထားေၾကာင္း ၎ကဆိုသည္။
“သံတို၊ သံစတို႔ကို ရပ္ကြက္ေတြမွာ လိုက္ဝယ္တာရွိတယ္။ အဲဒီလိုမ်ိဳးပဲ ေနာက္တစ္ခါက်ေတာ့ အေဆာက္အအုံေဆာက္တဲ့အခ်ိန္မွာ အတိုအစ၊ ျဖတ္စေတြ ထြက္တဲ့သံေတြရွိတယ္။ ႏိုင္ငံျခား သံေတြရွိ တယ္။ အဲဒီသံေတြကို ျပန္က်ိဳၿပီးေတာ့ ျပန္ဆြဲတာတို႔၊ အေဆာက္အအုံဖ်က္တဲ့ သံအေဟာင္းကို သုံးတာ တို႔ ျပည္တြင္းမွာ သံရည္က်ိဳၿပီးမွ ျပန္ထုတ္ၾကတာ။ အဲဒီသံအရည္က်ိဳၿပီး ျပန္ထုတ္လိုက္ရင္ ႏိုင္ငံျခားသံ က ဘယ္ေလာက္အရည္အေသြးမီမီ ျပန္သန႔္စင္မႈမရွိဘူး။ နည္းပညာလိုအပ္ခ်က္၊ Chemical သုံးတာ ေတြလိုအပ္ခ်က္မို႔လို႔ ဒီသံေတြ ျပည္တြင္းထုတ္သံျဖစ္သြားၿပီ အရည္အေသြး လုံးဝ မမီေတာ့ဘူး" ဟု ေဆာက္လုပ္ေရးလုပ္ငန္းရွင္က ဆိုသည္။
ႏိုင္ငံျခားသံမ်ားကို ဝယ္ယူမႈအားနည္း သည့္အတြက္ ျပည္တြင္းသံမ်ားသည္ ေဈးကြက္ အတြင္း ေရာင္းခ်မႈမ်ားေနကာ အေဆာက္အအုံတြင္ အရည္အေသြးမမီသည့္သံမ်ားကိုအသုံးျပဳသည့္ အတြက္ အေဆာက္အအုံခိုင္ခံ့မႈတြင္ အားနည္းခ်က္မ်ား ျဖစ္ႏိုင္ေၾကာင္း ၎က ဆိုသည္။
“ျပည္တြင္းသံကေတာ့ နဂိုတည္းက ေဈးကြက္မွာ ေတာ္ေတာ္မ်ားမ်ား ႏိုင္ငံျခားသံေတြ အဝယ္ နည္းတဲ့အခါက်ေတာ့ ေဈးကြက္က ေနရာယူထားၿပီးသားရွိတာေပါ့။ အဓိက စိုးရိမ္ဖို႔ေကာင္းတာက ဘာလဲဆိုေတာ့ ႏွစ္ထပ္ကေနအထက္ကို အဲဒီသံေတြနဲ႔ ေဆာက္ေနတဲ့အခါမွာ အဲဒီသံေတြရဲ႕ ခံႏိုင္ရည္ အား၊ အဲဒီအရည္အေသြး မမီဘဲေဆာက္ေနတဲ့ဟာေတြက အႏၲရာယ္မ်ားတယ္။ က်န္တဲ့ အထပ္ျမင့္ေတြ က်ေတာ့ သံေတြက ေသခ်ာစိစစ္ၿပီးမွ ေဆာက္လို႔ရတာျဖစ္တဲ့ အတြက္ အႏၲရာယ္မရွိေပမယ့္ ႏွစ္ထပ္၊ သုံးထပ္၊ ရပ္ကြက္ေတြထဲမွာေဆာက္တဲ့ ေလးထပ္ဟာေတြရွိတယ္။ အဲဒီလိုဟာမ်ိဳးက ဒီဟာေတြက အႏၲရာယ္ရွိတာေပါ့” ဟု ၎ကေျပာသည္။
အဆိုပါျပည္တြင္းသံမ်ားကို ေလးထပ္ တိုက္၊ ငါးထပ္တိုက္မ်ား ေဆာက္လုပ္ရာတြင္ ပ်မ္းမွ် အသုံးျပဳသည္ကို ျမင္ေတြ႕ေနရေၾကာင္းလည္း သိရ သည္။
“ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီတို႔၊ အင္ဂ်င္နီယာေကာင္စီတို႔ကေနၿပီးေတာ့ မူဝါဒ ခ်ေပးဖို႔လိုတယ္။ အေဆာက္အအုံ ေဆာက္တဲ့ သံ ေတြကို စစ္ဖို႔ ဆိုတာ သူတို႔ကိုယ္တိုင္လည္း ၾကပ္ၾကပ္မတ္မတ္စစ္ဖို႔လိုသလို Third Party Inspection အဖြဲ႕ကို အကုန္လုံးကိုငွားခိုင္းတာေတာ့ အ ေကာင္းဆုံးပဲ။ Third Party Inspection QC ကေနၿပီးေတာ့ သံအရည္အေသြးစစ္တယ္။ အေဆာက္အ အုံေဆာက္တဲ့အခ်ိန္မွာ နည္းပညာေတြ၊ လိုအပ္ခ်က္ေတြစစ္တာကို အစိုးရက ၾကပ္ၾကပ္မတ္မတ္ လုပ္ခိုင္းမွသာလွ်င္ ဒီဟာေတြက ေပ်ာက္သြားမွာ။ ဒီအတိုင္းကေတာ့ မစစ္ရင္ ခိုးသုံးၾကမွာပဲ” ဟု ၎ ကဆက္လက္ေျပာသည္။
ျမန္မာႏိုင္ငံတြင္ ေဆာက္လုပ္ေရးလုပ္ငန္းသုံး သံႏွင့္သံမဏိလိုအပ္ခ်က္မွာ တစ္ႏွစ္လွ်င္ တန္ ခ်ိန္ (၂ ဒသမ ၅)သန္းမွ (၃)သန္းခန႔္ရွိၿပီး ျပည္ တြင္း၌ ထုတ္လုပ္မႈတန္ခ်ိန္ (၁) သန္းခန႔္သာရွိ၍ လိုအပ္ ခ်က္အမ်ားစုကို ျပည္ပမွတင္သြင္းေနရေၾကာင္း သိရသည္။