" ခံပစ်လို့ဆိုပြီး AA တွေကကျွန်မတို့ကိုသွားကျွတ်တဲ့အထိရိုက်တယ်။ မဝရေစာကျွေးတယ်" (AA လက်အောက်ကသုံ့ပန်းဘဝ ငရဲခန်းအတွေ့အကြုံများ)

1373

သက်ပိုင်မေးမြန်းသည်။
(NP News) - အောက်တိုဘာလ ၃
တောင်ကုတ်မြို့ကို AA တိုက်ခိုက်စဉ်က တပ်မတော်သားတစ်ဦး၏ဇနီးသည်ပီသစွာ ကိုယ် တိုင် ဝင်ရောက်တိုက်ပွဲဝင်ခဲ့ပြီး တောင်ကုတ်မှတပ်ဆုတ်စဉ် ဖမ်းဆီးခံခဲ့ရပြီးနောက် ပြန်လည်လွတ်မြောက် လာသူ ရဲမေအမျိုးသမီးတစ်ဦး၏ ကိုယ်တိုင်တွေ့ကြုံခဲ့ရသည်များကို NP News မှ ဆက်သွယ်မေးမြန်းထားသည်များကို ကောက်နုတ်တင်ပြအပ်ပါသည်။
မေး ။ တပ်ဆုတ်ဖြစ်တဲ့ဖြစ်စဉ်ကို ပြောပြပေးပါလား။
ဖြေ။ ကျွန်မတို့ကတပ်ဆုတ်မယ့် မနက်အထိကို စခန်း မှာနေနေခဲ့တာ။ တပ်ရင်းမှူးရုံးခန်းထဲက မြေပုံအ òန်းသိမ်းထားတဲ့အခန်းထဲမှာ ကလေးတွေကိုဝှက် ထားပြီးတော့တိုက်နေခဲ့တာ။ ဟိုဘက်က အလုံးအ ရင်းနဲ့တက်လာတော့ မရတော့ဘူး။ ဆုတ်မယ်ဆိုပြီး ဆုတ်ခဲ့ရတာ။ အဲဒီနေ့မှာပဲ ကျွန်မတို့တပ်ရင်းကို AA ဆီကို အပြီးသတ်ပေးလိုက်ရတာပေါ့။ ပတ်ပတ်လည် မှာရှိတဲ့နေရာတွေက အကုန်ပါသွားတော့ ဘယ်လိုမှ တောင့်မခံနိုင်တဲ့အဆုံး ပေးလိုက်ရတာပေါ့။ ကျွန်မတို့ မနက်(၆)နာရီကျော်ကျော်လောက်မှာ ဆုတ်မယ်ဆို ပြီးပြောနေတုန်း မနက်(၈)နာရီလောက် ရဟတ်ယာဉ် ကွင်းထဲမှာ ဟိုကောင်တွေက အပြည့်ရောက်နေပြီ။ ဒီတော့ ဆုတ်မိန့်တောင်းတော့ လူကြီးတွေကလည်း ဆုတ်မိန့်ပေးတယ်။ ဒီတော့ ညပိုင်း(၉) နာရီလောက် မှာဆုတ်ကြတယ်။ အရှေ့က တပ်ရင်းမှူးစစ်ကြောင်း၊ အနောက်က ဒဏ်ရာရစစ်သည်ဆိုပြီး အဆင့်ဆင့် ထားပြီးဆုတ်ခဲ့ကြရတယ်။ ဆုတ်နေရင်းမှာလည်း ဟိုအကောင်တွေက အနောက်ကလိုက်လာပြီး သေ နတ်တွေနဲ့ပစ်ကြတယ်။ မနက်(၇)နာရီလောက်မှာ ဘေးလွတ်လောက်တဲ့နေရာကိုရောက်တယ်။ အ နောက်မှာကျန်ခဲ့တဲ့ ကျွန်မတို့လူအနည်းအကျဉ်း လည်းအဖမ်းခံရတယ်ဆိုပြီးသိရတယ်။ ကျွန်မတို့ တောင်တွေ၊ တောတွေကိုဖြတ်ရတယ်။
မေး။ ဘယ်လိုဖမ်းဆီးခံခဲ့ရတယ်ဆိုတာကို ပြောပြပေး ပါဦး။
ဖြေ။ တောင်တွေဖြတ်ရလွန်းလို့ ဘာတောင်တွေမှန်း တောင်မမှတ်မိတော့ဘူး။ ဒီလိုနဲ့ဆုတ်နေတုန်း အင်္ဂ လိပ်လို (၁၈)ရက် ညနေ(၄) နာရီ ဝန်းကျင်လောက်မှာ အရှေ့ကသွားတဲ့လူတစ်စုက ချောင်းဘေးနားမှာနား နေတာကိုတွေ့ခဲ့တယ်။ ကျွန်မတို့ကလည်း သူတို့ကို တွေ့တော့ သူတို့နဲ့အတူခဏနားလိုက်တယ်။ အဲဒီအ ချိန်မှာ ရဲဘော်တစ်ယောက်က သူ့အမေ အသက်(၈၀)အရွယ်အဘွားကြီးကို ကျွန်မအနားမှာထားခဲ့တယ်။ ကျွန်မကို သူ့အမေကိုခဏကြည့်ပေးထားပါ၊ အမေက လမ်းမလျှောက်နိုင်တော့လို့ အထမ်းသွားငှားမလို့တဲ့။ပြီးရင်ပြန်လာခေါ်ပါမယ်ဆိုပြီးထားခဲ့တယ်။ ကျွန်မက လည်း မောနေတဲ့အချိန်ဆိုတော့ ဘာမှမစဉ်းစားလိုက် မိဘူး။ ဘေးနားမှာ လူတွေလည်းရှိနေတာဆိုတော့ ရတယ်လို့ပဲပြောလိုက်တယ်။ ဒါပေမဲ့ ညနေ (၆)နာရီ လောက်အထိကိုပေါ်မလာဘူး။ ကျန်တဲ့သူတွေက လည်း ချောင်းကိုကျော်ပြီး ဟိုဘက်တောင်ရိုးပေါ် ရောက်မှ ညအိပ်နားမယ်ဆိုပြီးပြောလာတော့ ကျွန်မ က ဒီအမေကြီးကို သူ့သားလာမခေါ်သေးတော့ သွား နှင့် အနောက်ကလိုက်ခဲ့မယ်လို့ပြောလိုက်တယ်။ ကျွန်မတို့က အဲဒီရဲဘော်ကိုယုံလိုက်မိတာပေါ့နော်။ ဒါပေမဲ့ ဟိုရဲဘော်က (၇)နာရီလည်းမလာ (၈) နာရီ လည်းမလာဆိုတော့ ကျွန်မတို့က အဲဒီနေရာမှာပဲ အိပ်လိုက်ရရော။ ညကျတော့မှ စောင်တွေဘာတွေ မပါဘူးလားလို့ အမေကြီးကိုမေးလိုက်တော့မှ ပါ တယ်တဲ့၊ ဟိုကျောက်ဆောင်နားမှာဆိုတော့ သွား ကြည့်တော့မှ သူ့အထုပ်တွေကိုတွေ့တာ။ အဲဒီတော့မှ စဉ်းစားလိုက်မိတာ။ ရဲဘော်ကတစ်ခုခုပဲလို့ ဆိုတာကို သိလိုက်ရတာ။ ဒါနဲ့ နောက်နေ့မနက် အစောကြီးထပြီး တော့ ကျွန်မတို့ ရှေ့ကိုခရီးထွက်ကြတယ်။ ဒါပေမဲ့ အရှေ့ကအဖွဲ့က တောင်ပေါ်ကသွားမှန်းမသိ၊ ရေ ကြောင်းကသွားမှန်းမသိနဲ့ ကျွန်မတို့လမ်းတွေပျောက် ကြရော။ အဲဒီမှာ လမ်းမှာ တောင်ကုတ်ရဲစခန်းက ရဲနှစ်ယောက်နဲ့ထပ်တွေ့တယ်။ သူတို့လည်း လမ်း ပျောက်နေတာဆိုတော့ အတူပေါင်းပြီး ရှေ့ဆက်သွား ကြတယ်။ လမ်းတစ်လျှောက်လုံးမှာ အရှေ့ကလူတွေ စားထားတဲ့အခွံတွေ၊ ခြေရာတွေကိုကြည့်ပြီး လျှောက် ခဲ့ရတာ။ ကျွန်မမှာလည်း ကလေးနှစ်ယောက်ပါတယ်။ အဲအထဲက အကြီးဖြစ်သူက ပျော့တဲ့အခါကျတော့ လမ်းမလျှောက်နိုင်လို့ သူ့အဖေက ပိုးပြီးသွားရတယ်။ အမေကြီးကလည်းပါလာတော့ ခရီးကထင်သလောက် မတွင်ဘူး။ နည်းနည်းလောက်ပြတ်ကျန်ခဲ့တာနဲ့ သား တို့သမီးတို့ရေနေပါဦးဆိုရင် ကျွန်မတို့ကမနေနိုင်ဘူး။ စောင့်ပြီးခေါ်ကြရတာပေါ့။ ဒီလိုနဲ့(၂၃)ရက် ညနေ ပိုင်းမှာ GE တပ်က အမျိုးသမီးတစ်ယောက်နဲ့ သူ့ သားနဲ့ကိုတွေ့တယ်။ သူတို့လည်း လမ်းမှားလာတာဆို ပြီးပြောတယ်။ သူ့သားကလည်း ကျောက်ဆောင်ပေါ် ကချော်ကျထားတော့ ခြေထောက်မှာဒဏ်ရာနဲ့ဆို တော့ သူ့ကိုအမေဖြစ်သူကတွဲထားရတယ်။ အဲဒါနဲ့ သူတို့စကားပြောနေတုန်း ခပ်လှမ်းလှမ်းမှာ မီးခိုးမြင် လို့သွားကြည့်တော့ ဆက်သွယ်ရေးတပ်ကလူတွေဖြစ် နေတယ်။ သူတို့မှာလည်း ခြေထောက်ပြတ်တဲ့သူတွေ၊ ဒဏ်ရာရတဲ့သူတွေနဲ့။ ဒါနဲ့ သူတို့အဖွဲ့ထဲမှာ ရွာကအ မျိုးသမီးတစ်ယောက်လည်းပါလာတယ်။ အဲဒီအမျိုး သမီးနဲ့ ဟိုရဲဘော်လေးအမေနဲ့က နဂိုကတည်းကသိ ကြတော့ အမေအိုကြီးက သူတို့နဲ့အတူသွားချင်တယ် ဆိုလို့ အဲဒီအမေကြီးကို အဲဒီအဖွဲ့လက်ထဲကို အပ် လိုက်တယ်။ ကျွန်မတို့က ခြေကုန်လက်ပန်းကျနေ တော့ ဆက်သွယ်ရေးအဖွဲ့ကဗိုလ်ကြီးက သူတို့အရှေ့ ကအရင်သွားနှင့်မယ်ဆိုပြီး အရှေ့ကထွက်သွားနှင့် တယ်။ သူတို့သွားပြီး(၄၅)မိနစ်လောက်အကြာမှာ အထုပ်ဆွဲပြီးထတဲ့အချိန် ဟိုဘက်က သေနတ်နဲ့လှမ်း ပစ်တယ်။ ဒီတော့ နီးတဲ့ချုံတွေထဲမှာနေပြီးတော့ သေ နတ်တွေကိုကျည်ထိုးပြီး အသင့်ပြင်နေလိုက်ကြ တယ်။ မကြာပါဘူး အယောက်(၂၀)လောက်ရောက် လာပြီး ကျွန်မတို့ကို ဝိုင်းဖို့တက်လာကြတယ်။ အဲဒီအ ချိန်မှာ ကျွန်မယောကျာ်းကို ပြေးဖို့ပြောတယ်။ နောက် ပြီး အမျိုးသားတွေကိုပြေးဖို့ပြောတယ်။ ဒါပေမဲ့ သူက ပြန်လုပ်မယ်ဆိုပြီး မပြေးဘဲခေါင်းမာနေလိုက်တယ်။ခြေထောက်မှာဒဏ်ရာရထားတဲ့ကောင်လေးနဲ့ သူ့အ မေက ချောင်းဟိုဘက်အခြမ်းကချုံထဲမှာဝင်ပုန်းတာ ဆိုတော့ သူတို့ကိုအရင်မိသွားတယ်။ သူတို့က ကျွန်မ တို့ဘက်ကိုလက်ညှိုးထိုးပြတော့ ကျွန်မကလည်း ကျွန်မယောကျာ်းကိုမိမှာစိုးလို့ ကျွန်မပဲ အရင်ထွက် လိုက်တယ်။ ကျွန်မတို့က တပ်ဆုတ်လာတာမဟုတ် ပါဘူး။ စစ်ဘေးရှောင်တွေပါဆိုပြီးလိမ်လိုက်တာ။ ဒါပေမဲ့ သူတို့က ကျွန်မတို့ပစ္စည်းတွေကို အကုန်သိမ်း တယ်။ သိမ်းပြီး ဘယ်သူပါသေးလဲမေးပြီး ချုံထဲကို သေနတ်တွေနဲ့လှမ်းပစ်တာ။ ဒီတော့ ကိုယ့်ယောကျာ်း မသေအောင်ပြောလိုက်ရပြီပေါ့။ မလုပ်ပါနဲ့ ကလေးတွေနဲ့သက်ကြီးရွယ်အိုတွေပါလို့ပါဆိုတော့ သူတို့က ချုံတွေထဲကိုရှာတော့ တွေ့သွားတာပေါ့။
မေး။ ဖမ်းဆီးခံရပြီးနောက် ဘာတွေဆက်ဖြစ်ခဲ့လဲ။
ဖြေ။ တွေ့တွေ့ချင်းရိုက်တယ်။ ကျွန်မကိုလည်းရိုက် တယ်။ သူတို့ပစ်တဲ့အချိန်မှာပုန်းနေလို့ဆိုပြီးရိုက်တာ။ ကျွန်မဆိုရင် ညာဘက်အပေါ်က သွားတစ်ချောင်း ကျွတ်သွားတဲ့အထိအရိုက်ခံရတယ်။ ကျွန်မတို့မှာပါတဲ့ ပစ္စည်းတွေကိုလည်း သိမ်းသွားတယ်။ ပြီးတော့ ကျွန် မတို့ကို သူတို့စခန်းကိုပို့တယ်။ ပို့တဲ့အချိန်မှာ လမ်း တစ်လျှောက်လုံး ကျွန်မတို့ယောကျာ်းတွေကိုရိုက် တယ်။ ပါးစပ်ကလည်း " စစ်ခွေးတွေ " ဘာညာနဲ့ဆဲ တယ်။ ကျွန်မတို့ကိုလည်း " စစ်ခွေးမယားတွေ၊ ငါတို့ ကိုခံပစ်တယ်"ဘာညာနဲ့ဆဲဆိုပြီးရိုက်တယ်။ ဒီလိုနဲ့ ကျွန်မတို့ကို ဘယ်ကိုခေါ်သွားလဲဆိုတော့ နေပူတောင် မှာရှိတဲ့ သူတို့ဗျူဟာမှူးထိုင်တဲ့နေရာကိုခေါ်သွားမှာ တဲ့။ အဲဒီဗျူဟာမှူးဆိုတဲ့သူကလည်း ဗမာ PDF ထဲ ကတဲ့။ ပြီးတော့ မျက်လုံးတွေကို အဝတ်နဲ့အကုန်စည်း ပြီးခေါ်သွားတာ။ ခြေထောက်မှာ ဒဏ်ရာရနေတဲ့ ကောင်လေးက အရပ်ရှည်တော့ သူ့ကိုရဲဘော်ထင်ပြီး လမ်းတစ်လျှောက်လုံးရိုက်လာလိုက်တာ နေပူတောင် ကိုရောက်တော့ အဲဒီကောင်လေးဆုံးသွားတယ်။ သူ့ ကို နေပူတောင်မှာပဲထားခဲ့တယ်။ ပြီးတော့ မျက်စိ စည်းပြီး တောင်ကုတ်ရဲစခန်းကိုခေါ်သွားတယ်။ ပြီး တော့ ကျွန်မတို့ကိုအချုပ်ထဲမှာထားတယ်။ နာမည်စာ ရင်းတွေလာကောက်တယ်။ ပြီးတော့ AA က တစ် ယောက်လာလိုက် စစ်လိုက် " ဖုန်း၊ ဖုန်း" ဆိုကန်သွား လိုက်နဲ့ အကန်ခံခဲ့ရတယ်။ တပ်ထဲက အသက်ပြည့်ပြီး သား မှီခိုကလေးတွေအကုန်လုံးကို အချုပ်ခန်းရဲ့ ဟို ဘက်က အချုပ်ခန်းထဲကိုထည့်ပြီး ခြေထောက်တွေကို ခြေချင်းခတ်ထားတယ်။ ကျွန်မကလေးကိုတော့ အသက်မပြည့်သေးဘူးလို့လိမ်ထားတဲ့အတွက် ကျွန် မအနားမှာထားခွင့်ပေးတယ်။ နောက်သုံးရက်လောက် နေတော့ ကျွန်မယောကျာ်းနဲ့ကျွန်မတို့ကို ခွဲထုတ်ပစ် တယ်။ ကျွန်မအမျိုးသားကို တောင်ကုတ်ရဲစခန်း အ ချုပ်ထဲမှာထားမှန်းသိခဲ့ရသေးတယ်။ ကျွန်မတို့ကိုကျ တော့ တောင်ကုတ်ရဲစခန်း ဝန်ထမ်းအိမ်ရာထဲက နှစ် ထပ်ဆောင်တွေရဲ့အောက်ကအခန်းတွေထဲကို ထည့် ပြီး အပြင်ကသော့ခတ်ထားတယ်။ ကျွန်မတို့ကို မနက် (၇)နာရီတစ်ကြိမ်၊ ညနေ(၄)နာရီတစ်ကြိမ် ထမင်း ကျွေးတယ်။ တစ်ခါကျွေးရင် ရေချိုးတဲ့ခွက်အငယ်ဆုံး ဆိုက်လောက်ရှိတဲ့ခွက်နဲ့ တစ်ခွက်ပဲစားရတယ်။ ဟင်း ကတော့ ကန်စွန်းရွက်၊ ခရမ်းသီးနဲ့စားရတယ်။ တစ်ခါ တလေကျတော့ ငါးနီတူခြောက်လေးတွေပါတယ်။ နောက်ပြီး မုန်လာအပင်လိုက်တွေကိုချက်ပြီးကျွေး တယ်။ ဥတဲ့ကန်စွန်းပင်ကအရွက်တွေနဲ့ကျွေးတယ်။ နေ့လယ်နေ့ခင်း ကလေးတွေဗိုက်ဆာမှာစိုးလို့ ထမင်း ကိုအိတ်နဲ့ထည့်ပြီးဖွက်ထားတာကိုမြင်ရင်ရိုက်တယ်။ ကျွန်မပြောနေတာတွေက ဘယ်သူ့ကိုမှ မုန်းဖို့ပြောနေ တာမဟုတ်ဘူး။ ကျွန်မတို့ခံစားခဲ့ရတဲ့ဒုက္ခတွေ၊ ကျခဲ့ ရတဲ့မျက်ရည်တွေကို ပြန်ပြောပြတာ။ အဖမ်းခံခဲ့ရသူ တွေထဲမှာ မြို့နယ်မှူးမိသားစုဝင်တွေ၊ ရဲမိသားစုဝင် တွေ၊ တပ်မိသားစုဝင်တွေပါတယ်။ သူတို့လည်း ကြုံ ကြရတယ်။ စုစုပေါင်း (၁၄၂)ယောက်ရှိတယ်။ ဖမ်းမိ တဲ့သူအားလုံးကို စစ်သုံ့ပန်းဆိုပြီး နာမည်တပ်လိုက် တယ်။ ညနေဆိုရင် နာမည်လာခေါ်တယ်။ စစ်သုံ့ပန်း အကျဉ်းသား ဘယ်သူဘယ်သူ ဆိုပြီးတော့။ ကိုယ့်ရဲ့ သားသမီးတွေရှေ့မှာ အကျဉ်းသားဆိုပြီးတော့ နာမည်တပ်ပြီးအခေါ်ခံရတဲ့အတွက် ကျွန်မတို့စိတ်ထဲမှာ တော်တော်ကိုခံစားခဲ့ရတာ။ အဲဒီအချိန်မှာ တောင် ကုတ်မြို့ထဲကို လူတွေပြန်သွင်းမှာမို့လို့ဆိုပြီး သုံ့ပန်း တွေကို သန့်ရှင်းရေးလုပ်ခိုင်းတယ်။ ဒီလိုနဲ့ (၂)လ ပိုင်း(၁)ရက်မှာ သူတို့က ကျွန်မတို့ကို ကားကြီးတွေနဲ့ လာခေါ်တယ်။ ကားပေါ်ကနေ လမ်းတစ်လျှောက်လုံး မှာ ဒါဘယ်ကိုသွားတဲ့လမ်းလဲလို့မေးတော့ ဒါဗမာပြည် ဘက်ကိုသွားတဲ့လမ်းလို့ပြောတော့ ကျွန်မတို့ကို ပြန် ပို့မယ်ထင်ပြီးပျော်သွားတာပေါ့။ ဒါပေမဲ့ မဟုတ်ပါဘူး။ တောင်ကုတ်ချောင်းအပေါ်က တောကြီးထဲကိုခေါ် သွားတာ။ အဲဒီမှာ ကျွန်မတို့ကို ဝါးတွေခုတ်ခိုင်းတယ်။ တဲတန်းရှည်အဆောင်တွေဆောက်ခိုင်းတယ်။ ပြီး တော့ ကလေးတွေရော၊ သက်ကြီးရွယ်အိုတွေရောကို အဲဒီမှာထားတယ်။ ထားနေတဲ့ကာလမှာ AA တွေက သူတို့ချိုးဖို့ရေကို ကျွန်မတို့ကို ချောက်ကြီးထဲဆင်းပြီး ခပ်ခိုင်းတယ်။ သင်္ကြန်တွင်းဆိုရင်လည်း အပေါ်မှာ သူတို့ရေကစားဖို့အတွက် ရေကိုနေပူကြဲတဲကြီးမှာ ကျွန်မတို့က အောက်ကချောက်ထဲဆင်းပြီး ခပ်ပေး ခဲ့ရတယ်။ ကြားထဲမှာလည်း ဒုက္ခတွေအများကြီးခံခဲ့ရ တယ်။ နောက် (၅)လပိုင်းကျတော့ ရိုးပေါ်မှာ မိုးကျ လာတော့ ငှက်ဖျားတွေဖြစ်ကြတယ်။ အသက်ကြီး တဲ့သူတွေရော၊ ကလေးတွေရော ငှက်ဖျားတွေဖြစ်ပြီး သေကြတယ်။ ပထမတော့ သူတို့ဆေးတွေတိုက်တယ်။ မရဘူး။ ဒီတော့ ငှက်ဖျားပိုးစစ်တယ်။ စစ်တော့ ပိုး တွေ့ပြီဆိုမှ တောင်ကုတ်ကိုပို့တယ်။ တချို့ကျတော့ စစချင်း ငှက်ဖျားဖြစ်တာမသိတော့ ငှက်ဖျားပိုးက ဦး နှောက်ထဲကို ဝင်ပြီးသေကုန်ကြတာတွေလည်းရှိ တယ်။ နေမကောင်းရင် ပါရာစီတမောတစ်လုံးတိုက် တယ်။ တောင်ကုတ်ကိုပို့ပြီး ကုတယ်ဆိုတာကလည်း တောင်ကုတ်ရဲစခန်းထဲမှာထားပြီးတော့ အရင်ကုတာ။မရတော့မှ ဆေးရုံတင်ပေးတာ။ နောက်ဆုံး သူတို့ မ တတ်နိုင်တော့ ကျွန်မတို့ တပ်ရင်းဆီကိုရွှေ့တယ်။ ကျွန်မတို့နေခဲ့တဲ့နေရာကိုပြန်ရောက်တော့ ကျွန်မတို့ ရင်တွေထပ်နာရတယ်။ ကျွန်မတို့နေခဲ့တဲ့ လိုင်းခန်း တွေက အကောင်းတိုင်းရှိနေသေးတယ်။ ဒါပေမဲ့ အဲဒီ မှာ ဗဗ မတွေက ကျွန်မတို့အဝတ်အစား၊ အသုံးအ ဆောင်တွေကိုဝတ်ပြီးတော့မှ ကျွန်မတို့ကို ပြန်ခိုင်း တဲ့ခံစားမှုကို ကျွန်မတို့ခံစားခဲ့ရတယ်။ ပြီးတော့ အ နောက်မှာရှိတဲ့ကုန်းပေါ်မှာ ထောင်ကြီးဆောက်ပြီး တော့ သူတို့ဖမ်းထားတဲ့ ယောကျာ်းတချို့ကို အဲဒီမှာ ထားတယ်။ ခြေချင်းတွေလည်းခတ်ထားတယ်။ ကျွန် မဆိုရင် ခဏခဏအရိုက်ခံရတယ်။ ကိုယ့်အထဲက ဖရဲသီးကပြောပြထားတော့ သူတို့ဆီမှာစာရင်းကအကုန်ရှိနေတယ်။ ဘယ်သူက ဘယ်တုန်းကတော့ ဘယ်လိုခံပစ်တာ။ ဘယ်သူက ဘယ်တုန်းကဘယ်လို ဆိုတာ သူတို့ဆီမှာ အကုန်လုံးက ရောက်ပြီးသား။နောက်ပြီး သူတို့ဆီမှာ တပ်ကဗိုလ်ကြီးဆိုတဲ့လူက လည်းပူးပေါင်းနေတယ်။ နောက်ပြီး တပ်ထဲကလူတ ချို့လည်း ဗဗ ထဲရောက်သွားတယ်။ ပြီးတော့ တပ် ထဲမှာ ဘယ်နေရာတွေမှာမိုင်းထောင်ထားတယ်ဆိုတာတွေကအစ အဲဒီလူတွေကလိုက်ပြကြတယ်။ AA တွေက အဲဒါတွေကို ဓာတ်ပုံတွေနဲ့တကွပြပြီး သိသမျှ အကုန်ပြောခိုင်းတယ်။ ပြောလိုက်တဲ့သူတွေ၊ ပူးပေါင်း သွားတဲ့သူတွေကို သူတို့က အခွင့်အရေးပေးတယ်။ ကျွန်မတို့ဆိုရင်တော့ ခဏခဏ သူတို့စိတ်မကြည်ရင် မကြည်သလိုအရိုက်ခံတယ်။ မသတ်ရုံတမည်ပဲ။ တချို့ တပ်မိသားစုကအမျိုးသမီးတွေဆိုရင် AA အဖွဲ့က အကောင်တွေနဲ့ကြိုက်ကြတယ်။ အဲဒီလို ကြိုက်ရင် AA က သူ့လူကိုအချုပ်ထဲထည့်ပြီး ကောင်မလေးကို တော့ ဘာဘာလုပ်ဆိုပြီး အပြစ်ပေးတယ်။
မေး။ တပ်ဆုတ်တဲ့အချိန် တောလမ်းခရီးမှာကော ဘယ်လိုတွေစားသောက်ခဲ့ရလဲ။
ဖြေ ။ တောင်ကုတ်ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေစဖြစ် လာကတည်းက ကျွန်မတို့တွေက တပ်ထဲမှာ ထမင်း ခြောက်တွေလှန်းကြတယ်။ ကျွန်မကတော့ ထမင်း ခြောက်ကို မှိုမတက်အောင်လှော်ပြီးတော့ သေသေ ချာချာထုပ်ပိုးတယ်။ နို့ဆီဘူး ခုနစ်လုံး၊ ရှစ်လုံးလောက် ရှိတယ်။ နောက်ပြီး ဆုတ်မယ်ဆိုတဲ့အချိန်မှာ လူကြီး တွေက ခေါက်ဆွဲခြောက်ထုပ် တစ်အိမ်ထောင်ကိုဘယ် လောက်ဆိုပြီးပေးတယ်။ ဓာတ်ဆားထုပ်တွေလည်း ကြိုပြီးတော့ပေးထားတယ်။ တကယ်ဆုတ်တော့လည်း လမ်းမှာ ဒါတွေကိုစားပြီးတော့ပဲဆုတ်ကြရတာပေါ့။ ပထမပိုင်းမှာ ခေါက်ဆွဲခြောက်ထုပ်တွေစားပြီးဆုတ် တယ်။ ခေါက်ဆွဲခြောက်တွေကုန်သွားတော့ ထမင်း ခြောက်ကို နားတဲ့အချိန်မှာစားတယ်။ တချို့ရေမရှိတဲ့ နေရာတွေရောက်ရင် ငှက်ပျောပင်တွေကိုခုတ်ပြီး ငှက်ပျောအူတိုင်ကိုစုပ်ပြီး ရေအဖြစ်သောက်တယ်။
မေး ။ သူတို့က ဘယ်လိုပြန်လွှတ်ပေးခဲ့သလဲ။
ဖြေ ။ သူတို့က (၈)လပိုင်းထဲမှာ ပြန်လွှတ်ပေးတယ်။ လွှတ်ပေးတယ်ဆိုပေမယ့် ရခိုင်တွေကိုသတ်သတ်ရွေး ထုတ်တယ်။ ရခိုင်လူမျိုးဆိုရင် ဗမာပြည်ကို ပေးမပြန် ဘူး။ တချို့က သူတို့မိသားစုဝင်တွေ သေလားရှင် လားမသိတဲ့အတွက် နေပါရစေဆိုတာတောင် မနေ ခိုင်းဘူး။ ဗမာတွေကို ရခိုင်မှာမထားဘူးဆိုပြီးတော့ ပြောတယ်။ သူတို့လူတွေခွဲတာ ဘာညာပြီးတော့ (၉)လပိုင်းထဲမှာ ကျွန်မတို့ကို မအီကိုပို့တယ်။ မအီကနေ အမ်းကိုထွက်တဲ့ လက်ပံရွာစာသင်ကျောင်းမှာထား တယ်။ အဲဒီရွာကိုရောက်တော့ ရွာထဲမှာ သွားလာလို့ ရတယ်လို့ပြောတယ်။ ဒါပေမဲ့ ကျွန်မတို့မှာ ပိုက်ဆံမ ရှိဘူးလေ။ သူတို့က ကျွန်မတို့ပိုင်ဆိုင်တာတွေကို အ ကုန်သိမ်းယူထားလိုက်ပြီလေ။ အဲဒီတော့ သူတို့က မအီမှာဖုန်းဆက်လို့ရတယ်ဆိုပြီးပြောလို့ ကျွန်မမိသား စုတွေနဲ့အဆက်အသွယ်ရခဲ့တယ်။ ပြီးတော့မှ အဲဒီက နေတစ်ဆင့် မင်းတုန်းနယ်ဘက်ကို တောလမ်းအတိုင်း လာလိုက်တယ်။ ရွာသားတွေကလိုက်ပို့တာ။ အဲဒီက နေတစ်ဆင့် ကျွန်မတို့ မင်းတုန်းကိုရောက်လာခဲ့တယ်။
မေး ။ လက်ရှိမှာ ဘယ်လိုနေထိုင်နေပါသလဲ။
ဖြေ။ တပ်မတော်ကပဲ ပြန်ခေါ်ပြီးစောင့်ရှောက်ထား တယ်။ ဆေးဝါးစောင့်ရှောက်မှုတွေလည်းပေးတယ်။ ဟိုမှာအဖမ်းခံထားရတုန်းက အားလုံးလိုလိုက ဝဲတွေ၊ ယားနာတွေပေါက်ကြတယ်။ အခုဒီမှာ ဒါတွေကိုပြန် ကုပေးတယ်။ စားဖို့နေဖို့ကအစ အကုန်ထောက်ပံ့ တယ်။ အိပ်ဖို့ခေါင်းအုံးကစလို့ အခင်းကအစ အကုန် ထောက်ပံ့ပေးထားပါတယ်။
မေး။ အခုလိုကြုံခဲ့ရတာနဲ့ပတ်သက်ပြီး ဘာများ ပြော ချင်တာရှိမလဲ။
ဖြေ။ ကျွန်မအမျိုးသားကလည်း သေလားရှင်လား မသိဘူး။ သေသွားတယ်ဆိုရင်လည်း ကျွန်မအမျိုး သားက စစ်သားပဲ။ နိုင်ငံအတွက်အသက်ကိုပေးထား တာပဲ။ ကျွန်မကျေနပ်ပါတယ်။ အဖမ်းခံ၊ အနှိပ်စက် ခံနေရတယ်ဆိုရင်တော့ ကျွန်မရင်ထဲမှာတော့မ ကောင်းဘူးပေါ့နော်။ သူတို့နှိပ်စက်တာကိုလည်းတွေ့ ခဲ့ရတာကိုး။ ဒီတော့ ငါ့ယောကျာ်းများ ဒါမျိုးနှိပ်စက်ခံနေရသလားဆိုတဲ့အတွေးမျိုးနဲ့တော့ စိတ်မကောင်းဖြစ်မိတာပေါ့။

