မိုင်းထောင်ဖျက်ဆီးခံခဲ့ရသော ဧရာဝတီတံတား(ရတနာသိင်္ခ)ကို အမြန်ဆုံးပြန်လည်ပြင်ဆင်သွားမည်

875

သက်ပိုင်( NP News) - အောက်တိုဘာ ၃၀
PDF အမည်ခံအကြမ်းဖက်သမားများနှင့် ပူးပေါင်းအဖွဲ့များ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည့် ဧရာဝတီတံတား(ရတနာသိင်္ခ) ပြန်လည်ပြင်ဆင်ရေးလုပ်ငန်းများကို အမြန်ဆုံး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
PDF အမည်ခံအကြမ်းဖက်သမားများနှင့် ပူးပေါင်းအဖွဲ့များသည် တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် ဒေသတွင်းကုန်စည်စီးဆင်းမှုများ ပျက်ပြားစေရန်ရည်ရွယ်၍ ရွှေဘို-ကျောက်မြောင်း-စဉ့်ကူး-မန္တလေးသွားကားလမ်းပေါ်ရှိ ဧရာဝတီမြစ်ကူးတံတားတစ်စင်းဖြစ်သည့် ဧရာဝတီတံတား (ရတနာသိင်္ခ)ကို အောက်တိုဘာလ (၂၉) ရက်၊နံနက်(၆)နာရီ ၊(၁၀)မိနစ်အချိန်ခန့်က မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်းဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
အဆိုပါ တံတားသည် မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းခရိုင် စဉ့်ကူးမြို့နှင့် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ကျောက်မြောင်းမြို့ကိုဆက်သွယ်ထား၍ ပြည်သူလူထု၏ လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုတို့အတွက် အဓိကအရေးပါသည့်တံတားတစ်စင်းဖြစ်ပြီး မိုင်းပေါက်ကွဲမှုကြောင့် တံတား၏ရေလယ်တိုင်များဖြစ်သည့် တိုင်အမှတ် RP4 နှင့် RP5 တို့ အကြားတွင် လည်းကောင်း၊ RP6-A2 ချဉ်းကပ်လမ်းနေရာတို့တွင်လည်းကောင်း ကျိုးကျပျက်စီးခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ထိုသို့ အကြမ်းဖက်သမားများ၏ အမြော်အမြင်မဲ့စွာဆင်ခြင်မှုမရှိသော ဖျက်လိုဖျက်ဆီး လုပ်ရပ်များကြောင့် ယခုအခါမော်တော်ယာဉ်များနှင့်ခရီးသွားပြည်သူများ ဖြတ်သန်းသွားလာနိုင်ခြင်း မရှိတော့ဘဲ ကုန်စည်စီးဆင်းမှုများရပ်တန့်လျက်ရှိကြောင်း ၎င်းကဆိုသည်။
“လမ်း၊တံတားအခြေခံအဆောက်အဦးတွေဟာ တိုင်းပြည်အတွက် အရေးကြီးတဲ့ အရာတွေဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ လမ်းပန်းဆက်သွယ်ရေး၊ပြည်သူလူထုရဲ့ စားဝတ်နေရေး၊လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် ရေး အတွက် အရေးကြီးတဲ့ အခြေခံအဆောက်အဦးတွေဖြစ်ပါတယ်။ ဒါတွေကို ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝတွေပျက်စီးအောင် ၊အခွင့်အရေးတွေ နစ်နာဆုံးရှုံးအောင် လုပ်တာတွေကို ပြည်သူလူထုတစ်ရပ်လုံး အနေနဲ့လည်း ဝိုင်းဝန်းဆန့်ကျင်ပေးပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ တံတားကို ပြန်လည်ပြင်ဆင်ခြင်းလုပ်ငန်းကိုလည်း အမြန်ဆုံး ကျွန်တော်တို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ် ” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ဧရာဝတီတံတား(ရတနာသိင်္ခ)သည် တံတားအရှည် ပေ (၂၄၈၀) (သံကူကွန်ကရစ်တံတား)၊ တံတားအကျယ် (၂၅) ပေ၊ လူသွားလမ်း ဘယ်/ညာသုံးပေရှိပြီး တံတားဆောက်လုပ်ရေး(အထူးအဖွဲ့-၁၄) က (၂၀၁၀) ပြည့်နှစ် ဧပြီလ (၁၆) ရက်တွင် စီမံကိန်းစတင်ကာ (၂၀၁၃) ခုနှစ် ဇူလိုင်လ (၂၄) ရက်တွင် ဆောက်လုပ်ပြီးစီး၍ ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
