Portable TrueNat Machine များနှင့် AI နည်းပညာဖြင့် ရင်ခေါင်းဓာတ်မှန်ဖတ်ခြင်းကို ကွင်းဆင်းတီဘီရောဂါ ရှာဖွေရေးများတွင်အသုံးပြုရန် စီစဉ်နေ

185

Pearl (NP News) - နိုဝင်ဘာ ၁
Portable TrueNat Machine များနှင့် AI နည်းပညာဖြင့် ရင်ခေါင်းဓာတ်မှန်ဖတ်ခြင်းကို ကွင်းဆင်းတီဘီရောဂါရှာဖွေရေးများတွင်အသုံးပြုရန် စီစဉ်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
၂၀၂၄ ခုနှစ် တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများနှစ်ပတ်လည်ဆန်းစစ်ဆွေးနွေးပွဲကို အောက်တိုဘာ ၂၇ ရက် နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက တီဘီရောဂါရှာဖွေစမ်းသပ်စစ်ဆေးရာတွင် Chest X-Ray Abnormalities Followed by GeneXpert ကို ပြောင်းလဲကျင့်သုံးလာသည့်အတွက် ဓာတ်မှန်သည်အရေးကြီးသည့်အခန်းကက ပါဝင်လာပြီး Diagnostic Algorithm အရ တီဘီသံသယလူနာတိုင်းအား ရင်ခေါင်းဓာတ်မှန်ရိုက် စစ်ဆေးခြင်းဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။
အလားတူ တီဘီသံသယလူနာများအနေဖြင့် ပြည်သူ့ဆေးရုံများတွင် ရင်ခေါင်းဓာတ်မှန်ရိုက် စစ်ဆေးနိုင်ရေးလက်လှမ်းမီစေရန် ကြီးကြပ်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်းလည်း ပြောကြားခဲ့သည်။
တီဘီရောဂါ ရှာဖွေစမ်းသပ်စစ်ဆေးခြင်းအတွက် New Tools များဖြစ်သည့် Portable TrueNat Machine များနှင့် AI နည်းပညာဖြင့် ရင်ခေါင်းဓာတ်မှန်ဖတ်ခြင်း (X-ray CAD) ကို ကွင်းဆင်းတီဘီရောဂါ ရှာဖွေရေးလုပ်ငန်းများတွင်အသုံးပြုရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။
ထို့ပြင် ဆေးယဉ်ပါးတီဘီ ကုထုံးအနေဖြင့်လည်း ဆေးကုသအောင်မြင်မှုနှုန်းမြင့်မား၍ ဆေးကုသမှုကာလ(၆လ)တိုသည့် ကုထုံးသစ် (BPa LM/BPaL)ကို တစ်နိုင်ငံလုံးရှိဆေးယဉ်ပါးတီဘီရောဂါဌာနများတွင် အသုံးပြုလျက်ရှိပြီး တီဘီရောဂါကူးစက် မှုကို မြန်ဆန်စွာလျှော့ချနိုင်ရန် တီဘီလူနာများကိုရှာဖွေကုသပေးမည့်အပြင် တီဘီလူနာနှင့်အတူနေမိသားစုဝင်များနှင့် တီဘီ၊ အိပ်ချ်အိုင်ဗွီရောဂါဝေဒနာရှင်များအား TB Preventive Treatment (TPT) တိုက်ကျွေးခြင်းလုပ်ငန်းကို ပိုမိုအားထည့်ဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ် တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများ နှစ်ပတ်လည်ဆန်းစစ်ဆွေးနွေးပွဲကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၇ ရက်မှ ၂၈ ရက်အထိ နှစ်ရက်ကြာ ကျင်းပခဲ့ကြောင်း သိရသည်။