Zawgyi Version:
" ခံပစ္လို႔ဆိုၿပီး AA ေတြကကြၽန္မတို႔ကိုသြားကြၽတ္တဲ့အထိ႐ိုက္တယ္။ မဝေရစာေကြၽးတယ္"
(AA လက္ေအာက္ကသုံ႔ပန္းဘဝ ငရဲခန္းအေတြ႕အႀကဳံမ်ား)
သက္ပိုင္ေမးျမန္းသည္။
(NP News) - ေအာက္တိုဘာလ ၃
ေတာင္ကုတ္ၿမိဳ႕ကို AA တိုက္ခိုက္စဥ္က တပ္မေတာ္သားတစ္ဦး၏ဇနီးသည္ပီသစြာ ကိုယ္ တိုင္ ဝင္ေရာက္တိုက္ပြဲဝင္ခဲ့ၿပီး ေတာင္ကုတ္မွတပ္ဆုတ္စဥ္ ဖမ္းဆီးခံခဲ့ရၿပီးေနာက္ ျပန္လည္လြတ္ေျမာက္ လာသူ ရဲေမအမ်ိဳးသမီးတစ္ဦး၏ ကိုယ္တိုင္ေတြ႕ႀကဳံခဲ့ရသည္မ်ားကို NP News မွ ဆက္သြယ္ေမးျမန္းထားသည္မ်ားကို ေကာက္ႏုတ္တင္ျပအပ္ပါသည္။
ေမး ။ တပ္ဆုတ္ျဖစ္တဲ့ျဖစ္စဥ္ကို ေျပာျပေပးပါလား။
ေျဖ။ ကြၽန္မတို႔ကတပ္ဆုတ္မယ့္ မနက္အထိကို စခန္း မွာေနေနခဲ့တာ။ တပ္ရင္းမႉး႐ုံးခန္းထဲက ေျမပုံအ òန္းသိမ္းထားတဲ့အခန္းထဲမွာ ကေလးေတြကိုဝွက္ ထားၿပီးေတာ့တိုက္ေနခဲ့တာ။ ဟိုဘက္က အလုံးအ ရင္းနဲ႔တက္လာေတာ့ မရေတာ့ဘူး။ ဆုတ္မယ္ဆိုၿပီး ဆုတ္ခဲ့ရတာ။ အဲဒီေန႔မွာပဲ ကြၽန္မတို႔တပ္ရင္းကို AA ဆီကို အၿပီးသတ္ေပးလိုက္ရတာေပါ့။ ပတ္ပတ္လည္ မွာရွိတဲ့ေနရာေတြက အကုန္ပါသြားေတာ့ ဘယ္လိုမွ ေတာင့္မခံႏိုင္တဲ့အဆုံး ေပးလိုက္ရတာေပါ့။ ကြၽန္မတို႔ မနက္(၆)နာရီေက်ာ္ေက်ာ္ေလာက္မွာ ဆုတ္မယ္ဆို ၿပီးေျပာေနတုန္း မနက္(၈)နာရီေလာက္ ရဟတ္ယာဥ္ ကြင္းထဲမွာ ဟိုေကာင္ေတြက အျပည့္ေရာက္ေနၿပီ။ ဒီေတာ့ ဆုတ္မိန႔္ေတာင္းေတာ့ လူႀကီးေတြကလည္း ဆုတ္မိန႔္ေပးတယ္။ ဒီေတာ့ ညပိုင္း(၉) နာရီေလာက္ မွာဆုတ္ၾကတယ္။ အေရွ႕က တပ္ရင္းမႉးစစ္ေၾကာင္း၊ အေနာက္က ဒဏ္ရာရစစ္သည္ဆိုၿပီး အဆင့္ဆင့္ ထားၿပီးဆုတ္ခဲ့ၾကရတယ္။ ဆုတ္ေနရင္းမွာလည္း ဟိုအေကာင္ေတြက အေနာက္ကလိုက္လာၿပီး ေသ နတ္ေတြနဲ႔ပစ္ၾကတယ္။ မနက္(၇)နာရီေလာက္မွာ ေဘးလြတ္ေလာက္တဲ့ေနရာကိုေရာက္တယ္။ အ ေနာက္မွာက်န္ခဲ့တဲ့ ကြၽန္မတို႔လူအနည္းအက်ဥ္း လည္းအဖမ္းခံရတယ္ဆိုၿပီးသိရတယ္။ ကြၽန္မတို႔ ေတာင္ေတြ၊ ေတာေတြကိုျဖတ္ရတယ္။
ေမး။ ဘယ္လိုဖမ္းဆီးခံခဲ့ရတယ္ဆိုတာကို ေျပာျပေပး ပါဦး။
ေျဖ။ ေတာင္ေတြျဖတ္ရလြန္းလို႔ ဘာေတာင္ေတြမွန္း ေတာင္မမွတ္မိေတာ့ဘူး။ ဒီလိုနဲ႔ဆုတ္ေနတုန္း အဂၤ လိပ္လို (၁၈)ရက္ ညေန(၄) နာရီ ဝန္းက်င္ေလာက္မွာ အေရွ႕ကသြားတဲ့လူတစ္စုက ေခ်ာင္းေဘးနားမွာနား ေနတာကိုေတြ႕ခဲ့တယ္။ ကြၽန္မတို႔ကလည္း သူတို႔ကို ေတြ႕ေတာ့ သူတို႔နဲ႔အတူခဏနားလိုက္တယ္။ အဲဒီအ ခ်ိန္မွာ ရဲေဘာ္တစ္ေယာက္က သူ႔အေမ အသက္(၈၀)အ႐ြယ္အဘြားႀကီးကို ကြၽန္မအနားမွာထားခဲ့တယ္။ ကြၽန္မကို သူ႔အေမကိုခဏၾကည့္ေပးထားပါ၊ အေမက လမ္းမေလွ်ာက္ႏိုင္ေတာ့လို႔ အထမ္းသြားငွားမလို႔တဲ့။ၿပီးရင္ျပန္လာေခၚပါမယ္ဆိုၿပီးထားခဲ့တယ္။ ကြၽန္မက လည္း ေမာေနတဲ့အခ်ိန္ဆိုေတာ့ ဘာမွမစဥ္းစားလိုက္ မိဘူး။ ေဘးနားမွာ လူေတြလည္းရွိေနတာဆိုေတာ့ ရတယ္လို႔ပဲေျပာလိုက္တယ္။ ဒါေပမဲ့ ညေန (၆)နာရီ ေလာက္အထိကိုေပၚမလာဘူး။ က်န္တဲ့သူေတြက လည္း ေခ်ာင္းကိုေက်ာ္ၿပီး ဟိုဘက္ေတာင္႐ိုးေပၚ ေရာက္မွ ညအိပ္နားမယ္ဆိုၿပီးေျပာလာေတာ့ ကြၽန္မ က ဒီအေမႀကီးကို သူ႔သားလာမေခၚေသးေတာ့ သြား ႏွင့္ အေနာက္ကလိုက္ခဲ့မယ္လို႔ေျပာလိုက္တယ္။ ကြၽန္မတို႔က အဲဒီရဲေဘာ္ကိုယုံလိုက္မိတာေပါ့ေနာ္။ ဒါေပမဲ့ ဟိုရဲေဘာ္က (၇)နာရီလည္းမလာ (၈) နာရီ လည္းမလာဆိုေတာ့ ကြၽန္မတို႔က အဲဒီေနရာမွာပဲ အိပ္လိုက္ရေရာ။ ညက်ေတာ့မွ ေစာင္ေတြဘာေတြ မပါဘူးလားလို႔ အေမႀကီးကိုေမးလိုက္ေတာ့မွ ပါ တယ္တဲ့၊ ဟိုေက်ာက္ေဆာင္နားမွာဆိုေတာ့ သြား ၾကည့္ေတာ့မွ သူ႔အထုပ္ေတြကိုေတြ႕တာ။ အဲဒီေတာ့မွ စဥ္းစားလိုက္မိတာ။ ရဲေဘာ္ကတစ္ခုခုပဲလို႔ ဆိုတာကို သိလိုက္ရတာ။ ဒါနဲ႔ ေနာက္ေန႔မနက္ အေစာႀကီးထၿပီး ေတာ့ ကြၽန္မတို႔ ေရွ႕ကိုခရီးထြက္ၾကတယ္။ ဒါေပမဲ့ အေရွ႕ကအဖြဲ႕က ေတာင္ေပၚကသြားမွန္းမသိ၊ ေရ ေၾကာင္းကသြားမွန္းမသိနဲ႔ ကြၽန္မတို႔လမ္းေတြေပ်ာက္ ၾကေရာ။ အဲဒီမွာ လမ္းမွာ ေတာင္ကုတ္ရဲစခန္းက ရဲႏွစ္ေယာက္နဲ႔ထပ္ေတြ႕တယ္။ သူတို႔လည္း လမ္း ေပ်ာက္ေနတာဆိုေတာ့ အတူေပါင္းၿပီး ေရွ႕ဆက္သြား ၾကတယ္။ လမ္းတစ္ေလွ်ာက္လုံးမွာ အေရွ႕ကလူေတြ စားထားတဲ့အခြံေတြ၊ ေျခရာေတြကိုၾကည့္ၿပီး ေလွ်ာက္ ခဲ့ရတာ။ ကြၽန္မမွာလည္း ကေလးႏွစ္ေယာက္ပါတယ္။ အဲအထဲက အႀကီးျဖစ္သူက ေပ်ာ့တဲ့အခါက်ေတာ့ လမ္းမေလွ်ာက္ႏိုင္လို႔ သူ႔အေဖက ပိုးၿပီးသြားရတယ္။ အေမႀကီးကလည္းပါလာေတာ့ ခရီးကထင္သေလာက္ မတြင္ဘူး။ နည္းနည္းေလာက္ျပတ္က်န္ခဲ့တာနဲ႔ သား တို႔သမီးတို႔ေရေနပါဦးဆိုရင္ ကြၽန္မတို႔ကမေနႏိုင္ဘူး။ ေစာင့္ၿပီးေခၚၾကရတာေပါ့။ ဒီလိုနဲ႔(၂၃)ရက္ ညေန ပိုင္းမွာ GE တပ္က အမ်ိဳးသမီးတစ္ေယာက္နဲ႔ သူ႔ သားနဲ႔ကိုေတြ႕တယ္။ သူတို႔လည္း လမ္းမွားလာတာဆို ၿပီးေျပာတယ္။ သူ႔သားကလည္း ေက်ာက္ေဆာင္ေပၚ ကေခ်ာ္က်ထားေတာ့ ေျခေထာက္မွာဒဏ္ရာနဲ႔ဆို ေတာ့ သူ႔ကိုအေမျဖစ္သူကတြဲထားရတယ္။ အဲဒါနဲ႔ သူတို႔စကားေျပာေနတုန္း ခပ္လွမ္းလွမ္းမွာ မီးခိုးျမင္ လို႔သြားၾကည့္ေတာ့ ဆက္သြယ္ေရးတပ္ကလူေတြျဖစ္ ေနတယ္။ သူတို႔မွာလည္း ေျခေထာက္ျပတ္တဲ့သူေတြ၊ ဒဏ္ရာရတဲ့သူေတြနဲ႔။ ဒါနဲ႔ သူတို႔အဖြဲ႕ထဲမွာ ႐ြာကအ မ်ိဳးသမီးတစ္ေယာက္လည္းပါလာတယ္။ အဲဒီအမ်ိဳး သမီးနဲ႔ ဟိုရဲေဘာ္ေလးအေမနဲ႔က နဂိုကတည္းကသိ ၾကေတာ့ အေမအိုႀကီးက သူတို႔နဲ႔အတူသြားခ်င္တယ္ ဆိုလို႔ အဲဒီအေမႀကီးကို အဲဒီအဖြဲ႕လက္ထဲကို အပ္ လိုက္တယ္။ ကြၽန္မတို႔က ေျခကုန္လက္ပန္းက်ေန ေတာ့ ဆက္သြယ္ေရးအဖြဲ႕ကဗိုလ္ႀကီးက သူတို႔အေရွ႕ ကအရင္သြားႏွင့္မယ္ဆိုၿပီး အေရွ႕ကထြက္သြားႏွင့္ တယ္။ သူတို႔သြားၿပီး(၄၅)မိနစ္ေလာက္အၾကာမွာ အထုပ္ဆြဲၿပီးထတဲ့အခ်ိန္ ဟိုဘက္က ေသနတ္နဲ႔လွမ္း ပစ္တယ္။ ဒီေတာ့ နီးတဲ့ခ်ဳံေတြထဲမွာေနၿပီးေတာ့ ေသ နတ္ေတြကိုက်ည္ထိုးၿပီး အသင့္ျပင္ေနလိုက္ၾက တယ္။ မၾကာပါဘူး အေယာက္(၂၀)ေလာက္ေရာက္ လာၿပီး ကြၽန္မတို႔ကို ဝိုင္းဖို႔တက္လာၾကတယ္။ အဲဒီအ ခ်ိန္မွာ ကြၽန္မေယာက်ာ္းကို ေျပးဖို႔ေျပာတယ္။ ေနာက္ ၿပီး အမ်ိဳးသားေတြကိုေျပးဖို႔ေျပာတယ္။ ဒါေပမဲ့ သူက ျပန္လုပ္မယ္ဆိုၿပီး မေျပးဘဲေခါင္းမာေနလိုက္တယ္။ေျခေထာက္မွာဒဏ္ရာရထားတဲ့ေကာင္ေလးနဲ႔ သူ႔အ ေမက ေခ်ာင္းဟိုဘက္အျခမ္းကခ်ဳံထဲမွာဝင္ပုန္းတာ ဆိုေတာ့ သူတို႔ကိုအရင္မိသြားတယ္။ သူတို႔က ကြၽန္မ တို႔ဘက္ကိုလက္ညႇိဳးထိုးျပေတာ့ ကြၽန္မကလည္း ကြၽန္မေယာက်ာ္းကိုမိမွာစိုးလို႔ ကြၽန္မပဲ အရင္ထြက္ လိုက္တယ္။ ကြၽန္မတို႔က တပ္ဆုတ္လာတာမဟုတ္ ပါဘူး။ စစ္ေဘးေရွာင္ေတြပါဆိုၿပီးလိမ္လိုက္တာ။ ဒါေပမဲ့ သူတို႔က ကြၽန္မတို႔ပစၥည္းေတြကို အကုန္သိမ္း တယ္။ သိမ္းၿပီး ဘယ္သူပါေသးလဲေမးၿပီး ခ်ဳံထဲကို ေသနတ္ေတြနဲ႔လွမ္းပစ္တာ။ ဒီေတာ့ ကိုယ့္ေယာက်ာ္း မေသေအာင္ေျပာလိုက္ရၿပီေပါ့။ မလုပ္ပါနဲ႔ ကေလးေတြနဲ႔သက္ႀကီး႐ြယ္အိုေတြပါလို႔ပါဆိုေတာ့ သူတို႔က ခ်ဳံေတြထဲကိုရွာေတာ့ ေတြ႕သြားတာေပါ့။
ေမး။ ဖမ္းဆီးခံရၿပီးေနာက္ ဘာေတြဆက္ျဖစ္ခဲ့လဲ။
ေျဖ။ ေတြ႕ေတြ႕ခ်င္း႐ိုက္တယ္။ ကြၽန္မကိုလည္း႐ိုက္ တယ္။ သူတို႔ပစ္တဲ့အခ်ိန္မွာပုန္းေနလို႔ဆိုၿပီး႐ိုက္တာ။ ကြၽန္မဆိုရင္ ညာဘက္အေပၚက သြားတစ္ေခ်ာင္း ကြၽတ္သြားတဲ့အထိအ႐ိုက္ခံရတယ္။ ကြၽန္မတို႔မွာပါတဲ့ ပစၥည္းေတြကိုလည္း သိမ္းသြားတယ္။ ၿပီးေတာ့ ကြၽန္ မတို႔ကို သူတို႔စခန္းကိုပို႔တယ္။ ပို႔တဲ့အခ်ိန္မွာ လမ္း တစ္ေလွ်ာက္လုံး ကြၽန္မတို႔ေယာက်ာ္းေတြကို႐ိုက္ တယ္။ ပါးစပ္ကလည္း " စစ္ေခြးေတြ " ဘာညာနဲ႔ဆဲ တယ္။ ကြၽန္မတို႔ကိုလည္း " စစ္ေခြးမယားေတြ၊ ငါတို႔ ကိုခံပစ္တယ္"ဘာညာနဲ႔ဆဲဆိုၿပီး႐ိုက္တယ္။ ဒီလိုနဲ႔ ကြၽန္မတို႔ကို ဘယ္ကိုေခၚသြားလဲဆိုေတာ့ ေနပူေတာင္ မွာရွိတဲ့ သူတို႔ဗ်ဴဟာမႉးထိုင္တဲ့ေနရာကိုေခၚသြားမွာ တဲ့။ အဲဒီဗ်ဴဟာမႉးဆိုတဲ့သူကလည္း ဗမာ PDF ထဲ ကတဲ့။ ၿပီးေတာ့ မ်က္လုံးေတြကို အဝတ္နဲ႔အကုန္စည္း ၿပီးေခၚသြားတာ။ ေျခေထာက္မွာ ဒဏ္ရာရေနတဲ့ ေကာင္ေလးက အရပ္ရွည္ေတာ့ သူ႔ကိုရဲေဘာ္ထင္ၿပီး လမ္းတစ္ေလွ်ာက္လုံး႐ိုက္လာလိုက္တာ ေနပူေတာင္ ကိုေရာက္ေတာ့ အဲဒီေကာင္ေလးဆုံးသြားတယ္။ သူ႔ ကို ေနပူေတာင္မွာပဲထားခဲ့တယ္။ ၿပီးေတာ့ မ်က္စိ စည္းၿပီး ေတာင္ကုတ္ရဲစခန္းကိုေခၚသြားတယ္။ ၿပီး ေတာ့ ကြၽန္မတို႔ကိုအခ်ဳပ္ထဲမွာထားတယ္။ နာမည္စာ ရင္းေတြလာေကာက္တယ္။ ၿပီးေတာ့ AA က တစ္ ေယာက္လာလိုက္ စစ္လိုက္ " ဖုန္း၊ ဖုန္း" ဆိုကန္သြား လိုက္နဲ႔ အကန္ခံခဲ့ရတယ္။ တပ္ထဲက အသက္ျပည့္ၿပီး သား မွီခိုကေလးေတြအကုန္လုံးကို