==========
Zawgyi Version
သက္ပိုင္( NP News) - ေအာက္တိုဘာ ၃၀
PDF အမည္ခံအၾကမ္းဖက္သမားမ်ားႏွင့္ ပူးေပါင္းအဖြဲ႕မ်ား မိုင္းေထာင္ေဖာက္ခြဲဖ်က္ဆီးခဲ့သည့္ ဧရာဝတီတံတား(ရတနာသိခၤ) ျပန္လည္ျပင္ဆင္ေရးလုပ္ငန္းမ်ားကို အျမန္ဆုံး ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း အမ်ိဳးသားကာကြယ္ေရးႏွင့္လုံၿခဳံေရးေကာင္စီ၏ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။
PDF အမည္ခံအၾကမ္းဖက္သမားမ်ားႏွင့္ ပူးေပါင္းအဖြဲ႕မ်ားသည္ တိုင္းျပည္တည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ျပားေစရန္ႏွင့္ ေဒသတြင္းကုန္စည္စီးဆင္းမႈမ်ား ပ်က္ျပားေစရန္ရည္႐ြယ္၍ ေ႐ႊဘို-ေက်ာက္ေျမာင္း-စဥ့္ကူး-မႏၲေလးသြားကားလမ္းေပၚရွိ ဧရာဝတီျမစ္ကူးတံတားတစ္စင္းျဖစ္သည့္ ဧရာဝတီတံတား (ရတနာသိခၤ)ကို ေအာက္တိုဘာလ (၂၉) ရက္၊နံနက္(၆)နာရီ ၊(၁၀)မိနစ္အခ်ိန္ခန႔္က မိုင္းေထာင္ ေဖာက္ခြဲဖ်က္ဆီးခဲ့ေၾကာင္းဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။
အဆိုပါ တံတားသည္ မႏၲေလးတိုင္းေဒသႀကီး သပိတ္က်င္းခ႐ိုင္ စဥ့္ကူးၿမိဳ႕ႏွင့္ စစ္ကိုင္းတိုင္းေဒသႀကီး ေ႐ႊဘိုခ႐ိုင္ ေက်ာက္ေျမာင္းၿမိဳ႕ကိုဆက္သြယ္ထား၍ ျပည္သူလူထု၏ လမ္းပန္းဆက္သြယ္ေရးႏွင့္ ကုန္စည္စီးဆင္းမႈတို႔အတြက္ အဓိကအေရးပါသည့္တံတားတစ္စင္းျဖစ္ၿပီး မိုင္းေပါက္ကြဲမႈေၾကာင့္ တံတား၏ေရလယ္တိုင္မ်ားျဖစ္သည့္ တိုင္အမွတ္ RP4 ႏွင့္ RP5 တို႔ အၾကားတြင္ လည္းေကာင္း၊ RP6-A2 ခ်ဥ္းကပ္လမ္းေနရာတို႔တြင္လည္းေကာင္း က်ိဳးက်ပ်က္စီးခဲ့ေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။
ထိုသို႔ အၾကမ္းဖက္သမားမ်ား၏ အေျမာ္အျမင္မဲ့စြာဆင္ျခင္မႈမရွိေသာ ဖ်က္လိုဖ်က္ဆီး လုပ္ရပ္မ်ားေၾကာင့္ ယခုအခါေမာ္ေတာ္ယာဥ္မ်ားႏွင့္ခရီးသြားျပည္သူမ်ား ျဖတ္သန္းသြားလာႏိုင္ျခင္း မရွိေတာ့ဘဲ ကုန္စည္စီးဆင္းမႈမ်ားရပ္တန႔္လ်က္ရွိေၾကာင္း ၎ကဆိုသည္။
“လမ္း၊တံတားအေျခခံအေဆာက္အဦးေတြဟာ တိုင္းျပည္အတြက္ အေရးႀကီးတဲ့ အရာေတြျဖစ္ပါတယ္။ ျပည္သူလူထုရဲ႕ လမ္းပန္းဆက္သြယ္ေရး၊ျပည္သူလူထုရဲ႕ စားဝတ္ေနေရး၊လူမႈစီးပြားဘဝဖြံ႕ၿဖိဳးတိုးတက္ ေရး အတြက္ အေရးႀကီးတဲ့ အေျခခံအေဆာက္အဦးေတြျဖစ္ပါတယ္။ ဒါေတြကို ျပည္သူလူထုရဲ႕ လူမႈစီးပြားဘဝေတြပ်က္စီးေအာင္ ၊အခြင့္အေရးေတြ နစ္နာဆုံးရႈံးေအာင္ လုပ္တာေတြကို ျပည္သူလူထုတစ္ရပ္လုံး အေနနဲ႔လည္း ဝိုင္းဝန္းဆန႔္က်င္ေပးေပးၾကဖို႔ ေမတၱာရပ္ခံအပ္ပါတယ္။ တံတားကို ျပန္လည္ျပင္ဆင္ျခင္းလုပ္ငန္းကိုလည္း အျမန္ဆုံး ကြၽန္ေတာ္တို႔ ေဆာင္႐ြက္သြားမွာ ျဖစ္ပါတယ္ ” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။
ဧရာဝတီတံတား(ရတနာသိခၤ)သည္ တံတားအရွည္ ေပ (၂၄၈၀) (သံကူကြန္ကရစ္တံတား)၊ တံတားအက်ယ္ (၂၅) ေပ၊ လူသြားလမ္း ဘယ္/ညာသုံးေပရွိၿပီး တံတားေဆာက္လုပ္ေရး(အထူးအဖြဲ႕-၁၄) က (၂၀၁၀) ျပည့္ႏွစ္ ဧၿပီလ (၁၆) ရက္တြင္ စီမံကိန္းစတင္ကာ (၂၀၁၃) ခုႏွစ္ ဇူလိုင္လ (၂၄) ရက္တြင္ ေဆာက္လုပ္ၿပီးစီး၍ ဖြင့္လွစ္ခဲ့ေၾကာင္းသိရသည္။