စင်ကာပူ၊ Marina Bay Sands မှာ မီးလောင်မှုဖြစ်

 193

ရောင်နီ (NP News) - အောက်တိုဘာ ၂၈
အောက်တိုဘာ ၂၈ ရက်က Marina Bay Sands (MBS) မှာ မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ စင်ကာပူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (SCDF) က ညနေ ၃ နာရီ ၄ဝ မိနစ်ခန့်မှာ Marina Bay Sands MBS ဟိုတယ် Tower 3 ရဲ့ ၅၅ လွှာမှာ မီးလောင်မှုဖြစ်နေကြောင်း အကြောင်းကြားဖုန်းခေါ်ဆိုမှု လက်ခံရရှိခဲ့တယ်လို့ ဆိုပါတယ်။
မီးလောင်မှုဟာ အသေးစား မီးလောင်မှုတစ်ခုသာဖြစ်ပြီး ဧည့်သည်တွေ ဝင်ရောက်လို့မရသေးတဲ့နေရာမှာ ဖြစ်ပွားခဲ့ တာကြောင့် ဒဏ်ရာရရှိမှုမရှိဘူးလို့ MBS ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။ ဖြစ်ရပ်အတွက် စုံစမ်းစစ်ဆေးဖို့ အာဏာပိုင်တွေနဲ့ နီးနီးကပ်ကပ် လုပ်ဆောင်နေတယ်” လို့ ပြောရေးဆိုခွင့်ရှိသူက ထပ်လောင်း ပြောကြားခဲ့ပါတယ်။
မီးလောင်မှုကြောင့် စီးပွားရေးလုပ်ငန်းတွေကို ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။ အွန်လိုင်းဆိုရှယ်မီဒီယာ ပလက်ဖောင်းများစွာမှာ တင်ထားတဲ့ဗီဒီယိုမှတ်တမ်းတွေမှာ Marina Bay Sands ဟိုတယ်အမိုးမှ မီးခိုးမည်းတွေ တလူလူထွက်နေတာကို မြင်တွေ့ရပါတယ်။ SCDF က ကနဦးတွေ့ရှိချက်တွေအရ မီးလောင်မှုဟာ အနီးအနားမှာ ပြုလုပ်နေတဲ့ ဂဟေဆက်လုပ်ငန်းတွေမှ စတင်ခဲ့ဖွယ်ရှိတယ်လို့ ကောက်ချက်ချထားပါတယ်။

Zawygi Version:
စင္ကာပူ၊ Marina Bay Sands မွာ မီးေလာင္မႈျဖစ္
ေရာင္နီ (NP News) - ေအာက္တိုဘာ ၂၈
ေအာက္တိုဘာ ၂၈ ရက္က Marina Bay Sands (MBS) မွာ မီးေလာင္မႈတစ္ခု ျဖစ္ပြားခဲ့ပါတယ္။ စင္ကာပူ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ (SCDF) က ညေန ၃ နာရီ ၄ဝ မိနစ္ခန႔္မွာ Marina Bay Sands MBS ဟိုတယ္ Tower 3 ရဲ႕ ၅၅ လႊာမွာ မီးေလာင္မႈျဖစ္ေနေၾကာင္း အေၾကာင္းၾကားဖုန္းေခၚဆိုမႈ လက္ခံရရွိခဲ့တယ္လို႔ ဆိုပါတယ္။
မီးေလာင္မႈဟာ အေသးစား မီးေလာင္မႈတစ္ခုသာျဖစ္ၿပီး ဧည့္သည္ေတြ ဝင္ေရာက္လို႔မရေသးတဲ့ေနရာမွာ ျဖစ္ပြားခဲ့ တာေၾကာင့္ ဒဏ္ရာရရွိမႈမရွိဘူးလို႔ MBS ေျပာေရးဆိုခြင့္ရွိသူက ေျပာၾကားခဲ့ပါတယ္။ ျဖစ္ရပ္အတြက္ စုံစမ္းစစ္ေဆးဖို႔ အာဏာပိုင္ေတြနဲ႔ နီးနီးကပ္ကပ္ လုပ္ေဆာင္ေနတယ္” လို႔ ေျပာေရးဆိုခြင့္ရွိသူက ထပ္ေလာင္း ေျပာၾကားခဲ့ပါတယ္။
မီးေလာင္မႈေၾကာင့္ စီးပြားေရးလုပ္ငန္းေတြကို ထိခိုက္မႈမရွိဘူးလို႔ သိရပါတယ္။ အြန္လိုင္းဆိုရွယ္မီဒီယာ ပလက္ေဖာင္းမ်ားစြာမွာ တင္ထားတဲ့ဗီဒီယိုမွတ္တမ္းေတြမွာ Marina Bay Sands ဟိုတယ္အမိုးမွ မီးခိုးမည္းေတြ တလူလူထြက္ေနတာကို ျမင္ေတြ႕ရပါတယ္။ SCDF က ကနဦးေတြ႕ရွိခ်က္ေတြအရ မီးေလာင္မႈဟာ အနီးအနားမွာ ျပဳလုပ္ေနတဲ့ ဂေဟဆက္လုပ္ငန္းေတြမွ စတင္ခဲ့ဖြယ္ရွိတယ္လို႔ ေကာက္ခ်က္ခ်ထားပါတယ္။

Related news

© 2021. All rights reserved.