Zawgyi Version:
Portable TrueNat Machine မ်ားႏွင့္ AI နည္းပညာျဖင့္ ရင္ေခါင္းဓာတ္မွန္ဖတ္ျခင္းကို ကြင္းဆင္းတီဘီေရာဂါ ရွာေဖြေရးမ်ားတြင္အသုံးျပဳရန္ စီစဥ္ေန
Pearl (NP News) - ႏိုဝင္ဘာ ၁
Portable TrueNat Machine မ်ားႏွင့္ AI နည္းပညာျဖင့္ ရင္ေခါင္းဓာတ္မွန္ဖတ္ျခင္းကို ကြင္းဆင္းတီဘီေရာဂါရွာေဖြေရးမ်ားတြင္အသုံးျပဳရန္ စီစဥ္ေနေၾကာင္း က်န္းမာေရးဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။
၂၀၂၄ ခုႏွစ္ တီဘီေရာဂါတိုက္ဖ်က္ေရးလုပ္ငန္းမ်ားႏွစ္ပတ္လည္ဆန္းစစ္ေဆြးေႏြးပြဲကို ေအာက္တိုဘာ ၂၇ ရက္ နံနက္ပိုင္းတြင္ က်န္းမာေရးဝန္ႀကီးဌာနအစည္းအေဝးခန္းမ၌က်င္းပခဲ့ေၾကာင္း သိရသည္။
အဆိုပါေဆြးေႏြးပြဲတြင္ က်န္းမာေရးဝန္ႀကီးဌာန ျပည္သူ႔က်န္းမာေရးဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာျမတ္ဝဏၰစိုးက တီဘီေရာဂါရွာေဖြစမ္းသပ္စစ္ေဆးရာတြင္ Chest X-Ray Abnormalities Followed by GeneXpert ကို ေျပာင္းလဲက်င့္သုံးလာသည့္အတြက္ ဓာတ္မွန္သည္အေရးႀကီးသည့္အခန္းကက ပါဝင္လာၿပီး Diagnostic Algorithm အရ တီဘီသံသယလူနာတိုင္းအား ရင္ေခါင္းဓာတ္မွန္႐ိုက္ စစ္ေဆးျခင္းေဆာင္႐ြက္ေပးရန္လိုအပ္ေၾကာင္း ေျပာၾကားခဲ့သည္။
အလားတူ တီဘီသံသယလူနာမ်ားအေနျဖင့္ ျပည္သူ႔ေဆး႐ုံမ်ားတြင္ ရင္ေခါင္းဓာတ္မွန္႐ိုက္ စစ္ေဆးႏိုင္ေရးလက္လွမ္းမီေစရန္ ႀကီးၾကပ္ေဆာင္႐ြက္ေပးရန္လိုအပ္ေၾကာင္းလည္း ေျပာၾကားခဲ့သည္။
တီဘီေရာဂါ ရွာေဖြစမ္းသပ္စစ္ေဆးျခင္းအတြက္ New Tools မ်ားျဖစ္သည့္ Portable TrueNat Machine မ်ားႏွင့္ AI နည္းပညာျဖင့္ ရင္ေခါင္းဓာတ္မွန္ဖတ္ျခင္း (X-ray CAD) ကို ကြင္းဆင္းတီဘီေရာဂါ ရွာေဖြေရးလုပ္ငန္းမ်ားတြင္အသုံးျပဳရန္ စီစဥ္ေဆာင္႐ြက္လ်က္ရွိေၾကာင္းလည္း ထည့္သြင္းေျပာၾကားခဲ့သည္။
ထို႔ျပင္ ေဆးယဥ္ပါးတီဘီ ကုထုံးအေနျဖင့္လည္း ေဆးကုသေအာင္ျမင္မႈႏႈန္းျမင့္မား၍ ေဆးကုသမႈကာလ(၆လ)တိုသည့္ ကုထုံးသစ္ (BPa LM/BPaL)ကို တစ္ႏိုင္ငံလုံးရွိေဆးယဥ္ပါးတီဘီေရာဂါဌာနမ်ားတြင္ အသုံးျပဳလ်က္ရွိၿပီး တီဘီေရာဂါကူးစက္ မႈကို ျမန္ဆန္စြာေလွ်ာ့ခ်ႏိုင္ရန္ တီဘီလူနာမ်ားကိုရွာေဖြကုသေပးမည့္အျပင္ တီဘီလူနာႏွင့္အတူေနမိသားစုဝင္မ်ားႏွင့္ တီဘီ၊ အိပ္ခ်္အိုင္ဗြီေရာဂါေဝဒနာရွင္မ်ားအား TB Preventive Treatment (TPT) တိုက္ေကြၽးျခင္းလုပ္ငန္းကို ပိုမိုအားထည့္ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္းလည္း ေျပာၾကားခဲ့သည္။
၂၀၂၄ ခုႏွစ္ တီဘီေရာဂါတိုက္ဖ်က္ေရးလုပ္ငန္းမ်ား ႏွစ္ပတ္လည္ဆန္းစစ္ေဆြးေႏြးပြဲကို ၂၀၂၅ ခုႏွစ္ ေအာက္တိုဘာ ၂၇ ရက္မွ ၂၈ ရက္အထိ ႏွစ္ရက္ၾကာ က်င္းပခဲ့ေၾကာင္း သိရသည္။