အခ်ဳပ္ခန္းရဲ႕ ဟို ဘက္က အခ်ဳပ္ခန္းထဲကိုထည့္ၿပီး ေျခေထာက္ေတြကို ေျခခ်င္းခတ္ထားတယ္။ ကြၽန္မကေလးကိုေတာ့ အသက္မျပည့္ေသးဘူးလို႔လိမ္ထားတဲ့အတြက္ ကြၽန္ မအနားမွာထားခြင့္ေပးတယ္။ ေနာက္သုံးရက္ေလာက္ ေနေတာ့ ကြၽန္မေယာက်ာ္းနဲ႔ကြၽန္မတို႔ကို ခြဲထုတ္ပစ္ တယ္။ ကြၽန္မအမ်ိဳးသားကို ေတာင္ကုတ္ရဲစခန္း အ ခ်ဳပ္ထဲမွာထားမွန္းသိခဲ့ရေသးတယ္။ ကြၽန္မတို႔ကိုက် ေတာ့ ေတာင္ကုတ္ရဲစခန္း ဝန္ထမ္းအိမ္ရာထဲက ႏွစ္ ထပ္ေဆာင္ေတြရဲ႕ေအာက္ကအခန္းေတြထဲကို ထည့္ ၿပီး အျပင္ကေသာ့ခတ္ထားတယ္။ ကြၽန္မတို႔ကို မနက္ (၇)နာရီတစ္ႀကိမ္၊ ညေန(၄)နာရီတစ္ႀကိမ္ ထမင္း ေကြၽးတယ္။ တစ္ခါေကြၽးရင္ ေရခ်ိဳးတဲ့ခြက္အငယ္ဆုံး ဆိုက္ေလာက္ရွိတဲ့ခြက္နဲ႔ တစ္ခြက္ပဲစားရတယ္။ ဟင္း ကေတာ့ ကန္စြန္း႐ြက္၊ ခရမ္းသီးနဲ႔စားရတယ္။ တစ္ခါ တေလက်ေတာ့ ငါးနီတူေျခာက္ေလးေတြပါတယ္။ ေနာက္ၿပီး မုန္လာအပင္လိုက္ေတြကိုခ်က္ၿပီးေကြၽး တယ္။ ဥတဲ့ကန္စြန္းပင္ကအ႐ြက္ေတြနဲ႔ေကြၽးတယ္။ ေန႔လယ္ေန႔ခင္း ကေလးေတြဗိုက္ဆာမွာစိုးလို႔ ထမင္း ကိုအိတ္နဲ႔ထည့္ၿပီးဖြက္ထားတာကိုျမင္ရင္႐ိုက္တယ္။ ကြၽန္မေျပာေနတာေတြက ဘယ္သူ႔ကိုမွ မုန္းဖို႔ေျပာေန တာမဟုတ္ဘူး။ ကြၽန္မတို႔ခံစားခဲ့ရတဲ့ဒုကၡေတြ၊ က်ခဲ့ ရတဲ့မ်က္ရည္ေတြကို ျပန္ေျပာျပတာ။ အဖမ္းခံခဲ့ရသူ ေတြထဲမွာ ၿမိဳ႕နယ္မႉးမိသားစုဝင္ေတြ၊ ရဲမိသားစုဝင္ ေတြ၊ တပ္မိသားစုဝင္ေတြပါတယ္။ သူတို႔လည္း ႀကဳံ ၾကရတယ္။ စုစုေပါင္း (၁၄၂)ေယာက္ရွိတယ္။ ဖမ္းမိ တဲ့သူအားလုံးကို စစ္သုံ႔ပန္းဆိုၿပီး နာမည္တပ္လိုက္ တယ္။ ညေနဆိုရင္ နာမည္လာေခၚတယ္။ စစ္သုံ႔ပန္း အက်ဥ္းသား ဘယ္သူဘယ္သူ ဆိုၿပီးေတာ့။ ကိုယ့္ရဲ႕ သားသမီးေတြေရွ႕မွာ အက်ဥ္းသားဆိုၿပီးေတာ့ နာမည္တပ္ၿပီးအေခၚခံရတဲ့အတြက္ ကြၽန္မတို႔စိတ္ထဲမွာ ေတာ္ေတာ္ကိုခံစားခဲ့ရတာ။ အဲဒီအခ်ိန္မွာ ေတာင္ ကုတ္ၿမိဳ႕ထဲကို လူေတြျပန္သြင္းမွာမို႔လို႔ဆိုၿပီး သုံ႔ပန္း ေတြကို သန႔္ရွင္းေရးလုပ္ခိုင္းတယ္။ ဒီလိုနဲ႔ (၂)လ ပိုင္း(၁)ရက္မွာ သူတို႔က ကြၽန္မတို႔ကို ကားႀကီးေတြနဲ႔ လာေခၚတယ္။ ကားေပၚကေန လမ္းတစ္ေလွ်ာက္လုံး မွာ ဒါဘယ္ကိုသြားတဲ့လမ္းလဲလို႔ေမးေတာ့ ဒါဗမာျပည္ ဘက္ကိုသြားတဲ့လမ္းလို႔ေျပာေတာ့ ကြၽန္မတို႔ကို ျပန္ ပို႔မယ္ထင္ၿပီးေပ်ာ္သြားတာေပါ့။ ဒါေပမဲ့ မဟုတ္ပါဘူး။ ေတာင္ကုတ္ေခ်ာင္းအေပၚက ေတာႀကီးထဲကိုေခၚ သြားတာ။ အဲဒီမွာ ကြၽန္မတို႔ကို ဝါးေတြခုတ္ခိုင္းတယ္။ တဲတန္းရွည္အေဆာင္ေတြေဆာက္ခိုင္းတယ္။ ၿပီး ေတာ့ ကေလးေတြေရာ၊ သက္ႀကီး႐ြယ္အိုေတြေရာကို အဲဒီမွာထားတယ္။ ထားေနတဲ့ကာလမွာ AA ေတြက သူတို႔ခ်ိဳးဖို႔ေရကို ကြၽန္မတို႔ကို ေခ်ာက္ႀကီးထဲဆင္းၿပီး ခပ္ခိုင္းတယ္။ သၾကၤန္တြင္းဆိုရင္လည္း အေပၚမွာ သူတို႔ေရကစားဖို႔အတြက္ ေရကိုေနပူႀကဲတဲႀကီးမွာ ကြၽန္မတို႔က ေအာက္ကေခ်ာက္ထဲဆင္းၿပီး ခပ္ေပး ခဲ့ရတယ္။ ၾကားထဲမွာလည္း ဒုကၡေတြအမ်ားႀကီးခံခဲ့ရ တယ္။ ေနာက္ (၅)လပိုင္းက်ေတာ့ ႐ိုးေပၚမွာ မိုးက် လာေတာ့ ငွက္ဖ်ားေတြျဖစ္ၾကတယ္။ အသက္ႀကီး တဲ့သူေတြေရာ၊ ကေလးေတြေရာ ငွက္ဖ်ားေတြျဖစ္ၿပီး ေသၾကတယ္။ ပထမေတာ့ သူတို႔ေဆးေတြတိုက္တယ္။ မရဘူး။ ဒီေတာ့ ငွက္ဖ်ားပိုးစစ္တယ္။ စစ္ေတာ့ ပိုး ေတြ႕ၿပီဆိုမွ ေတာင္ကုတ္ကိုပို႔တယ္။ တခ်ိဳ႕က်ေတာ့ စစခ်င္း ငွက္ဖ်ားျဖစ္တာမသိေတာ့ ငွက္ဖ်ားပိုးက ဦး ေႏွာက္ထဲကို ဝင္ၿပီးေသကုန္ၾကတာေတြလည္းရွိ တယ္။ ေနမေကာင္းရင္ ပါရာစီတေမာတစ္လုံးတိုက္ တယ္။ ေတာင္ကုတ္ကိုပို႔ၿပီး ကုတယ္ဆိုတာကလည္း ေတာင္ကုတ္ရဲစခန္းထဲမွာထားၿပီးေတာ့ အရင္ကုတာ။မရေတာ့မွ ေဆး႐ုံတင္ေပးတာ။ ေနာက္ဆုံး သူတို႔ မ တတ္ႏိုင္ေတာ့ ကြၽန္မတို႔ တပ္ရင္းဆီကိုေ႐ႊ႕တယ္။ ကြၽန္မတို႔ေနခဲ့တဲ့ေနရာကိုျပန္ေရာက္ေတာ့ ကြၽန္မတို႔ ရင္ေတြထပ္နာရတယ္။ ကြၽန္မတို႔ေနခဲ့တဲ့ လိုင္းခန္း ေတြက အေကာင္းတိုင္းရွိေနေသးတယ္။ ဒါေပမဲ့ အဲဒီ မွာ ဗဗ မေတြက ကြၽန္မတို႔အဝတ္အစား၊ အသုံးအ ေဆာင္ေတြကိုဝတ္ၿပီးေတာ့မွ ကြၽန္မတို႔ကို ျပန္ခိုင္း တဲ့ခံစားမႈကို ကြၽန္မတို႔ခံစားခဲ့ရတယ္။ ၿပီးေတာ့ အ ေနာက္မွာရွိတဲ့ကုန္းေပၚမွာ ေထာင္ႀကီးေဆာက္ၿပီး ေတာ့ သူတို႔ဖမ္းထားတဲ့ ေယာက်ာ္းတခ်ိဳ႕ကို အဲဒီမွာ ထားတယ္။ ေျခခ်င္းေတြလည္းခတ္ထားတယ္။ ကြၽန္ မဆိုရင္ ခဏခဏအ႐ိုက္ခံရတယ္။ ကိုယ့္အထဲက ဖရဲသီးကေျပာျပထားေတာ့ သူတို႔ဆီမွာစာရင္းကအကုန္ရွိေနတယ္။ ဘယ္သူက ဘယ္တုန္းကေတာ့ ဘယ္လိုခံပစ္တာ။ ဘယ္သူက ဘယ္တုန္းကဘယ္လို ဆိုတာ သူတို႔ဆီမွာ အကုန္လုံးက ေရာက္ၿပီးသား။ေနာက္ၿပီး သူတို႔ဆီမွာ တပ္ကဗိုလ္ႀကီးဆိုတဲ့လူက လည္းပူးေပါင္းေနတယ္။ ေနာက္ၿပီး တပ္ထဲကလူတ ခ်ိဳ႕လည္း ဗဗ ထဲေရာက္သြားတယ္။ ၿပီးေတာ့ တပ္ ထဲမွာ ဘယ္ေနရာေတြမွာမိုင္းေထာင္ထားတယ္ဆိုတာေတြကအစ အဲဒီလူေတြကလိုက္ျပၾကတယ္။ AA ေတြက အဲဒါေတြကို ဓာတ္ပုံေတြနဲ႔တကြျပၿပီး သိသမွ် အကုန္ေျပာခိုင္းတယ္။ ေျပာလိုက္တဲ့သူေတြ၊ ပူးေပါင္း သြားတဲ့သူေတြကို သူတို႔က အခြင့္အေရးေပးတယ္။ ကြၽန္မတို႔ဆိုရင္ေတာ့ ခဏခဏ သူတို႔စိတ္မၾကည္ရင္ မၾကည္သလိုအ႐ိုက္ခံတယ္။ မသတ္႐ုံတမည္ပဲ။ တခ်ိဳ႕ တပ္မိသားစုကအမ်ိဳးသမီးေတြဆိုရင္ AA အဖြဲ႕က အေကာင္ေတြနဲ႔ႀကိဳက္ၾကတယ္။ အဲဒီလို ႀကိဳက္ရင္ AA က သူ႔လူကိုအခ်ဳပ္ထဲထည့္ၿပီး ေကာင္မေလးကို ေတာ့ ဘာဘာလုပ္ဆိုၿပီး အျပစ္ေပးတယ္။
ေမး။ တပ္ဆုတ္တဲ့အခ်ိန္ ေတာလမ္းခရီးမွာေကာ ဘယ္လိုေတြစားေသာက္ခဲ့ရလဲ။
ေျဖ ။ ေတာင္ကုတ္ပတ္ဝန္းက်င္မွာ တိုက္ပြဲေတြစျဖစ္ လာကတည္းက ကြၽန္မတို႔ေတြက တပ္ထဲမွာ ထမင္း ေျခာက္ေတြလွန္းၾကတယ္။ ကြၽန္မကေတာ့ ထမင္း ေျခာက္ကို မႈိမတက္ေအာင္ေလွာ္ၿပီးေတာ့ ေသေသ ခ်ာခ်ာထုပ္ပိုးတယ္။ ႏို႔ဆီဘူး ခုနစ္လုံး၊ ရွစ္လုံးေလာက္ ရွိတယ္။ ေနာက္ၿပီး ဆုတ္မယ္ဆိုတဲ့အခ်ိန္မွာ လူႀကီး ေတြက ေခါက္ဆြဲေျခာက္ထုပ္ တစ္အိမ္ေထာင္ကိုဘယ္ ေလာက္ဆိုၿပီးေပးတယ္။ ဓာတ္ဆားထုပ္ေတြလည္း ႀကိဳၿပီးေတာ့ေပးထားတယ္။ တကယ္ဆုတ္ေတာ့လည္း လမ္းမွာ ဒါေတြကိုစားၿပီးေတာ့ပဲဆုတ္ၾကရတာေပါ့။ ပထမပိုင္းမွာ ေခါက္ဆြဲေျခာက္ထုပ္ေတြစားၿပီးဆုတ္ တယ္။ ေခါက္ဆြဲေျခာက္ေတြကုန္သြားေတာ့ ထမင္း ေျခာက္ကို နားတဲ့အခ်ိန္မွာစားတယ္။ တခ်ိဳ႕ေရမရွိတဲ့ ေနရာေတြေရာက္ရင္ ငွက္ေပ်ာပင္ေတြကိုခုတ္ၿပီး ငွက္ေပ်ာအူတိုင္ကိုစုပ္ၿပီး ေရအျဖစ္ေသာက္တယ္။
ေမး ။ သူတို႔က ဘယ္လိုျပန္လႊတ္ေပးခဲ့သလဲ။
ေျဖ ။ သူတို႔က (၈)လပိုင္းထဲမွာ ျပန္လႊတ္ေပးတယ္။ လႊတ္ေပးတယ္ဆိုေပမယ့္ ရခိုင္ေတြကိုသတ္သတ္ေ႐ြး ထုတ္တယ္။ ရခိုင္လူမ်ိဳးဆိုရင္ ဗမာျပည္ကို ေပးမျပန္ ဘူး။ တခ်ိဳ႕က သူတို႔မိသားစုဝင္ေတြ ေသလားရွင္ လားမသိတဲ့အတြက္ ေနပါရေစဆိုတာေတာင္ မေန ခိုင္းဘူး။ ဗမာေတြကို ရခိုင္မွာမထားဘူးဆိုၿပီးေတာ့ ေျပာတယ္။ သူတို႔လူေတြခြဲတာ ဘာညာၿပီးေတာ့ (၉)လပိုင္းထဲမွာ ကြၽန္မတို႔ကို မအီကိုပို႔တယ္။ မအီကေန အမ္းကိုထြက္တဲ့ လက္ပံ႐ြာစာသင္ေက်ာင္းမွာထား တယ္။ အဲဒီ႐ြာကိုေရာက္ေတာ့ ႐ြာထဲမွာ သြားလာလို႔ ရတယ္လို႔ေျပာတယ္။ ဒါေပမဲ့ ကြၽန္မတို႔မွာ ပိုက္ဆံမ ရွိဘူးေလ။ သူတို႔က ကြၽန္မတို႔ပိုင္ဆိုင္တာေတြကို အ ကုန္သိမ္းယူထားလိုက္ၿပီေလ။ အဲဒီေတာ့ သူတို႔က မအီမွာဖုန္းဆက္လို႔ရတယ္ဆိုၿပီးေျပာလို႔ ကြၽန္မမိသား စုေတြနဲ႔အဆက္အသြယ္ရခဲ့တယ္။ ၿပီးေတာ့မွ အဲဒီက ေနတစ္ဆင့္ မင္းတုန္းနယ္ဘက္ကို ေတာလမ္းအတိုင္း လာလိုက္တယ္။ ႐ြာသားေတြကလိုက္ပို႔တာ။ အဲဒီက ေနတစ္ဆင့္ ကြၽန္မတို႔ မင္းတုန္းကိုေရာက္လာခဲ့တယ္။
ေမး ။ လက္ရွိမွာ ဘယ္လိုေနထိုင္ေနပါသလဲ။
ေျဖ။ တပ္မေတာ္ကပဲ ျပန္ေခၚၿပီးေစာင့္ေရွာက္ထား တယ္။ ေဆးဝါးေစာင့္ေရွာက္မႈေတြလည္းေပးတယ္။ ဟိုမွာအဖမ္းခံထားရတုန္းက အားလုံးလိုလိုက ဝဲေတြ၊ ယားနာေတြေပါက္ၾကတယ္။ အခုဒီမွာ ဒါေတြကိုျပန္ ကုေပးတယ္။ စားဖို႔ေနဖို႔ကအစ အကုန္ေထာက္ပံ့ တယ္။ အိပ္ဖို႔ေခါင္းအုံးကစလို႔ အခင္းကအစ အကုန္ ေထာက္ပံ့ေပးထားပါတယ္။
ေမး။ အခုလိုႀကဳံခဲ့ရတာနဲ႔ပတ္သက္ၿပီး ဘာမ်ား ေျပာ ခ်င္တာရွိမလဲ။
ေျဖ။ ကြၽန္မအမ်ိဳးသားကလည္း ေသလားရွင္လား မသိဘူး။ ေသသြားတယ္ဆိုရင္လည္း ကြၽန္မအမ်ိဳး သားက စစ္သားပဲ။ ႏိုင္ငံအတြက္အသက္ကိုေပးထား တာပဲ။ ကြၽန္မေက်နပ္ပါတယ္။ အဖမ္းခံ၊ အႏွိပ္စက္ ခံေနရတယ္ဆိုရင္ေတာ့ ကြၽန္မရင္ထဲမွာေတာ့မ ေကာင္းဘူးေပါ့ေနာ္။ သူတို႔ႏွိပ္စက္တာကိုလည္းေတြ႕ ခဲ့ရတာကိုး။ ဒီေတာ့ ငါ့ေယာက်ာ္းမ်ား ဒါမ်ိဳးႏွိပ္စက္ခံေနရသလားဆိုတဲ့အေတြးမ်ိဳးနဲ႔ေတာ့ စိတ္မေကာင္းျဖစ္မိတာေပါ့။